Appleရဲ့ iWatch က ဘယ်လိုမျိုးလဲ

6:51 PM

Appleရဲ့ နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချမယ့် iWatchနဲ့ ဆိုင်တဲ့ သိကောင်းစရာ အချက်တွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

(၁) ကြိုးမဲ့ Chargingစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒီဇိုင်းပိုင်း အထူးကောင်းမွန်မှာ ဖြစ်သလို လက်ရှိ ဖုန်းတွေကို အကောင်းဆုံး အစားထိုး သုံးစွဲနိုင်မှာ ဖြစ်ပြီး ခလုတ်တွေနေရာမှာလည်း Siriတွေ ၀င်ရောက် လာပါလိမ့်မယ်။

(၂) iWatchဟာ တစ်ယောက်ကိုင် ပစ္စည်းဖြစ်လာမှာ ဖြစ်ပြီး Passwordတွေ အကြိမ်ကြိမ် ရိုက်ထည့်ရတဲ့ အလုပ်ကို သက်သာစေမှာပါ။ နောက်ပြီး သင်သာ iPhoneမေ့ကျန်ခဲ့မယ်ဆိုရင် သင့်ကို iWatchက သတိပေးပါလိမ့်မယ်။

(၃) တကယ်လို့ iPhoneက ဖုန်းလာရင် ဘယ်သူ့ဆီကလာတယ်ဆိုတာ iWatchက ပြောကြားပေး မှာ ဖြစ်သလို ကျန်းမာရေး ဆိုင်ရာ အချက်တွေကိုလည်း iWatchက အာရုံခံပေးနိုင်မှာ ဖြစ်ပြီး iPhoneနဲ့ iPodတွေက သီချင်းတွေကိုလည်း iWatchကနေ ထိန်းချုပ်မှုတွေ လုပ်ဆောင်နိုင်မှာပါ။

(၄) KidCodeလို မထင်မှတ်တဲ့ Appတွေကို ထည့်သွင်းသုံးစွဲမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်သလို Entertainment တွေ ကိုလည်း ထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး အကွာအဝေးတိုင်း စနစ် ပါဝင်မှာ ဖြစ်ပြီး သင်တိုင်းတာချင်တဲ့ အရာကို လက်ညှိုးထိုးလိုက်ရုံနဲ့ iWatch က ဖြေကြားပေး မှာ ဖြစ်ပါတယ်။

Ref: www.cnn.com

Billgate(ဘီလ်ဂိတ်ရဲ့ အကြံပေးချက်များ)

3:10 PM
 ကျွန်တော် ဖတ်ပြီး အ၇မ်းသဘောကျလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။


