Android သမားများအတွက် Mr.AD Talking friends လေးပါ။

10:59 AM
ကိုယ့်သူငယ်ချင်း ပုံလေး တွေကို ရိုက်ပြီး ကိုယ် သဘောကျသလိုပြင်ပြီး စကားပါပြောခိုင်းလို့ရတယ်တဲ့။
လိုချင်ရင်တော့ ဒီမှာ ယူသွားလိုက်ပါ။ ပျော်ရွှင်ကြပါစေ....

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း။

2:14 PM
၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။



၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။
credit to .. www.myanmarmobileapp.com

ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်

2:12 PM
အေပြီ ၂၆ ရက် ၂၀၁၃

လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။

လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်

၁ သန်းကို ၃ လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူက ပြောပါတယ်။

လက်ရှိ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့် ၀ယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအထိ ဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။

online မှာ Typing ကျင့်ချင်သူတွေအတွက်

1:41 PM

အင်တာနက်ရှိနေသူတွေအတွက် ဘာဆော့ဝဲလ်မှအလုပ်ရူပ်ခံပြီး
သွင်းနေစရာမလိုတော့ပါဘူး ၊ ကွန်ပြုတာကိုအခုမှလေ့လာသူတွေ
အတွက် အသုံးဝင်မဲ့ဆိုဒ်လေးပါပဲ ဒီဆိုဒ်က Typing tutor ဆော့ဝဲ
တွေအတိုင်း Typing လေ့ကျင့်နိုင်တဲ့ Site ကောင်းလေးတစ်ခုပါပဲ

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

1:16 PM
သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။
၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…
Ref & Credit to လင်းယံခ (မြန်မာစာ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

4:37 PM
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့်  MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ  တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း  ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက်  ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။

ငွေဖြည့်ကတ်

၁။ နေပြည်တော် ကောင်စီနယ်မြေ

လင်း မိုဘိုင်း၊ နေပြည်တော်။

Best One ၊ နေပြည်တော်။

လူကြီးမင်း၊ နေပြည်တော်။

Laser Mobile ၊ ပျဉ်းမနား။

Sky Light ၊ ပျဉ်းမနား။

         

