File တွေကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံး ပို့နည်း...

2:09 PM
အခုတစ်လော ကျွန်တော်သိပ်မအားဖြစ်တာနဲ့ ပိုစ့်အသစ်တွေ မတင်ဖြစ်လို့ပါ။ အခု အားလုံးကို စိတ်ဝင်စား 
စရာကောင်းတဲ့ နည်းလမ်းလေး တစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်း လေးကဘာကောင်းလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်မှာ တစ်ယောက် နဲ့တစ်ယောက် ဓာတ်ပုံ ဖြစ်ဖြစ် သီချင်း ဖြစ်ဖြစ် ပို့ချင်ရင် အ၇င်ဆုံး Gmail ထဲဝင် ပြီးတော့ Attach File တွဲရတာနဲ့၊ ပြီးတော့ လိုင်းမကောင်းရင် အဲ့မှာပဲ လည်နေတော့တာပဲ အဆင်ပြေတာ ရှားပါတယ်။ :0 ဒါပေမဲ့ အခု ဒီနည်းလမ်းလေးက အဲ့ဒါတွေ ကိုဖြေရှင်းပေးမှာပါ။ ဘာ software မှလဲ မလိုသလို upload လဲ လုပ်စရာမလိုပါဘူး။ Gmail,အကောင့်လဲ ရှိစရာမလိုပါဘူး။ အဓိက လိုအပ်တာကတော့'' ပို့တဲ့ သူနဲ့ လက်ခံ မဲ့သူ နှစ်ယောက် လုံးက အင်တာနက်မှာ ရှိနေရပါမယ်။ ပြီးတော့ နှစ်ယောက်လုံး က ဒါလေးကို ဖွင့်ပေးထားဖို့ပဲလိုပါတယ်" 
ကဲ ပြောနေတာ များသွားပြီ။ လေ့လာကြည့်ရအောင်အောက်က လင့်လေး ကို နှစ်ယောက်လုံး တစ်ပြိုင်နက် ဖွင့်ထားလိုက်ပါ။
 အရင်ဆုံး ပို့မဲ့သူ ဖက်က လုပ်ဆောင် ရမှာဖြစ်ပါတယ်။ကဲ လင့်လေးကိုဖွင့်လိုက်ပါ။
ကဲ ဟုတ်ပါပြီ ဒီလိုပေါ်လာရင် ပုံထဲ က အနီေ၇ာင်အကွက်လေးထဲမှာ ကိုယ်ပို့ချင်တဲ့ ဓာတ်ပုံဖြစ်ဖြစ် သီချင်းဖြစ်ဖြစ်၊ ဖိုင်ဖြစ်ဖြစ် ရွေးပေးလိုက်ပါ။ ပြီးရင် Message (option) ထဲမှာလဲ ကိုယ်သူ့ကို ပို့ချင်တာေ၇းထဲ့လို့ရပါသေးတယ်။ ကောင်းတယ်နော်.. ပြီးရင် 2 နေရာမှာ Code ဆိုတာလေး ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် အားလုံးဖြည့်ပြီးရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်။
 
အဲ့လိုအားလုံး ပြီးသွားရင် 3 က Send File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒီလိုလေးပေါ်နေပါလိမ့်မယ်။
ကဲဟုတ်ပြီ ဒါဆို ပို့တဲ့ သူဖက်ကတော့ စပို့နေပါပြီ။ မပိတ်လိုက်နဲ့နော် ဒီအတိုင်းထားထား။ ပြီးရင် လက်ခံမဲ့ သူကို Code နံပါတ်ကို gtalk ကနေဖြစ်ဖြစ် ဖုန်းနဲ့ ဖြစ်ဖြစ် ပေးလိုက်။ ပြီးရင် သူ့ကိုလဲ ဒီဝတ်ဆိုဒ် ကို ဖွင့်ခိုင်းထားလိုက်ပါ။ http://host03.pipebytes.com/  
ကဲ ဒါဆို လက်ခံမဲ့ သူလုပ်ဆောင်ရမဲ့ အပိုင်းေ၇ာက်ပါပြီ။ အောက်ကပုံလေး ကို ကြည့်လိုက်ပါ။
ပုံထဲ ကနေရာမှာ ခုနက Code ကိုယ့်ကို ပေးတဲ ကုဒ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် 2 နေရာက Pickup File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒါဆို သူပို့တဲ့ File ရဲ့ information ကို တွေ့ရပါလိမ့်မယ် အောက်မှာကြည့်ပါ။
ကဲ သူပို့တဲ့ ပုံ ရဲ့ နာမည် File size နဲပ File Type ကိုဖော်ပြပေးထားပါတယ်။ ပြီးတော သူေ၇းထားတဲ့ message ကိုလဲ တွေ့ရပါလိမ့်မယ်။ မလွယ်ဘူးလားဗျ ... အခု သေချာပြီဆိုတော့ Start Transfer ဆိုတာလေး ကို နှိပ်ပြီး ယူလိုက်ယုံပါပဲ။ အောက်ကပုံကို ကြည့်လိုက်ပါဦး။ 
 
