Android 5.0 သို့မြှင့်တင်နိုင်မည့် Samsung Devices များစာရင်း

3:15 PM
Android 5.0 ကိုမြှင့်တင်နိုင်မဲ့ Samsung ပစ္စည်းများစာရင်းကို ဖေါ်ပြပေးလိုက်ပါတယ်။ Android 4.2.2 ကနေမြှင့်လို့ရမဲ့ ပစ္စည်းတွေနဲ့ Android 5.0 တင်လို့ရမဲ့ ပစ္စည်းတွေကို အောက်မှာပါတဲ့အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
Samsung will update GALAXY S3, GALAXY S4, GALAXY Note2, GALAXY Note8.0 and GALAXY Note10.1 to Android 5.0 Key Lime Pie. And some mid-end devices of 2012 and 2013 can be updated too.
In the Android 5.0, Samsung will bring some big changes. Besides that, Samsung plans to update Galaxy Grand, Galaxy Grand DUOS, Galaxy Ace 2, Galaxy S 3 mini, Galaxy Beam, Galaxy Express, Galaxy S Advance, Galaxy S 2, Galaxy S 2 Plus, Galaxy Premier, Galaxy Note, Galaxy Young, Galaxy Young DUOS, Galaxy Fame and to Galaxy X Cover 2 Android 4.2.2 Jelly Bean, and all of those devices can’t be updated to Android 5.0....


Android 4.2.2 Jelly Bean Updatable:
GT-I9080 – Galaxy Grand
GT-I9082 – Galaxy Grand DUOS
GT-I8160 – Galaxy Ace 2
GT-I8190 – Galaxy S 3 mini
GT-I8350 – Galaxy Beam
GT-I8730 – Galaxy Express
GT-I9070 – Galaxy S Advance
GT-I9100 – Galaxy S 2
GT-I9105 – Galaxy S 2 Plus
GT-I9260 – Galaxy Premier
GT-N7000 – Galaxy Note
GT-S6310 – Galaxy Young
GT-S6312 – Galaxy Young DUOS
GT-S6810 – Galaxy Fame
GT-S7710 – Galaxy X Cover 2


Android 5.0 Key Lime Pie Updatable:
GT-I9300 – Galaxy S 3
GT-I9305 – Galaxy S 3 LTE
GT-I9500 – Galaxy S 4
GT-I9505 – Galaxy S 4 LTE
GT-N5100 – Galaxy Note 8.0
GT-N5105 – Galaxy Note 8.0 LTE
GT-N5110 – Galaxy Note 8.0 Wi-Fi
GT-N7100 – Galaxy Note II
GT-N7105 – Galaxy Note II LTE
GT-N8000 – Galaxy Note 10.1
GT-N8005 – Galaxy Note 10.1 LTE
GT-N8010 – Galaxy Note 10.1 Wi-Fi

မြန်မာနိုင်ငံမှ Android အသုံးပြုသူများ Google Play Store မှာ App တွေ ဒေါင်းလို့ရပါပြီ

3:10 PM
မြန်မာနိုင်ငံမှ Android အသုံးပြုသူများ Google Play Store မှာ App တွေ ဒေါင်းလို့ရပါပြီ... ဖုန်းနဲ့ တိုက်ရိုက်ဒေါင်းလို့ရသလို ကွန်ပျူတာမှတစ်ဆင့် ဖုန်းထဲကိုလည်း ဒေါင်းထည့်ပေးနိုင်ပါပြီ.. ဖုန်းကို
Google Play Store သို့ တစ်ခါ ၀င်ရောက်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင် Google Play Store မှာ ကိုယ့်ဖုန်းရဲ့ Model ကိုသိသွားပါပြီ..ကွန်ပျူတာက ဒေါင်းမယ်ဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ကွန်ပျူတာမှာရော. ဖုန်းမှာပါ. Internet ဆက်သွယ်လို့ရနေရမှာဖြစ်ပါတယ်.. ဒါဆိုရင် Store ကိုဝင်ပြီး ကိုယ်လိုချင်တဲ့ App ကို Install ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်.. ခဏနေရင် ဘောက်ကလေးတစ်ခု တက်လာပြီး အဲဒီထဲမှာ ကိုယ့်ဖုန်း Model ကိုရွေးပေးရမှာပါ.. ပြီးရင် OK ကိုထပ်နှိပ်ပေးလိုက်ပါ.. ကိုယ့်ဖုန်းထဲကို Install လုပ်သွားတာကို မြင်ရမှာဖြစ်ပါတယ်.. ( Free ပဲရပါသေးတယ်.. ပိုက်ပိုက်ပေးရတာကိုတော့ မရဘူးပေါ့နှော.. ၀ယ်လို့မှ မရသေးတာ.
ရရင်လည်း ၀ယ်မှာမဟုတ်ပါဘူး.. အလကားရတာကိုပဲရှာမှာပေါ့. :P)