၂။ ကချင်ပြည်နယ်

Best One ၊ မြစ်ကြီးနားမြို့။

OVI၊ မြစ်ကြီးနားမြို့။

ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။



၃။ ကယားပြည်နယ်

တောင်ပေါ်သား၊ လွိုင်ကော်မြို့။

Orbit Mobile၊ လွိုင်ကော်မြို့။



၎။ ကရင်ပြည်နယ်

နေလ၊ ဘားအံမြို့။

အတ္ထရံ၊ ဘားအံမြို့။

K-Mobile၊ မြဝတီမြို့။



၅။ စစ်ကိုင်းတိုင်းဒေသကြီး

Hello Mobile ၊ စစ်ကိုင်းမြို့။

Mobile One၊ မုံရွာမြို့။

Star Mobile ၊ ချောင်းဦးမြို့။

လင်း လျှပ်စစ်၊ ရွှေဘိုမြို့။

ဟန်ထူးမွန်၊ မြင်းမူမြို့။



၆။ တနင်္သာရီတိုင်းဒေသကြီး

Alpha ၊ ထားဝယ်မြို့။

To Mobile ၊ မြိတ်မြို့။



၇။ ပဲခူးတိုင်း ဒေသကြီး

စိန်ဟင်း၊ ပဲခူးမြို့။

ရွှေကမ္ဘာ၊ ပြည်မြို့။

ဝင်းကမ္ဘာ၊ တောင်ငူမြို့။

ရွှေမျက်မှန်၊ ဖြူးမြို့။

Future Mobile ၊ ဖြူးမြို့။

ရွှေကျီး၊ ပေါက်ခေါင်းမြို့။

သန္တာထွန်း၊ အင်းမမြို့။



၈။ မကွေးတိုင်းဒေသကြီး

Advance Telecom ၊ မကွေးမြို့။

နေနတ်သား၊ ပခုက္ကူမြို့။

အင်းဝမိုဘိုင်း၊ ချောက်မြို့။

ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။

တန်ခိုးရှင်၊ မင်းဘူးမြို့။



၉။ မန္တလေးတိုင်းဒေသကြီး

Best One ၊ မန္တလေးမြို့။

I-Phone ၊ မန္တလေးမြို့။

Any Call ၊ မန္တလေးမြို့။

Win Mobile ၊ ပြင်ဦးလွင်မြို့။

Easy Call ၊ မိတ္ထီလာမြို့။

Zest Mobile ၊ ပျော်ဘွယ်မြို့။

လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။

ဝင်းစတိုး၊ ပုဂံမြို့။

Sky Ace ၊ မြင်းခြံမြို့။

ဖူဂျီ၊ ရမည်းသင်းမြို့။



၁ဝ။ မွန်ပြည်နယ်

Best One ၊ မော်လမြိုင်မြို့။

ဂျပန်၊ မော်လမြိုင်မြို့။

ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။

စိုးရတနာ၊ သထုံမြို့။

တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။

ပုလဲရွှေစင်၊ မုဒုံမြို့။



၁၁။ ရခိုင်ပြည်နယ်

Super ၊ စစ်တွေမြို့။

ရွှေကိန်းအင်း၊ စစ်တွေမြို့။

စွယ်တော်ဖြူ ၊ အမ်းမြို့။

အားမာန် ၊ အမ်းမြို့။



၁၂။ ရန်ကုန်တိုင်းဒေသကြီး

TMHC-ZK ၊ ကမာရွတ်မြို့နယ်။

MTS ၊ စမ်းချောင်းမြို့နယ်။

Best One ၊ လသာမြို့နယ်။

MobilTel ၊ လသာမြို့နယ်။

MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။

09 ၊ မရမ်းကုန်း မြို့နယ်။

လူကြီးမင်း၊ သင်္ဃန်းကျွန်း။

Mobile King ၊ တာမွေမြို့နယ်။

Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။

ISN Net ၊ အင်းစိန်မြို့နယ်။

Missed Call ၊ ဒေါပုံမြို့နယ်။

ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။



၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း)

ကျားခေါင်း၊ လားရှိုးမြို့။

Pioneer ၊ လားရှိုးမြို့။

Hello ၊ မူဆယ်မြို့။



၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ပန်းစံအိမ်၊ ကျိုင်းတုံမြို့။

အဆွေတော်၊ တာချီလိတ်မြို့။

ကျော်အောင် ၊ မိုင်းတုံမြို့။



၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း)

စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။

စင်ဒရဲလား၊ တောင်ကြီးမြို့။

ရွှေကမ္ဘာ၊ ကလောမြို့။

တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။

၁၆။ ဧရာဝတီတိုင်းဒေသကြီး

Best One ၊ ပုသိမ်မြို့။

Hello ၊ ပုသိမ်မြို့။

Mobile World ၊ ဟင်္သာတမြို့။

Goldern Star ၊ ကျောင်းကုန်းမြို့။

Victory ၊ မြောင်းမြမြို့။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

မြ၀တီ သတင်း

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

11:29 AM
ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။
MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ် တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Ref & Credit to www.myawady.com.mm

လျှို့ဝှက် email ပို့နည်း... (Top Secret)

4:34 PM
သင်္ကြန် ပြီးကတည်းက ပိုစ့်အသစ်တွေ မတင်ဖြစ်တာနဲပ အခု စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းလမ်းလေး တစ်ခု ပြောပြပေးမလို့ပါ။ ဘာလဲဆိုတော့ အင်တာနက် ပေါ်မှာ တစ်ယောက် ကိုတစ်ယောက် လျို့ဝှက် စာပို့တဲ့ နည်းလေးပါ။ အကြမ်းဖျင်း ပြောပြရ၇င် မိမိေ၇းချင်တဲ့စာကို password နဲ့ encode ပိတ်ပြီး မိမိ ပို့ချင်တဲ့ သူဆီ ကို ပို့ပေးလိုက်တာပါ။ ဒါပေမဲ့ ပို့တဲ့ စာတွေက ကိုယ်ရေးထားတဲ့စာတွေ မဟုတ်တော့ပါဘူး။ ဒါကို သူဘာရေးထားလဲပြန် ဖတ်ချင်ရင်တော့ ဖတ်တဲ့သူက password နဲ့ Decode ပြန်လုပ်ရပါတယ်. ပြောရင် passwords ထည့်ပြီး ပြန်ကြည့်တာပေါ့ဗျာ။ ဘယ်နေရာမှာ အသုံးဝင်လဲ ဆိုတော ကိုယ်တိုင် စဉ်းစားကြည့်ပေါ့ဗျာ။ ဟိဟိ ကျွန်တော်ကတော့ ကောင်မလေး ကို အဲ့လို ပို့ပေးတယ်ဗျ။ ဒါဆို ရင် ကျွန်တော့် ပို့လိုက်တဲ့စာကို ကြားထဲက တစ်ယောက် ရရင်တောင် သူဖတ်လို့ မဖြစ်နိုင်တော့ဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ့် password က ကိုယ့်ကောင်မလေး ပဲသိတာကိုး။ 
ကဲ ပြောရင်း ပြောရင်းနဲ့ ရှည်သွားပြီ ပြုလုပ်ပုံ နည်းလမ်းလေး ကို အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်။
အရင်ဆုံး ဒီကို သွားလိုက်ပါ။
၁။ ကဲ အဲ့ကိုေ၇ာက်ပြီ ဆိုရင် မြား လေးပြထားတဲ့ နေရာ ကို နှိပ်လိုက်ပါ။  နှိပ်ပြီးရင် အောက်မှာလိုအပ်တာတွေကို  ဖြည့်ရပါမယ်။
 အခု ကျွန်တော်တို့ ၁။ enter your နေရာမှာ ကိုယ်ပေးချင်တဲ့ password ကိုေ၇းထည့်ပါ။
၂။ နေရာမှာ မိမိေ၇းချင်တဲ့ စာသားတွေ ကို အင်္ဂလိပ်လို ပဲဖြစ်ဖြစ် မြန်မာလိုပဲ ဖြစ်ဖြစ် ရေးပါ။
၃။ ကတော့ အားလုံးေ၇းပြီး ပြီဆိုရင်တော့ Encode now ကို နှိပ်လိုက်ပါ။ ဒါဆို အောက်က ပုံပေါ်လာပါလိမ့်မယ်။
ကဲ ဒါဆိုရင် ကိုယ်ရေးတဲ့ စာတွေက အနီေ၇ာင်နဲ့ ၀ိုင်းပြထားတဲ့ စာတွေ ဖြစ်သွားပါလိမ့်မယ်။ ဟုတ်ပါပြီ ဒီစာတွေ ကို အကုန် သေချာ ကောပီ ကူးပြီး mail ထဲမှာဖြစ်ဖြစ် chat box ထဲမှာ ဖြစ်ဖြစ် ပို့ပေးလိုက်ပါ။ တစ်ခုတော့ရှိပါတယ် ကိုယ်ပို့ပေးတဲ့ သူကိုတော့ password ပြောပြထားနော်. ပြီး ရင် ဒီကို ဆိုတဲ့ လိပ်စာကိုလဲ ပြောပြထားပါ မဟုတ်ရင် သူဖတ် မရပဲနေပါဦးမယ်။ကဲ အခုက ကိုယ်ကပို့ပြီးပြီဆိုရင် ဖတ်တဲ့သူ ဘယ်လိုဖတ်ရမလဲ ဆိုတာကို ပြပါမယ်။ ဖတ်ချင်တဲ့ သူကလဲ ဒီကို  ကိုသွားရပါမယ်။ပြီးရင်တော့အောက်ကပုံ အတိုင်းပေါ်လာရင် Decode ဆိုတာ ကို ရွေးပေးရပါမယ်။
ကဲ ဟုတ်ပါပြီ ဒါဆို ကျွန်တော်တို့ ခုနက ပို့လာတဲ့ စာကို အမှန်အတိုင်းမြင်နိုင်ဖို့ 1 နေရာက Decode Now ကို နှိပ်ပြီး အောက်က 2 နေရာမှာ ကိုယ့်ကို ပို့ပေးတဲ့သူပြောပြတဲ့ password ကို ထည့်၊ ပြီးရင် အောက်က 3 နေရာမှာ စာပို့လာတဲ့ သူရဲ့ စာတွေကို ကောပီယူပြီး ထည့်ပေးထားပါ။ အားလုံး ထည့်ပြီး သွားပြီဆိုရင်တော့ အောက်ဆုံးက Decode Now ဆိုတာလေးကို နှိပ်ပြီး ခဏစောင့်လိုက်ပါ။ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ကဲ ဒါဆို အားလုံး အဆင်ပြေကြမယ်ထင်ပါတယ်။