ကမ္ဘာအချမ်းသာဆုံး ဘီလျှံနာ ဆယ်ဦး စာရင်းဝင်တဲ့ Microsoft ရဲ့ သူဌေး “ဘီလ်ဂိတ်” ကိုမိတ်ဆက်စရာတောင် မလိုပါဘူး။ စာရင်းများအရ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးပါ။
ကယ်လီဖိုးနီးယားပြည်နယ် ဗာဆယ်လီဗာမှာရှိတဲ့ ၀ှစ်နေးအထက်တန်းရဲ့ ကျောင်းဆင်းပွဲမှာ ဘီလ်ဂိတ်ဟာ အောက်ပါ (၁၁) ချက်နဲ့ အကြံပေးခဲ့ပါတယ်။
(၁) လူ့ဘ၀က မမျှတပါဘူး။ အဲဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
(၂) ဒီလောကကြီးက မင်းရဲ့ လေးစားကြည်ညိုမှုတွေကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ မင်းကိုယ်တိုင် အကျိုးသက်ရောက်မှုရှိအောင် လုပ်ပြီးမှပဲ မင်းရဲ့ ခံစားချက်ကို
ဆန်းစစ်ကြည့်ဖို့ လောကကြီးက ပိုပြီးမျှော်လင့်ပါတယ်။
(၃) ကျောင်းပြီးသွားတာနဲ့ လခကောင်းကောင်းမရနိုင်ဘူး။ ချက်ချင်းလက်ငင်း ကွပ်ကွဲအုပ်ချုပ်သူမဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွတ် ကြိုးစားအားထုတ်မှပဲ ရနိုင်တယ်။
(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ မင်းတို့ထင်ခဲ့ရင် တစ်နေ့မင်းတို့ ကုမ္ပဏီသူဌေးတွေဖြစ်လာတဲ့အချိန်မှာ သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
(၅) ဟမ်ဘာကဆိုင်မှာ အလုပ်လုပ်ရလို့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့မထင်နဲ့။ မင်းတို့ရဲ့ အဘိုးအဘွားတွေက ဟမ်ဘာဂါအလုပ်အတွတ် အဓိပါယ်တစ်ခုဖွင့်ဆိုလိမ့်မယ်
အဲဒါက “အခွင့်အရေး” တဲ့
(၆) မင်းအနေနဲ့ ဘာမှ ဖြစ်မလာတာဟာ မင်းမိဘတွေနဲ့ အမှားမဟုတ်ဘူး။ ကိုယ့်လုပ်ခဲ့တဲ့ အမှားတွေအတွတ် ဒေါသထွက်မနေနဲ့။ အမှားတွေထဲက သင်ယူပါ။
(၇) မင်းမမွေးဖွားခင်မှာ မင်းရဲ့ မိဘတွေက အခုလို ထိုင်းမှိုင်းနေတာမဟုတ်ဘူး။ သူတို့ ခုလို ထိုင်းမှိုင်းနေရတာဟာ မင်းအတွတ် အသုံးစရိတ်ရှာနေရလို့၊ မင်းရဲ့ အ၀တ်တွေ
လျှော်ဖွတ်နေရလို့၊ ကိုယ့်ကိုယ်ကို တော်ကြောင်း၊ အထင်ကြီးကြောင်း အပြောကြီးနေတဲ့ မင်းရဲ့ စကားတွေကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် မင်းမိဘတွေကို ပြုပြင်ဖို့မကြိုးစားခင်
မင်းရဲ့ အိပ်ယာကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပါဦး။
(၈) ကျောင်းမှာ နိုင်တဲ့သူနဲ့ ရှုံးတဲ့သူဆိုတာရှိတယ်။ လက်တွေ့ဘ၀မှာ အဲဒီလိုမရှိဘူး။ ကျောင်းကမင်းကို အခွင့်အရေးတွေ အဆက်မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့် လက်တွေ့ဘ၀မှာ အဲဒီလိုမဟုတ်ဘူး။
(၉) ရုပ်ရှင်ထဲက သရုပ်ဆောင်တွေက တကယ့် လက်တွေဘ၀ မဟုတ်ဘူး။ တကယ့်လက်တွေ့ဘ၀မှာ လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲဝင်ရတာချည်းပါပဲ။
(၁၀) စာကြိုးစားနေတဲ့သူတွေကို လေးလေးစားစားဆက်ဆံပါ။ တစ်ချိန်ချိန်မှာ စာကြိုးစားခဲ့တဲ့သူတစ်ယောက်ယောက်ဆီမှာ မင်း အလုပ်လုပ်ချင်လုပ်ဖြစ်လိမ့်မယ်။
(၁၁) လူဘ၀ဆိုတာ သင်ကြားချိန်ကာလသတ်မှတ်မထားဘူး။ ဘ၀မှာ ကျောင်းပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်မှ မင်းလုပ်ချင်တာနဲ့ မင်းရဲ့ အားလပ်ရက်ကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။
ဒါကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချပါ။
ဘီလ်ဂိတ်ဟာ ဘွဲ့မရခဲ့ပါဘူး။ ဒါပေမဲ့ ပညာသင်ဖို့ အားပေးတယ်။ သူကိုယ်တိုင်လဲ ကြိုးစားအားထုတ်ခဲ့လို့ သူဌေးကြီး ဘ၀ရောက်ခဲ့တာပါ။
ဟုတ်ပါတယ်။ ပညာခေတ်ကြီးထဲမှာ ပညာသင်ယူဖို့အရေးကြီးပါတယ်။ ဘယ်အချိန်ထိလဲဆိုတော့ ဘ၀ဆုံးထိပါ။

Untethered Jailbreak နှင့် Tethered Jailbreak ကွာခြားချက်။

3:04 PM
index
Untethered Jailbreak ဆိုတာ (Tethered Jailbreak)ထက် ပိုမိုပြည့်စုံတဲ့ jailbreak အမျိုးအစားဖြစ်ပါတယ်
Untethered မှာ ပထမဆုံးအကြိမ် jailbreaking process ပြုလုပ်ပြီးနောက် Computer နဲ့ထပ်မံ ချိတ်ဆက်ရန်မလိုတော့ပါ
(for reboot)စက်အဖွင့်အပိတ် ကြိုက်သလိုလုပ်နိုင်ပါတယ်…. Tethered jailbreak မှာကျ computer(with connection) နဲ့
ပြန် reboot လုပ်နေရပါတယ်.. Untethered မှာ patch Kernel ရှိပြီး Tethered မှာ patch Kernel အပြည့်အဝမရှိတဲ့အတွက်
တဝက်တပျက်မှာတင်ရပ်ရပ်သွားခြင်းဖြစ်ပါတယ်…. Kernel ဆိုတာ OS မှာ တံတားနဲ့တူပါတယ်App တွေနဲ့ CPU,Memory တွေကိုပေါင်းကူးပေးတာပါ.. အဲဒါမရတဲ့အတွက် စက်ကရပ်ပြီး ပြန် reboot ပြန်လုပ်ရတာပါ


