Android Application တွေကို Full Version ဖြစ်အောင်လုပ်ပေးမယ့် Lucky-Patcher-v3.3.9 APK

4:31 PM

  တစ်ချို့ Android Software များဟာ လိုင်စင်ကီးတောင်းတာတို့ ၀ယ်ခိုင်းတာတို့..ကြော်ငြာပါနေတာတို့ ရှိတတ်ပါတယ်..ဒီလိုမျိုးဖြစ်နေတဲ့ကောင်တွေကို ဒီ Software လေးက Full Version ဖြစ်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်..Android 2.0 နဲ့အထက် Root လုပ်ထားမှသုံးလို့ရမှာဖြစ်ပါတယ်။ အားလုံးအတွက်အသုံးဝင်မယ့်ဟာလေးပါ။ အခု မနေ့က Update ထွက်ထားတာလေးတင်ပေးလိုက်ပါတယ်။ Android App တွေကို လိုင်စင်တောင်းရင် ဒါလေးနဲ့ ထပ်မတောင်းတော့အောင် ဖြုတ်ပေးလို့ရတယ်..ဒါအပြင်.
GoogleAds ဖြုတ်တာတို့၊LicenseVerfication ဖြုတ်တာတို့မှာအရမ်းနာမည်ကြီးတဲ့Application လေးဖြစ်ပါတယ်။ 
 Android APP တွေကို Full Version ဖြစ်အောင် လုပ်ပေးတဲ့ Software လို့တောင်နာမည်ကြီးပါတယ်။
အရင်သုံးဖူးတဲ့သူတွေရှိမယ်လို့လဲယူဆပါတယ်။ တစ်ကယ်လို့မသုံးတတ်သေးရင်လဲ
Youtube  မှာဝင်ကြည့်လိုက်ပါ။ 
သိပ်အရှည်ကြီး မပြောတော့ဘူးနော်    


Credit to winkabarkyaw

Facebook အကောင့် ကို Comfirm Code မတောင်းအောင် ဖွင့်နည်း

4:27 PM

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )


Credit to အိုင်တီမုဆိုး

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး ဘယ်လိုအားသွင်းကြမလဲ

4:18 PM

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာ

Battery ကိုဘယ်လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာကို

အတော်များများ မသိကျပါဘူး။

ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင် 8:00

လောက် အားသွင်းပြီးမှသုံးပါ လို့ မှာတာ အတော်များများ တွေ့ ဖူးတယ်။

ဘာကြောင့် အဲလိုသွင်းရသလဲ ? မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။

အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။

8:00 ဆိုတဲ့ကြာမြင့်မှုက တစ်ညလုံး နီးပါးလောက် ကြာနေတာ ကို။

ဒီမှာတင်ပဲ USER တွေက တစ်ညလုံးအားသွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေး

နဲ့ အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်းမှာပဲ တစ်ညလုံး အားသွင်းပြီး

အိပ်လေ့ ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန်ဘိုးကြီးပဲ Charger ကလဲ

Original အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အားပြည့်ရင် Charger တွေက

ဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။

အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့ မဖြစ်နိုင်ပါဘူး။


မြန်မာနိုင်ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း

Electric City ( အိမ်သုံးလျှပ်စစ် )

__မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိနေပါတယ်။

__မီးပျက်ရတဲ့ အကြောင်းရင်းတွေက တော့

( 1 ) Over Load ( အလွန်အမင်း အသုံးပြုမှု များနေခြင်း )

( 2 ) Voltage Loses ( ဗို့ အား ကျဆင်းခြင်း )

( 3 ) Frequency Loses ( frequency Hz မတည်ငြိမ်ခြင်း )

အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ မဖြစ်မနေ ဓါတ်အားဖြတ်တောက်

ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး 

OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆိုတာက Oil Circuit Breaker ပါ။

Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက် အချိုးကျ 

သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ်ညလုံး Charging သွင်းခြင်းမှ ရှောင်သင့်ပါတယ်။


Electric Generator ( မီးစက် )

__အိမ်သုံး Generator တွေမှာ Syncronization ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် 

ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ 

မစွမ်းဆောင်နိုင်တာရယ်။

__ Hz UV Meter မပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ်

 စတဲ့ ပြစ်ချက်တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။


Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )

__ အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး

 Inverter ကထုတ်ပေး တဲ့ Wave Form ကတော့

Square Wave ကို Sine Wave ဖြစ်အောင် ပြောင်းလဲထားတာပါ။ 

နားလည်လွယ်အောင်ပြောရရင်

Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ်

ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့ 

AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို

Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ 

အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။


______Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ______


__ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုးစားတွေကတော့ ကြာချိန် 2:30

 လောက်သွင်းသင့်ပါတယ်။

အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို Software 

ကမှတ်သားထားပါတယ်။

တကယ်လို့  အဲဒီလို Charging မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့်ြ

ပည့်ပေမယ့် အသုံးမခံတော့ပါဘူး။

__ အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ 

Battery တစ်လုံးမှာ Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။

ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။ အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging 

လုပ်စေချင်ပါတယ်။

__ တစ်ညလုံးအားသွင်းရင် Battery သာမက ဖုန်းပါ ဆုံးရှုံးနိုင်ပါတယ်။


 ပြစ်ချက်တွေကတော့ Charging မရတော့ရင်


Main Power IC/ Aux Power IC လဲရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။

ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။
Credit to Ko Soe Win (mobileforum)

HTC မှ Taiwan တွင် Company ၏နောက်ဆုံးထုတ်ကုန်ဖြစ်သော HTC Butterfly Sကိုထုတ်ဖော်ပြသ

11:09 AM
HTC မှ Taiwan တွင် Company ၏နောက်ဆုံးထုတ်ကုန်ဖြစ်သော
HTC Butterfly Sကိုထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။

Processor မှာ Snapdragon 600 1.9GHz ဖြစ်ပြီး Battery မှာ အားရဖွယ်
3200mAh ပါဝင်လာပါတယ်။Note 2နှင့် Optimus G pro တွင် 3100mAh
သာပါဝင်ပြီး Butterfly S မှာယင်း Phများထက် Display Size သေးငယ်သော်လည်း
Battery Improvement ပိုကောင်းလာပါတယ်။
HTC ရဲ့Stereo Boomsound Speakers တပ်ဆင်ပေးထားပါတယ်။