Thank to shinplusgugue@gmail.com

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုအတွက် ရွေးချယ်ခံရသော ကုမ္ပဏီ (၁၂) ခု

12:04 PM
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုအတွက် အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ  ဧပြီ   ၁၁ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။
1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
(MM) 5. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Construction
6. Millicom International Cellular S.A.
(MM) 7. MTN Consortium (MTN Dubai + M1 Telecom + Amara Communications)
8. Qatar Telecom (Qtel) Q.S.C (“Ooredoo”)
(MM) 9. Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (MTel)
10. Telenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile
Ref & Credit to TechSpace Journal

Unlock Code တောင်းစရာမလို ပဲ တစ်ခါတည်း Root လုပ်နည်း....

12:56 PM

ကျွန်တော်တို့ အ၇င်တုန်းက U8825D တုန်းကဆို Unlock Code တောင်းစရာမလိုပဲ SD card ထဲ dload ဖိုင်လေး ထည့်ပြီး လုပ်တာကို မှတ်မိ မှာပါ။ အဲ့တုန်းက အဆင်မပြေတာ တစ်ခုရှိပါတယ် အဲ့ဒါနဲ့ လုပ်လိုက်ရင် တစ်ချို့ မှာ Camera error တက်သွားပါတယ် ။ အခု အဲ့ဒါတွေ အကုန်အဆင်ပြေသွားပါပြီ။ Unlock Code လဲ တောင်းစရာမလို၊ CWM လဲ သွင်းစရာမလို၊ One Click Root လေးပါ။ ၁၀ second အတွင်း တစ်ခါတည်း Super User လေးပေါ်လာပါလိမ့်မယ်။ Service သမားတွေအတွက် ကော မိမိကိုယ်တိုင် လုပ်မဲ့သူတွေအတွက်ကော အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။ ကဲ လိုချင်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။

>>>>>>>>>>>>>>                     ဒီမှာယူပါ                    <<<<<<<<<<<<<<<<<

မြန်မာ့ရိုးရာသင်္ကြန်ပွဲဖြစ်ပေါ်လာပုံ

12:29 PM
ဖုန်းအကြောင်းနဲ့တော့ မသက်ဆိုင်ပါဘူး ဒါပေမဲ့ ချစ်စရာ့ မြန်မာ့ ယဉ်ကျေးမှု ကို သိစေချင်လို့ပါ။

