Nova PDF Professional 7.7

11:59 AM
nova PDF ဆိုတဲ့ software လေးက PDF File များကို အလွယ်တကူပြောင်းလဲပေးနိုင်တဲ့
converter ကဲ့သို့ software လေးတစ်ခုပဲဖြစ်ပါတယ် ၊ Microsoft Office အပြင်တခြား
Print function ပါတဲ့ မည်သည့် ဆော့ဝဲလ်မျိုးနှင့်မဆို တွဲဖက်အလုပ်လုပ်နိုင်ပါတယ်
အောက်ပါ function တွေပါ လုပ်ဆောင်နိုင်ပါတယ် ၊

- Bookmarks are recognized and included in the resulting PDF
- Your PDF can contain active PDF links (clickable)
- Can be installed and used as a shared network PDF printer
- You can watermark PDFs with text/images
- Password protect the PDF or restrict copy/paste
- Overlay and/or merge PDF files


FileSize - 6.2 MB     >>>   ဒီမှာဒေါင်းပါ။

Core i3 , Core i5, Core i7 ဘာတွေကွာသလဲ

11:50 AM
Core i3:

* Entry level processor.
* 2-4 Cores
* 4 Threads
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 3-4 MB Catche
* 32 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)


Core i5:

* Mid range processor.
* 2-4 Cores
* 4 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကိုကောင်းကောင်း အသုံးပြုနိုင်)
* 3-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)
intel core i7 300x176 Difference Between Core i3, Core i5, Core i7

Core i7:

* High end processor.
* 4 Cores
* 8 Threads
* Turbo Mode (အသုံးမပြုလျှင် Core ကို အလိုအလျောက် ရပ်နားပေး)
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 4-8 MB Catche
* 32-45 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)
#  ကိုအောင်အောင် ဆော့ဝဲလ်မြို့တော်မှ ကူးယူ ဖော်ပြပါသည် ။ 

Hard disk ပျက်ရသည့်အကြောင်းများ

11:47 AM
Hard disk ပျက်ရခြင်းအကြောင်းရင်းများမှာအောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်သည်

1.Firmware Corruption / Damage to the firmware zone
2.Electronic Failure
3.Mechanical Failure
4.Logical Corruption

1.Firmware Corruption / Damage to the firmware zone
Hard disk မှာ firm ware chip လေးပါရှိတယ် အဲဒီ firm ware chip လေးအတွင်းမှာ hard disk နဲ့ ပက်သက်တဲ့ information တွေထည့်ထားတယ် ..cylinder head sector ဘယ်လောက်ပါတယ် rpm ဘယ်လောက်နဲ့လုပ်တယ်ဆိုတာထည့်သွင်းထားပေးတယ်..ဒါကို firm ware zone လို့ လည်းခေါ်တယ်..အဲဒီလိုပါရှိလို့ သာ bios က hard disk information တွေကိုသွားဖတ်နိုင်တယ်..auto detect လုပ်လိုက်တာနဲ့ information တွေကိုသိနိုင်ပါပြီ..ဒီလို firm ware ပျက်စီးသွားရင် bios က မဖတ်နိုင်တော့ပါဘူး ဒါမှမဟုတ် hard disk firm ware က information တွေကို bios ကိုမပို့ ပေးနိုင်တော့ပါဘူး..ဒါကို firm ware corruption လို့ ခေါ်တယ်…ဒါကြောင့် hard disk ပျက်စီးနိုင်တဲ့ အချက်မှာ hard disk firmware ပါဝင်ပါတယ်..

2.Electronic Failure
Electronic failure က logic board လို့ ခေါ်တဲ့ hard diskအောက်ခြေမှာ ပါရှိတဲ့  controller board နဲ့ ဆက်စပ်နေပါတယ်..ရုတ်တရက် မီးအားမြင့်တက်တဲ့ အခါမျိုးမှာ controller board က over load မခံနိုင်တော့ပဲ လောင်သွားနိုင်ပါတယ် အဲဒီအခါမှာ bios ကို detect မလုပ်နိုင်တော့ပါဘူး..bios က hard disk ကိုမသိရင် ဘာမှဆက်လုပ်လို့ မရပါဘူး..

3. Mechanical Failure
Hard disk ကိုလွတ်ကျလို့ ပဲဖြစ်စေ ထိခိုက်မိလို့ ပဲဖြစ်စေ သို့ မဟုတ် hard disk အတွင်းပိုင်းမှ component တစ်ခုခု ချို့ ယွင်းပါက hard disk ပျက်စီးနိုင်သည်..

4. Logical Errors
Hard disk အတွင်း မှာရှိတဲ့ platter ပြားမှာ cylinder head sector တွေနဲ့ ဖွဲ့ စည်းထားပါတယ် အဲဒီ cylinder head sector တွေ ပျက်စီးသွားရင် bad sector တွေဖြစ်သွားရင် ဒေတာတွေရေးမှတ်လို့ မရတော့ပါဘူး hard disk ကို detect မိနေသော်လည်း (hard disk ကို bios မှတွေ့ ရှိနေခြင်း) operating system ကောင်းမွန်စွာအလုပ်မလုပ်ခြင်း ၊ OS တင်လို့ မရခြင်း ၊ OS တင်လို့ ရသောလည်း စက် hang ခြင်းစသောအကြောင်းရာဖြစ်နိုင်သည် ကျနော်သူငယ်ချင်းတစ်ယောက်တွင် master boot record area ပျက်စီးသွားခြင်းကြောင့် OS တင်လို့ မရတော့ပါ..ထိုကဲ့ သို့ ဖြစ်ခြင်းကို logic error ဟုခေါ်သည်..ဒါဟာ hard disk ကိုပျက်စီးစေနိုင်သောအကြောင်းတရားများဖြစ်ပါတယ်…

Hard disk ပျက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ..
bios မှာ detect မမိတော့ဘူး hard disk ကိုမပေါ်တော့တာ..ဒေတာတွေသိမ်းလို့ မရတော့ဘူး…operating system ကောင်းကောင်းအလုပ်မလုပ်တော့ဘူး စက်ကတက်လာလို့ ခနလေးပဲအလုပ်လုပ်ရသေးတယ် ဘာမှကို ဆက်ပြီးအလုပ်လုပ်လို့ မရတော့တဲ့ လက္ခဏာ တွေ ကိုတွေ့ ရတတ်တယ်..တစ်ခါတရံ hard disk အသံကိုဂရုစိုက်နားထောင်ကြည့်ရင် ဒစ် ဒစ် ဒစ် နဲ့ မြည်နေတတ်ပါတယ် ဒါပေမဲ့  bios က detect မမိဘူးဆိုပြီး hard disk ပျက်ပြီလို့ တော့ တရားသေသတ်မှတ်လို့ မရဘူး..hard disk ကိုပေးထားတဲ့ power connector မမိတာလည်းဖြစ်နိုင်တယ် ကြိုးမကောင်းတာလည်းဖြစ်နိုင်တယ်…ဒါက hard disk တစ်ခုတည်းတင်မဟုတ်ပဲ.. အခြားသော hardware device တွေကို ပြစ်ချက်စဉ်းစားတဲ့နေရာမှာ ဖြစ်နိုင်ခြေကိုအမျိုးမျိုး လည့်စဉ်းစားရ ပါတယ်…ကြိုးတွေကို သေသေချာချာ ထိထိမိမိတပ်ဆင် ပေးပါ..hard disk မှာ IDE drive ဆိုရင် jamper တွေကို master /slave ခွဲပေးထားသလားကြည့်ပါ.. တခါတရံမှာကြိုးလေးကို သေချာပြန်တပ်ပေးလိုက်တာနဲ့ အဆင် ပြေသွားနိုင်ပါတယ်.. နောက်တစ်ချက်က bios ထဲမှာ first boot ကို hard disk ကြေငြာထား သလားစစ်ဆေး ကြည့်ပါ..first boot device ကို floppy ပေးထားတာမျိုး disable ပေးထား တာမျိုးဆိုရင် OS မတက်ပဲ ဖြစ်တတ်ပါတယ်..မိမိ hard disk bios မှာ detect မမိတော့ဘူးဆိုရင် အခြား စက်တစ်လုံးမှာသွားတပ်ကြည့်ပါဦး အခြားစက်တစ်လုံးမှာလည်း detect မမိဘူးဆို၇င် hard disk ပျက်ပြီလို့ ယူဆနိုင်ပါတယ်..ဒီလိုဆိုရင်တော့ hard disk ကို service ဆိုင်ပို့ ပြီးပြင်ခိုင်းသင့်ပြင်ရပါမယ်.. အထဲကဘာဖြစ်တာလဲ မသိဘူး ဆိုပြီး hard disk ကိုသွားမဖွင့်လိုက်ပါနဲ့ hard disk ကို lab အခန်းမှာမဟုတ်ပဲမဖွင့်သင့်ပါ..ဖွင့်လိုက်ပါက 90% ပျက်ဖို့ များပါတယ်.. service ဆိုင်ပို့ ပြီးပြင်ခိုင်းခြင်း ဒါမှမဟုတ် အသစ်တစ်လုံးဝယ်လဲခြင်းပြုလုပ်ရမှာဖြစ်ပါတယ် ….
 မှတ်ချက်။    ။ http://www.htarwaiethar.blogspot.com မှကူးယူတင်ပြထားပါသည်။