1.9 GHz quad-core Snapdragon CPU
Android 4.2 Jelly Bean OS with Sense 5
2GB of RAM
5” Full-HD (1080p) Super LCD 3 display
UltraPixel camera, 2.1 mpx front camera
Dual Boom Sound front speakers
16GB of internal memory, microSD support (up to 64GB)
3200 mAh battery

July လမှစကာ 766$ခန့်စတင်ရောင်းချသွားမယ်လို့သိရှိရပါတယ်။


Credit to Lin Htet Win (Myanmar IT Group)

Samsung က အသစ်ထက်ထွက်မည့် Galaxy Note III

11:08 AM




Samsung ရဲ့ နာမည်ကျော် ထိပ်တန်း Smart phone တစ်လုံးဖြစ်တဲ့ 




Samsung Galaxy s4 ထွက်ပြီး သိပ်မကြာခင်မှာSamsung က အသစ်ထက်ထွက်မည့်  Galaxy Note III ကိုတင်ဆက်ပြသခဲ့ပါတယ်။


Galaxy Note III ၏ Display အနေနဲ့ကတော့ 
5.99″ SAMOLED Display ပါဝင်လာပြီး
Camera ကတော့
13 Megapixel Camera ပါဝင်လာပါတယ်။
CPU ကတော့
Octa-Core (or) Snapdragon 800 Processor ထည့်သွင်းမည့်လိုကြေညာပေးထားတယ် ။
S Pen Function ကတော့ Samsung ရဲ့ မူပိုင်လို့တောင်ဟြေရတော့မယ်
ဘာကြောင့်လဲဆိုတော့ S3,S4,Not1/2 .... တို့နျင့် အခြားသော Samsung Device တွေမှာ လဲပါဝင်ပါတယ်..။

Android Version ကတော့ ...
Android 4.2.2 or 4.3 
and Samsung’s own Touch-Wiz Nature UX.
စသည့် Features များပါဝင်လာမယ်လိုကြေညာထားပါတယ်။
ယခု နှစ် စက်တင်ဘာလ ၊ ဘာလင်နိုင်ငံမှာကျင်းပမယ့်  2013  IFA 
ပွဲတော် မှာ ကြေငြာမယ်လို့ မျှော်လင့်မိကြောင်း Samsung Web: မှာဖော်ပြထားပါတယ်။

ဖုန်းစာတို့ပို့ခြင်း ဆက်စပ်ဆိုးကျိုးများ

10:59 AM
 
Text Message ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အချိန်တိုင်း Text Message ( မိုဘိုင်း စာတို) ပို့ခြင်း ဟာ အင်မတန် ခေတ်စားနေလို့ ဖြစ်ပါတယ်။


ရထားစီးရင်း၊ ကားစီးရင်း၊ ဘတ်စ်ကား၊ ရထားစောင့်ရင်း၊ လမ်းလျှောက်ရင်း Text Message ရိုက်တဲ့ အလေ့အထက အင်မတန် လွမ်းမိုးနေပြီ ဖြစ် ပါတယ်။ ဖုန်း ဆက်သွယ်ရေး လိုင်းမှ Messge အပြင် အခြား Messaging Service ပေးတဲ့ App များဖြစ်တဲ့ What's Up, G Talk, Facebook, imo, Viber နဲ့ အခြားအခြားသော Application များ နိုင်ငံတကာ မှာ ခေတ်စားပါတယ်။ အနီးစပ်ဆုံးအနေနဲ့ စင်္ကာပူလို နိုင်ငံမှာတောင် အသက် ၈ နှစ်သားအရွယ် ကလေးကအစ What's Up App သုံးပြီး Virtual Communication တစ်ခုကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

ကောင်းကျိုးကတော့ ဆက်သွယ်ရေးစနစ်ကို ပိုမိုမြန်ဆန်စေပြီး Online Social Communication skill ကိုမြင့်တက်စေပါတယ်။

ဆိုးကျိုးကတော့ -

Physical မှာကြည့်ရင် မျက်နှာပြင်သေး ဖုန်း၊ Tablet များကြောင့် အမြင်အာရုံကို ထိခိုက်စေခြင်း၊ ခေါင်းငုံ့ကြည့်ရသည့် အချိန် ကြာမြင့်မှုကြောင့် လည်ပင်နှင့် ကျောရိုး ကိုက်ခဲခြင်း၊ နားကျင်ခြင်း တို့ ဖြစ်စေပါတယ်။ ဒါ့အပြင် အခြားသော အာရုံကျောများကိုလည်း ထိခိုက်ပါသေးတယ်။ ပုံမှန်အားဖြင့် အချိန်ခဏအတွင်း လုပ်ရပ်က ဘာမှမဖြစ်ပေမယ့် အမြဲတမ်းလုပ်တဲ့အမူအကျင့်ကြောင့် သိသိသာသာ ခံစားရလာမှာပါ။

Mental အပိုင်းအရ ကြည့်ရင် အပြင်လောက လူမှုဆက်ဆံရေးမှာ သိသိသာသာ ညံ့ဖျင်း သွားပါတယ်။ အွန်လိုင်းနဲ့ ဖုန်းတွင်းပို့ Message များအပေါ် အာရုံစူးစိုက်သူများက အခြားအပေါ် အာရုံစူးစိုက်မှုနည်းပါးလာပြီး အလုပ်ပါ ထိခိုက်လာစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ တွေဝေခြင်း၊ အကြောင်းမဲ့ စိတ်ဆိုး၊ စိတ်ညစ်ခြင်းတို့လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

အထက်ပါ နှစ်ချက် ပေါင်းစပ်မှုအနေနဲ့ကတော့ အာရုံက ဖုန်းပေါ်မှာ စူးစိုက်နေတဲ့အတွက် အပြင်မှာ မဖြစ်သင့်တဲ့ အက်ဆီးဒန့်တွေ ဖြစ်ပေါ် စေပါတယ်။