သြော်...
ဘာလိုလိုနဲ့ နှစ်ဟောင်းကနေ၊ နှစ်သစ်ကိုတောင် မကြာခင် ကူးပြောင်းတော့မယ်နော်...။ ဘာပဲဖြစ်ဖြစ်
လေ အသက်တစ်နှစ် ကြီးတော့မယ်ပေါ့...။ နှစ်သစ်ကိုတော့ တန်ခူးလ သင်္ကြန်ပွဲလို့ အဆိုရှိခဲ့ကြတာ
အခုချိန်ထိလေ...။ သင်္ကြန်ဆိုတာ ပါဠိဘာသာ “သင်္ကန္တ” မှ သက္ကဋဘာသာ“ သင်္ကြန်” ဟု အနက်ဝေါ
ဟာရ ပြောင်းရွှေ့သွားခြင်းဖြစ်ပါသည်။

သင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်
ရာသီမှ၊ မိဿရာသီ(ဆိတ်ရုပ်)သို့ တနင်္ဂနွေ ဂြိုဟ်မင်း ကူးပြောင်းဝင်ရောက်လာပြီး၊ ထို ကူးပြောင်းလာ
သော ရာသီအိမ်အား သင်္ကြန်ရေဖြင့် ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင် ပျော်ရွှင်စွာကစားခြင်းတည်းဟူ
သော အတာသဘင်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

သင်္ကြန်ပွဲသည် ရှေးဦးအစ ကပ္ပိလ၀တ်ပြည်၊ သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင် ပြုလုပ်ခြင်းသည် ပထ
မဦးဆုံး ဖြစ်ပေသည်။ မဟာရာဇ၀င်ကျမ်းလာအရ ပုဂံပြည် တရုတ်ပြေးမင်းလက်ထက်က အတာရေသ
ဘင် ပက်ဖျန်းခြင်း ပြုခဲ့သည်။ အဲဒါကတော့ မြန်မာပြည်က ပထမဦးဆုံးသင်္ကြန်ပေါ့...။ သင်္ကြန် ရဲ့ အဓိ
ပ္ပါယ်က နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ မပါအောင် သင်္ကြန်ရေနဲ့ ပျော်ရွှင်စွာ ပက်ဖျန်း
ခြင်းပွဲတော်လို့ အဆိုတွေ ရှိခဲ့ပါတယ်။


အဲဒီနောက်တော့ မင်းအဆက်ဆက် သင်္ကြန်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေကိုလည်း သင်္ကြန်သုံ
းရက်အတွင်း ထုံးစံရှိသည့်အတိုင်း မနက်၊ ညနေ အချိန်အခါတွင် ရေကြည်၊ ရေအေး၊ အမွှေးအထုံရည်မျ
ားနှင့် ယဉ်ကျေးစွာ ပက်ဖျန်းကစားရမည့် အကြောင်းကို ကြိုတင် အသိပေး ကြေငြာထားလေသည်။

ပိတောက်ပန်းလေးတွေမြင်ရ ကျက်သရေရှိလိုက်တာ


(ကျေးတောသားလေး)

Mozilfirefox ကို မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးလိုက်ပါပြီ

4:39 PM
Mozilafirefox ကို မြန်မာဘာသာနဲ.အသုံးပြုလို.ရပါပီခင်ဗျ လိုချင်ရင်တော.ဒေါင်းကျနော် မိုက်တာတော.မိုက်တယ်ဗျ google ကိုမြန်မာဘာသာနဲ.အသုံးပြုခွင်.ပီးတဲ. နောက်ပိုင်း Mozilafirefox မှာလည်း မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးခဲ.တာဖြစ်ပါတယ်။၁ကလစ်နဲ.ဒေါင်းကျပါနော်.။ window အတွက်ကော။MAC OS X အတွက်ကော။ Linux Os အတွက်ကောတင်ပေးလိုက်ပါတယ်။လခ်.ကတော. oneclick နဲ.တင်ပေးလိုက်ပါတယ်။

Window အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe

MAC OS အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg

Linux Os အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2

ဒီဖြင်.ဘာသာစကားတွေနဲ.လဲရှိပါသေးတယ် လေ.လာပီး Download လုပ်ယူလိုသူတွေအတွက် http://www.mozilla.org/en-US/firefox/all-aurora.html


Credit to နည်းပညာစုစည်းမှု

အဟတ်ခံရတဲ့ Facebook အကောင့်ပြန်ယူနည်း

4:16 PM
အဟတ်ခံရတဲ့ Facebook အကောင့်ပြန်ယူနည်း

ဗဟုသုတအနေနဲ့တင်ပေးခြင်းဖြစ်တဲ့အတွက် ကောင်းတဲ့ဘက်မှာ အသုံးချဖို့မှာချင်ပါတယ်။ဒါဟာ Hacking အစစ် မဟုတ်ပါဘူး။ဒါပေမယ့် မိမိအကောင့်ကို သူများက Hack သွားတဲ့အခါတွေမှာ ရာခိုင်နှုန်းပြည့် အသုံးဝင်မယ့်နည်းလမ်းလေးပါ။သူက Email တို့ Phone တို့ကနေတစ်ဆင့် Reset Code တောင်းစရာမလိုဘဲ ၊ Security Question တွေဖြေစရာမလိုဘဲ Reset Password လုပ်ရမယ့်နေရာကို တန်းသွားတဲ့နည်းလေးပါ။


