ပြည်တွင်းရှိ Android OS ဖုန်းများတွင် OS Version 5.0 သို့ မြှင့်တင်ပါက မြန်မာစာစနစ်တွက် အခက်အခဲ ရှိနိုင်မည်

12:24 PM
ပြည်တွင်းရှိ Android OS စနစ်သုံး ဖုန်းများတွင် OS Version 5.0 သို့ မြှင့်တင်ပါက မြန်မာစာစနစ်အတွက် အခက်အခဲရှိနိုင် မည်ဖြစ်ပြီး ယင်းသို့ဖြစ်ရခြင်းမှာ Unicode စနစ် နှင့် Zawgyi ဖောင့်စနစ်တို့ကြား ကွဲလွဲမှုများရှိ ခြင်းကြောင့်ဖြစ်ကြောင်း LG မှ ကျွမ်းကျင်သူ ဆားဗစ်ပညာရှင် တစ်ဦးက ပြောသည်။
''Android OS ဖုန်းတွေမှာ OS Version 5.0 Lollipop ကိုမြှင့် တင်လိုက်တာနဲ့ မြန်မာစာဖောင့် စနစ်ကို အသုံးပြုတဲ့အခါမှာ Google ကနေပြီး အသုံးပြုတဲ့ Unicode ဖောင့်စနစ်ကိုပဲ အသုံးပြုရတော့ မှာဖြစ်ပါတယ်။ ပြည်တွင်းမှာကတော့ လက်ရှိအသုံးပြု နေကြသူ အများစုဟာ Zawgyi ဖောင့်တွေကိုသာ အသုံးများနေကြပြီး Unicode အသုံးပြုနှုန်းက နည်းနေသေးတဲ့အတွက် OS Version 5.0 ကို အသုံးပြုတဲ့အခါမှာ Zawgyi ဖောင့် တွေကို အမှန်အတိုင်း မြင်တွေ့နိုင်ဖို့အတွက် အခက်အခဲရှိ နိုင်ပါတယ်''ဟု အဆိုပါ ဆားဗစ်ပညာရှင်မှ ရှင်းပြသည်။
လက်ရှိပြည်တွင်းတွင် အသုံးပြုလျက်ရှိသော လူမှုကွန်ရက် စနစ်များဖြစ်သည့် Facebook, Viber, Phone Message အစရှိသည်တို့မှာ Zawgyi ဖောင့်အသုံးပြု လျက်ရှိသော စနစ်များဖြစ်ပြီး Lollipop ဗားရှင်းတွင် ထောက်ပံ့ပေးထားသော မြန်မာစာစနစ်မှာ Unicode စနစ်ဖြစ်ခြင်းကြောင့် ပြည်တွင်းရှိ ဇော်ဂျီဖောင့် စနစ်သုံး ဝက်ဘ်စာမျက်နှာများအား Lollipop ဗားရှင်းဖြင့် အသုံးပြုမည် ဆိုပါက မြန်မာစာဖောင့်များအား အမှန်အတိုင်း မြင်ရမည်မဟုတ်ပဲ ဖောင့်လွဲချော် နေခြင်းများဖြစ်နိုင်ကြောင်း သိရသည်။
''လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ Facebook, Viber လို စနစ်တွေဟာ Zawgyi ဖောင့်စနစ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းတွေမှာ အသုံးပြုနေတဲ့ Message စနစ်တွေဟာလည်း Zawgyi စနစ် တွေဖြစ်တဲ့အတွက် Lollipop ကို အသုံးပြုချိန်မှာ အခြား ဖုန်းတွေကနေပို့တဲ့ Message တွေကိုလည်း အမှန်အတိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Unicode ကို အသုံးပြုထားတဲ့ Government Website တွေနဲ့အခြား Unicode စနစ်သုံး ဝက်ဘ်ဆိုက် တွေမှာဆိုရင်တော့ Lollipop ဗားရှင်းနဲ့ဆိုရင် အမှန်အတိုင်း မြင်တွေ့ နိုင်ပါတယ်။
Unicode စနစ်အား အသုံးပြုရာတွင် စာရိုက်ရာ၌ အခက်အခဲ များစွာမရှိနိုင်ပဲ မြန်မာစာ သင်ကြားမှု ပုံစံများတိုင်းပင် အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ အနေဖြင့် Zawgyi တွင် မြန်မာဟု ရိုက်ရာ၌ ရရစ်မဟု ရိုက်ရသော်လည်း Unicode စနစ် ဖြင့် အသုံးပြုမည်ဆိုပါ မရရစ်ဟု စာသင်ကြားခဲ့သည့်အတိုင်း ရိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tags: Android OS