ဒါကြောင့် နိုင်ငံတကာ Public Place နဲ့ စည်ကား သွားလာ လမ်းကြောင်းတွေမှာ Text Messaging ပြုလုပ်ခြင်းကို တားမြစ်ခြင်း အရေးယူမှုများ တဖြည်းဖြည်း ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။


Ref: techblog

ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး သော LTE-Advanced Network ကိုစတင်

10:43 AM
 
 ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး
သော LTE-Advanced Network ကိုစတင်


မြန်မာနိုင်ငံတွင် မကြာမီ ရက်ပိုင်းအတောအတွင်း Telecomတင်
ဒါလိုင်စင် နှစ်ခုကိုရွေးချယ်တော့မည့် ကာလမှာပဲ ကိုရီးယားနိုင်ငံတွင် SK Telecom ကုမ္ပဏီသည် 4G Network ၏ နောက်ဆုံးမျိုးဆက် LTE-Advanced မိုဘိုင်းနက်ဝပ်ဝန်ဆောင်မှုကို ယနေ့တွင်စတင်လိုက်ပြီဖြစ်
သည်။

LTE-Advanced သည် ယခင်LTEထက် အမြန်နှုန်းနှစ်ဆပိုမြန်ကာ
အခြားသော 3G Networksများထက် 10ဆပိုမြန်ပါသည်။ အမြန်နှုန်း 150Mbps ရှိသည်။

ယခုအခါတွင် LTE-Advanced Network ၀န်ဆောင်မှုများအားကို
ရီးယားနိုင်ငံရှိ ဆိုးလ်မြို့ အပါအ၀င် အခြားသောမြို့ကြီးပေါင်း 43 မြို့တွင် ရရှိနေပြီဖြစ်ပြီး မကြာမီ နောက်ထပ်မြို့များစွာသို့ထပ်မံတိုးချဲ့သွားမည်ဖြစ်
ကာ တက္ကသိုလ်ပေါင်း 103ခု ကလည်း အဆိုပါ LTE-Advanced Network
ဝန်ဆောင်မှုကို ရရှိနေပြီဖြစ်သည်။

Samsung Galaxy S4 ဖြင့်စမ်းသပ်ချက်များအရ အမြန်နှုန်း 150Mbps ရှိကြောင်းသိရသည်။LTE-A အနေဖြင့် Carrier Aggregation နည်းပညာကိုသုံးစွဲထားပြီး ယင်းနည်းပညာသည် မိုဘိုင်းနက်ဝပ်အတွင်းရှိ
မတူညီသော Frequencies များကို ပေါင်းစပ်ထားကာ ထိရောက်မှု အရှိဆုံး
သော 20MHz Spectrum band ကို10MHz channel band နှစ်ခုပေါင်းစပ်
ကာ ရရှိနိုင်မည်ဖြစ်သည်။ ပိုမိုမြင့်မားသော အမြန်နှုန်းများအား မကြာမီ ကာ
လ အတောအတွင်းရရှိ နိုင်တော့မည်ဖြစ်ပြီး လက်ရှိစံနှုန်းများအရ 20MHz Band ငါးခု အထိပေါင်းစပ်နိုင်သည်။

LTE-Advanced သည် LTE ပြီးနောက်ထပ်မံပေါ်ထွက်လာသော
Standard တစ်ခုဖြစ်ပြီး LTE အနေဖြင့် လက်ရှိ High-Speed Network များ
တွင် အမြန်ဆုံး အဖြစ် သတ်မှတ်ထားသည်။

Samsung Electronics မှ CEO J.K.Shin က ရိုက်တာသတင်းဌာန
သို့ ပြီးခဲ့သည့်တနင်္လာနေ့ အင်တာဗျူးတွင် ပြောကြားရာ ၌ Samsaung အ
နေဖြင့် မကြာမီ LTE-Advanced အတွက် Galaxy S4 ကို အထူးဒီဇိုင်းချပြု
လုပ်ကာ ထုတ်လုပ်သွားမည်ဟု ဆိုခဲ့ပြီး ၄င်းကဆက်လက်၍ LTE စနစ်တွင်
3 မိနစ်ကြာ download လုပ်ရသော ဗီဒီယိုဖိုင်တစ်ခုကို LTE-A မှာ 1မိနစ်သာ
ကြာသည်ဟု ဆိုခဲ့သည်။

ဂျပန် Telecom ကုမ္ပဏီ NTT DoCoMoကလည်း လက်ရှိ LTE Network ကို download speed 115.5 Mbps အမြန်နှုန်းဖြင့် ၀န်ဆောင်မှုများပေးနေပြီး LTE-Advanced Network ကို 1Gbps ဖြင့် 2015
မှာ ရရှိနိုင်အောင်လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားမှုများရှိခဲ့သလို ကမ္ဘာ
တစ်လွှား နာမည်ကြီး Carriersများဖြစ်သည့် Sprint နှင့် AT & T တို့ကလည်း ယခုနှစ် အတွင်းမှာပင် LTE-Advanced Networkများကို တည်
ဆောက်သွားမည်ဟု ပြောကြားထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကိုရီးယား SK Telecomကတော့ကမ္ဘာပထမဦး
ဆုံးသော LTE-Advanced Network ၀န်ဆောင်မှုကိုစတင်နိုင်ခဲ့သော ကုမ္ပ
ဏီအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မကြာမီ ကာလများမှာ ကမ္ဘာတစ်ဝှမ်းLTE-A အမြန်နှုန်း များရရှိနိုင်စေဖို့ သက်ဆိုင်ရာ Telecom ကုမ္ပဏီကြီးများမှလုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

=====================

Nyein Chan(TSJ Tech Team)

=====================

Samsung တို့ ဘာကြောင့် Galaxy လို့ အမည်ပေးသလဲ။

10:34 AM
Samsung တို့ ဘာလုပ် Galaxy လို့ အမည်ပေးသလဲ

(ဝါ) ဘာလို့ အမျိုးအစား များများ ထုတ်လဲ

ယခု မြန်မာပြည်က User တွေ Complaint တက်နေတဲ့ အကြောင်းလေးပေါ့။

 "Sasmung က ထုတ်ပဲထုတ်နိုင်လွန်းတယ်။ လုပ်စားတယ်။ Quantity ကိုဦးစားပေးတယ်" 