https://www.facebook.com/hacked

ဆိုတဲ့ Link ကိုသွားလိုက်ပါ။


Report Compromised Account ဆိုတာလေးကို ရောက်သွားပါလိမ့်မယ်။My account is compromised ဆိုတာလေးကို နှိပ်လိုက်ပါ။
Enter a Current or Ole Password ဆိုတဲ့အဆင့်လေးကို ရောက်သွားပါလိမ့်မယ်။
အဲ့လိုဆိုသဘောပေါက်မှာပါ။မိမိအသုံးပြုခဲ့တဲ့ Password ကို ဖြည့်ပေးလိုက်ပါ။ပြီးရင်တော့ Reset password လေးမှာ မိမိလောက်ဘဲသိမယ့် လျှို့ဝှက် နံဘက်လေးထည့်ပေးပြီး မိမိအကောင့်ရဲ့ Security အတွက် data တွေကို ပြန်လည်ပြင်ယူလိုက်ပါ။ပျော်ရွှင်ကြပါစေခဗျာ။အဆင်ပြေကြမယ်လို့ ထင်ပါတယ်။

credit to Maubintharlay

Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်

3:56 PM
မြန်မာ့ မိုဘိုင်းဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ရဖို့ ကုမ္ပဏီကြီးနှစ်ခုတို့ ပူးပေါင်း
Tuesday, April 9, 2013

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် နှစ်နေရာအတွက် လိုင်စင်လျှောက်ထားခြင်းအား ကြိုတင်အရည်အချင်းစစ်ဆေးခြင်း နောက်ဆုံး
အချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်
ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် မြန်မာ့
ဆက်သွယ်ရေး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန် ကြိုးစားလိုက်ကြသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ဝင်စားနေသည့် အိုင်ယာလန် ကုမ္ပဏီတခု ဖြစ်သော Digicel ကုမ္ပဏီက ဆာ့ဂ်ျပန်း၏ မြန်မာနိုင်ငံမှ Yoma Holdings ကုမ္ပဏီ၊ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်၏ Quantum Strategic Partners Ltd တို့နှင့် တချိန်တည်း
မှာပင် ပူးပေါင်းခဲ့ကြသည်။

“မကြာသေးခင်က ဖြေလျှော့မှုတွေပေးခဲ့ပြီး ကမ္ဘာပေါ်မှာ တယ်လီဖုန်း သိပ်သည်းဆ အရမ်းနည်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ မြန်မာ့ဈေးကွက်ထဲကို ဝင်ရောက်ရာမှာ Digicel က အောင်မြင်မှု ရှိထားပါတယ်” ဟု ကုမ္ပဏီပိုင်ရှင် ဒင်းနစ်အိုဘရိုင်ရန် က ကြေညာချက်တခုတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လက်ရှိ မိုဘိုင်းသုံးစွဲနှုန်းက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ကမ္ဘာ့အဆင့်ဝင် တယ်လီဖုန်း ကွန်ယက်တခုထွက်ပေါ်လာဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆက်လက်ပြော
ကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဈေးကွက် ဖြေလျှော့ပေးမှုသည် တိုင်းပြည်၏ စီးပွားရေးကို နိုးထလာစေလိမ့်မည်ဟု ဆိုးရော့စ် က ဆိုသည်။ဆက်သွယ်ရေး
လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး လိုင်စင်
ရရှိပါက မြန်နိုင်ငံ၌ မိုဘိုင်း ကွန်ယက်တည်ဆောက်ကာ လုပ်ငန်းလုပ်ခွင့် ၁၅ နှစ် ရရှိမည် ဖြစ်သည်။

“လုပ်ခွင့်လိုင်စင် ပေးတာကမိုဘိုင်းဝန်ဆောင်မှု ဈေးကွက်ကြီး ဖြစ်ပေါ်ပြီး
မြန်မာ့လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်ကောင်းဖို့ အခွင့်အရေးတရပ်
ပါပဲ” ဟု Vodafone နှင့် China Mobile တို့၏ ပူးတွဲ ကြေညာချက်တွင်
ဖေါ်ပြခဲ့သည်။

Mizzima - News in Burmese

Internet Download Manager 6.15 Build 7 Final

3:59 PM
Internet Download Manager 6.15 Build 7 Final - babelpatcher | 4.8 MB

နောက်ဆုံးထွက် update လေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်

အားလုံးလဲ သိနေပြီးသားလေးပါ


Credit to ကိုလတ်(ကျွဲဆင်း)

Frozen Keyboard Pro v0.1.0 for Android

3:40 PM
Frozen Keyboard Pro v0.1.0 for Android
-------------------------------------------

Android ဖုန်း/Tablet တွေအတွက် မတ်လ ၂၇ ရက်နေ့မှာ Pro version အနေနဲ့ထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version မှာတော့ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Credit to mmmobileapp

ဖုန်းအမျိုးပေါင်း 1020 ကျော် Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 ထိ Root လုပ်နိုင်တဲ့ Root Tool အသစ် (SRSRoot New FREE Root tool Version 4.0)