Windows 7 ကို USB Drive ပေါ်က Software အကူမပါပဲတင်နည်း

11:44 AM
ကျွန်တော်တို့ အသုံးပြုမှုများသော Windows 7 OS ကို USB Drive ပေါ်က တင်နိုင်တာကို အားလုံးလိုလို သိကြမှာပါ ။

ကြာခံနယ် Software တစ်ခုခုကို အသုံးပြုကာ USB Drive ကို Bootable Disk ဖြစ်အောင်ဖန်တီးပြီး Windows 7 OS DVD ပေါ်က ဖိုင်များကို USB Disk ပေါ်ကူးထည့်ကာ တင်သော နည်းလမ်းတွေပဲဖြစ်တာများပါတယ် ။

ကျွန်တော် မနေ့က စမ်းသပ်တာ ကြာခံနယ် ဆော့ဝဲလ် အကူမပါပဲ ဝင်းဒိုးစ် တင်တဲ့နည်းတခု တွေ့လို့ အာလုံးကို Share လုပ်လိုက်ပါမယ် ။


**  USB Drive ကို NTFS ဖြင့် Format ချပါ ။

USB Drive > Right Click > Format > File System Choose NTFS

USB Drive တွေကို Windows 7 ပေါ်မှာ NTFS ဖြင့် Format ချလို့ရပါတယ် XP ပေါ်မှာ NTFS Format ရိုက်ရန် NTFS ပါမလာပါ ။

XP ပေါ်မှာ USB Drive ကို NTFS Format ချချင်ပါက USB Drive > Right Click > Properties > Hardware > Properties > Check Optimize for performance


** USB Drive ကို NTFS ဖြင့် Format ချပြီးပါက Windows 7 Instller Disc ကို DVD ထဲထည့်သွင်းကာ USB Drive အပေါ် Copy/Paste လုပ်ပါ ။

ပြီးသွားပါက USB Drive ပေါ်ကနေ Windows 7 ကို တင်ဖို့ အဆင်သင့်ဖြစ်ပါပြီ ။


**  USB Drive ပေါ်ကနေ Boot တက်ဖို့ကတော့ CMOS/BIOS ထဲမှာ First Boot ကို USB Drive ရွေးပေးရပါမယ် ။
ထိုမှသာလျှင် USB Drive ကနေ Windows 7 ကို တင်နိုင်မှာပါ ။

MS DOS command ကိုအသုံးပြုပြီး CMOS Password Reset Remove Bypass ပြုလုပ်ခြင်း

11:43 AM
ဒီနည်းကတော့ MS DOS command ကိုအသုံးပြုပြီး BIOS or CMOS Password ဖြုတ်တဲ့နည်းပါ။ အဲဒါဆို မိမိ စက်ကိုဖွင့်လိုက်ပါ။ ပြီးတော့ Command Prompt ကိုဖွင့်လိုက်ပါ (Window + R > cmd) ။ အောက်ပါ command တွေကို တစ်ခုဆီသာရိုက်ထည့်ပါ။
debug
o 70 2E
o 71 FF
quit

Command လိုင်းထဲက o သည် ကီးဘုတ်ပေါ်က English alphabet "o" ဖြစ်ပါတယ်။ သင်္ချာနံပါတ် "0" မဟုတ် ပါ။

အထက်ပါ Command တွေရဲ့ access ကတော့ …
MS DOS (Microsoft Disk Operating System) မှာ Debug Command ကိုအသုံးပြုမည့်
သဘောပေါ့ဗျာ။
"o" သည် IO ports တွေရဲ့ values Output ဖြစ်ပါတယ်။
“70” နဲ့ “71” နံပါတ်တို့သည် CMOS memory ကိုဆက်သွယ်ပေးနိုင်တဲ့ သင်္ချာဂဏန်းတွေဖြစ်ပါတယ်။
“FF” သည် CMOS settings နဲ့ BIOS password တွေကို reset ပြန်လုပ်ပေးနိုင်တဲ့ value ပါပဲ။
# မြန်မာမိသားစုဖိုရမ်မှ ကူးယူဖော်ပြသည်။

32 Bits and 64 Bits Files များကို ခွဲခြားပုံ

11:40 AM

ဒီဘက်ခေတ်တွေမှာ ဆိုရင် 64 Bits , 32 Bits ဆိုပြီး OS များထွက်လာပြီး အသုံးပြုမှုများလာသလို ဆော့ဝဲလ်များကို လည်း သီးခြားစီ ထုတ်လုပ်ဖြန့်ချီလာ ကြပါတယ် ။

ဒီတော့ ကျွန်တော်တို့က OS Versions အလိုက် ကိုယ်နဲ့ ဆိုင်ရာ ဆော့ဝဲလ်ကို ရွေးချယ်အသုံးပြုရပါတော့မယ် ။

32 Bits OS မှာ 64 Bits Applications များတင်သုံးလို့မရသလို 64 Bits OS မှာလည်း အတူတူပါပဲ သူနဲ့ဆိုင်ရာ ဆိုင်ရာကို သာ အသုံးပြုရမှာပါ ။

ကိုယ်အသုံးပြုသော OS က 32 Bits (or) 64 Bits မသိရင်တော့ Windows OS သမားများ My Computer ( Computer ) > Right Click > Properties , System Properties မှာ ကြည့်ရှု့လို့ရပါတယ် ။

ဆော့ဝဲလ်တွေကို ဆိုင်တွေမှာ ဝယ်မယ်ဆိုရင်တော့ 32 Bits , 64 Bits ကိုယ်ကြိုက်ရာ မေးမြန်ပြီး ဝယ်ယူနိုင်ပါတယ် ။

သို့သော် အွန်လိုင်းမှာ ဆော့ဝဲလ်တွေ ဒေါင်းမယ်ဆိုရင်တော့ 32 Bits , 64 Bits အခေါ်အဝေါ်ကို မသိလို့မရပါဘူး ။

လွယ်လွယ်လေးပါ ။

x86 , x64 ဆိုသော အခေါ်ပါပဲ ။

32 Bits ဆိုရင် x86 , 64 Bits ဆိုရင် x64 ဆိုပြီး ကွဲပြားစွာ ဖော်ပြတက်ပါတယ် ။

တချို့သော ဆော့ဝဲလ်များကတော့ 32 Bits , 64 Bits နှစ်ခုလုံးမှာ အသုံးပြုလို့ရတက်လို့ ဖော်ပြချက်တွေမှာ ဘာမှ မသိသာသော်လည်း ခွဲခြားပြီး ထုတ်လုပ်ထားသော Software တွေအတွက်ဆိုရင် ဆော့ဝဲလ်ကို

ဥပမာ ။  ။ WinRar x86 Download  , WinRar x64 Download အစရှိတက်သလိုဖော်ပြပါတယ် ။

ကျွန်တော်က ဆော့ဝဲလ်လို့ ပြောသည့်နေရာမှာ OS ( Operating System ) များလည်းပါဝင်ပါတယ် ခင်ဗျား ။

မှန်မှန်ကန်ကန် ရွေးချယ်တက်တော့ ကောင်းတာပေါ့ဗျာ နော့် ။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

11:36 AM
ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။
Royal Hero Media

Explorer.exe ကို ဖျက်ပစ်လိုက်တဲ့ virus လေးအကြောင်း

10:27 AM
ကျွန်တော် https://groups.google.com/forum/?fromgroups=#!topic/myanmaritmen/vGhcvzQFinE  မှာ တင်ထားတာတွေ့လို့ မူရင်းရေးသားချက်အတိုင်း ပြန်တင်ပေးလိုက်ပါတယ် ။

ကျွန်တော့် Game ဆိုင်က စက်တစ်လုံး window တက်လာပြီး mouse ပဲ လှုပ်လိုရတယ်။ ဘာမှလုပ်လို့ မရတော့ဘူး။ Task Manager ပဲဖွင့်လို့ ရတယ်။
အဲ့ဒါဘာဖြစ်လဲလို့  ကျွန်တော်လိုက်စဉ်းစားလိုက်တော့ task Manager ရဲ့ process ထဲမှာ explorer.exe ကို မတွေ့ ရတော့ဘူး။ ဒါနဲ့ ပဲ ကျွန်တော် ITmen က အကိုတစ်ယောက်ရေးတဲ့ အတိုင်း explorer.exe ကို copy ကူးတာမရဘူး။ ဒါနဲ့ ပဲ ကျွန်တော် နှစ်ရက်လောက် အဲ့ကွန်ပြူတာကို ပစ်ထားလိုက်တယ်။
ကျွန်တော် library ထဲမှာ regedit စာအုပ်တစ်အုပ်တွေ့ တော့ winlogon အကြောင်းဖတ်ကြည့်တာ အဲ့ထဲမှာ explorer.exe က regedit
ထဲမှာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ရေးထားတယ်။ ကျွန်တော်လဲအဲ့အတိုင်းလိုက်လုပ်ကြည့်တာ အဆင်ပြေသွားတယ်။ ကျွန်တော့်စက်ထဲက
virus က winlogon ရဲ့ shell value data ကို remove လုပ်ပစ်လိုက်တယ်.။