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

3:08 PM
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။ 

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့
်
ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့- skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။ အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
Credit to--
www.lubo601.com
အောင်ခမ်း

Android 5.0 အကြောင်းသိချင်သူများ

3:06 PM

Android 5.0 ကို Key Lime Pie လို့အမည်ပေးထားပါတယ်ဗျား... အောက်မှာပါတဲ့ (၁၀)ချက်ကတော့ ကျွန်တော်တို့ အသိချင်ဆုံးဖြစမဲ့ အကြောင်းအရာများဖြစ်ပါတယ်ဗျာ.. အဆင်ပြေမယ်ထင်သလို ဘာသာပြန် ထားပါတယ်။ လေလာနိုင်အောင် Eng လိုလေးပါထည့်ထားပါတယ်.. Top 10 Facts You Need to Know

 
Google Android 5.0, rumored to be called Key Lime Pie, has been one of the most highly-anticipated software updates for Android devices in recent months. But, what do we know about the still-unconfirmed Android software update? Here's what you need to know about Android 5.0 Key Lime Pie, including rumored features and a potential release date. We'll continue to this post as more information leaks regarding Google Android 5.0 Key Lime Pie, so be sure to stay tuned.
1. We May See Android 5.0 Key Lime Pie as Soon as May မေလလောက်မှာစတင် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်ဗျာ..
Google I/O, Google's annual developer conference, will be held in San Francisco from May 15th to the 17th. Last year, Google introduced Android 4.1 Jelly Bean at Google I/O 2012, and most analysts are expecting Google to follow the same timeline. Note: Google I/O 2013 is over a month earlier than it was last year (the event was in late June in 2012).
2. It May Come to a Number of Devices Samsung Devices တွေမှာ Update လုပ်နိုင်မဲ့စာရင်းကို ဒီ Blog မှာကျွန်တော်တင်ပီးပါပြီ။ ခုဒီမှာတော့ Galaxy S4, S3, S2, Galaxy Note 8 3G, LTE, Wi-Fi, Galaxy Note 2, and the Galaxy Note 10.1 တို့ကိုပြောထားပါတယ်။According to SamMobile, a number of Samsung Galaxy devices will be getting upgrades to Android 5.0 Key Lime Pie. Due to fragmentation, the time frame on when these devices will be able to get the updates is unclear, but SamMobile's insider claims Galaxy S4, S3, S2, Galaxy Note 8 3G, LTE, Wi-Fi, Galaxy Note 2, and the Galaxy Note 10.1 will all be getting Key Lime Pie. 

3. Most Nexus Devices Will Be Able To Update To Android 5.0 Key Lime Pie Google ကထုတ်တဲ့ Nexus ဖုန်းတွေဆိုရင်တော့ ဘယ် Nexus ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။ သူကထုတ်တာကိုး...   
Depending on how old the device is, it is assumed that most Nexus devices will be able to upgrade to Android 5.0 Key Lime Pie. It makes sense since Nexus devices are the only Android products developed (in part) by Google.

Google Nexus 5: Top 10 Facts You Need to Know

The Google Nexus 5 is rumored to be coming later this year. Find out the rumored release date, features, and specs.Click here to read more

 
 4. The Samsung Galaxy S4 Will Likely Get Key Lime Pie and a Brand New Feature Samsung Galaxy S4 ကတော့ Android 5.0 (Key Lime Pie) နဲ့ အဆင်ပြေပြေလုပ်နိုင်မဲ့ Device တစ်ခုပေါ့ဗျာ။ Latest မဟုတ်လား...
 Samsung Orb was supposed to be a brand new feature introduced last week during Samsung's Galaxy S4 unveiling in New York City last week. Obviously, it wasn't, and it seems that's because the feature wasn't finished by the time the event rolled around. But, according to recent reports from Android Authority, the Samsung Orb will be coming along with Android 5.0 Key Lime Pie.