 ကဲ အားလုံး ပြီးပြီ ဆိုမှ နှစ်ယောက်လုံး ပိတ်လိုက်ကြတော့ပေါ့၊ ဒီနည်းလမ်းလေးက တစ်ယောက်တည်း ရှိနေရင် မ၇၇ပါဘူး။ နှစ်ယောက်လုံး လိုင်းပေါ်မှာ ရှိနေမှရမှာပါ။ ဘာပဲဖြစ်ဖြစ် Upload လုပ်စရာမလို Account ရှိစရာမလို တော့ လွယ်ကူတာပေါ့။ အားလုံး အဆင်ပြေပါစေဗျာ....

Thank to Shinplusgugue...

V Root လို့ခေါ်တဲ့ Onclick Root Tool လေးပါ

3:11 PM

မင်္ဂလာပါခင်ဗျာ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ V Root လို့ခေါ်တဲ့ Root Tool လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ

Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့  model ပေါင်း 1000 ကျော်လောက် root နိုင်တယ်ဆိုဘဲ
Android Version 2.1 ကနေ  4.2 အထိအလုပ်လုပ်တယ်….
one click   ဆိုတော့သုံးရတာလည်းလွယ်ကူတယ်….
အရင်ဆုံးလိုအပ်တာလေးဒေါင်းလိုက်နော်…….
အထဲမှာ installer နဲ့ portable နှစ်ခုထည့်ထားပေးတယ်….အဆင်ပြေသလိုသုံးပေါ့
ကျွန်တော်ကတော့ MTK 6575 သုံးထားတဲ့ China Vivo Y3t မှာစမ်းပြီးသားပါ…..
အရင်ဆုံးဒေါင်းထားတဲ့ portable ဖိုင်ထဲက Root ဆိုတဲ့ application လေးကို run လိုက်ပါ….
ပြီးရင် root ဆိုတာလေးနှိပ်ပြီးခဏစောင့်လိုက် ဖုန်း reboot လုပ်လိမ့်မယ်
ပြန်တတ်လာရင် root လုပ်တာပြီးပြီပေါ့
အော် USB Debugging ကိုလည်း on ထားအုံးနော်……
Y220t ကိုလည်း support လုပ်တယ်လို့ ပြောထားတယ်
စမ်းကြည့်အုံးနော်
Creadit to Mpxteam

Gmail အသုံးပြု၍ တိုက်ရိုက် ပိုက်ဆံလွှဲပြောင်းနိုင်ပြီ

3:08 PM

Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။



သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။

ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။

အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...

ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။



Update လုပ်ထားသော Gmail တွင် Compose လုပ်သည့်အခါ Attachment Option တွင် "$" icon အသစ်ကို မြင်တွေ့  ရမှာဖြစ်ပါတယ်။ "$" button ကိုနှိပ်၍ တိုက်ရိုက် ပေးပို့  နိုင်ပါပြီ။


Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။

အသေးစိတ်ဖတ်ရှုရန်...


Credit to : google

iOS 6.1.3 ကို redsn0w ဖြင့် Jailbreak လုပ်နည်း

3:05 PM

iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊ ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။

ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS 6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။

**Jailbreak လုပ်နိုင်မည့် iDevice များ**
  • iPhone 4
  • iPhone 3Gs
  • iPodTouch 4G

Downloads
>> Redsn0w 0.9.15b3 (Windows / Mac)
>> iOS 6.0 IPSW

**အထူးသတိပြုရန်**

ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့် Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။

လုပ်ငန်းစဉ်
လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။

အဆင့် ၁)
Redsn0w ကို Run ပါ။

အဆင့် ၂)
"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။

အဆင့် ၃)
အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။

အဆင့် ၅)
iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။
ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။

အဆင့် ၆)
DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။

**မှတ်ချက်**
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။
ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။