Credit to ... itgroupmyanmar

အွန်လိုင်းပေါ်တွင် ဈေးဝယ်ဖို့အတွက်၊ Shwe Money ( Virtual Visa Card )

2:56 PM

             Reloadable Virtual Visa Card

"ShweMoney Virtual Visa Card သည် မြန်မာနိုင်ငံသားများအတွက် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Website များတွင် ငွေပေးချေနိုင်ရန်အတွက် စီစဉ်ထားသော Internet Virtual Visa Card အမျိုးအစားဖြစ်ပါသည်။ ထို့ပြင် ShweMoney Virtual Visa Card သည် အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်သော Reloadable Visa Prepaid Card အမျိုးအစားဖြစ်ပြီး Visa Card Payment လက်ခံသော Website များတွင် ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။ ShweMoney Internet Virtual Visa Card တွင် အခြားသော Visa Card များကဲ့သို့ 16-digit card number, Expiry date နှင့် Three-digit security number (CVV code) များ ပါဝင်ပါသည်။"

ပြည်သူများသို့ အသိပေးကြေငြာခြင်း။

2:47 PM


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Orderdat service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း...

2:45 PM
ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။

အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

VLC Player ယူရန်။

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။

အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။

ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။





Ref & Credit: မြ၀တီ

WCDMA only ပြောင်းမရတဲ့ ဖုန်းတွေအတွက် ပြောင်းရတဲ့ APK

2:10 PM
 
ကျွန်တော်တို့ GSM ဖုန်းတွေမှာ အင်တာနက်သုံးရင် လိုင်းနှစ်မျိုးရှိပါတယ်
2G(GSM only) and 3G(မြန်မာပြည်က 3G မစစ်တဲ့ WCDMA only) ဆိုပြီးတော့
ဒါပေမယ့် WCDMA only ဆိုတဲ့ လိုင်းကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာသာ
သုံးနိုင်ပြီး လိုင်းက 2G ထက်ပိုကောင်းပါတယ် 
အဲဒါကို အချို့ဖုန်းတွေမှာ 2G only ဆိုတာပဲ ပါတယ်
3G only or WCDMA only ဆိုတာ မပေါ်ပါဘူး အဲတော့ 3G လိုင်းရတဲ့
နေရာတွေမှာ 2G က Auto ပြောင်းသွားတဲ့အခါမျိုးတွေမှာ ကိုယ်တိုင်
Manual ပြောင်းနိုင်တဲ့ ဆော့ဝဲလေးတစ်ခုပါ Network ဆိုတဲ့ ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း WCDMA only လား GSM only လား
ကြိုက်သလိုပြောင်းနိုင်ပါသည် ဖိုင်ဆိုဒ်ကလည်း KB သာရှိတဲ့အတွက်
လူတိုင်းဒေါင်းနိုင်မှာပါ

or

Android မှာ Facebook က ပုံတွေဒေါင်းဖို့

1:06 PM


Android ဖုန်းအတွက် Facebook ပေါ်က ဓါတ်ပုံများကို အလွယ်တကူ Save ထားနိုင်တဲ့ Application တင်ပေးလိုက်ပါတယ်။ Facebook က ဓါတ်ပုံများကို Android ဖုန်းမှတစ်ဆင့် Save ထားနိုင်မယ့် Application ပေါင်းများစွာကို Google Play တွင် Free ရပေမယ့် အသုံးပြုရမလွယ်ကူခြင်း လွယ်ကူသော်လည်း News Feed မှ ဓါတ်ပုံများအားလုံး Save မလုပ်နိုင်ခြင်း Google Ads များ ပါဝင်နေခြင်းကြောင့် မျက်စိရှုပ်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆင်ပြေစေမယ့် Facebook Photo Save လေးကို တင်ပေးရခြင်းဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းလှပါတယ်။ မိမိ သုံးနေကျဖြစ်သော Facebook App ထဲမှ Save ချင်သော ဓါတ်ပုံကို View လိုက်ပါ။ ပြီးရင် ဖုန်း၏ Menu> More ကို နှိပ်၍ Share ကို ဆက်နှိပ်ပြီး Facebook Photo Save ကို ရွေးလိုက်ပါက Save to phone နှင့် Save to SDCard တွင် မိမိနှစ်သက်သောနေရာမှာ Save ထားနိုင်ပါတယ်။

