Galaxy S6 နှင့် S6 Edge စမတ်ဖုန်းများကို Samsung ပွဲထုတ်မိတ်ဆက်

12:27 PM
Samsung သည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် Galaxy ဟန်းဆက်များ ဖြစ်သော Galaxy S6 နှင့် S6 Edge တို့ကို မိတ်ဆက်ပေးခဲ့သည်။
Samsung သည် Galaxy S6 နှင့် ကိုယ်ထည် ဘေးတစ်ဘက်တစ်ချက်တွင် ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy S6 Edge တို့ကို ပြပွဲတင်ဆက်သူ ၂,၀၀၀ နှင့် လည်ပတ်ကြည့်ရှုသူ ၈၆,၀၀၀ ကျော်ရှိသည့် ဘာစီလိုနာတွင် ကျင်းပပြုလုပ်သော Mobile World Congress ကုန်စည်ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ ဖုန်းနှစ်မျိုးစလုံးတွင် Qualcomm ၏ S5 ပရိုဆက်ဆာနှင့် Samsung ၏ eight-core Exynos ချစ်ပ်တို့ကို အသုံးပြုထားသည်။
ယခင် ပလတ်စတစ် ကိုယ်ထည်များအစား သတ္တုကိုယ်ထည်များဖြင့် ပြောင်းလဲထုတ်လုပ်ထားပြီး iPhone ကဲ့သို့ပင် ရွှေရောင်အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။ ဘက်ထရီကို ဖယ်ရှား၍ မရသောကြောင့် အပိုဘက်ထရီ ဆောင်ထားလိုသူများ အတွက် အခက်တွေ့စေမည် ဖြစ်သည်။ အားသွင်းရာတွင်လည်း ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်သည်။
Galaxy S6 နှင့် S6 Edge တွင် ၅.၁ လက်မ screen ကို အသုံးပြုထားပြီး ကျောဘက်တွင် 16 megapixel ကင်မရာနှင့် အရှေ့ဘက်တွင် 5-megapixel ကင်မရာတို့ကို အသုံးပြုထားသည်။
၎င်းစမတ်ဖုန်း နှစ်မျိုးကို ဧပြီလ ၁၀ ရက်တွင် နိုင်ငံပေါင်း ၂၀ ၌ စတင်ရောင်းချမည် ဖြစ်သည်။ ကြိုတင်မှာယူလိုသူများ အနေဖြင့် Galaxy S6 64GB အတွက် ယူရို ၇၉၉၊ 128GB အတွက် ယူရို ၈၉၉ သတ်မှတ်ထားသည်။ Galaxy S6 Edge 64GB အတွက် ယူရို ၉၄၉ နှင့် 128GB အတွက် ယူရို ၁၀၄၉ အသီးသီးကျသင့်မည် ဖြစ်သည်။
Ref: TheGuardian