>> Run Redsn0w -> Extras -> Just Boot


Credit to :
မိုးသိကြား



JAS 5s (မြန်မာဖုန်း) ထွက်ရှိ

2:58 PM
JAS မြန်မာဖုန်းထွက်ရှိလာပြီး ယခုပုံပါဖုန်းမှာ JAS 5S Model အမျိုးအစားဖုန်းဖြစ်ပြီး Android OS Version 4.0.4 ကို အသုံးပြုထားပါတယ်။ Camera အနေနဲ့ Front Camera 0.3 MP ကို အသုံးပြုထားပြီး Back Camera မှာ 5.0 MP ဖြစ်ပါတယ်။ Processor အနေနဲ့ 1.0GHz + Mtk6575 အသုံးပြုထားပါတယ်။ screen အရွယ်အစားမှာ သင့်လျော်တဲ့ 4.3″ အရွယ်အစားရှိတဲ့အတွက် အသုံးပြုရတာ အဆင်ပြေစေမှာပါ။ Memory အနေနဲ့ 512MB + 4 GB ပါရှိပါတယ်။ OS- JAS Myanmar Feel Software (မြန်မာခံစားမှုဆော့ဝဲလ်) ကိုအသုံးပြုထားတဲ့အတွက် ဖုန်းတစ်ခုလုံးကို မြန်မာဘာသာနဲ့ အသုံးပြုရမှာပါ။ အရေးပေါ်အခြေအနေတွေအတွက် 199 ကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့ စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းအသုံးပြုနည်းလမ်းညွှန်ကို မြန်မာဘာသာနဲ့ အသေးစိတ် စုံလင်စွာ ရေးသားပေးထားတဲ့အတွက် ဖုန်းကို မသုံးတတ်မှာ မပူရပါဘူး။ Application များ Game များ Download ရယူနိုင်ရန်အတွက်လဲ မြန်မာဘာသာနဲ့အသုံးပြုနိုင်မယ့် Software များကို JAS ပျံကျဈေးမှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ 99000 ကျပ်ဟု သိရှိရပါတယ်။
Specifications
Version- 4.0.4
Processor
Camera 5.0 MP/ 0.3 MP
Memory- 512MB + 4 GB
Display – 4.3′ (800*480)
20130520_145830
20130520_145850
20130520_145914
20130520_150304
20130520_150417
credit to myanmarmobileapp

Viber : Free Messages & Calls v 3.0.1.3 for android(latest version)

11:19 AM
Android ဖုန်း/Tablet တွေအတွက် မေလ 16 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ  ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပါပြီ။ Viber v3.0.1.3 for Android အောက်ကလင့်ခ်မှာ download ရယူနိုင်ပါပြီ။
Viber v 3.0.1.3 အားရယူရန်


credit to myanmarmobileapp

Samsung galaxy S4 (GT I9500) android version 4.2.2 အား CWM သွင်းပြီး root လုပ်ခြင်း