UPDATED:June 30, 2013
CURRENT VERSION:1.0.3
REQUIRES ANDROID:2.2 and up
CATEGORY:Productivity
SIZE:973kb
PRICE:Free


Download Now
or
<< Download From D-h.st >>
~~~~~~~~~~~~
 
Credit:http://www.mhandroidappstore.blogspot.com/2013/07/facebook-photo-save.html

MRTV 4 ကို Android မှာ ကြည့်နိုင်မယ့် APK ရပြီ။

1:04 PM
(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ

(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ်

သူအတွက် Apk လေးရှိတယ် ဆရာမ ‪#HtarHtarLwin‬ တင်ပေးထားတာပါ 
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ် 
ဒေါင်းရလွယ်အောင် ဘာကြော်ငြာမှ မခံထားပါ  နှစ်ခုလုံး ဒါရိုက်လင့်ပါ
Dwonlaod>>>>http://www.mediafire.com/(or)hotfile

 

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် Master ကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည်။

1:01 PM
ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ်၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါက လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။

ဖုန်းငွေဖြည့်ကဒ် တစ်သောင်းတန်ကဒ် ဖြည့်သွင်းလျှင်ကျပ် ၁,၀၀၀ သာဝင်ကြောင်း ပြဿနာဖြစ်ပွားနေ

11:32 AM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ် ဆိုခများအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် အသိပေး ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်သွင်းလျှင် ကျပ် ၁,၀၀၀ သာ ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။
သို့ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာ ယခင် Call Forwarding Service အသုံးပြုနေသည့် သုံးစွဲနေသူများသည် ယခင်က လစဉ် 10 FEC ပေးဆောင်နေရသည်မှ ယခုအခါ ပြောင်းလဲလိုက်သည့် စနစ်ကြောင့်
၎င်း Service အတွက် 10 FEC အစား ကျပ် ၉,၀၀၀ ပြောင်းလဲကောက် ခံလိုက်သောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ ၄င်း Service အသုံးပြုနေသူများ အနေဖြင့် ဆက်လက်သုံးစွဲရန် ဆန္ဒမရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရွှေဂုံတိုင်ရုံးနှင့် ပန်းဆိုးတန်းရုံးတို့တွင် သွားရောက်ပိတ်နိုင်ကြောင်း သိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Custom Care နံပါတ်မှာ ၀၁ ၅၅၅၄၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
Ref & Credit to APS Technology

Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ် ပါဝင်လာတော့မည်ဟုဆို

11:26 AM


လူသုံးများ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ်ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိနေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Samsung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်
သော Mobitel Distribution မှ ကိုကောင်းဆက်က ပြောသည်။
ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့အပိုင်းလေးတွေရှိတယ်။ မြန်မာစာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲ အမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါတွေ ပြင်နေတယ်။ နောက်ထပ် ၁၅ရက်လောက်ဆို အားလုံး အကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ရက် က ပြောသည်။