အစရှိသဖြင့်ပေါ့။ အဖြေက ဒီလိုပါ။

Samsung တို့ Android Device World ကိုဝင်လာတော့ Galaxy ဆိုတဲ့အမည်ကို အသုံးပြု ပါတယ်။ 

အမည်ရဲ့  အဓိပ္ပါယ်ကိုကလည်း Galaxy ပါ။ စင်္ကြာဝဌာကို ခြုံလွမ်းထားတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးပေါ့။ 

ဒီတော့ ဂလက်ဆီက ကြယ်တာယာ အသိုက်အဝန်းလိုပဲ မိသားစုဝင်ခပ်များများ၊ အမျိုးအစား ခပ်များများ 

ထုတ်လုပ်ပြီး တစ်နေ့ အိုင်တီထုတ်ကုန်လောကမှာ စင်္ကြာဝဌာကြီးလို 

လွမ်းမိုးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီး ဖြစ်ပါတယ်။

ဒီတော့ Samsung Galaxy S3 ထွက်ပြီး လပိုင်းအတွင်း Samsung Galaxy Note 2 ထွက်ပါတယ်။

 ပြီးတော့ Samsung Galaxy S3 Mini ထွက်ပါတယ်။

 ပြီးတော့ Samsung Galaxy Grand, Samsung Galaxy Tab 2, Sasmung Galaxy Camera 

ယခုနောက်ဆုံး Samsung Galaxy S4 အပြင် Samsung Galaxy S4 Active ပါထပ်ထွက်လာပါတယ်။ 

ဒါတောင် High end device တွေကိုပဲပြောတာပါ။ Low End User တွေ အတွက် ဈေးသက်သက်သာသာနဲ့ 

ကိုင်လို့ရအောင်ဆိုပြီး ၃ လ တစ်ခါနီးပါးထွက်ရှိနေတဲ့ စမတ်ဖုန်းတွေတောင် မပါသေးပါဘူး။ 

Samsung Galaxy Note 3 ကလည်း ထွက်ရှိဖို့ နီးနေပါပြီ။

ဒီတော့ Samsung က Unique ဖြစ်တာလေးမှ ကိုင်ချင်သူများအတွက်တော့ အဆင်မပြေပါဘူး။

 သူက စင်္ကြဝဠာ တိုက်တစ်ခုလုံး လွမ်းမိုးမယ် ရည်ရွယ် ချက်နဲ့ နေရာတိုင်းမှာ 

Samsung မြင်စေရမယ်ဆိုပြီး နမ်းကြဲလိုက်တဲ့ သဘောပါ။ 

အရည်အသွေးအားဖြင့် ကြည့်ရင်လည်း Apple, LG, HTC, Nokia တို့ကို ဖိုက်နေပါတယ်။

 အဓိကကတော့ Apple နဲ့ တိုက်ခိုက်နေပါတယ်။ သူ့အကြိုက်နဲ့ သူမို့ ဘယ်ဟာကောင်းတယ် မကောင်းဘူး 

လို့ ဆုံးဖြတ်ချက်ပေးလို့ မရပါဘူး။ စာဖတ်သူတို့ပဲ ဆုံးဖြတ် ပေးကြည့်ပေါ့။

Galaxy ဟာ မိသားစု အသိုက်အဝန်းကြီး တစ်ခုဖြစ်အောင် တည်ဆောက် နေတဲ့ 

အဓိပ္ပါယ်ရောက်ကြောင်း သိရပါတယ်။
-

Aung Kham (TSJ team)

TechSpace Journal

ရွေးချယ်ခံရတဲ့ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနံမည်တွေ ကြေညာ

10:32 AM
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရေးအတွက် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်ရာမှာ နော်ဝေနိုင်ငံအခြေစိုက် Telenor Mobile နဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့ကို တင်ဒါအောင်မြင်သွားပါတယ်။

အရန်အဖြစ်က ပြင်နိုင်ငံအခြေစိုက် Orange နဲ့ ဂျပန်နိုင်ငံအခြေစိုက် Marubeni တို့ကို အသီးသီးရွေးချယ် လိုက်ပါတယ်။

တင်ဒါဝင်ပြိုင်တဲ့ အဖွဲ့အစည်းတွေထဲမှာ Digicel, Orange, Telenor Mobile, Singtel, Ooredoo, China Mobile စတဲ့ ကုမ္ပဏီတွေအပါအဝင် အဖွဲ့အစည်း ၁၁ ခုပါဝင်ခဲ့ပါတယ်။

အခုတင်ဒါအောင်သွားတဲ့ အဖွဲ့ ၂ ဖွဲ့ဟာ ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ Myanmar Telecom နဲ့ Yadanarpon Telecom တွေနဲ့အပြိုင် ဝန်ဆောင်မှုပေးကြရမှာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီ ၄ ခုကနေ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ မိုလ်ဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချဖို့အတွက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

iOS 6 အထက်မှာ Jailbreak မလုပ်ပဲ Cracked App သွင်းနည်း

2:27 PM
Kuaiyong ဆိုတဲ့ Software လိုပါပဲ Jailbreak မလုပ်ထားတဲ့ iDevice တွေအတွက် Cracked App သွင်းနည်းပါ။ Kuaiyong ကိုဘာလို့အားမပေးလဲဆိုတော့ သူက download ဆွဲတာကြာပါတယ်။ သူကနေသွင်းထားတဲ့ software တွေက iPhone/iPad/iPod ကို Restart ချလိုက်ရင် ဝင်လို့မရတော့ပါဘူး။ ပျက်သွားပါတယ်။
PP ကတော့ အဲ့ဒီ့ပြဿနာတွေက ကင်းဝေးမှာပါ။ Download Speed က IDM လိုမျိုးမြန်ဆန်ပါတယ်။ Cracked App တွေမြောက်များစွာရှိပါတယ်။ Jailbreak လုပ်ထားတဲ့ device တွေအတွက်အပြင် Jailbreak မလုပ်ထားတဲ့ device တွေအတွက်ပါသုံးလို့ရပါတယ်။
Jailbreak လုပ်ထားတဲ့ Device တွေအတွက် အောက်ပါပုံကိုကြည့်ပါ။