5. It May be a lot Faster Google က Android 5.0 မှာ Kernal တွေချိန်းထားတဲ့အတွက် RAM သုံးတာသက်သာပြီး ပိုမိုမြန်ဆန် စေမယ်၊ Multitasking ပိုကောင်းလာမယ်၊ ပြောရရင် Overall Performance ပိုကောင်းလာ မယ်ဆိုပါတော့။


Google gets criticized heavily for some issues with the Android ecosystem, namely that updates take a long time to arrive to all Android devices (again, mostly because of fragmentation) and that the operating system has a few glitches. However, with Android 5.0 Key Lime Pie, Google has moved to a a different kernel, which means that the operating system will use less RAM and be faster and better with multitasking.

 

6. It Could be a Combination of Jelly Bean and Chrome OS Android နဲ့ Chrome OS ကိုပေါင်းထုတ်လိုက်တဲ့ Software ဆိုပဲ။ Apple လိုပဲဖြစ်မယ်ထင်ပါ့.. iOS နဲ့ Mac OS ကိုတွဲပီးသုံးလို့ရအောင်လုပ်ထားသလိုမျိုး ဖြစ်ပါတယ်။

 With Andy Rubin, ex-head of Android development, leaving Google and Chrome OS director Sundar Pichai taking over his position, many are hypothesizing that Android 5.0 Key Lime Pie may be a combo of Android OS and Chrome OS. Similar to what Apple has done with the iOS and OS X operating system, Apple could be moving toward a closer integration between the two operating systems.

 

7. Key Lime Pie May Include Something Called Google Babble Social ပိုင်းအတွက် Chat ကိုလည်း Google Bubble ဆိုပြီးထည့်သွင်းထားပါအုံးမယ်တဲ့...

  Geek.com reported that Google is preparing on unifying their chat services into one massive service called Google Babble. No timeline was given, but Geek.com guessed that the service could be introduced at Google I/O, which means it could be unveiled alongside Android 5.0 Key Lime Pie.

 

8. It MAY Help the Android Adoption Rate အရင်ထွက်ခဲ့တဲ့ Android တွေမှာထက် Android 5.0 မှာ App Developer တွေအတွက် အခက်အခဲဖြစ်စေတဲ့ အချက်တွေကိုနည်းအောင် လုပ်ထားပါတယ်။ ဒါကြောင့် app တွေကို ပိုပြီး အဆင်ပြေပြေသုံးနိုင်မယ်လို့ ထင်ပါတယ်။ Android Device တွေကတော်ော် များတဲ့အတွက် Screen Size မှာနည်းနည်းအခက်တွေ့တော့ App Developer တွေခေါင်းခဲရတယ်လေ။

The Android Jelly Bean operating systems' adoption rate has been poor considering Android is the most popular operating system in the world (probably because there are so many Android devices). The problem, again, is fragmentation. With so many different screen sizes to develop for, it takes awhile for Google and app developers to update the operating system and apps. But, depending on how good Android 5.0 Key Lime Pie is, it could help improve upon the abysmal Jelly Bean adoption rate (though they've picked up in recent months).

 

9. It Could Have a Guest Mode Windows မှာလို Guest Mode ကိုထည့်ထားတဲ့အတွက် Owner ကို Admin Right ပိုမိုရရှိစေမှာဖြစပါတယ်။ Security အတွက် အိုစိတ်ချရတာပေါ့။

    A "Guest Mode" is where your family members or friends can use your phone without accessing the settings or key features on your devices, like SMS messaging. IBTimes AU writes that this feature could be introduced to Android 5.0 Key Lime Pie, though it seems like a kind of random feature to include in Android 5.0.

 

10. Google Could Do Well By Copying Apple သုံးတဲ့သူတွေကတော့ Apple မှာ Mobile နဲ့ Computer ကိုပေါင်းစပ်ထားမှုက Google ထက်ပိုကောင်းတဲ့အတွက် သုံးရတာပိုအဆင်ပြေပါတယ်။ Google အနေနဲ့ Chrome OS and Android 5.0 Key Lime Pie ကို Apple လိုဖြစ်အောင် လုပ်ရအုံးမှာဖြစ်ပါတယ်။

  Apple's mastered the integration between mobile devices and computers, which is the biggest issue with Android devices. Yes, there are features and services like Google Drive, but the overall similarities between iOS and OS X - not only aesthetically but in terms of features as well — makes the Apple OS ecosystem easier to use for consumers. Android needs to develop a stronger bond between Chrome OS and Android 5.0 Key Lime Pie to move up to the same level as Apple.