ဆမ်ဆောင်း ဟန်းဆက်များတွင် မြန်မာစာစနစ် တစ်ပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းက
ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 နှင့် Samsung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်
သွင်းပေးထားသည်ဟု ဆမ်ဆောင်းကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။
၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကား ထည့်သွင်းဖို့
လုပ်နေတယ်။ ဆမ်ဆောင်းဟန်းဆက်မော်ဒယ် အကုန်လုံးမှာ ထည့်သွင်းပေးသွားဖို့ရှိတယ်။ လောလောဆယ်တော့ အရောင်းများတဲ့မော
ဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်”ဟု ပြောသည်။
ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်
အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့်အခက်အခဲများ ပြေလည်သွားမည်ဖြစ်သည်။
ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်မရနိုင်
တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီတွေမှာ ဒီနေ့ရောင်းလိုက်ပြီ
ဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ် Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့
ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့
အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။
ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်းသို့ မြန်မာစာစနစ် တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်း ပြည်တွင်းဟန်းဆက်အရောင်းဆိုင် အများစု က သုံးသပ်ကြသည်။
Ref & Credit: Mizzima News in Burmese

မော်ဒယ်မြင့်စမတ်ဖုန်းများကိုမြန်မာပြည်မှာအကြွေးဝယ်ယူနည်း

3:36 PM


Smart ဖုန်းအမြင့်တွေ ကိုင်ချင်တယ်.. ပိုက်ဆံမရှိဘူး ဘာလုပ်ရမလဲ..
ဟုတ်ပြီ.. အဲ့ဒါဆိုရင် ၁၈ နှစ်ပြည့် မှတ်ပုံတင်ရှိရမယ်.. အိမ်ထောင်စုစာရင်းလိုမယ်..
ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ.. နောက်ပြီး တလ တသိန်းအနည်းဆုံးရတဲ့ အလုပ်တခုရှိရမယ်. အကြွေးပုံမှန်ပြန်ဆပ်နိုင်ရမယ်.. ရတဲ့လခ အကြွေးပေးလိုက်တာနဲ့ ကုန်ရင်
အကြွေးသံသရာထဲမျောသွားလိမ့်မယ်.. အိုကေ.. ဒါတွေ စုံရင် နည်းလမ်း နှစ်နည်းရှိတယ်..
ဘဏ်က Hire Purchase နဲ့ ဝယ်တာ.. နောက်တခုက Aeon Micro Finance နဲ့ ဝယ်တာ
မှတ်ထားရမှာတခုက Hire Purchase က လက်ငင်းငွေချေတာထက်စာရင် အင်မတန်ဇယားရှုပ်တယ်.. ဟိုဟာလိုတယ် ဒီဟာလိုတယ်.. စိတ်တော့ညစ်ရတယ်..
လစဉ်လဲ ပုံမှန်ပြန်ဆပ်ရတယ်.. ပိုက်ဆံတော့ လုံးကနဲ ခဲကနဲ မပေးရဘူးပေါ့.
ဘဏ်နဲ့ ဝယ်ချင်ရင် ဘဏ်အရင်ရွေးပါ လောလောဆယ်တော့ ကျနော်သိတာ
Ayeyarwady Bank ဖြစ်ပါတယ်.. သူ့ ရဲ့ Page ထဲ Note မှာ Hire Purchase အကြောင်းအကျယ်တ၀င့် ၀င်ဖတ်နိုင်ပါတယ်.. နောက်တခုကတော့ Aeon Micro Finance နဲ့ ဝယ်တာပါ.. သူကတော့ လွယ်ပါတယ် ၁၈နှစ်ပြည့် မှတ်ပုံတင် အိမ်ထောင်စုစာရင်းမိတ္တူ ရပ်ကွက်ရဲစခန်းထောက်ခံစာ နောက်ပြီး ကိုယ့်အလုပ်ကနေ အမှန်တကယ် ၀န်ထမ်းဖြစ်ကြောင်း Letter Head ပါတဲ့ ထောက်ခံစာ.. အစိုးရ၀န်ထမ်း၊ ကုမ္မနီဝန်ထမ်း၊ကိုယ်ပိုင်လုပ်ငန်း အားလုံးကို ထုတ်ချေးပေးပါတယ်.. Aeon Micro Finance က အသေးစားငွေချေးလုပ်ငန်းပါ.. ဖုန်းဆိုင်နဲ့ အကြွေးဝယ်မဲ့လူကြားမှာ သူက စိုက်ပေးပြီး အတိုးတောင်းတဲ့သဘောပါ.. ထောက်ခံမဲ့လူတော့ တယောက်လိုပါတယ်.. အဲ့ဒါကတော့ သူငယ်ချင်း၂ယောက်လုပ်ရင် ပိုကောင်းပါတယ်.. အဲ့လိုလုပ်လဲရပါတယ်.. နောက်ပြီး ၀န်ဆောင်ခ ၅၀၀၀ ကျပ်ပေးရပါတယ်.. အတိုးနှုန်းကတော့ အင်မတန်နည်းပါတယ်.. ၁.