Jailbreak
 
အပေါ်ဆုံးက P Logo လေးနဲ့ Store က Jailbreak လုပ်ထားတဲ့ Device တွေအတွက်ပါ။
Jailbreak မလုပ်တားတဲ့ Device တွေကအတွက်အောက်ပါပုံကို ကြည့်ပါ။
nojail
 တရုတ်စာ အနီရောင်လေးနဲ့ Store ကိုဝင်ပါ။ အဲ့တာက Jailbreak မလုပ်ထားတဲ့ Device တွေအတွက်ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့ App ရှာပြီး အောက်ပါပုံအတိုင်း Download ဆွဲနိုင်ပါတယ်။
download
 အပြာရောင် button ကိုနှိပ်ပြီး download ဆွဲရမှာဖြစ်ပါတယ်။
Download ဆွဲနေစဉ် ဘေးက download မှာ 1 ဆိုပြီးပြပေးမှာဖြစ်ပြီး ဝင်ကြည့်မယ်ဆိုရင် speed တို့ remaining time တို့ပါပြပေးမှာဖြစ်ပါတယ်။
install
    download ဆွဲထားတဲ့ app တွေဆီရောက်သွားပြီဆိုရင် application တစ်ခုဆီရဲ့ ညာဖက်မှာ install ပုံလေးပေါ်ပါတယ်။ အခုကျွန်တော့ပုံမှာ iPhone မချိတ်ထားတဲ့အတွက် မပေါ်ပါဘူး။ install ကိုနှိပ်လိုက်ရင် သွင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ iOS 6.1.4 ထိ support လုပ်ပါတယ်။

PP ကို Download ဆွဲချင်ရင်တော့ အောက်ကလင့်မှာယူနိုင်ပါတယ်။
Download Here

Credit to Myanmarmobileapp

ပြည်တွင်းဖုန်းခေါ်ဆိုမှု နှုန်းထားများ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်နေ

4:26 PM


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံလျက်ရှိသည့် မိုဘိုင်းဖုန်း ခေါ်ဆိုခသည် များပြားလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏ ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ ဖြစ်သင့်ကြောင်း “ဆက်သွယ်ရေးက ဒါတွေကို သိပါတယ်။ သိပေမယ့် မလုပ်နိုင်ပါဘူး။
အဲ့ဒီအတွက် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး လုပ်ခိုင်းတာပါ။ သူတို့တွေကလည်း Service တွေကို အပြိုင်အဆိုင် ပေးသွားမှာပါ။ air time လို့ခေါ်တဲ့ ဖုန်းပြောဆိုခတွေကိုလည်း
ဈေးလျှော့ပေးသွားကြမှာပါ” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာအင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် နိုင်ငံတကာမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် Operator လုပ်ငန်းအား စိတ်ဝင် စားသည့် လျှောက်လွှာများ တင်ခဲ့ကြသည်။ အဆိုပါ လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ (၉၁)ခုမှ ဆန်ခါတင်ကုမ္ပဏီ (၁၂) ခုကို ရွေးချယ်ခဲ့သည်။
ဆန်ခါတင် ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၂ခုမှ Vodafoneနှင့် China Mobile ကုမ္ပဏီတို့ ပူးတွဲ လျှောက်ထားခြင်းကို အဆိုပါ ကုမ္ပဏီများက ပယ်ဖျက်ခဲ့၍ နောက်ဆုံးအဆင့် ဆန်ခါတင် အဆင့်တွင် ကုမ္ပဏီပေါင်း ၁၁ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ဆက်သွယ်ရေး Operator အဖြစ် ရွေးချယ်ခံရပါက ၂ နှစ်ခွဲအတွင်းတွင် မိုဘိုင်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်လာရန် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၂ထောင် ရင်းနှီးမြှုပ်နှံ ရမည် ဖြစ်ကြောင်း သိရသည်။
Ref & Credit to Myanmar ICT

Android Device နဲ့ နှလုံးခုန်နှုန်းတိုင်းပေးမယ့် Heart Beat Rate apk

4:22 PM

Heart Beat Rate က နှလုံးခုန်နှုန်းကို တိုင်းပေးပါတယ်.. ကင်မရာရဲ့ မှန်ဘီလူးကို လက်တင်ထားလိုက်ရုံပါပဲ..


Place the tip of your index finger on phone’s camera and in a couple of seconds your Heart Rate will be shown.
A real-time chart will show your every heart beat.
It uses your phones built-in camera to track color changes on the fingertip that are directly linked to your pulse. This is the same technique that medical pulse oximeters use.
Heart Beat Rate features :
● Real-time heart rate calculation & display
● Real-time pulse signal display in scrolling graphe
● Smart measure mode (measure stops after 15s if a valid pulse value is found)
● Resting heart rate checked against standards at the end of each measure
● Heart Rate training zones during physical activity
● Personnal advice to help you lower your resting heart rate for a better health
● Settings page
● Great design for a great user experience !


Credit to Komaungpauk

နောက်ဆုံးထွက် ကမ္ဘာ့နာမည်ကြီးဇာတ်ကားတွေကို Android Device ကနေ ရယူပေးမယ့် Movie Tube HD Full Free Movies v3.8