12:31 PM
Samsung Galaxy S4 က တဖြည်းဖြည်း နဲ့ မြန်မာပြည်ကိုရောက်ရှိလို့လာပါပြီ….ဒါကြောင့် galaxy S4(GTI9500) ရဲ့ root နည်းကို ပြန်လည် ဝေမျှလိုက်ပါတယ် …
အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေ ကို အရင် ဒေါင်းပါမယ် …
CWM Recovery for Galaxy S4 ကို ဒေါင်းရန်
SuperSU flashable zip ဒေါင်းရန်
Samsung Driver ဒေါင်းရန်
Driver ဒေါင်းပြီးသွားရင် ကွန်ပျူတာ မှာ သွင်းထားလိုက်ပါ ..
အားလုံးဒေါင်းပြီးရင်  CWM recovery for galaxy S4 လေးကို ဇစ်ဖြေလိုက်ပါ … အထဲမှာ
cofface_I9500_cwm_recovery_en_new.tar”‘ နဲ့  odin ပါပါလိမ့်မယ် …  Odinကို  ကွန်မှာ ရမ်းလိုက်ပါ …
ပြီးရင် Odin ရဲ့  PDA အကွက်မှာ အပေါ်က ဇစ်ဖြေထားတဲ့အထဲက  cofface_I9500_cwm_recovery_en_new.tar” ဖိုင်လေး သွင်းပေးပါ..
ပြီးရင် ဖုန်းကို  USb debugging on ပြီးပိတ်လိုက်ပါ …. download mode ကို  vol-  power   home  ကို 3-4 စက္ကန့် လောက်  တွဲနှီပ်ထားပါ ..
ဒီပုံစံ တက်လာပါလိမ့်မယ် …
. vol+ ခလုတ် ကို နှိပ်ပေးလိုက်ပါ … ဒီလိုလေးဖြစ်သွားပါလိမ့်မယ် ..
အပေါ်က ပုံအတိုင်းဆိုရင် download mode ရောက်သွားပါပြီ … ဖုန်းကို  USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ ….
Odin ရဲ့ ID.com အောက်နားမှာ အ၀ါရောင်ဖြစ်ဖြစ်၊အစိမ်းရောင်ဖြစ်ဖြစ်၊ အပြာရောင်ဖြစ်ဖြစ် သန်းလာပါလိမ့်မယ် ..အဲဒါဆိုရင် ဆက်လုပ်လို့ရပါမယ် အဲလိုမှ မဟုတ်ရင် ဆက်လုပ်လို့မရပါဘူး ..ဒီပုံစံလေးအတိုင်းပါ ..
အရောင်လေးတက်မလာဘူးဆိုရင် USB ကြိုး၊ Driver ပြန်စစ်ပြန်သွင်းရပါမယ် …အရောင် တက်လာပြီဆိုရင်  Odin ရဲ့ Start ခလုတ်ကို နှိပ်ပေးလိုက်ပါ …  CWM သွင်းနေပါလိမ့်မယ် .. ပြီးသွားတဲ့အခါမှာ Odin မှာ  PASS ပြပါလိမ့်မယ် … ဒီပုံစံလေးအတိုင်းပါ  :D
အဲလို PASS ပြသွားရင် မိမိဖုန်း CWM သွင်းပြီးပါပြီ .. reboot ကျပြီးရင်  ပြန်တက်လာရင် CWM သွင်းပြီးသားဖြစ်ပါလိမ့်မယ် …
CWM သွင်းပြီးပြီ ဆိုတော့ root  နည်းစပါမယ် .. အပေါ်မှာ ဒေါင်းထားတဲ့  CWM-SuperSU-v0.99.zip ဖိုင်လေးကို  sd ကဒ်ထဲကို folder မဆောက်ပဲ ထည့်ထားပါ …. ပြီးရင် ဖုန်းပိတ်  recovery mode ကို vol+  power home တွဲနှိပ်ပြီး ၀င်ပါမယ် ..ကြာကြာနှိပ်ထားပါ ..logo တက်လာရင် လွှတ်လိုက်ပါ .
    Recovery ထဲရောက်ရင် Root your device ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် reboot system now            လုပ်ပေးလိုက်ပါ .. ဖုန်းပြန်တက်လာရင် မိမိဖုန်းမှာ Superuser လေးတွေ့ရပါလိမ့်မယ် …

          credit to  Ko Myo Min Thant & Myamarmobileapp                                                                        

2013 ခုနှစ် WWDC ကျင်းပမည့်ရက် Apple ထုတ်ပြန်

8:43 PM
Apple ရဲ့  နှစ်စဉ်ပြုလုပ်နေကျ WWDC (World Wide Developers Conference) ကို လာမယ့် ဇွန်လ (၁၀) ရက်နေ့ ကနေ (၁၄) နေ့ ထိ San Francisco’s Moscone West မှာ ပြုလုပ်ကျင်းပမယ် လို့  ယနေ့ ထုတ်ပြန် ကြေငြာလိုက်ပါတယ်..

ငါးရက်ကြာ ကျင်းပပြုလုပ်မယ့် ဒီပွဲကို တက်ရောက်လာကြမယ့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Developers များဟာ အနာဂါတ် iOS နှင့် OS X မှာ ရရှိပါဝင်လာမယ့် တီထွင်ဆန်းသစ်မှု အသစ်များ Apps များနှင့် ပက်သက်ပြီး လေ့လာခွင့်ရကြမှာ ဖြစ်ပါတယ်။

Developers များအတွက် နည်းပညာအသစ် ဆွေးနွေးမှုကဏ္ဍ တစ်ရာကျော်ကို Apple ရဲ့  အင်ဂျင်နီယာ တစ်ထောင်ကျော်က လက်တွေ့ ကူညီပြသ ပံ့ပိုးပေးသွားပါလိမ့်မယ် ဒါ့အပြင် Apple Design Awards နှင့် App Store နှင့် Mac App Store တို့ မှ ထင်ရှားတဲ့ Apps များကိုလည်း ပြသပေးသွားမှာဖြစ်ပါတယ်။