ဘယ်လိုလုပ်ရမလဲ ဆိုတော့

၁.Window တက်လာတဲ့အခါ Task Manager ရဲ့  new process ကနေ regedit
ကိုဖွင့်ပါ။

၂.HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion
\Winlogon ကိုရောက်အောင်သွားပါ။

၃.အဲ့ဒီအထဲမှာ shell value ကို explorer.exe လို့ ပြောင်းလိုက်ပါ။

၎.Restart လုပ်လိုက်ပါ။

အဆင်ပြေသွားမှာပါ ။

စံဇာဏီဘိုအချစ်ဗေဒင် Apk 4MB

10:17 AM
စံဇာဏီဘိုအချစ်ဗေဒင်လေးပါ
ကိုယ့်ရဲ့မွေးနေ့နဲ့ ကိုယ်ချစ်သူမွေးနေ့ကိုထည့်ပီးတွက်ရတာပါ…
Download>>> sharebeast (or)zippyshare
MMSD မှရပါသည်

Adroit.Photo.Recovery.2012 For Pc 10MB

10:15 AM
ဒီဆောဝ်၀ဲလ်လေးကတော့ ဓာတ်ပုံပြန်ရှာတဲ့နေရာမှာ 98 % နီးပါ ပြန်ရှာပေးနိုင်တဲ့ ဆောစ့်ဝဲလ်လေးပါ
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမှတ်တရဓာတ်ပုံ အရေးကြီးဓာတ်ပုံများ
ပျောက်သွားခဲ့ရင် ဒါမှမဟုတ် ဖျက်မိသွားလျှင် ဒီဆောစ့်ဝဲလ်လေးသာအသုံးပြုလိုက်ပါ
အခြား Recover တွေ အများကြီးထဲမှာ ဒီကောင်လေးကတော့ စိတ်ကြိုက်ဖြစ်တဲ့ ဆောစ့်ဝဲလ်လေးပါဘဲ
 အသုံးပြုမယ်ဆိုရင်တော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>>www.diskme.com/ (or)zippyshare (or)www.ziddu.com/

Adroit.Photo.Recovery.2012  ခရက်ထည့်နည်း 
Install လုပ်ပြီး သူက လိုင်စင် ဗားရှင်းမဖြစ်သေးပါဘူး  လိုင်စင်ဗားရှင်းဖြစ်အောင်
ဒေါင်းထားတဲ့အထဲမှာပါလာတဲ့ Crack ကိုအသုံးပြုရပါမယ်ခင်ဗျာ
အရင်ဆုံး Adroit.Photo.Recovery အိုင်ကွန်ပေါ်မှာ Right ကလစ် နိုပ်ပြီး
                                   Propreties ကို ကလစ်လိုက်ပါ (ဓာတ်ပုံထည့်ရန် )
ပြီးတော့ Find Target ကို ကလစ်လိုက်ပါ အဲဒါဆို
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
ဖိုင်ထဲကိုရောက်သွားမှဖြစ်ပါတယ် အဲဒါဆို  Adroit.Photo.Recovery.2012
Download လုပ်ထားတုန်းက ပါလာတဲ့ Crack ဖိုင်ကို ကော်ပီလုပ်ပြီး
C:\Program Files\Digital Assembly\Adroit Photo Recovery 2012
 ဖိုင်ကို Paste လုပ်လိုက်ပါ
Yes or No မေးလာရင် Yes ကိုကလစ်လိုက်ပါ
အဲဒါဆို Adroit.Photo.Recoveryက လိုင်စင်ဗားရှင်းအနေနဲ့
အသုံးပြုလို့ရပါပြီခင်ဗျာ
 
မှတ်ချက်။   ။ http://www.amyokaungtarr.com မှကူးယူတင်ပြထားပါသည်။

Online ကနေ MRTV-4 တိုက်ရိုက်ကြည့်ရန်။

10:03 AM
MRTV-4 ရုပ်သံလိုင်းကို Internet မှကြည့်ချင်သူများအတွက်ပါ။

iPhone 5 အတွက် ဘက်ထရီအပိုပါ ကာဗာ အသစ်

3:32 PM
iPhone 5 အတွက် Mophie အမည်ရ Accesory ကုမ္မဏီက ဘက်ထရီ ပါတပ်ဆင်ထားတဲ့ ဖုန်းကာဗာ ထတ်လုပ်ပေးပါတယ်။

ယခင်က Mophie helium ကာဗာဖြစ်ပြိး ယခု အသစ်ကတော့ Juice Pack Air အမည်ရ ကာဗာ ဖြစ်ပါတယ်။ ဖုန်းအတွက် နောက်ထပ် ဘက်ထရီ အပိုတစ်လုံးလိုပဲ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခရီးဝေးသွားသူများ၊ ဖုန်းအားသွင်းဖို့ ခက်ခဲနေရာတွေမှာ အသုံးပြုလို့အဆင်ပြေမယ့် ပစ္စည်း ပဲ ဖြစ်ပါတယ်။ ဖုန်းအားသွင်းဖို့ ဘက်ထရီလည်း သီးသန့်မလိုတဲ့ အပြင် အကြမ်းခံတဲ့ ကာဗာလည်း တပ်ဆင်ထားပြီးသလို ဖြစ်မှာ ဖြစ်ပါ တယ်။

3G နဲ့ LTE မှာ ၈ နာရီ၊ Wi-Fi မှာ ၁၀ နာရီ၊ Audio playback နာရီ ၄၀၊ ဗီဒီယို Playback ၁၀ နာရီ ခံနိုင်ရည် ရှိတဲ့ အပို ဘက်ထရီပဲ ဖြစ်ပါတယ်။

ဈေးကလည်းကြီးသွားပါတယ်။ တန်ဖိုး ၉၉ ဒေါ်လာရှိပြီး ယခင် Helium ထက် ဒေါ်လာ ၂၀ ဈေးပိုကြီးသွားပါတယ်။ ပိုမိုလည်း ပေါ့ပါးပြီး ကျစ်ကျစ်လစ်ရှိတဲ့ Air ဘက်ထရီ Pack ကာဗာများကို မတ်လ ၂၂ ရက်နေ့ ကစလို့ ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Samsung Galaxy Note 8.0 vs Google Nexus 7 တပြိုင်တည်းမိတ်ဆက်

2:23 PM
Google Nexus 7 မှာပါရှိတဲ့အရွယ်စားနဲ့ပစ္စည်းမျ
ားကတော့ 7-inch LED-backlit IPS display
resolution 1280 x 800 pixels ၊ 1.2GHz quad-core processor ၊ Nvidia GeForce ULP GPU ပါရှိပြီးသော
16GB နဲ့ 32GB ထိမန်မိုရီနှစ်မျိုးထုတ်လုပ်ထားပါတယ်။ဒါပေမယ့်သူက Memory Card ထည့်သုံးလို့
မရပါဘူး။ဘထရီကလဲနှစ်မျိုးနှစ်စားခွဲထားပါတယ် 4600mAh battery နဲ့ 4325mAh battery ရှိပါတယ်
ကင်မရာကတော့ 1.2MP ရှိပါတယ်။ Android Version ကတော့ 4.2 Jelly Bean ပါရှိပါတယ်
198.5 x 120 x 10.5 mm (7.81 x 4.72 x 0.41 in) and weighs in at 340g (11.99oz)
ဈေးနှုန်းကတော့မပြောထားပါဘူး
=================================
Galaxy Note 8.0 မှာပါရှိတဲ့အမျိုးစားတွေကတော့ 8-inch LCD display ကိုအသုံးပြုထားပါတယ်။
210.8 x 135.9 x 8 mm (8.30 x 5.35 x 0.31 in) and weighs in at 338g (11.92oz) နဲ့1.6GHz quad-core processor ၊400 MP GPU 2GB of RAM ပါရှိပါတယ်။
Internal memory ကတော့ 16GB and 32GB ထိပါရှိပြီး microSD cards ကို 64GB ထိ လက်ခံနိုင်ပါတယ်။
5MP primary camera နဲ့ 1.2MP secondary sensor for့ video calling
Android Version ကတော့ Android 4.1 ဖြစ်ပါတယ်။ Update ပြုလုပ်နိုင်ပါတယ်
Galaxy Note 8.0 ကိုဝယ်ယူနိုင်တဲ့ဈေးနှုန်းကတော့ $300 လို့ပြောထားပါတယ်။
======================================
Ref & Credit to minzarni tgi 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

wi-fi signal မြင့်ပြီးသုံးချင်သူများအတွက်

2:14 PM
ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကိုပန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ သောက်ပြီးသား Coca cola ဗူးခွံကိုပဲဖြစ်ဖြစ် Beer ဗူးခွံကိုပဲဖြစ်ဖြစ် ယူလိုက်ပါ .. ပြီးရင် ရေစင်အောင် ဆေးပေးလိုက်ပါ .. အနံတွေဘာတွေ ပျောက်သွားအောင်လို့ပါ .. 
ပြီးရင်အောက်က ပုံမှာပြထားသလို ဗူးခွံရဲ့ အပေါက်လေးမှာ ရှိတဲ့ အပိတ်လေးတွေ ကျန်ခဲ့တာရှိရင် ဖယ်ထုတ်ပလိုက်ပါ ..
ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဗူးခွံရဲ့ နောက်ပိတ်ပိုင်းကို ဖြတ်ထုတ်ပလိုက်ပါ .. 
အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် အနေနဲ့ ဖြတ်လိုက်တဲ့ နောက်ပိတ်ပိုင်းကနေ ဘေးနှစ်ဘက်ကို ညီအောင်ညှိပြီး အရှည်လိုက် ဗူးခွံအဖုံးစပ် အထိရောက်အောင် ခွဲချလိုက်ပါ ..
ပြီးသွားပြီ ဆိုရင်တော့ စောစောက ဗူးခွံရဲ့ အပေါက်လေးကို ကျွန်တော်တို့ အသုံးပြု နေတဲ့ Wi-Fi Moden ရဲ့ antenna လေးမှာ တင်ဆင်ပေးလိုက် ယုံပါပဲ ..
 