2:47 PM
Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot လေးပါ။ (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်

မြန်မာ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ရုရှား ဘာသာ ( ၅) မျိုးနဲ့ ကြည့်နိုင်တဲ့ Shweyoe Dictionary v3.0

2:44 PM
ဒီအဘိဓါန်ကတော့ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ မြန်မာလူမျိုးများအနေနဲ့ သိပ်ကို အသုံးတည့်မှာဖြစ်ပါတယ်.. သက်ဆိုင်ရာနိုင်ငံတွေရဲ့ အဓိပ္ပါယ်နဲ့ မြန်မာအဓိပ္ပါယ်ကို တွဲပြီး ကြည့်နိုင်ပါတယ်.. ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ.. ဇော်ဂျီဖောင့်နဲ့အသုံးပြုနိုင်ပြီး. မြန်မာယူနီကုဒ်ကို မကြာခင် Support ပြန်လုပ်ပေးမယ်လို့သိရပါတယ်.. မူလ v2.0 တုန်းက Unicode နဲ့လုပ်ထားတာပါ.. Unicode ကို မြန်မာ တော်တော်များများ မသုံးတတ်သေးလို့ Zawgyi ပြန်ပြောင်းလိုက်တာလို့ Developer က ပြောထားပါတယ်.. ဒီ Software က ဖိုင်ဆိုဒ်ကလည်းသေးပါတယ်.. .Net Framework 4.0 ပေါ်မှာ အခြေခံရေးဆွဲထားတာဖြစ်လို့ .Net Framework 4.0 ကို Install လုပ်ထားဖို့လိုတယ်လို့သိရပါတယ်.. Windows 8 မှာတော့ .Net Framework 4.0 ကပါလာပြီးသားဖြစ်ပါတယ်.. ဒါပေမယ့် တစ်ခါတစ်လေ အဆင်မပြေပါဘူး.. Windows 8 မှာ .Net Framework ပြဿနာကို ဒီမှာ ကြည့်နိုင်ပါတယ်..

.Net Framework ကို ဒီမှာ ဒေါင်းနိုင်ပါတယ်..

★ Five Languages support
★ English , Russia , Korea , Japan , Thai and Myanmar Orthography
★ Wikipedia , Wiktionary
★ Design Improvement and Improve Performance
★ Support Zawgyi font and keyboard
★ Add new words for five languages and myanmar orthography
★ and much more…
Credit to maungpauk

Samsung Galaxy S4 မှာအသုံးပြုထားတဲ့ S-Voice, RingTone, HD WallPaper တွေယူမယ်

2:41 PM
Samsung Galaxy S4 ကတော့ သင်္ကြန်ပြီးလောက်မှ ရောက်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ Galaxy S4 မရောက်မှီမှာ S4 ရဲ့ နံမည်ကြီး Function တစ်ခုဖြစ်တဲ့ S-Voice ကို apk တစ်ခုအနေနဲ့ ကို့ရဲ့ Samsung Phone တွေမှာအသုံးပြုနိုင်မှာပါ။ ပြီးတော့ RingTone 30+ လောက်နဲ့ HD WallPaper တွေကို အသုံး ပြုနိုင်အောင် တင်ပေးလိုက်ပါတယ်။ Down ပြီး မိမိတို့ဖုန်းမှာ အသုံးပြုကြည့်ပါ။ ခံစားမှု အသစ်တစ်ခုခုတော့ ရလာမှာပါ။ S-Voice ကတော့ Samsung Devices တွေမှာပဲ ရတယ်လို့သိရပါတယ်ဗျား--- တစ်မျိုးကို Download Link (၂) ခုစီရှိပါတယ်။ ကြိုက်တာနှိပ်ပြီး Down ပါ။

It was only a matter of time until we saw some type of leaked software from the Galaxy S4. This leak includes the Galaxy S4 "S-Voice", wallpapers, and ringtones. The S-Voice UI is almost the same, but has new commands such as opening an application, turning on/off WiFi, and texting someone! You have over 30+ new ringtones that you can add to your Android device. You also get 7 Galaxy S4 wallpapers that you can get. So if you can't wait till the Galaxy S4 comes out at the end of April or you can't get the Galaxy S4, this might ease your pain! Download the LEAKED Galaxy S4 "S-Voice", HD wallpapers, and ringtones using the links below!

ဒီမှာ WallPaper (13.8MB)
ဒီမှာ RingTone (11.8MB)
ဒီမှာ S-Voice apk (25.2MB)
ဒီမှာ WallPaper အတွက်နောက် Link တစ်ခု
RingTone အတွက်နောက် Link တစ်ခု
S-Voice အတွက်နောက် Link တစ်ခု

Credit to Myo Min Htun

Android Phone တွေအတွက် ပေါ့ပါးလှပကောင်းမွန်တဲ့ Launcher (Smart Launcher 1.57 MB)