WWDC လက်မှတ်များကို မနက်ဖန် April 25 နံနက် ၁၀နာရီမှာ စတင် ရောင်းချပါမည်။ မနှစ်က လက်မှတ်များကို စတင် ရောင်းချပြီး နှစ်နာရီအတွင်းမှာပင် လက်မှတ်အားလုံး ရောင်းကုန်သွားပါတယ်။

ယခုနှစ်မှာတော့ iOS 7 နှင့် အခြား အသစ် အသစ်များကို ပွဲထုတ်သွားလိမ့်မည်ဟု မျှော်လင့်ရပါသည်။ 


Credit to : iClarified 

လွယ်လွယ်ကူကူ call block (black list) ထည့်ကြရအောင်

8:23 PM

HUAWEI ဖုန်းတွေကို အသုံးပြုနေတဲ့ သူများ အတွက် အရမ်းအသုံးဝင်မယ့်နည်းလမ်းလေးပါ။ အားလုံးလိုချင်မယ်လို့ ထင်လောက်တဲ့ Call Block (Black List)လုပ်နည်းလေးပါ။ဘယ် software, application မှ ထပ်ဒေါင်းစရာ။ ထပ်သွင်းစရာမလိုတဲ့ နည်းလေးပါ။
ကျွန်တော်တို့ block ချင်တဲ့ နံပါတ်တခုကို contact ထဲထည့်မှတ်လိုက်ပါ။
မှတ်ပြီးရင် ဘလော့ချင်တဲ့ contact ကိုသွားလိုက်ပါ။
ရောက်ပြီဆိုရင် menu key လိုင်းသုံးလိုင်းပုံလေးကို နှိပ်လိုက်ပါ။
အဲ့လိုနှိပ်လိုက်လို့ ပေါ်လာတဲ့ထဲက All calls to voicemail ဆိုတာလေး ကလစ်ပေးလိုက်။
ဒါဆို ကိုယ်ပေးလိုက်တဲ့ ဖုန်းနံပါတ်က ကိုယ့်ကို ခေါ်ရင် "လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါ"
လို့ပြောနေပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါ။



မှတ်ချက်။     ။ Myanmar Mobile User Group မှ Admin ကိုကြပ်ကလေးရေးသားထားတာကို ပြန်လည် တင်ပြလိုက်ပါတယ်။

ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်မည်

8:09 PM
images
ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်မည်
ရန်ကုန်၊ မေ ၂
ပြည်တွင်းတွင် မိုဘိုင်းဖုန်း ချထားပေးရေးအပါအ၀င် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အော်ပရာရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီဖြစ်ရာ ယင်းလုပ်ငန်းအတွက် အော်ပရေတာ ရွေးချယ်ခြင်းကို လာမည့် ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။
ပြည်ထောင်စု ၀န်ကြီးက ပြောကြားခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လိုသောကုမ္ပဏီများ ညှိနှိုင်းဆွေးနွေးပွဲကိုကျင်းပရာတွင် ပြောကြာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ပြောကြားရာတွင် ယခုနှစ်ဇွန်လ ကုန်လောက်တွင် ဆက်သွယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာအော်ပရေ တာ(၂)ဦးကို အပြီးသတ်ရွေးချယ်မည်ဖြစ်ပြီး ယင်းသို့ ရွေးချယ် ပြီးနောက်(၈)လ မှ(၁)နှစ်အတွင်း ၄င်းအော်ပရေတာများဘက်က ဆက်သွယ်ရေးကွန်ရက် တပ်ဆင်မှုပြီးစီးလိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း ပြောသည်။ ယင်းအပြင် ပူးပေါင်းဆောင်ရွက် လိုသည့် ကုမ္မဏီများ အနေဖြင့် ဆက်သွယ်ရေး လုပ်ငန်းပိုင်း၌ လုံခြုံရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ်ပူးပေါင်းဆောင် ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာဆောင် ရွက်ကြရမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လည်း ပြောကြားသည်။
ဆက်သွယ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းပေါင်း ၃၀ ရှိပြီး မိုဘိုင်းလုပ်ငန်း၊ အဝေး ဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်း၊ စာတိုက်လုပ်ငန်းနှင့် ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက် သင်တန်းကျောင်း လုပ်ငန်းတို့ထဲမှ အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်မည့်လုပ်ငန်း အမျိုးအစားများ ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာနယ်ပယ်မှ ကုမ္ပဏီအဖွဲ့ အစည်းပေါင်း (၈၅ခုမှ ကိုယ်စားလှယ်ပေါင်း(၁၅၅)ဦး တက်ရောက်သည်ဟုလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက သိရသည်။
credit to : Mobile Guide Journal