 ဒီလောက် ဆိုရင်တော့ မိမိတို့ Wi-Fi Signal ကိုမြှင့်ပြီး အသုံးပြုချင်သူတွေအတွက် စမ်းသပ်ကြည့်လို့ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ကျေးဇူးတင်ပါတယ်
  
မှတ်ချက်။    ။ http://nyithitsar.blogspot.com/2011/11/wi-fi-signal.html မှကူးယူတင်ပြပါသည်။


 

Huawei Ascend P2

2:06 PM
အင်တာနက် အသုံးပြုရန် အမြန်ဆုံး စွမ်းဆောင် ပေးနိုင်သော Huawei Ascend P2

ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2 မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။

ဟန်းဆက်၏ အထူမှာ ခဲတံတစ် ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာသည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အစွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုရှိ သော high definition screen တပ်ဆင်ထားသည်။ Ascend P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုနိုင် ပါသည်။

Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်မှုကို ထုတ်ဖော်ပြသခဲ့သည်။

Ascend P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ ဖြန့်ချိသွားမည် ဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒုတိယ လေးလပတ်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဟုသိရသည်။ ၎င်းဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူစက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။

Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြုနေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ Huawei ဟန်းဆက်သစ်တွင် 13 megapixel ကင်မရာ ပါရှိသည့် အတွက် ရုပ်ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။

မိုက်ခရိုဆော့ခ်ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ – ဘီလ်ဂိတ်

12:28 PM
မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။
စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer  မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။
ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင်မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။
ဒီမှာတင်သိနိုင်ပါတယ်။ စစ်တမ်းအရလည်း Microsoft ရဲ့  Windows စမတ်ဖုန်းဟာ ကမ္ဘာ မိုဘိုင်းဈေးကွက်မှာ ၅ ရာခိုင်နှုန်းထက် လျော့နည်း တယ်ဆိုတာကိုလည်း ဝမ်းနည်းစွာပဲ တွေ့ရှိခဲ့ရပါတယ်။ ဒါတောင် Microsoft က ကိုယ်ပိုင်ဖုန်း မထုတ်သေးပါဘူး။ OS ပဲရှိပါသေးတယ်။ ကိုယ်တိုင် လည်း ဖုန်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ဘီလ်ဂိတ်နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ကြေညာ လိုက်တဲ့ သဘောသဘောပါပဲ။ Microsoft တို့ Xbox ထုတ်မယ်တုန်းက တက်တက်ကြွကြွ ပါဝင်ခေါင်းဆောင်ခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် စမတ်ဖုန်း ဈေးကွက်ဝင်ဖို့ကျတော့ အသံတိတ်နေခဲ့ပါတယ်။ အသံပဲ တိတ်တတာလား၊ ပြောခွင့်မရှိတာလားတော့ မသိ Windows Phone OS ကတော့ User တက်မလာသေးတာ အမှန်ပါပဲ။ ဒီကြားထဲ ဘီလ်ဂိတ်က ဒါဟာ အမှားတစ်ခုပါလို့ ဆိုလိုက်တော့ Windows Phone OS ရဲ့  ဘဝက သနားစရာလေး ဖြစ်သွားရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် Microsoft သာ စမတ်ဖုန်း ထုတ်မယ့် ဖုန်းတွေသာ တရုတ် Huawei တို့လို ဈေးသက်သက်သာသာနဲ့ ရမယ်၊ လွယ်လွယ်ကူကူနဲ့ ရမယ်ဆိုရင် မြန်မာပြည်မှာ အမာခံ ပရိတ်သတ်တွေ ပေါ်လာအုံးမယ်လို့ အတွေး ပေါက်မိပါသေးတယ်။
-
Ref: CBS
Aung Kham (TSJ team)

Huawei U8825D Android Version 4.04 Root လုပ်နည်း

12:23 PM

Cbox မှာ မေးထားတာတွေ့လို့ တင်ပေးလိုက်ပါတယ်။ အဆင်ပြေပါစေဗျာ
လိုအပ်တာတွေကို အရင်ဆုံးဒေါင်းထားလိုက်ပါ။ 

လိုအပ်တဲ့အချက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အဆင့် (၁) ။       ။ Bootloader ကို unlock လုပ်ရပါမည်။
အဆင့် (၂) ။       ။ ClockworkMod Recovery တင်ရပါမည်။
အဆင့် (၃) ။       ။ Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root file ကို install လုပ်ရပါမည်။
Bootloader ကို unlock လုပ်နည်း
Bootloader ကို unloack မလုပ်ခင် အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။
 (၁) Bootloader unlock လုပ်ရန်အတွက် ဒီနေရာ ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမယ်။

အဲ့မှာသူရဲ့ စည်းကမ်းချက်တွေ ကိုဖတ်ပြီး အောက်ဆုံးနားက I have read and accept all terms above
မှာ အမှန်ခြစ်ပေး ပြီး Next ကို နှိပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်း တွေ့ရပါမယ်။

(၂)           နံပါတ် (၁) တွင် မိမိလက်ရှိအသုံးပြုနေသော Gmail ကိုရိုက်ထည့်ပါ။
               နံပါတ် (၂) နေရာမှာတော့ SmartPhone နှင့် Tablet အမျိုးအစားရွေးမှာဖြစ်ပါတယ်။
                             ကျွန်တော်ရွေးထားတဲ့စာအတိုင်းသာတူအောင်သာရွေးလိုက်ပါ။
               နံပါတ် (၃) နေရာမှာတော့ Huawei U8825D ကိုရွေးရမှာပါ။
               နံပါတ် (၄) နေရာမှာတော့ Serial number ကိုထည့်ပေးရမှာပါ။ Serial number ကိုကြည့်ရန်
                              အတွက် Settings --> About phone --> Status --> Serial number မှာပါတဲ့
                              number တွေကိုရိုက်ထည့်ပါ။
               နံပါတ် (၅) နေရာမှာတော့ မိမိဖုန်းရဲ့ IMEI ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ IMEI ကိုကြည့်ရန်အတွက်ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပါ။ IMEI နှစ်ခုပေါ်လာပါမည်။ အပေါ်ဆုံးက numberကိုရိုက်ထည့်ပါ။
               နံပါတ် (၆) နေရာမှာတော့ ဖုန်းရဲ့ Product ID ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ Product ID ကိုကြည့်ရန် အတွက် ဖုန်းခေါ်တဲံနေရာမှာ *#*#1357946#*#* ကိုရိုက်ပြီးပေါ်လာတဲ့ number ၈လုံး
ကိုရိုက်ထည့်ပါ။                
               အားလုံး ဖြည့်ပြီး ရင်တော့ Submitအောက်ပါပုံအတိုင်းပေါ် Unlock Code တောင်းခြင်းပြီးသွားပါပြီ ။ မိမိ mail ထဲ့သို့ mail ရောက်မရောက်စစ်ပါ။ ချက်ချင်းရောက်နိုင်သလို ၂ ရက် မှ ၃ရက် ထိကြာတတ်ပါသည်။
 (၃) Mail ထဲသို့ unlock code ရောက်လာပြီဆိုရင် unlock လုပ်ဖို့အတွက် fastbood ကို ဒီနေရာ မှာဒေါင်းပါ။ ပြီးလျှင် ဒေါင်းထားတာကိုဖြည်ပြီး အ၇င်ဆုံး Driver ကို Install လုပ်ထားပါ။
    