 

                             မှတ်ချက်။   ။ ကိုမောင်ပေါက် Blog မှကူးယူတင်ပြထားပါသည်။ 

Android မှာ DOTA ခုတ်ချင်သူများအတွက် DOTApedia For Dota-2 v1.3

2:56 PM
Android မှာ DOTA ခုတ်ချင်သူများအတွက် DOTApedia For Dota-2 v1.3 တင်ပေးလိုက်ပါတယ်..ဒီ App ကိုကစားမယ်ဆိုရင် Android Version 2.2 နဲ့ အထက်လိုမှာဖြစ်ပြီး Phone နဲ့ Tablet နှစ်မျိုးစလုံးမှာ ကားနိုင်ပါတယ်..

Included features:
 News Feed
 Heroes
 Items
 Store Items
 Backpack
 Match History

လိုချင်ရင် ဒေါင်းနိုင်ပါပြီ..

Download Links: 8.23 MB

မှတ်ချက်။    ။ ကိုမောင်ပေါက် Blog မှကူးယူတင်ပြပါသည်။

Samsung Galaxy Note 3 ကို ဂျာမဏီ IFA 2013 ပွဲတွင်မိတ်ဆက်ပြသဖွယ်ရှိဟုဆို

11:41 AM
Samsung Galaxy Note 3 ကို ၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင်ကျင်းပပြုလုပ်မည့် IFA 2013 ပွဲတွင်မိတ်ဆက်ပြသဖွယ်ရှိကြောင်း Samsung Mobile ဌာနမှအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်ဟု ကိုရီးယားသတင်းမီဒီယာများက ၁၉.၃.၂၀၁၃ ရက်နေ့တွင်ရေးသားဖော်ပြခဲ့ကြသည်။ ယင်းကဲ့သို့ပြောကြားခဲ့ရာတွင် ” အရင်နှစ်တုန်းကလည်း ဂျာမဏီမှာပဲ စက်တင်ဘာလထဲမှာ ပြပွဲလုပ်ပြီး Galaxy Note II ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနှစ်မှာလည်း ၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ ဂျာမဏီနိုင်ငံတွင်ကျင်းပပြုလုပ်မည့် IFA 2013 ပြပွဲမှာ မိတ်ဆက်ပြဖို့ Samsung Mobile မှကြိုးပမ်းနေပါတယ်။ Samsung Galaxy Note 3 ဟာ Screen size 5.9 လက်မနဲ့ထုတ်လုပ်ဖို့အကြမ်းဖျဉ်းလျာထားပါတယ် ။ အတွင်း hardware တွေကတော့ လတ်တလောမှာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ထုတ်လုပ်လာမယ့်မိုဘိုင်း product တွေကိုအချိန်နဲ့အမျှဆန်းစစ်ပြီး လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် လတ်တလောမှာအတိအကျမပြောနိုင်သေးပါဘူး ။ လက်ရှိ Note II ထက်နှစ်ဆပိုတဲ့ Full HD resolution, Exynos 5 Octa processor, LTE , အဆင့်မြှင့်တင်ထားတဲ့ Galaxy Note မှာပါဝင်နေကျ features တွေနဲ့ Galaxy Note အတွက်လက်ရှိ beta အဆင့်စမ်းသပ်နေတဲ့ features အသစ်တစ်ချို့ပါဝင်လာပါမယ်။ Android version 4.2.2 ကတော့ Note 3 မှာပါဝင်လာမှာမဟုတ်တော့ပါဘူး ။ ဒီလောက်ပဲပြောလို့ရပါသေးတယ် ” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း စက်တင်ဘာလ iPhone 5 မထွက်ခင် လပိုင်းအလိုမှာပဲ Samsung Galaxy Note II ကို Samsung မှမိတ်ဆက်ပြသခဲ့ပါတယ်။ Ref: Korea Times