2:40 PM
Android Phone သုံးတဲ့သူတိုင်း Launcher အမျိုးမျိုးကို ထည့်သွင်းပြီး အသုံးပြုလေ့ရှိကြပါတယ်။ Launcher တွေက လှတာတွေလဲရှိ၊ အသုံးဝင်တာတွေ လဲရှိ၊ အမြင်ကိုလဲ အမျိုးမျိုးပြောင်းစေနိုင်တဲ့ အတွက် မရိုးအီတော့ ဘူးပေါ့။ ဒါပေမဲ့ တချို့ Launcher တွေကတော့ ဖုန်းကိုလေး သွားစေပါတယ်။ တချို့ ကြတော့လည်း Phone ကိုထစ်နေအောင် RAM အသုံးပြုမှုများပါတယ်။ တချို့တွေ ကြတော့လည်း အမြင်မလှကြပါဘူး။ Launcher အမျိုးမျိုးတွေကြားမှာ ခုတင်ပေးလိုက်တဲ့ Smart Launcher လေးကတော့ လှလည်းလှ၊ ပေါ့လည်းပေါ့၊ အသုံးလဲဝင်၊ စက်လဲမလေး၊ ထစ်လဲမထစ်၊ အသုံးလဲဝင်တယ်လို့ ဖတ်မိလို့ သုံးကြည့်လိုက်တာမဆိုးပါဘူး။ စမ်းသုံကြည့်ကြပါ။ လိုချင်ရင် အောက်က Link ကိုနှိပ်ပြီးယူပါ။

ဒီ Dev-Host မှာတင်ထားပါတယ်။
Credit to Myo Min Htun

သရဲဂိမ်း လို့ လူသိများတဲ့ Plant VS Zombie 2 for PC

2:38 PM
လူကြီးတွေရော၊ လူငယ်တွေရော သိပ်ကိုကြိုက်ကြတဲ့ သရဲဂိမ်း လို့ လူသိများတဲ့ Plant VS Zombie 2 ကို တင်ပေးလိုက်ပါတယ်.. ဒီဂိမ်းဆော့ဖို့အတွက်ရှင်းပြစရာ သိပ်မလိုပါဘူး.. ပန်းတွေစိုက်၊ အပွင့်တွေများများကောက်၊ လက်နက်တွေတပ်ဆင်၊ သရဲတွေကို နှိမ်နင်း.. သိပ်ပျော်ဖို့ကောင်းတယ်ဗျ..
ဒီဂိမ်းကို ဆော့ဖို့အတွက် PC ရဲ့ လိုအပ်ချက်တွေကတော့.
Windows 2000/XP/Vista
1.2GHz Processor
512MB RAM
65MB Hard Disk Space
DirectX 8
128MB Video Card
DirectX Compatible Sound Card
CD-ROM Drive

Download Links: 57.210 MB



Huawei Y220T Root လုပ်နည်း

2:37 PM
အရင်ဆုံး လိုအပ်တာတွေကို ဒေါင်းထားလိုက်ပါ။

Download Driver Here !

Research Download

Y220T Pac File Download

Root Tool Download

Huawei Y220T Rooting Method

အရင်ဆုံး Driver ကိုသွင်းရပါမယ်။ No. (1) ကဟာကိုဒေါင်းပါ။

Y220T_Research_Download ဆိုတဲ့ ဖိုဒါထဲက Reseach Dowload.exe ကို run လိုက်ပါ။ No. (2) ကိုဒေါင်းပါ ... ။

220T ROOT.pac ဖိုင်ကို Open လုပ်ပါမယ်။ No. (3) ကိုဒေါင်းပါ ... ။

ပြီးရင် တတိယခလုပ်လေးကို နှိပ်လိုက်ပါ။

နောက် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ VOL Down ခလုတ်ကို နှိပ်လျက်နဲ့ USB ထိုးလိုက်ပါ။

ဒါဆိုရင် Software ကစပြီးအလုပ်လုပ်ပါပြီ။ ဖုန်းထဲကို လိုတဲ့ဖိုင်တွေ ရိုက်ထည့်သွားပါမယ်။

အားလုံးပြီးသွားပြီဆိုရင်တော့ PASS ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။

ပြီးရင် No. (4) မှာဒေါင်းထားတဲ့ Root Tool နဲ့ Root လုပ်လိုက်ပါ ... ။

All Done !!~
အားလုံးအားလုံးကို Credit ပေးပါတယ်ဗျာ ... ရှာဖွေမှု၊ ကြိုးစားမှု၊ မျှဝေမှုအားလုံးးကိုကျေးဇူးတင်ပါတယ် .... ။

Credit to >> MM MPX team, MMSD,

Special Thanks to (Kee Liong Lee @MMSD) for he buying this pac file !!~

 

 


Top 5 Music Players for Android

2:31 PM
Android သမားတွေအတွက် ကမ္ဘာ့အကောင်းဆုံး Player 5 ခုကို တင်ပေးလိုက်ပါတယ်.
1. PlayerPro Music Player 2.71
ဒီ Player ကို Googleplay မှာ အောက်ကလင့်ကတစ်ဆင့် သွားရောက်လေ့လာနိုင်ပြီး ကြိုက်တယ်ဆိုရင် ဒေါင်းနိုင်ပါတယ်..

https://play.google.com/store/apps/details?id=com.tbig.playerpro&hl=en

Download : Download with TusFiles accelerator and get recommended offers. ဘေးက အမှန်ခြစ်ကို ဖြုတ်ခဲ့ပါ..
2.Google Play Music 