(၄) ဖုန်းကို setting --> fastboot ကို off ပါ။ပြီးလျှင် Developer Option ထဲက USB debugging ကို အမှန်ခြစ်လေးပေးပြီး ပါဝါပိတ်ပါ။ Volume Down + power ကို နှိပ်၍ bootloader ကိုရပ်ပါ။ 3G logo ပေါ်လာလျှင် ဖုန်းဖြင့် ကွန်ပြူတာနှင့်ချိတ်ပါ။
(၅) download ရလာသော fastbood file ကို My Computer / drive C ထည့်သို့ထည့်ပါ။ ပြီးလှင် Fastboot folder ထဲဝင်ပြီး Keyboard မှ Shift ကိုဖိထားပြီး mouse rightclick ကို နှိပ်ပြီး Open Command Window Here ဆိုတာလေး ကို နှိပ်လိုက်ပါ။ Cmd box လေးတက်လာပါလိမ့်မယ်။ ပြီးလျှင်fastboot devices ကိုရိုက်ထည့်ပါ။ပုံအတိုင်းပေါ်လာပါမည်။
(၆) fastboot oem unlock **************** mail ထဲသို့ရောက်လာသော unlock code ကို * နေရာတွင်ရိုက်ထည့်ပြီး enter ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမည်။ unlock လုပ်ခြင်းအောင်မြင်စွာပြီးသွားပါပြီ။
 (၇) ClockworkMod Recovery တင်နည်း
ဖုန်းကိုပါဝါပိတ်၍ Volume Down + power ကိုနှိပ်၍  bootloader ကိုရပ်ပါ။
Ascend G330D recovery  ဖွင့်ပါ ၊ Enter ကိုနှိပ်ပါ ၊ 1 ကိုနှိပ်ပါ ၊ ဖုန်း reboot ဖြစ်သွားပါမည်။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
CWM - based Recovery v6.0.1.2 တက်လာပါမည်။ reboot system now ကိုရွေးပြီး power            ခလုပ်ကိုနှိပ်ပါ။
CWM recovery တင်တာပြီးသွားပါပြီ။
(၈) Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root zip file ကို install လုပ်နည်း
Download ရယူထားသော Superuser-3.1 Zip ဖိုင်ကို ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
-install zip from sdcard ကို Volume up & Volume down ဖြင့်ရွေး၍ power ခလုပ်နှိပ်၍ ၀င်ပါ။
-choose zip from sdcard ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
sdcard ထဲသို့ရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ superuser zip ကို Volume up & Volume down ရွေးပြီးpower ခလုပ်ကိုနှိပ်ပါ။
-Yes - Install Superuser.zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
- reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
ဖုန်းပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root
လုပ်ခြင်းအောင်မြင်သွားပါပြီ။
 (၉) မြန်မာဖောင့် သွင်းနည်း။
Forzen keyboard နဲ့ fonts changer ကို ဒေါင်းထားပြီးရင် အဲ့နှစ်ခုလုံးကို ဖုန်းထဲ install လုပ်လိုက်ပါ။ ကွန်ပျူတာ နဲ့ လုပ်ချင်လဲလုပ်ပါ မဟုတ်လဲ ဖုန်း sd card ထဲထည့်ပြီး install လုပ်လိုက်ပါ။ အ၇င်ဆုံး frozen keyboard ထည့်ပြီးရင် setting ထဲက Language ထဲမှာ Frozen keyboard ဆိုတာလေးပေါ်နေပါလိမ့်မယ်။ အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးလျှင် Defauld keyboard ဆိုတဲ့နေရာမှာ Frozen keyboard ကိုလဲရွေးပေးထားပါ။ ဒါဆို keyboard ထည့်သွင်းတဲ့အပိုင်းပြီးသွားပါပြီ။ အခု နောက်ဆုံး အဆင့်ဖြစ်တဲ့ System တစ်ခုလုံးကို မြန်မာဖောင့်ထည့်သွင်းမှာဖြစ်ပါတယ်။ ခုနကဒေါင်းထားတဲ့ Fonts changer ကို install လုပ်ပြီးရင် fonts changer application ကိုဖုန်းထဲကနေ၀င်လိုက်ပါ။ အဲ့အခါ Super User Request တောင်းလာပါလိမ့်မယ် အဲ့အခါ Allow ကိုေ၇ွးပေးလိုက်ပါ။ ပြီးရင် zawgyi fonts ဖြစ်တဲ့ အပေါ်တစ်ခုကိုရွေးပေးပြီး ဖုန်း restart ဖြစ်အောင်စောင့်လိုက်ပါ။ ဖုန်း restart ဖြစ်သွားတာနဲ့ အကုန်လုံးပြီးဆုံးသွားပါပြီ။ အဆင်ပြေပါစေဗျာ။

၂၀၁၃ ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော။

11:24 AM
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။
သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။
Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။
credit – Oppositeyes

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ…….

4:35 PM
မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။
ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။
Typical Data Usage
-       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်
-       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်
-       Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်
-       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်
-       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်
-       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်
-       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်
-       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်
Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။
Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။
Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။
Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။
Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။
Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။
Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။
Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။
Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်
Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)
100 Kb (2 ကျပ်)
1 MB  (20 ကျပ်)
100 MB  (1500 – 1800 ကျပ်)
Credits to Sun Thurain Moe
Credit www.myanmarplay.com

HTC ၏ နောက်ဆုံးပေါ် HTC One မတ်လတွင် စတင် ရောင်းချမည်

2:10 PM
HTC ကုမ္ပဏီသည် Android စနစ်သုံး ဖုန်းများအတွက် နောက်ဆုံးပေါ် နည်းပညာများ ထည့်သွင်းထားသည် ဆိုသော ၎င်း၏ ထိပ်တန်း နောက်ဆုံးထုတ်ဖုန်း HTC one အား မတ်လအတွင်း ဥရောပနှင့် အမေရိကန်နိုင်ငံတွင် စတင် ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။ HTC ဖုန်းများအား Verizon Wireless, AT&T နှင့် Sprint paom ဖုန်းလိုင်း ကုမ္ပဏီများနှင့် တွဲဖက် ရောင်းချသွားမည် ဖြစ်သည်။ ယင်းတွင် သတ္တုကိုယ်ထည်နှင့် စပီကာများကို ရှေ့ဘက် မျက်နှာပြင်တွင် တပ်ဆင်ထားသည်ဟု ဆိုသည်။ မျက်နှာပြင်အကျယ် ထောင့်ဖြတ် ၄ ဒသမ ၇ လက်မရှိပြီး ပုံရိပ် ပြတ်သားမှုအတွက် ၁၉၂၀x၁၀၈၀ စနစ်အပြင် မောင်းနှင်စနစ်မှာ 1.7 GHz Qualcomm S4 Pro ဖြစ်သည်။ RAM 2GB နှင့် ဂရပ်ဖစ် ပရိုဆက်ဆာမှာ Adreno 320 စနစ် ပါဝင်သည်။ အချက်အလက် သိုမှီးနိုင်မှုအတွက် 16GB, 32GB, 64 GB ဟူ၍ ရွေးချယ်နိုင်မည် ဖြစ်သည်။ Android 4.2 စနစ်ကို အသုံးပြုထားမည်ဟု မျှော်လင့်ထားပြီး Android 4.1 Jelly Bean ကိုလည်း ထောက်ပံ့မည်ဟု ဆိုသည်။ ဗီဒီယိုစကား ပြောစနစ်အတွက် 2MP ရှေ့ကင်မရာလည်း တပ်ဆင်ထားမည် ဖြစ်သည်။ ယခင် HTC ဈေးနှုန်းများမှာ ဈေးကြီးသည်ဟု သတင်းထွက်ခဲ့ပြီး ယခုနောက်ဆုံးထုတ် ဖုန်းကို အခြား စမတ်ဖုန်းများနှင့် ယှဉ်ပြိုင် ရောင်းချနိုင်မည့် ဈေးနှုန်း သတ်မှတ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။
Ref & Credit to 7 Days News Journal

Planter War (For Android)

1:40 PM
ဒီ Game လေးကတော့ Dota ဆော့ဖူးတဲ့သူတွေအကြိုက်တွေမှာသေချာပါတယ်….
တော်တော်လေးလန်းတယ်….
Level တွေတစ်ခုပြီးတစ်ခုတက်လာမယ်…
Spell တွေယူရမယ်…
Item တွေဝယ်ပြီးတစ်ဖက်နဲ့တစ်ဖက်တိုက်ဆိုက်ရတဲ့ Game လေးပါ…
တစ်ကောင်နဲ့တစ်ကောင် Spell တွေမတူတော့ဆော့ရတာမိုက်ပါတယ်…
တစ်ဖက် Creep တွေကနောက်ပိုင်းပိုကြမ်းလာပါလိမ့်မယ်…..
Level 5 မှာတော့ Ultimate Spell တစ်ခု ထပ်ရပြီး
Dota နဲ့ဆင်ပါတယ်…
Base ကိုတိုက်ခိုက်ရတာခြင်းလဲတူပါတယ်..
ဆော့ကြည့်ပါ…အကြိုက်တွေမှာသေချာသလောက်ပါပဲ
Android OS လိုအပ်ချက်အနေနဲ့ကတော့ 2.2 အထက်ရှိမှအဆင်ပြေနိုင်မှာပါ….
လိုချင်တဲ့သူတွေဒေါင်းနိုင်အောင်တင်ပေးလိုက်ပါတယ်…..
Download Link 1
Download Link2
မှတ်ချက်။    ။ myanmarmobileapp မှကူးယူတင်ပြထားပါသည်း။

သတိပြုသင့်သည့် facebook Worm Attack များ

1:35 PM
Facebook မှာ လတ်တလော worm (virus) ၄ မျိုး တိုက်ခိုက်ပျံ့နှံ့နေတယ်လို့ဖတ်လိုက်ရပါတယ်...
ဒီတိုက်ခိုက်မှုတွေဟာ သင့်ကိုယ်ရေးအချက်အလက်တွေဆုံးရှုံးအောင်လုပ်နိုင်သလို သင့် Facebook အကောင့်ကိုလည်း hack သွားနိုင်ပါတယ်...