Samsung ကလည်း Samsung Smart Watch (လက်ပတ်နာရီ) ထုတ်လုပ်ရန်စီစဉ်နေဟုဆို

11:41 AM
Apple က iWatch အမည်ရှိ လက်ပတ်နာရီထုတ်လုပ်မယ်လို့သတင်းများထွက်ပေါ်နေချိန်မှာ Samsung ကလည်း Samsung Smart Watch (လက်ပတ်နာရီ) ထုတ်လုပ်ရန်စီစဉ်နေတယ်လို့အတည်ပြုပြောဆိုလိုက်ပါတယ်။ Samsung ဟာဒီလိုမျိုးအတည်ပြုပြောဆိုခဲ့ပေမယ့် သူဟာအခုမှ Smart Watch ထုတ်လုပ်တဲ့အတွေ့အကြုံကိုစမှာတော့မဟုတ်ပါဘူး ။ ၁၉၉၉ ခုနှစ်မှာ SPH-WP10 မော်ဒယ်အမျိုးအစား ဖုန်းပြောဆိုလို့ရတဲ့ လက်ပတ်နာရီကိုထုတ်လုပ်ခဲ့ဖူးပြီး ယင်း SPH-WP10 လက်ပတ်နာရီမှာတုန်းက မိနစ် ၉၀ ကြာစကားပြောနိုင်တဲ့ဘက်ထရီနဲ့ Speaker လေးတစ်လုံးထည့်သွင်းပေးထားပါတယ်။ ဆယ်စုနှစ်တစ်ခုကြာအပြီး Apple နဲ့ Samsung ဟာကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတွေဖြစ်လာကြပြီး Apple က iWatch ကိုထုတ်လုပ်ဖို့စီစဉ်နေတဲ့အချိန်မှာ Samsung ကလည်းဒီ Project ကိုပြန်လည်ချပြလိုက်တာပါ။ ” Samsung ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ chip set တွေ ၊ ကြည်လင်ပြတ်သားလွန်းတဲ့ display တွေထုတ်လုပ်မှုအတွေ့အကြုံတွေအများကြီးရှိပြီးပါပြီ ။ Smart Watch မှာလည်းဒီအရည်အသွေးတွေထည့်သွင်းပေးနိုင်ပါလိမ့်မယ် ” ဟုမိုဘိုင်းသုံးသပ်သူများကဝေဖန်ပြောကြားကြပါတယ်။ Samsung ဟာ Smart Watch ထုတ်လုပ်ရန်စီစဉ်နေကြောင်းကိုပြောဆိုခဲ့ပေမယ့် နာရီထဲမှာဘယ် Operating System ကိုထည့်သွင်းအသုံးပြုမယ်ဆိုတာတော့ပြောကြားခဲ့ခြင်းမရှိသေးပါဘူး
Ref: CNet

iPhone 5 နဲ့ Samsung Galaxy S4 ကိုလှပစွာနှိုင်းယှဉ်ထားခြင်း (Photo Gallery)

11:39 AM
Samsung Galaxy S4 နဲ့ iPhone 5 ။ နှစ်ခုစလုံးကတော့ Latest ဖုန်း ၊ နာမည်အကြီးဆုံး Smart ဖုန်းများပဲဖြစ်ပါတယ်။ ဒီဇိုင်းလှပတဲ့ နည်းပညာမြင့် ဟန်းဆက်များကိုကိုင်လိုသူတွေကလည်း Samsung Galaxy S4 နဲ့ iPhone 5 ဘယ်ဟာရွေးချယ်ရမလဲဝေခွဲမရဖြစ်နေကြပါပြီ ။ ဒီအတွက် Designer တစ်ယောက်ဖြစ်တဲ့ Martin Hajek က ဖုန်းနှစ်လုံးရဲ့ဒီဇိုင်းလှပပုံတွေကို အရည်အသွေးမြင့်ပုံရိပ်တွေနဲ့ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဒီပုံရိပ်များကိုကြည့်ပြီး မိမိတို့လိုချင်တဲ့ ဒီဇိုင်းကိုသေချာရွေးချယ်နိုင်မှာပါ။ ဒီဇိုင်နာ Martin Hajek ရဲ့ ဖုန်းနှစ်လုံးနှိုင်းယှဉ်ချက်အရည်အသွေးမြင့်ပုံရိပ်များကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။


Root လုပ်တယ်ဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?