၅ ပါ.. ၆ လ ၁၂ လ ၁၈ လ ၂၄ လ ကြိုက်သလောက် အရစ်ကျ ခွဲဆပ်လို့ ရပါတယ်.. ၀ယ်ယူမဲ့ဖုန်းတန်ဖိုးက ၅ သောင်းကနေ စပြီး ၅ သိန်းအထိ ထုတ်ချေးပါတယ်.. ချေးမဲ့ပမာဏကို Aeon က သတ်မှတ်ပါတယ်.. ရတဲ့လစာကို ၁ ဆခွဲနှုန်းလို့ တော့ပြောပါတယ်.. လောလောဆယ် Aeon နဲ့ ပတ်သတ်ပြီး လုပ်ကိုင်နေတဲ့ ဖုန်းဆိုင် ၂ ဆိုင်ရှိပါတယ်.. လှည်းတန်း Samsung Showroom နဲ့  09 Mobile ပါ.. နောက်ဖုန်းဆိုင်တခုကတော့ Family Computer & Mobile ပါ.. သူ့  Page မှာ သွားပြီးလေ့လာနိုင်ပါတယ်. အပေါ်က ဟာတွေတော့ လိုမှာ ကြိမ်းသေပါပဲ.. သူလဲ အပေါင်ပစ္စည်း မလိုဘူးကြားပါတယ်.. နောက်ဆုံးတခုကတော့ B2HD Computer, Mobile & Accessories ပါ.. သူဆီမှာတော့ Hire Purchase မရပါဘူး.. ဒါပေမဲ့ ကိုယ့်ဆီမှာရှိတဲ့ ဖုန်းအဟောင်း၊လက်တော့အဟောင်း အဲ့ဒါတွေ ပေးပြီး ဆိုင်မှာရှိတဲ့ အသစ်နဲ့  လဲလို့ ရပါတယ်..
ကဲ.. ဖုန်းအမြင့်တွေဆိုတာ သူဌေးတွေမှ ကိုင်လို့ ရတာမဟုတ်ဖူး ကြံရည်ဖန်ရည်ရှိရင်
လူလတ်တန်းစားတွေ ၀န်ထမ်းတွေလဲ ကိုင်လို့ ရတယ်ဆိုတာ သဘောပေါက်နိုင်ကြပါစေ..
Hire Purchase နဲ့  ဖုန်းအမြင့်များကိုင်နိုင်ကြပါစေဗျာ..
(P.S – Hire Purchase နဲ့ ဝယ်ယူရာမှာ မှန်ကန်ဖို့  သစ္စာရှိဖို့ လိုအပ်ပါတယ်.. အကြွေးပုံမှန်ပြန်ဆပ်နိုင်မှ ၀ယ်ပါ.. မဟုတ်ရင် အကြွေးသံသရာမှာ နားကားပါလိမ့်မယ်. နောက်ပြီး အပေါ်က ဖုန်းဆိုင်တွေနဲ့  ကျနော်နဲ့ ဘာမှ ပတ်သတ်မှုမရှိကြောင်း၊ စိတ်ဝင်စားပါက သက်ဆိုင်ရာ ဖုန်ုးနံပတ်များ FB Page များမှာ ဆက်လက်စုံစမ်းပါ )
Credit : Sentinel Wai Yan ( CEO & Administrator Unity Online Game )

ဖုန်း အမျိုးအစားအလိုက် လူ့စိတ်ခွဲခြားမယ်

2:38 PM


လူတစ်ယောက်ကို သူကိုင်တဲ့ ဖုန်း Brand ကိုကြည့်ပြီး စိတ်နေစိတ်ထား ကို အကြမ်းဖျဉ်း လေ့လာအကဲ ခတ်နိုင်တယ်လို့ ဆိုပါတယ်။

1. Blackberry - Attention seeker.
2. Sony - Misunderstood..
3. iPhone - Classy..
4. Nokia -Very loyal..
5. LG - Lonely, kind a boring.
6. Samsung - All about style.
7. Motorola - Old school..
8. HTC - Very serious about life.
9. ZTE - Settles for less..
10. Huawei - just awesome..
11. Micromax - All about Simplicity.
12. Those phones with 2 simcards-boring always..

What is your?



Credit to Aung Kham (TSJ team)

Motorola MB612 (Unlock လုပ်နည်း)

3:41 PM

Chat box ထဲမှာ Ko Than Tun မေးထားတာတွေ့လို့ တင်ပေးလိုက်ပါတယ်။ အ၇င်ဆုံး အစ်ကို့ ဖုန်းရဲ့ IMEI နံပါတ်ကိုအ၇င် မှတ်ထားလိုက်ပါ။ Battery ဖြုတ်ပြီး ကြည့်ရင်လဲ ရပါတယ်။ ဖုန်းထဲကနေ တိုက်ရိုက်ကြည့်ချင်ရင် *#06# ကိုနှိပ်ပြီး ပေါ်လာတဲ့ နံပါတ် တွေကို မှတ်ထားပြီး

ပုံမှာ ပြထားတဲ့နေရာေ၇ာက်၇င် ခုနက မှတ်ထားတဲ့ IMEI နံပါတ်တွေကို ထည့်ပေးပြီး Order code ကို နှိပ်ပြီး ပေါ်လာတဲ့ အထဲမှာ လိုအပ်တာတွေကို ဖြည့်ပေးလိုက်ပါ။ အားလုံး ပြီးရင် gmail ထဲကို unlock code နံပါတ် ပို့ပေးပါလိမ့်မယ်။ အဲ့နံပါတ်ကို မှတ်ထားပြီး ဖုန်းထဲ Sim card ထည့်ပေးပြီး unlock code ဖြည့်ပေးလိုက်ပါ။ အောက်မှာ Video လေးလဲကြည့်ပြီး လုပ်လို့ရပါတယ်။