အဲ့ဒီ Worm အမျိုးအစား ၄ ခုကို ရှောင်ကျဉ်နိုင်ဖို့အတွက်လုပ်ဆောင်ရမယ့်အချက်လေးတွေကတော့

၁) PHOTO TAG ဆိုတဲ့ notice ရလာရင် ဖွင့်မကြည့်ပါနဲ့...

၂) သင့်မိတ်ဆွေတစ်ယောက်က သင့်အပြုအမူအတွက် report လုပ်နေပါတယ်... (a friend reported you for offensive behavior etc..) ဆိုတာမျိုး သတိပေးချက် ဝင်လာရင်လည်း ဖွင့်မကြည့်ပါနဲ့....

၃) ဗွီဒီယိုတစ်ခုက ၉၉ ရာခိုင်နှုန်းသောလူတွေက ဒီဗွီဒီယိုကို ၁၅ စက္ကန့်ထက်ပိုမကြည့်နိုင်ပါဘူး (99% of People cannot watch this for more the 15 Sec) လို့ပြောနေရင်လည်း မဖွင့်ပါနဲ့....

၎) သင့်မိတ်ဆွေတွေနဲ့ ချက်နေတုန်း မက်ဆေ့ခ်ျထဲမှာ ဒီလင့်ကို ကလစ်လိုက်ပါ (click this link) ဆိုရင်လည်း သွားမဖွင့်ပါနဲ့...

ဒီအချက်တွေကိုကြည့်လိုက်ရင် ကျွန်တော်တို့အနေနဲ့ ဘာမှခက်ခက်ခဲခဲလုပ်ဆောင်စရာမလိုပါဘူး... ဒါလေးတွေ တွေ့ကြုံလာရင် သွားမကလစ်ဘဲ ကျော်သွားလိုက်ရုံပါပဲ... အဲ့လိုကျော်သွားလို့လည်း ကိုယ့်အတွက်ဘာမှ ဆုံးရှုံးစရာမရှိပါဘူး... ကလစ်မိရင်သာ နောက်ဆက်တွဲ ကိစ္စတွေကို ရင်ဆိုင်ရနိုင်ပါတယ်... အဲ့ဒီတော့ ဘာမှလည်း အထိတ်တလန့်ဖြစ်စရာမရှိပါဘူး... သတိထားသင့်တဲ့အကြောင်းအရာတစ်ခုအဖြစ် မျှဝေလိုက်တာပါ...
----------------------------------------------------------------
Ref: Computer Science Engineers

Samsung Galaxy S4 ကိုမကြာမီ မိတ်ဆက်တော့မည်ဟု သတင်းထွက်ပေါ်။

12:07 PM
တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsung သည် ၎င်း၏ နာမည်ကျော် Galaxy S စီးရီး စမတ်ဖုန်း မျိုးဆက်သစ်ကို မကြာမီ စတင် မိတ်ဆက်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ မတ်လ (၁၄) ရက်နေ့တွင် ပြုလုပ်မည့် အခမ်းအနား တစ်ခု၌ Galaxy S4 ကို Samsung က မိတ်ဆက်သွားမည်ဟု ခန့်မှန်း သတင်းများ ပျံ့နှံ့လာခဲ့သည်။ Samsung သည် Galaxy S3 ကို ထုတ်လုပ် ရောင်းချရာတွင်မူ အောင်မြင်မှုများစွာ ရရှိခဲ့သလို Apple ၏ iPhone စီးရီးများကို ဈေးကွက်အတွင်း အဓိက စိန်ခေါ်သည့် စမတ်ဖုန်းအဖြစ်လည်း ရပ်တည်လာနိုင်သည်။
Samsung အနေဖြင့် Galaxy S3 ၏ ဝယ်လိုအား ကောင်းမွန်နေဆဲ အချိန်တွင်ပင် Galaxy S4 ကို မိတ်ဆက် ရောင်းချခြင်းဖြင့် ဈေးကွက် အားကောင်းမှုကို အရှိန်မြှင့်တင်ဖွယ် ရှိနေကြောင်း လေ့လာသူများက ဆိုသည်။ အတည်မပြုနိုင်သော ကောလာဟလ သတင်းအချို့က Samsung သည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် Samsung က Galaxy S4 အတွက် မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း ဖော်ပြလျှက် ရှိသည်။ ယင်းကို Samsung ဘက်မှမူ တစ်စုံတစ်ရာ အတည်ပြုခြင်း မရှိသေးချေ။
“မတ်လ (၁၄) ရက်နေ့က မိတ်ဆက်ပွဲအတွက် အမှန်တကယ် တိတိကျကျ ဖြစ်နိုင်လောက်တယ်။ Samsung နဲ့ နီးစပ်သူတွေဆီက ရလာတဲ့ သတင်းကို ကိုးကား ဖော်ပြခဲ့ပေမယ့် နေရာကတော့ အတိအကျ မပြောနိုင်သေးဘူး။ Samsung ဟာ နောက်ထပ် နည်းပညာ ထုတ်ကုန်သစ်၊ တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး မိတ်ဆက်မှာ ဖြစ်သလို Galaxy S4 လည်း ပါလာမယ်လို့ သတင်းကြီးနေပါတယ်” ဟု The Verge သတင်းဌာနက ဖော်ပြခဲ့သည်။ Samsung ၏ Galaxy S4 သည် (၅) လက်မအရွယ် ရုပ်ထွက် အရည်အသွေးမြင့် Touchscreen Display၊ Memory 2GB၊ Quad-Core Exynos 5440 Processor များဖြင့် တည်ဆောက်လာဖွယ် ရှိနေကြောင်းလည်း လေ့လာသူများက ခန့်မှန်းထားခဲ့သည်။
 Ref & Credit to Planet Myanmar News

Window ဗားရှင်း သမိုင်းကြောင်းလေးပါ။

4:36 PM
WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

WINDOWS 3.0 ------>16 Bit Os (1990)

WINDOWS 3.1 ------>16 Bit Os (1992)

WINDOWS NT 3.1 ------>32 Bit Os (1993)

WINDOWS 95 ------>Used WIN32 API

WINDOWS 98

WINDOWS ME

WINDOWS NT 4

WINDOWS 2000 (or also Known as WINDOWS NT 5)

WINDOWS XP (or also Known as WINDOWS NT 5.1)

WINDOWS XP PROFESSIONAL ----->Supports 64 Bit

WINDOWS SERVER 2003

WINDOWS VISTA (WINDOWS NT 6.0)

WINDOWS 7 (WINDOWS NT 6.1)

------->WINDOWS 7 ULTIMATE
------->WINDOWS 7 HOME PREMIUM
------->WINDOWS 7 HOME BASIC
------->WINDOWS 7 PROFESSIONAL
------->WINDOWS 7 STARTER
------->WINDOWS 7 ENTERPRISE

WINDOWS SERVER 2012

WINDOWS 8 (WINDOWS NT 6.2)

------->WINDOWS 8
------->WINDOWS 8 Pro
------->WINDOWS 8 ENTERPRISE
------->WINDOWS 8 RT (FOR TABLETS)

--
ref:microsoft
Aung Kham (TSJ team)

Itune 11.0.2(32bit) အတွက် နောက်ဆုံးဗားရှင်းလေးပါ။

1:54 PM
 

NVIDIA နှင့် ZTE တို့ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး Tegra 4 Smart ဖုန်းကိုထုတ်လုပ်