11:57 AM
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ

1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Source.. myanmarmobileapp

Mobile Network အကြောင်း

11:55 AM
ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိုမ့်လိုပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။ကျနော်တိုပြည်သူတွေကိုတော့ 4G စနစ်ဘယ်တော့ပေးသုံးမလဲမသိသေးပါဘူး။ဆီးဂိမ်းနဲ့ပဲကိုင်ကိုင်ပေါက်နေတာပါ။ဒါတွေကထားပါ..............
GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။
3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ ကျနော်မပြောတက်ဘူးပေါ့နော်.....
HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။

HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access)         ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။
4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
 ကျနော်တို အားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့
GPRS(114Kbps) < EGDE(368Kbps) < 3G(3.1Mbps) < HSDPA(14Mbps) < HSPA+(168Mbps) < 4G/LTE(299.6Mbps)

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

11:53 AM

Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။
By: Myanmar ICT and AMT

အကောင်းဆုံး နောက်ဆုံးပေါ် နာမည်ကြီး ဖုန်း(၃)မျိုးနှိုင်းယှဉ် ကြည့်မယ် (Galaxy S4 vs HTC One vs iPhone 5)

11:47 AM
ကဲ Samsung ရဲ့ Galaxy S4 ထွက်လာပါပြီ။ မျှော်လင့်ထားတဲ့ အတိုင်း ကောင်းမကောင်း၊ လူကြိုက်များ/ မများ ဆိုတာကတာ့ စာင့်ကြည့် ရအုံးမှာဖြစ်ပါတယ် ခင်ဗျား။ သုံးထားတဲ့ Hardware တွေကတော့ လန်ထွက်နေတာပဲ။ အလယ်အလတ် Computer, Laptop တွေထက်တောင် သာသေးတယ်။ သူ့အရင် ထွက်ခဲ့တဲ့ iPhone 5, သူနဲ့ရှေ့နောက် ထွက်လာတဲ့ HTC One တို့နဲ့ နှိုင်းယှဉ်ထားတာလေး တွေ့လို့ ကြည့်နိုင်အောင် ပြန်ရှဲလိုက်ပါတယ်။ ကဲကြည့်လိုက်ရအောင်---
Ref: komaungpaukblog

Andriod ပေါ်မှာ AutoCAD ရေးလို့ရမယ့် AutoCAD WS 1.6.2

3:40 PM
AutoCAD WS 1.6.2 ဟာ Android သုံးထားတဲ့ Device တွေပေါ်မှာ AutoCAD အဖြစ် ရေးဆွဲလို့ရမှာဖြစ်ပါတယ်.. ဒီဇိုင်းသမားများ၊ AutoCAD သမားများအတွက် PC/Laptop တစ်လုံးကို ဆောင်သွားစရာမလိုတော့ပါဘူး.. Android သုံးထားတဲ့ မြင်ကွင်းကျယ်ကျယ် Smart Phone တစ်လုံးပဲ ကိုင်ဆောင်သွားဖို့လိုတော့တာပါ.. ရောက်ရာအရပ်မှာ ဒီဇိုင်းရေးဆွဲနိုင်တာပေါ့ အဆင်ပြေကြပါစေဗျာ…………………
AutoCAD WS 1.6.2 ကိုအောက်က Link မှာရယူနိုင်ပါတယ်။


 

နံပါတ်တစ် စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် Apple ဆက်လက် ရပ်တည်နေ

3:22 PM



iPhone ကိုထုတ်လုပ်သည့် Apple ကုမ္ပဏီသည် အမေရိကန် စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေပြီး Google မှာ operating system ဈေးကွက်တွင် ဆက်လက် ဦးဆောင်နေကြောင်း ComScore မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ စမတ်ဖုန်း အသုံးပြုသူဦးရေသည် ဇန်နဝါရီလတွင် ၁၂၉.၄ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလထက် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ စမတဖုန်း ဈေးကွက်ရှိ Apple ၏ ပျှမ်းမျှ ဈေးကွက်ရှယ်ယာသည် နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ၃၇.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ၎င်း၏ နောက်တွင် Sam sung က ၂၁.၄ ရာခိုင်နှုန်း HTC က ၉.၇ ရာခိုင်နှုန်း၊ Motorola က ၈.၆ရာခိုင်နှုန်းနှင့် LG က ရာခိုင်နှုန်း အသီးသီး ရပ်တည်လျက်ရှိသည်။ စမတ်ဖုန်းဈေးကွက်တွင် Apple က ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသော်လည်း Google ၏ Android operating system မှာ operating system ဈေးကွက်တွင်း၌ ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာတွင် Apple က ရပ်တည်လျက်ရှိသည်။ Black Berry မှာရှယ်ယာ ၅.၉ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
နောင်နောင်
Ref & Credit to Internet Journal