အဆင်ပြေပါစေ။

Next Launcher 3D v1.38 Apk

2:40 PM
       Next Luncher 3D နောက်ဆုံး version လေးထွက်လာပါပြီဗျာ။ သုံးဖူးတဲ့လူတွေလည်းသုံးဖူးနေကြပြီး၊ မသုံးဖူးတဲ့လူတွေ ကလည်း ပြထားတဲ့ ပုံလေးကို ကြည့်ပြီးတော့ ဘယ်လောက်လန်း လဲဆိုတာ ကိုကြည့်တာ နဲ့သိနိုင်ပါတယ်။ အဲဒါကြောင့်  အသေးစိတ်ကို မရှင်းပြတော့ပါဘူးဗျာ။ Google play store မှာလဲ download လုပ်နိုင်ပါတယ်။ Play store မှာမရလို့ လိုအပ်ရင်တော့ အောက်မှာ link တွေပေးထား ပါတယ်ဗျာ။ Download သာလုပ်ပြီးသုံးကြပေတာ့ဗျာ :D





ဒီအောက်က link တွေမှာ download လုပ်နိုင်ပါတယ်ဗျာ။

ဒီနေရာမှာ Download လုပ်ပါ

ဒီနေရာမှာ Download လုပ်ပါ

အားလုံးအဆင်ပြေကြပါစေဗျာ။

Credit to Aung Ko Htet (IT studier )

ဖုန်းမှာဆက်သွယ်ရေး MPT နာမည်ကို ကိုယ်ကြိုက်တဲ့နာမည်လေးထည့်မယ်(For Root User)

2:31 PM
အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
  1. etc ထဲကိုဝင်
  2. spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ  . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်



3G Network နဲ့ 4G Network ဘာကွာသလဲ

1:12 PM

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။
ဒုတိယ အချက်…
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။
တတိယ အချက်..
အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။
စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။
ဖြည်စွက်ချက်…
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Generation – Definition – Technologies – Speeds
1G – Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G – Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G – Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G – Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G – Replacement for EDGE is (HSPA) 1-3 mbps
4G – Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G – Gigabit per second in a few years (?) 1+ gbps

Ref & Credit: Telenor Myanmar

ကွန်ပျူတာ မှာ File (or) Folder တွေ Hiddenဖြစ်တာကို ဖြုတ်နည်း...

4:53 PM
ကွန်ပျူတာ သမားတွေ အမြဲတမ်းကြုံ ရတတ်ပါတယ်။ ကွန်ပျူတာကို ကျွမ်းကျင်သူတွေ အတွက်တော့ ဘာမှမဖြစ်ပေမဲ့ အခုမှစသုံးတတ်တဲ့ သူတွေမှာ အခုလို ဖြစ်လာရင် ဘာလုပ်ရမလဲမသိတော့ပဲ မိမိရဲ့ Memory Stick တွေကို Format ချပစ်ကြတတ်ပါတယ်။ အဲ့လိုလုပ်လိုက်ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ အကုန်ပျောက်တော့ နှမြောစရာကောင်းတာပေါ့ဗျာ။ အခု နည်းလေးက ဘာ software မှမလိုသလို ကွန်ပျူတာ ကို အနည်းငယ် သုံးတတ်တာနဲ့ လိုက်လုပ်လို့ရပါတယ်။ ခက်လဲမခက်ပါဘူး လုပ်နည်းကို သေချာပြောပြပေးပါ့မယ်။
ပထဆုံး မိမိ Memory Sick or Card မှာ Virus ၀င်ပြီး Folder တွေက Virus ထိပြီး အလိုလို Hidden ဖြစ်သွားတတ်ပါတယ်။ ဒါကို တစ်ချို့က အဲ့ဒါများဘာခက်လို့လဲ. Folder Option ထဲမှာ show hidden files and folder ကို အမှန်ခြစ်လိုက်မှာပေါ့လို့ ပြောတတ်ပါတယ်။ အခုအခြေအနေက အဲ့လို ပေးတာနဲ့ မပေါ်လာတတ်တဲ့ Hidden ဖြစ်နည်းပါ။အောက်က ပုံလေးကို ကြည့်လိုက်ပါ။