1:49 PM
ကွန်ပျူတာ ဂရပ်ဖစ်ကဒ်များကိုထုတ်လုပ်လျက်ရှိသော NVIDIA ကုမ္မဏီနှင့် တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ ZTE တို့ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး Tegra 4 Smart ဖုန်းကိုထုတ်လုပ်ပြသလိုက်ပါပြီ။ ကမ္ဘာကျော်နည်းပညာကုမ္ပဏီ NVIDIA နှင့် တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီတို့ပထမဆုံးပူးပေါင်းထုတ်လုပ်လိုက်တဲ့ဖုန်လည်းဖြစ်ပါတယ်။ ဒီဖုန်းကိုဖြန့်ချိမယ့်ရက် နဲ့ ဈေးနှုန်း ကိုတော့ အသေးစိတ်မပြောသွားသေးပါဘူး
ဖုန်းရဲ့ Processor ကို Tegra 4 စနစ်နဲ့မောင်းနှင်ထားပြီး GPU စနစ်ကိုအဓိကဦးစားပေးထားတဲ့ဖုန်းဖြစ်တာကြောင့် Graphic အရရော ၊ ဖုန်းရဲ့ပုံရိပ်ဖော်ဆောင်မှုအရရော ထိပ်တန်းအဆင့်ရှိမယ့်ဖုန်းတစ်လုံးလို့ မိုဘိုင်းကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
Ref:Slashgear

iWatch လက်ပတ်နာရီကွန်ပျူတာစနစ်ကို Apple ဖန်တီးနေ

1:48 PM
လက်ပတ်နာရီအနေနှင့်ဝတ်ဆင်နိုင်သည့် ကွန်ပျူတာစနစ်ကို အပြည်အ၀ပုံဖော်ပေးမည့်လက်ပတ်နာရီအမျိုးအစား iWatch ကို Apple မှ ယခုနှစ်အတွင်းထုတ်လုပ်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ယခုအခါ ယင်းလက်ပတ်နာရီကို ဒီဇိုင်းပညာရှင်ပေါင်း ၁၀၀ ကျော်နှင့်အကောင်အထည်ဖော်နေကြောင်း အင်တာနက်သတင်းများတွင်ဖော်ပြသည်။
ထုတ်ကုန်သစ်များ ဖန်တီးရာတွင် နည်းပညာပိုင်းကိုသာမက ဒီဇိုင်းပိုင်းကိုပါ အလွန်အမင်းဦးစားပေးသည့် Apple ၏ ပင်ကိုယ်စရိုက်အတိုင်းပင် ယခုလက်ပတ်နာရီစနစ်ကို အသပ်ရပ်ဆုံးဖြစ်ရန်စီစဉ်နေခြင်းဖြစ်သည်။ ယင်းလက်ပတ်နာရီစနစ်ကို Apple ရဲ့မိုဘိုင်းပစ္စည်းများထုတ်လုပ်ရာ Foxconn စက်ရုံတွင် Project တစ်ခုအနေဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး iPad ကဲ့သို့ပင် ကွန်ပျူတာလောကကိုတစ်ခေတ်ဆန်းစေမည့် နည်းပညာထုတ်ကုန်သစ်ဖြစ်လာမည်ဟု သုံးသပ်မှုများရှိနေသည်။
နည်းပညာဝေဖန်စိစစ်ရေးသမား ဆာရက်ရော့မန်က ” iWatch လက်ပတ်နာရီဟာ နည်းပညာလောကမှာ ဆန်းသစ်ထီထွင်မှုတွေအတွက်လိုအပ်ပေမယ့် အသုံးပြုသူတွေအနေနဲ့တကယ်အသုံးဝင်မှုရှိမရှိမသေချာပါဘူး ။ ဒါပေမယ့် အသံအမိန့်ပေးစနစ်တွေ နဲ့ဆက်သွယ်ရေးကဏ္ဍတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ်ဆိုရင်အောင်မြင်တဲ့ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
ကိုးကား- ပြည်မြန်မာသတင်းဂျာနယ်

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း

1:24 PM
အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

By Techspace Journal

Windows VS Mac ကွာခြားပုံ။

4:45 PM
Windows ဟာ Microsoft ကုမ္မဏီ ကထုတ်လုပ်တာဖြစ်ပါတယ်။ PC User တွေကြား ၁၉၈၅ ခုနှစ် နောက်ပိုင်မှာ ရုတ်တရက် လူသိများကျော်ကြားလာခဲ့တဲ့ OS လည်းဖြစ်ပါတယ်။ Windows ဟာနှစ်မျိုးထုတ်ပါတယ် တစ်ခုက တစ်ကိုယ်ရေသုံး နဲ့ နောက်တစ်ခုကတော့ professional သုံးဖြစ်ပါတယ်။ တစ်ကိုယ်ရေအတွက် ထုတ်ထားတဲ့ Windows မှာတော့ ဖျော်ဖြေရေး အပိုင်းမှာ အလေးပေးထား ပြီး ကွန်ယက်ချိတ်ဆက်မှုအပိုင်မှာ တော့လျှော့ထားပါတယ်။ Professional version မှာတော့ ကွန်ယက်ချိတ်ဆက်မှု အပိုင်းနှင့် လုံးခြုံရေးအပိုင်းတွေကို အလေးပေး ထားပြီ ဖျော်ဖြေရေးအပိုင်းတွေမှာ လျှော့ထားပါတယ်။ Macintosh Mac လို့ လည်းခေါ်ဆိုကြပါတယ်။ Mac Apple Inc က ထုတ်တာဖြစ်ပါတယ်။ Apple Inc က သူထုတ်လုပ်တဲ့ hardware မှာအသုံးပြုဖို့ သူကိုယ်ပိုင် OS ကိုထုတ်လုပ်တာဖြစ်ပါတယ်။ Mac မှာလည်း အုပ်စုနှစ်မျိုးရှိပါတယ်။ Classic Mac Os နဲ့ Mac OS X ဖြစ်ပါတယ်။ OS 9 မတိုင်ခင်ထိကို Classic Mac OS ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မှာတော့ Mac OS X လို့ အများက သိရှိကြပါတယ်။ မြန်မာနိုင်ငံတွင် အသုံးနည်းသေးသော်လည်း အခြားနိုင်ငံများတွင် သုံးပြုသူများပြားလှသည်။ Windows OS က DOS ကိုအခြေခံပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ OS X ကတော့ Unix ကိုအခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ် Windows ကတော့ Computer တွေအားလုံးမှာထည့်သုံးလို့ရပြီး၊ Mac ကတော့ သူ့ Apple hardware မှာပဲထည့်သုံးမှ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။ Windows ဟာ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေပြေသုံးဖို့ အလေးပေးထား ထုတ်လုပ်ထာပါတယ်၊ Mac ကတော့ Graphics နဲ့ Multimedia လုပ်ငန်းတွေ အတွက် အလေးပေးထုတ်လုပ်ထာပါတယ်။ Mac ဟာ ဓာတ်ပုံ၊ ဗွီဒီယို နှင့် အသံပိုင်းဆိုင်ရာ တည်ဖြတ်ရာတွင် လူသိများကျော်ကြားလှပါတယ်။ Windows မှာ Control ကီး လို့ခေါ်ပြီး Mac မှာကျတော့ Command Key လို့ခေါ်ပါတယ်။ Windows မှာ Command Prompt လို့ခေါ်ပြီး Mac မှာကျတော့ Terminal လို့ခေါ်ပါတယ်။ Windows မှာ Control Panel လို့ခေါ်ပြီး Mac မှာကျတော့ System Preferences လို့ခေါ်ပါတာ်။ Windows နှင့် Mac မှာ GUI နေရာချထားပုံနဲ့ စီမံခန့်ခွဲမှုအစိတ်အပိုင်းတွေကွားခြာပါတယ်။ Windows OS တစ်ခွေ $100 အထက်မှာရှိပါတယ်၊ Mac OS တစ်ခွေ $20 ပတ်ဝန်းကျင်မှာရှိပါတယ်။ Windows အတွက် Free Application တွေများပါတယ်။ Mac အတွက်တော့ Free Application တွေနည်းပါတယ်။ Windows နဲ့ Mac ဒီဟာပိုကောင်းတယ် ဟိုဟာပိုကောင်းတယ် ဆိုပြီးပြောလို့မရပါဘူး၊ User တွေရဲ့ အသုံးဝင်မှုအပေါ်မူတည်ပြီး နှစ်ခုစလုံးဟာ ကောင်းတာရေား မကောင်းတာရေား ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စကားမစပ် ခင်ဗျားရော ဘယ် User ဖြစ်နေလဲး?
Credit To Aung Win