14.3.2013 မနက်ပိုင်းမှာထွက်ရှိလာတဲ့ Samsung Galaxy S4 ပုံများ (Leaked)

3:20 PM
14.3.2013 မနက်ပိုင်းမှာ နောက်ဆုံးအနေနဲ့ထွက်ရှိလာတဲ့ Samsung Galaxy S4 ရဲ့ပုံများဖြစ်ပါတယ်။ ဒီဖုန်းပုံစံကတော့ ဖြစ်နိုင်သလောက်ရှိနေပါပြီ။

တရုတ်သည် Android ကို အလွန်အားထားသည့် နိုင်ငံဖြစ်ဟုဆို

3:12 PM
Google ၏ Android operating system နှင့်ပတ်သက်၍ တရုတ်စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဌာန ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းဌာန၏ အဆိုအရ Android သည် တရုတ်နိုင်ငံတွင် အလွန်အားထားခံရသည့် operating system တစ်ခုအဖြစ်ကျော် ကြားကြောင်း သိရသည်။ ပြည်တွင်းကုမ္ပဏီက Android ထက်သာလွန်သည့် operating system များ ထုတ်လုပ်ရန် ကြိုးပမ်းကြသော်လည်း အဓိကနည်းပညာ အများစုမှာ Google ၏ Android တွင် ပါဝင်နေကြောင်း MIIT မှဆိုသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်ကို Reuters သတင်းဌာနမှ ပထမဦးဆုံး ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စတုတ္ထသုံးလပတ်တွင် Android OS သည် ကမ္ဘာ့စမတ် ဖုန်းဈေးကွက် ရှယ်ယာ၏ ၇၀.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဈေးကွက်သို့ Android စမတ်ဖုန်းအလုံးရေ ၄၆၁ သန်းတင်ပို့ခဲ့ပြီး အဆိုပါ အရေအတွက်၏ သုံးပုံတစ်ပုံမှာ တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံတွင် အသုံးပြုနေသည့် စမတ်ဖုန်းများ၏ သုံးပုံနှစ်ပုံမှာ Android စနစ်ကို အသုံးပြုထားကြောင်း Informa သတင်းဌာန၏ အဆိုအရ သိရသည်။ Google search platform ကို နိုင်ငံအတွင်း အသုံးပြုခွင့် တားမြစ် ပိတ်ပင်ခဲ့ဖူးသည့် တရုတ်နိုင်ငံအနေဖြင့် Google ထုတ်ကုန်တစ်ခုဖြစ်သော Android နှင့် ပတ်သက်၍ မည်သည့် စည်းကမ်းသတ်မှတ်ချက်နှင့် ပြုပြင်ပြောင်းလဲမှုမျိုးကိုမှ တောင်းဆိုခဲ့ခြင်း မရှိပေ။ လက်ရှိ တရုတ် နိုင်ငံတွင် Android ကို ကျော်လွှားနိုင်သည့် OS platform မရှိသေးသော်လည်း Baidu ကဲ့သို့သော ပြည်တွင်း ကုမ္ပဏီအချို့ကလည်း Android ကို ကျော်လွှားနိုင်မည့် ကိုယ်ပိုင် platform ကို စမ်းသပ်နေကြောင်းလည်း MIIT မှ ပြောကြားခဲ့သည်။
ဟေမာ
Ref & Credit to Internet Journal

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချမည်ဟုဆို

10:46 AM

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။
ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။
Ref & Credit to Yangon Media Group

My ID Key USB flash drive..

3:33 PM
myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါတယ်။ အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှာ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာမျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက်အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလိုအလျောက်ဖျက်ဆီး သွားအောင် Option လည်းပေးထားလို့ ရပါတယ်။ Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။Pre-Order အနေနဲ့ memory 2G နှင့် 8G ကိုမှာယူလို့ ရပါပြီ...