4:18 PM

နောက်ဆုံးထွက် ကမ္ဘာ့နာမည်ကြီးဇာတ်ကားတွေကို Android Device ကနေ ရယူပေးမယ့် Movie Tube HD Full Free Movies ဖြစ်ပါတယ်.. နာမည်ကြီးဇာတ်ကားတွေအပြင် အခြားဇာတ်ကားပေါင်းများစွာကိုလည်း ရယူနိုင်ပါတယ်.. နာမည်ကြီး ဇာတ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ နဲ့ အထင်ကရ ဟောလိဝုဒ် ကပါ ဇာတ်ကားတွေကို အရည်အသွေးပြည့် ရယူနိုင်တယ်လို့ဆိုပါတယ်.. မြန်မာကွန်နက်ရှင်နဲ့တော့ မစမ်းရသေးပါ..
Movie Tube Full Movies MovieTube is Free Full Length Movies in 14 languages including English Movies, Spanish Movies, Portuguese Movies, French Movies, German Movies, Italian Movies, Russian Movies, Korean Movies, Chinese Movies, Japanese Movies, Thai Movies, Hindi Movies,Tamil Movies, Telugu Movies, Malay Movies and Arabic Movies.
and You can watch 14 category New Movies, Action, Adventure, Animation, Biography, Comedy, Crime, Documentary, Family, History, Horror, Romance, Sci-Fi, Thriller, War.
Privacy Policy:
you can use this services to search and share Movie link's. When you going share movie link you need a account with username. If you share the links with copyright problem we will remove the links from the list.
User Accounts : No user account is required to View movie links. For Sharing need a login account. we only saving user name and password in our database.
For Copyright Holders : All the links are shared by user. We always respect your work in creating those wonderful movies. For any copyright report contact us on androidgalaxy315@gmail.com we will remove links.
Disclaimer: All the movies hosted on YouTube we dont host anything. We always respect your creation. If any copyright issue please report to youtube.
Credit to Komaungpauck

Time မဂ္ဂဇင်းကပြောတဲ့ လုံခြုံစိတ်ချရတဲ့ Passwords တစ်ခုအကြောင်း

4:16 PM

မိမိတို့ အသုံးပြုတဲ့ Email၊ Facebookနဲ့ Twitter စတာတွေရဲ့ Passwords တွေအပြင် ဘယ်လို User Account မျိုးကိုမဆို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Account ကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwords တစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို Time မဂ္ဂဇင်းက ဖော်ပြပေးထားပါတယ်။

Passwords ကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅ လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwords ကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။

User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
ဒီအချက်ကတော့ ရှင်းပါတယ်။ သင့် User Accountတစ်ခုရဲ့ Passwords ခိုးယူခံခဲ့ရင် အခြား Passwords အတူတူပေးထားတဲ့ Accountတွေအတွက်ပါ အန္တရာယ်ရှိလာလို့ပဲ ဖြစ်ပါတယ်။

Samsung Galaxy S4 Usb debugging mode ၀င်နည်း

4:07 PM
ဒါလေးကတော့ အွန်လိုင်းမှာလည်း တော်တော်လည်း ပျံ့နေပြီ ထင်ပါတယ် ဘာဘဲဖြစ်ဖြစ်တင်ပေးလိုက်ပါတယ် အဆင်ပြေမှာပါ
ဟိုတလောက S4 root ဖောက်နည်းလေး တင်ပြီးသွားပြီနော် ဒီတစ်ခါကတော့ ကွန်ပြူတာကနေ ကြိုးနဲ့ထိုးလိုက်ရင် driver သိဖို့အတွက်
Usb debugging လေးကို အမှန်ခြစ်ပေးဖို့ လိုတယ်မဟုတ်လား အခုပြောမှာကတော့ အဲဒီအကြောင်းလေးပါဘဲ ခင်ဗျာ ဒါလေးသိသွားရင် အားလုံးအဆင်ပြေပြီလေ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော် 4.2.2 မှာ အားလုံး ဒီလို ပုံစံလေးပါဘဲခင်ဗျာ


1 .ပထမဦးဆုံး ဖုန်းရဲ့ settings ထဲကို ၀င်လိုက်ပါ

2. ပြီးရင် အပေါ်ဆုံး ညာဘက်နားလေးက More ကို ၀င်လိုက်ပါ ပြီးရင် About  device ထဲကို ၀င်လိုက်ပါ... အဲဒီနေရာမှာ တစ်ချက်ကြည့်လိုက်ပါ.. Date & time နဲ့ About device ကြားမှာ ဘာမှ မရှိဘူးနော် ပြီးကျရင် အဲဒီနေရာမှာ တစ်ခုခု ရှိလာပါလိမ့်မယ်

3.  ပြီးရင် Build number  လေးကို ခုနှစ်ချက် တိတိခေါက်လိုက်ပါ.. ကျွန်တော်တုန်းကတော့ ၅ချက်လောက်နဲ့ အဆင်ပြေသွားတယ်ဗျ


4.  ပြီးရင် ဘက်ကီးနဲ့ ပြန်ထွက်လိုက်ပါ... ကဲ Date and time နဲ့ About device ကြားထဲမှာ တစ်ခုခု ထူးခြားသွားပြီနော်.... ကဲ Developer options ထဲကိုဝင်ပြီးတော့ အမှန်လေးသွားခြစ်လိုက်ပါတော့ဗျာ

ဒီလိုလေးပေါ့
5. အဲဒါလေးကို အမှစ်ခြစ်ပြီးရင် အားလုံးလိုအပ်တာလေးတွေ လုပ်လို့ရပါပြီ။

Credit to komaungpauk

ကျွန်ပျူတာဖြင့် 'ခြင်' နှိမ်နှင်းနည်း

4:05 PM

တကယ် အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့ များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေး လည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်း တွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှု ပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင် များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်း စနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင် လောက်တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။

Download Here !

 ၂။ ပြီးတော့ tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်း မကြီးတဲ့ အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ် ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြု ရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့် နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါ တယ်။
ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ် အနည်း ငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။

ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။

ခြင်ဘေးရန်က ကင်းဝေးပါစေ..