အားလုံးနီးပါး ထွင်းဖောက် မြင်နိုင်တဲ့ smartphone

12:57 PM
ဒီ multitouch smartphone ကိုထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ တစ်ခုက  Mobile Geeks website ကနေ ပြသခဲ့တာပါ။ အခုအချိန်မှာ device ဟာ software များထည့်သွင်း အသုံးမပြု နိုင်သေးတဲ့ hardware device အနေနဲ့သာ ရှိသေးပေမယ့် ၂၀၁၃ အကုန်မှာ Switchable Glass နည်းပညာ အနေနဲ့ သုံးစွဲသူတွေ ဆီကို ပို့ဆောင်ပေး နိုင်မယ်လို့ Polytron ကယုံကြည် နေပါတယ်။ သူ့မှာ မိုဘိုင်းဖုန်း ဒီဇိုင်း အသစ် တစ်မျိုး ဖြစ်လာနိုင်မယ့် မျက်နှာပြင် နှစ်ဘက်လုံး အသုံးပြု နိုင်မယ့် touchscreen ပါရှိလာမှာ ဖြစ်ပါတယ်။
သူ့ရဲ့ OLED display မှာ crystal molecules အရည်တွေကို အသုံးပြုထားပြီး ပုံရိပ်တွေကို ပုံဖော် ပေးပါတယ်။ ဖုန်းအား မရှိချိန်မှာ molecules တွေက တိမ်လို အရောင်ေ၀၀ါး နေပြီး အားသွင်း ထားရင်တော့ ပုံရိပ်တွေ မြင်တွေ့ စေမှာပါ။ လျှပ်စစ်စီးကြောင်း ကိုလည်း အလင်း ဖောက်နိုင်တဲ့ ၀ိုင်ယာကြိုးတွေ ကတဆင့် စီးဆင်း စေမှာပါ။ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Sony ရဲ့ Xperia Pureness ဖုန်းမှာ အခုထွက်ရှိတဲ့ New Polytron ဖုန်းမှာလို sim card၊ ဘထ္ထရီနဲ့ SD card တွေကို ဖောက်ထွင်း မြင်နိုင်တဲ့ ပစ္စည်းတွေ အဖြစ် မသုံးစွဲ နိုင်ခဲ့ဘဲ ကျန်တဲ့ ဖုန်းရဲ့ အစိတ်အပိုင်း တွေကိုသာ အလင်းဖောက် ပစ္စည်းတွေဖြင့် သုံးစွဲနိုင် ခဲ့တာ ဖြစ်ပါတယ်။ Polytron ကတော့ ဒီအစိတ်အပိုင်းတွေကို မမြင်နိုင်စေဖို့ ပိုပြီး မှောင်တဲ့ ဖန်သားကို အသုံးပြုမယ်လို့ ဆိုပါတယ်။Polytron ရဲ့အထွေထွေ မန်နေဂျာ Sam Yu ကအခုချိန်မှာ ဖုန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ကုမ္ပဏီ အနေနဲ့ ဥရောပ၊ အမေရိက၊ ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက်တွေမှာ အဓိက ဖုန်းထုတ်လုပ်သူ ဖြစ်လာရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ Polytron smartphone ရဲ့အောင်မြင်မှုက အဆုံးမှာ အလင်းဖောက် မြင်နိုင်တဲ့ smartphone အခန်းကဏ္ဍကို ဖွင့်လှစ် ပေးနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ display ကလည်း စိတ်ဝင်စားစရာ တစ်ခု ဖြစ်လာမှာပါ။ ဒီဖုန်းမှာ display quality ကအခြားအရာ များထက် ပိုမို အရေးပါပြီး တကယ်လို့သာ ယနေ့ အကောင်းဆုံး AMOLED နဲ့ LCD screen တွေကို အရည်အသွေး မမှီဘူး ဆိုရင် ဖုန်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Window တွင် မဖြစ်မနေလုပ်ဆောင်ရမည့် System Rating အကြောင်း

4:38 PM
ပထမဆုံး System Rating ကိုကြည့်ဖို့ အတွက် Window+Pause Break ကိုနှိပ်ပေးလိုက်ပါ...
(အယ်..... Window Key ဆိုတာကတော့ KeyBoard ရဲ့ ညာဘက်အောက်လောက်မှာ ရှိပြီး Pause Break ဆိုတဲ့ Key ကတော့ ညာဘက် အပေါ်လောက်မှာ ရှိပါတယ်...မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်ပါ )
ဟုတ်.....အဲ့လိုနှိပ်လိုက်လို့..အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံအတိုင်း မဟုတ်ပဲ..5.1 တို့ 3.6 တို့ နံပါတ်တွေ ပေါ်နေရင် System Rating လုပ်ပြီးသားပါ.......ထပ်လုပ်စရာ မလိုတော့ပါဘူး.....
ကျွန်တော်ပြထားတဲ့ အတိုင်း System Rating is not available လို့ ပေါ်နေရင်တော့ Rating မလုပ်ရသေးပါဘူး..
လုပ်လိုက်ပါခင်ဗျာ.....

အဲ့ဒီ System Rating is not available ဆိုတဲ့ စာပြာပြာလေးပေါ်မှာ Click တစ်ချက်နှိပ်လိုက်.........
ရဲရဲ နှိပ်ပါခင်ဗျာ......Computer မပျက်စေရပါဘူး..ပျက်လည်းအသိသာကြီး :P
ဟုတ်....အဲ့လိုနှိပ်ပြီး၇င် Performance Information & Tools ဆိုတဲ့ စာမျက်နှာထဲက ညာဘက်အပေါ်ထောင့်က "Rate This Computer "ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။။။...........
Box လေး တစ်ခု Loading တက်နေပါလိ့မ်မယ်...
ခဏလောက်စောင့်လိုက်ပါခင်ဗျာ......
ပြီးရင် တော့ ခုန က စာမျက်နှာ ရဲ့ အောက်မှာ 5.9 ...အစရှိတဲ့ နံပါတ် တွေ ပေါ်လာ၇င်တော့ System Rating လုပ်ငန်းပြီးသွားပါပြီ........
သေချာသွားအောင် Window+Pause Break ထပ်နှိပ်ကြည့်လိုက်.....
System Rating is not Available ဆိုတဲ့ စာသားပျောက်ပြီး နံပါတ် နဲ့ ခန့်ငြားလှပ သွားပါလိ့်မ်မယ်.... :P
ပြီးရင်တော့ Restart တစ်ခေါက်လောက်ချပေးလိုက်ပါ
from myanmaritgroup

ကွန်ပြုတာ သုံးပြီးတိုင်းလက်ဆေးပါ

4:34 PM
ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ထို Bacteria များသည် လူတို့အား အစာ အဆိပ်သင့်ခြင်း (ဗိုက်ထဲတွင် မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း) မှ အစ သေစေ နိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။ ပြီးခဲ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိ သူမသိ အဖြစ်အပျက်လေး တစ်ခု ဖြစ်ပျက်ခဲ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသော ကလေးမို့ မိဘများက တအား တန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။ အဖေ ဖြစ်သူက Computer Programmer- တနေကုန် Computer ရှေ့တွင် အလုပ် ရှုပ်နေသူ ရုံးက ပြန်လာတိုင်း လုပ်လေ့ လုပ်ထ ရှိသည့် အကျင့်လေး တစ်ခုက သားလေးကို ချီပြီး နမ်းတတ်သည်။ ကလေးက မွေးကင်းစ (Baby)လေး။ ၁၀ ရက်သားခန့်သာ ရှိသေးသည့် တအား နုနယ်သည့် ကလေး လေးပေါ့။ သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ် တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံ တက်ရသည်။ ဆရာဝန်များက မွေးကင်းစ ကလေး ပိုးဝင်ရောဂါ (Neonatal Sepsis) ဟု ဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွား ရှာသည်။ မိဘ တွေကလည်း ဘယ်နေ မလဲ။ သူတို့ကလေး ဘယ်လို သေရသလဲ? အကြောင်း အရင်းကို ရှာသည်။ မိခင် ဖြစ်သူမှာ ကလေးကို နို့တိုက်သည် မှအပ တခြား အချိန်တွင် အထိအတွေ့ နည်းသည်။ နို့တိုက် ကျွေးသည့် အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျ ရှိလှသည်။ တခြားထိတွေ့သူမှာ အဖေ ဖြစ်သူသာလျှင် ရှိတော့သည်။ တနေကုန် ရုံးမှာ အလုပ်လုပ် ပြန်ရောက် ရောက်ချင်း လက်တောင် မဆေးပဲ ကလေးကို ချီပြီးနမ်း ရှုတ်တတ်သည့် အဖေ။ သူ့ ကိုသူ သံသယ ၀င်ပြီး သူငယ်ချင်း ဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲခန်း တစ်ခု တွင် သူ့လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက် ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။

ထို Bacteria တွေက နုနယ်သည့် (immature baby) လေးကို သေသွား စေခဲ့ ရလေသည်။ ထိုဥပမာ လေးကို သင်ခန်းစာ ယူပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြော ကြပါ။ ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေ များပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစား ပေါင်းစုံက သုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။ ထိုကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်း လက်ဆေးသည့် အကျင့်ကို ဂရုတစိုက် လုပ်ဆောင် သင့်သည်။ တစ်ချို့ အင်တာနက် ဆိုင်တွေရဲ့ သန့်စင်ခန်း တွေမှာ လက်ဆေးရန် စနစ်တကျ လုပ်ထား ပေးသည် များရှိသည်။ ဆိုင်တိုင်း မှာလည်း လုပ်ထား ပေးသင့်သည်။ မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများ ဆောင်ထား ကြသည်။ သူတို့ အင်တာနက် ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Sprayဖြင့် သန့်စင် ကြသည်ကို တွေ့ဖူးသည်။ ထိုနည်းကတော့ ပိုပြီး ကောင်းသည်။

ရေကိုင်စရာ မလို ဆပ်ပြာ ကိုင်စရာ မလိုပဲ သန့်စင် နိုင်သည်။ ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင် တောင်မှ ဆပ်ပြာနှင့် သေချာစွာ ဆေးကြော သင့်သည်။ သင်တို့၏ လက်ကို သန့်ရှင်း စင်ကြယ်စွာ ထားခြင်းဖြင့် သင်တို့  ဘ၀တွေပိုပြီး လှပ သာယာ နိုင်ကြပါစေ။

http://myawady.net.mm/health/preventing/item/7242-2013-02-19-11-51-38