3. Real Player:

Download :

4. Winamp ( Pro v1.4.10 )
  ဒီ Player ကို Googleplay မှာ အောက်ကလင့်ကတစ်ဆင့် သွားရောက်လေ့လာနိုင်ပြီး ကြိုက်တယ်ဆိုရင် ဒေါင်းနိုင်ပါတယ်..
https://play.google.com/store/apps/details?id=com.nullsoft.winamp&feature=search_result



5. MX Video Player 

ဒီ Player ကို Googleplay မှာ အောက်ကလင့်ကတစ်ဆင့် သွားရောက်လေ့လာနိုင်ပြီး ကြိုက်တယ်ဆိုရင် ဒေါင်းနိုင်ပါတယ်..
https://play.google.com/store/apps/details?id=com.mxtech.videoplayer.ad&feature=search_result

Download :


Credit to ..... mgpauk
 

Sony ဖုန်းများကို Online မှတိုက်ရိုက် Firmware ပြန်တင်နည်း။

11:56 AM
Sony ဖုန်းများကို Online မှ Official Firmware တင်လို ရတဲ Software လေးပါ။

Sony Xpeia ဖုန်းတွေ Firmware ပျက်လို့
Logo မှာရပ်နေရင် ဘာမှမစိုးရိမ်ပါနဲ့တော့။

Internet Connection လေးတော့လိုပါတယ်။လွယ်လွယ်လေးပါ။

Download Link - https://www.dropbox.com/s/oussdntb086npv2/Update_Service_Setup-2.11.9.6.zip

Download လုပ်ပြီးရင်တော့ Computer ထဲကို Install ဆွဲလိုက်ပါ။
Checking Update လုပ်နေပါလိမ့်မယ်။
ပြီးရင်တော့ ကို့ဖုန်းရဲ့အမျိုးအစားကိုရွေးပေးလိုက်ပါ။
Back Key လေးဖိနိုပ်ပြီး USB ထိုးပေးလိုက်ပါ။
Auto Download ဆွဲပြီး Firmware ကို တင်ပေးပါလိမ့်မယ်။
ဒါဆိုရင်တော့ Logo မှာရပ်နေလို့ စိတ်ညစ်ရတာတွေပျောက်ပြီပေါ့နော်

မှတ်ချက်။           ။ Battery 50% ကျော်အောင်သွယ်းထားပါ။

SMS bomber or text bomber ( Android )

11:50 AM
Message တွေကို minute တွေခြားပြီး bomb ကျဲချင်သူတွေအတွက် သနတ်လေးပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်ကတော့ ပိုက်ဆံတော့ ကုန်တယ် :P .  ချစ်သူစိတ်ကောက်နေတဲ့အခါ၊ ပျော်အောင် surprise လုပ်တဲ့အခါ၊ happy birthday လို့မျိုးအခါမျိုးမှာ အသုံးဝင်ပါတယ်။ http://www.4shared.com/android/EWX9gMTu/sms-bomber-text-bomber150.html

ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App (IOS,Android)

11:07 AM
ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App ဖြစ်ပါတယ်။ ဟိုတခါကတော့ FM radio မှာ နားထောင်လိုက်ရတယ်
ဒီ App က Australia မှာ Popular ဖြစ်နေတယ်ဆိုပြီးရယ် ဒီ Apps က တကယ် နည်းပညာတွေနဲ့ သေချာ
လုပ်ထားတာဖြစ်ပြီး မှန်ကန်ကြောင်းရယ်... တခြား သတင်းတခုမှာကြတော့ ဒီ Apps ကြောင့် American
မှာရှိတယ် ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ ရရှိတဲ့ rate ပေါ်မှာ စိတ်ပျက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရင်ကို
ထိခိုက်သွားတာတို့....စတာတို့နဲ့ အတော်လေးကို နာမည်ကြီးသွားပြီး Itunes မှာ အရောင်းရဆုံးစရင်းလဲ
ဝင်နေတဲ့ App လေးဖြစ်ပါတယ်။
App နာမည်က Ugly meter လို့ခေါ်ပါတယ် rating က 10 ထဲကနေပေးတာပါ။ 0.0/10 ဆိုရင်တော့
အချောဆုံးပေါ့ 9.9/10 ဆိုရင်တော့ ရုပ်အဆိုးဆုံးပေါ့။ ဒါတင်မကဘဲ အောက်မှာလဲ မှတ်ချက်စာသား
လေးရေးထားပါတယ်။
ကျွန်တော်လဲ ပထမဦးဆုံးစမ်းကြည့်တော့ 0.0/10 ရတယ်ပြီးတော့ 6.5/10 စသည်ဖြင့်ရပါတယ်

Iphone,Ipad,ipod
itunes.apple.com/au/app/ugly-meter/id388336485?mt=8

Android
https://play.google.com/store/apps/details?id=com.dappergentlemen.uglymeter&hl=en

Credit to ... SBSangpi(စံပီး)

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

11:01 AM
Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။
windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်
အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။
Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို ထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ
အလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။

SBSangpi(စံပီး)
Source:http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/