Daily Sprot Journal Myanmar For Android-(2Mb)

8:08 PM
အားကစားသတင်း‌တွေကို ဖတ်‌ခြင်‌တဲ့‌သူငယ်ချင်းတွေအတွက်‌ပါ။ Daily Sports Journal Myanmar Application ‌လေးပါ။ ကမ္ဘာ‌ပေါ်မှာ နာမ်‌မည်‌အကြီးဆုံး Champion League .Premier,Italy.Spanish and German Leagues ‌တွေအပြင်‌ မြန်‌မာ‌နေရှင်‌နယ်‌လိဂ်‌ပါပါဝင်‌ပါ‌သေးတယ်‌ခင်‌ည။ အားကစား‌ဆောင်းပါစတာ‌တွေပါဖတ်‌ရှုနိုင်‌ပါ‌သေးတယ်‌။ ထူးခြားတာက ဒီapp ‌လေးကို flip view နဲ့ဖတ်‌ရှုရမှာဖြစ်‌ပါတယ်‌။features နဲ့ performance ‌လေးက‌တော်‌၂‌လေးအကြိုက်‌‌တွေ့‌စေမှာပါ။ကြိုက်‌တယ်‌ဆိုရင်‌ ‌ဒေါင်းနိုင်‌ပါပြီခင်‌ဗျ။
Credit to: Daily Sport Journal Myanmar
Requires Android:2.1 and up

၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်အတွင်း၌သာ အသုံးပြုနိုင်မည်

11:37 AM
အသစ်ချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းတယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့် လေးမိုင်ပတ်လည်အတွင်းသာ ဆက်သွယ်ဆောင်ရွှက်ခြင်းပြုလုပ်နိုင်မည်ဟုသိရှိရသည်။
အဆိုပါတန်ဖိုးနည်းဖုန်းလိုင်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ တာဝါတိုင်ပေါင်း ၂၈၂ခုတည်ဆောက်ထားရှိသည်ဟုသိရပြီး အဆိုပါတာဝါတိုင်ဧရိယာအတွင်း၌ ပြည်တွင်း
၊ပြည်ပခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။
စီဒီအမ်အေဖုန်းလိုင်းများအတွက်ယခင်တည်ဆောက်ထားရှိသည့် တာဝါတိုင်များမှာ နည်းပညာအရ မိုင် ၂၀ အတွင်း၌ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟု သိရပြီး ယခုချထားပေးလျှက်ရှိသည့် ၁၅၀၀ ကျပ်တန် MEC အမှတ်တံဆိမ်ပါ တယ်လီဖုန်းလိုင်းများမှာ တာဝါတိုင်နှင့် လေးမိုင်အတွင်းမျှသာ ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည့်အတွက် များစွာ ကွာဟမှု ရှိသည်ဟု သိရသည်။
ဂျီအက်အမ် ဖုန်းလိုင်းများ၏ တာဝါတိုင်များမှာ နည်းပညာအရ ၁၀ မိုင်အတွင်း ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်ကြောင်း.စီဒီအမ်အေ ၄၅၀ များအတွက်စိုက်ထူးထားသည့် တာဝါတိုင်များသည် အတားအဆီးများမရှိသည့် လွင်ပြင်ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်း ဒေသများ၌ မိုင် ၂၀ နှင့် အထက်ကိုပင်ဆက်သွယ်ပြောဆိုမှုပြုလုပ်နိုင်သည်ဟုဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။
အဆိုပါဖုန်းလိုင်းများသည် ဧပြီလ ၂၄ ရက်နေ၌ စတင်ချထားပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး ရပ်ကွက်.ကျေးရွာများ၌ကံစမ်းမဲ စနစ်ဖြင့် ရောင်းချပေးခဲ့ သည့် ဖုန်းလိုင်းများဖြစ်ပြီး လာမည့်လစဉ်အတိုင်း၌လည်း အဆိုပါအရေအတွက်အတိုင်း တစ်နိုင်ငံလုံး၌ ချထားပေးမည်ဖြစ်သည်။
Credit to >> Internet Journal