Credit to Komaungpauk

2013 ခုနှစ် အမြန်ဆုံး Android Gaming Tablet 6 ခု ( Top 6 Fastest Android Gaming Tablets of 2013 )

4:02 PM
Tracimik ကရွေးချယ်လိုက်တဲ့ အမြန်ဆုံး Android Gaming Tablet 6 ခု စာရင်းကို Specification နဲ့ တကွ ဖေါ်ပြပေးလိုက်ပါတယ်...
1. Samsung Galaxy Note 10.1:



  • Processor:- 1.4GHz Exynos Quad-Core Processor 
  • Display:- 10.1" WXGA(1280x800) LCD
  • Connectivity:- Bluetooth technology v 4.0 (Apt-X Codec support), AllShare Play / AllShare Cast, Kies / Samsung Kies air, USB 2.0 Host, Samsung, Wi-Fi 802.11 a/b/g/n (2.4 & 5 GHz), Wi-Fi Direct, Wi-Fi Channel Bonding
  • Memory:- 16/32/64GB User memory + 2GB (RAM), microSD (up to 64GB)
  • Operating System:- Android™ 4.0 (Ice Cream Sandwich)
  • CPU:- 1.4GHz quad-core Exynos 4 Quad (4412)
  • GPU:- Mali T400MP4 (quad-core)
2. Samsung Galaxy Note 8:
  • Display:- 203.1 mm (8") WXGA (1280 x 800, 189ppi) TFT
  • Memory:- 2GB (RAM), 16/32GB, microSD (up to 64GB)
  • Operating System:- Android Jelly bean 4.1
  • Chipset:- CP : XMM 6262, AP : Exynos 4412 (1.6 GHz x 4)
  • CPU:- 1.6GHz quad-core Exynos Dual (4410)
  • GPU:- Mali T400MP4 (quad-core)
3. Google Nexus 7:


  • Processor:- NVIDIA® Tegra® 3 quad-core processor
  • Connectivity:- Wi-Fi 802.11 b/g/n, Bluetooth, NFC (Android Beam), 32GB + Mobile data version only: Unlocked GSM/UMTS/HSPA+, 32GB + Mobile data version only: GSM/EDGE/GPRS (850, 900, 1800, 1900 MHz), 32GB + Mobile data version only: 3G (850, 900, 1700, 1900, 2100 MHz), 32GB + Mobile data version only: HSPA+ 21 Mbps
  • Chipset:- Nvidia Tegra 3
  • CPU:- Quad-core 1.2 GHz Cortex-A9
  • GPU:- ULP GeForce
 4. Kobo Arc:


  • Processor: - 1.5 GHz dual core processor, 1 GB RAM.
  • Graphics and Video: - Dual-core graphics. Up to 1080p video playback. Support for 3D games.
  • Operating System: - Open access to Android™ 4.0. 
  • Display: - 7” multi-touch IPS display.
  • CPU:- 1.5GHz Texas Instruments OMAP 4470
  • GPU:- PowerVR SGX544(single-core)
5. Sony Xperia Tablet S:

  • CPU:- 1.3 GHz NVidia Tegra 3
  • GPU:- ULP GeForce(12-core)
  • RAM:- 1GB
  • Operating System:- Android OS, v4.0.3 (Ice Cream Sandwich), upgradable to v4.1 (Jelly Bean)
  • Chipset:- Nvidia Tegra 3
6. Asus Transformer Infinity Pad TF700:


  • CPU:- 1.6 GHz NVIDIA Tegra 3
  • GPU:- ULP GeFOrce (12-core)
  • RAM:- 1GB
  • Operating System:- Android 4.2, Jelly Bean
  • Display resolution:- 1920 x 1200
  • Processor:- NVIDIA Tegra 3

Credit to Komaungpauk

Internet Download Manger For Android (1MB)

3:58 PM










Android ဖုန်းတွေအတွက် Internet Download Manger လေးပါ။ကျနော်တို ကွန်ပျူတာမှာအသုံးပြုတဲ့ IDM အတိုင်းပါပဲ စွမ်းဆောင်ရည်ကတော့ ပြောစရာမလိုပါဘူး။
                                             Download Here 


Credit to Taikkyi Thar 

Android Version 4.0 နှင့်အထက်တွေမှာ မြန်မာစာကို အကောင်းဆုံးရေးသားနိုင်တဲ့ Frozen Keyboard Pro 0.6.0

1:01 PM

Android သုံး Phone နဲ့ Tablet မှာ သုံးနေတဲ့ Frozen Keyboard ဟာ သုံးစွဲသူတွေအတွက် အဆင်ပြေတာကြောင့် လူကြိုက်များခဲ့ပါတယ်.. Android 4.0 တွေပေါ်လာပြီးတဲ့နောက် အသုံးပြုသူတွေအနေနဲ့ နည်းနည်း စိတ်ကသိကအောက်ဖြစ်စရာလေးတွေရှိပေမယ့် သုံးစွဲနေကြဆဲပါ.. ဒါပေမယ့် ခုနောက်ပိုင်း Expired ဖြစ်သွားပြီးတော့ သုံးလို့မရတဲ့အတွက် Bagan Keyboard ကိုသုံးလာကြပါတယ်.. Bagan က 4.0 အထက်တွေမှာ အဆင်ပြေတယ်လို့ပြောလို့ရပေမယ့် ကီးဘုတ်လက်ကွက်တွေက အမြင်ဆန်းနေတာကြောင့် သုံးစွဲသူတွေကို ရင်းနှီးမှု မရှိစေပါဘူး. သုံးနေကျ Frozen Keyboard ကိုပဲ မျှော်လင့်နေကြဆဲပါ.. June လ 15 ရက်နေ့ကတော့ Frozen Keyboard Version အသစ် 0.6.0 ထွက်လာပါတယ်.. ကျွန်တော် ဒေါင်းပြီး သုံးကြည့်တာ Zawgyi Font တွေ အမှန်အတိုင်းမြင်ရတယ်.. စာလုံးလေးတွေက သေသပ်တယ်.. ပြီးတော့ ဆင့်စာလုံးတွေအတွက် Shift ကိုနှိပ်စရာမလိုတော့ဘဲ ဖိထားလိုက်ရုံနဲ့ Pop-up Menu လေးထွက်လာပြီး အဲဒီထဲက ချက်ချင်းရွေးနိုင်တယ်.. 4.0 အထက်တွေအားလုံးမှာ အဆင်ပြေပြေ သုံးနိုင်တယ်.. ဒီ Frozen Keyboard Pro ကို ရေးသားတဲ့ Developer ကတော့ ကိုသီဟကျော်လို့ သိရပါတယ်.. ဒီအတွက် သူ့ကို ကျေးဇူးတင်နေကြမှာပါ.. မိတ်ဆွေများအနေနဲ့ Frozen Keyboard ကိုသုံးမယ်ဆိုရင်တော့ Zawgyi Font ကို သီးခြားထည့်ပေးရမှာဖြစ်ပြီး Frozen Keyboard ကတော့ စာရေးဖို့ Keyboard သက်သက်သာ ဖြစ်ပါကြောင်း အသိပေးချင်ပါတယ်.. မသိသေးသူများအတွက်ပေါ့.. ကဲ လိုချင်သူများ ဒေါင်းနိုင်ပါပြီခင်ဗျာ..


၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီ

12:58 PM

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ


Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက်ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Credit to zin yaw

Android Battery Virus သတိပေးချက်

3:06 PM
Android ဖုန်းအသုံးပြုနေသူများသို့ Android Battery Virus အကြောင်းအသိပေးပါရစေ
ဖုန်းအတွင်း Internet အသုံးပြုခြင်း Buletooth များအသုံးပြုခြင်း တို့ကြောင့်အများဆုံး
ဝင်ရောက်ပါတယ်..အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေဖြစ်ပါတယ်
Android ဖုန်း အသုံးပြုနေသူ User များရဲ့ Android Battery စနစ်ကိုတိုက်ခိုက်တဲ့ Virus
ဖြစ်ပါတယ်.. ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုရင် ဒီ Virus ၀င်ရောက်တိုက်ခိုက်
ခံရသည့် Android Phone ရဲ့ Battery ဟာ အရင်လောက် အား ( Power ) သက်တမ်း
ကြာရှည်မခံတော့ခြင်း ၊ Battery အကုန်မြန်စေပြီး Battery ကုန်လို့အားသွင်းလိုက်ရင်လည်း
ငါးမိနစ် ဆယ်မိနစ်ဖြင့် Battery အားပြည့်ကြောင်းပြခြင်း ၊ သုံးလိုက်ပါက ချက်ချင်းကုန်သွား
ခြင်း ၊ အဆိုးဆုံးအဆင့်တွင် Virus Attack ဖြစ်နေတဲ့ Android ဖုန်းမှာလုံးဝ Battery သုံးမရ
တော့ခြင်းတို့ဖြစ်ပေါ်လာပါတယ်.. ဒီ လိုမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဖုန်းမှာ Antivirus
တင်ထားလဲ ခဏတာသာထိန်းချုပ်နိုင်ပြီး လုံးဝ သတ်ပစ်ဖို့တော့စွမ်းဆောင်နိုင်မှာ မဟုတ်
ပါဘူး..ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးဖြေရှင်းနည်းက ဖုန်းရဲ့ SD Card ကို Format ချပစ်ပါ
ပြီးတာနဲ့ မိမိရဲ့ဖုန်းကို Factory Reset ချပစ်ပါ SD Card များကို တစ်ဦးနှင့်တစ်ဦး လဲလှယ်
အသုံးပြုခြင်း တတ်နိုင်သမျှရှောင်ပါ လို့ အသိပေးအပ်ပါတယ်ခင်ဗျာ။

Zapya ထက် နှစ်ဆမြန်တဲ့ Flash Transfer v1.3.0125 For Android

2:57 PM


Android OS အချင်းချင်း Data တွေကို အပြန်အလှန် Transfer လုပ်နိုင်ဖို့အတွက် Flash Transfer ဆိုတဲ့
Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Zapya ထက်တောင်မှ နှစ်ဆမြန်တယ်ဆိုတော့ဗျာ စဉ်း
စားသကြည့်ကြပါတော့။ Bluetooth ထက် Zapya က အဆပေါင်းများစွာမြန်တာကိုလူတိုင်းသိကြမှာပါ။ အဲဒီ
Zapya ထက်ကို နောက်ထပ်နှစ်ဆမြန်တယ်ဆိုတော့ အချိန်ကုန်အများကြီးသက်သာသွားတာပေါ့ဗျာ။
အသုံးပြုပုံကတော့ ရှင်းပြမနေတော့ပါဘူးဗျာ လွယ်ပါတယ် Zapya နဲ့ အတူတူပါဘဲ။

Credit to Komaungpauk

Y210-2010 (Y210C) CDMA 800MHz Mectel Internet Setting ထည့်နည်း။

2:42 PM

2.3.6 မှာဆိုပထမဆုံး Setting>Wireless & netword ထဲက Mobile Network ထဲကို ၀င်ပါ
4.0.4 နဲ့ အထက်မှာဆိုရင် Setting>More>Mobile Network ထဲကို ၀င်ပါ
ပြီးရင် Access Point Name ထဲကို ၀င်ပါ
ပြီးရင် Menu Key ကို နှိပ်ပါ
ပြီးရင် CTNET ထဲကို ၀င်ပါ

အဲ့ဒီထဲမှာ
(၁) Name-Mectel
(၂) APN  -#777
(၃) Username - cdma@c800.mm
(၄) Password - cdma

ဒါပဲရိုက်ပါပြီးရင် Menu Key ကိုနှိပ်ပြီး Save ကိုနှိပ်လိုက်ပါ။ အားလုံးပြီးရင် အင်တာနက် သုံးလို့ရပါပြီ။

မြန်မာနိုင်ငံမြေပုံကို အမှန်အတိုင်း မြင်ရမယ့် Myanmar Map App v1.0 Apk

2:32 PM
 
Myanmar Topoghraphy Map
Yangon Map
Bagan Map
Mandalay Map
Ngapali Map
Mrauk OO Map
Inle Lake Map
တွေပါဝင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ စေတီဘုရား၊ ATM စက်များ၊ ဘဏ်များ၊ Shopping Center, ဆေးရုံ စတာတွေကို English Language နဲ့ဖေါ်ပြပေးထားပါတယ်.. Install လုပ်ပြီးရင် မြေပုံတွေ Update ဆွဲဖို့ Internet တော့ ချိတ်ပေးရပါမယ်..
Google Play သုံးသူများကတော့ https://play.google.com/store/apps/details?id=com.greatestwebapp.myanmarmapapp မှာ တိုက်ရိုက် Install လုပ်နိုင်ပါတယ်..
Google Play မရသူများ က ဒီမှာ ယူလိုက်ပါ။