အခုလိုမျိုးနဲ့ ကြုံရပြီဆိုရင် Show Hidden Files and Folder ကို အမှန်ဖြစ်ရုံနဲ့ မရတော့ပါဘူး. အဲ့ဒါကို အခု ဖြေရှင်းနည်းကို ဖော်ပြပေးပါ့မယ်။ အရင်ဆုံး ကိုယ်ပြန်ဖော်ချင်တဲ့ Memory Stick or Card ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒါဆို My Computer ထဲမှာ ကိုယ့်ရဲ့ Memory Stick ရဲ့ Drive name ကို ကြည့်လိုက်ပါ။
 
 ဥပမာ C: , D: တို့တွေတွေ့ပါလိမ့်မယ်။ အဲ့ထဲမှာ ကိုယ့် ရဲ့ memory stick ရဲ့ name ကိုကြည့်လိုက်ပါ။ E: ဖြစ်တယ်ဆိုပါစို့။  ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး မတူဘူးနော်။ ဘာပဲဖြစ်ဖြစ် ကိုယ့် Memory Stick နာမည်ကို မှတ်ထားပေါ့ လွယ်ပါတယ်။
ကဲဒါဆို ပြန်ဖော်နည်း စပါပြီ။ အ၇င်ဆုံး cmd ကိုဖွင့်ပါမယ်။ ဖွင့်နည်းက Window key + R ကိုတွဲနှိပ်လိုက်ရင် Command Box လေးပေါ်လာပါလိမ့်မယ်။ အဲ့ထဲမှာ cmd လို့ ရိုက်ထည့်ပေးလိုက်ပါ။
                                     အဲ့လိုရိုက်လိုက်ရင် ဒါလေးပေါ်လာပါလိမ့်မယ်။
 
အခု အဓိက နေရာေ၇ာက်လာပါပြီ။ေ၇းရမဲ့စာတွေကို သေချာမှတ်ထားနော်။

attrib -s -h E:\*.* /s /d  

ကျွန်တော် ရေးထားသလို လိုက်ရေးပေးပြီး Enter ခေါက်လိုက်ပါ။ ပြီးရင် ခဏစောင့်ပြီး ကိုယ့်ရဲ့ Memory Stick ထဲ ပြန်ဝင်ကြည့်လိုက်ပါ။ သင်ပျော်ရွှင်သွားပါလိမ့်မယ်။ စမ်းကြည့်ပါ အခက်အခဲရှိရင် အစကနေပြန်လုပ်ကြည့်လိုက်ပါ။ လုံးဝအဆင်မပြေရင် aungsumonmobile@gmail.com ကိုမေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

အဆင်ပြေပါစေဗျ။

 


Conferendo Video Chat For Android / PC

4:25 PM
Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။
 
တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။

VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။

www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။

"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" 

မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/

VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။




PC အတွက် VZO ဆော့ဝဲကိုတော့ ဒီမှာနှိပ်၍ သွားရောက်ဒေါင်းယူပါ ။

Android အတွက် VZO ဆော့ဝဲကို ဒီမှာနှိပ်၍ Play Store သို့ သွားရောက်ဒေါင်းယူပါ ။

Play Store ဝင်မရသော သူများကတော့ ဒီမှာနှိပ်၍ ဒေါင်းယူပါ ။ 


အနည်းဆုံး Android 4.0 ကနေမှ စသုံးလို့ရတာပါ ။ Android 2.3 အဆင့်တွေ ထည့်သုံးလို့မရသေးပါဘူး ။ Android 2.3 တွေအဆင့်တွေပါ သုံးလို့ရဖို့ရန် ပြင်ဆင်နေကြောင်း Play Store မှာရေးသားဖော်ပြထားပါတယ် ။


website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အား လွတ်လပ်စွာ ဆက်သွယ်ပြောဆို ပြင်ဆင်ပေးနိုင်ပါတယ်ခင်ဗျား။ 
ကျေးဇူးတင်ပါ တယ် ခင်ဗျား။

{ လေးစားစွာဖြင့်၊ VZOchat အသင်း }
www.vzochat.com
www.conferendo.com
www.facebook.com/conferendo 

""" အားလုံးပဲ Facebook လင့်လေးမှာ Like လုပ်ပေးရင်း ဂုဏ်ယူဝမ်းမြောက် ကြိုဆိုကြပါစို့....."""

အားလုံးပဲ အဆင်ပြေကြပါစေ.....။ 

Credit to : Djjoe Man (MMF)

Galaxy note 12 ထွက်လာအုံးမည်..

4:12 PM
ဆမ်ဆောင်းဟာ သူရဲ့ tablet မျိုးဆက်သစ် galaxy note 12 ထွက်ရှိလာဖို့ ရှိတယ်လို့ အင်တာနက် သတင်းများက ဆိုနေပါတယ်။ အဆိုပါ tablet မှာ စကရင်ဆိုဒ် ၁၂.၂ လက်မရှိပီး 2560x1600 pixel ကိုထုတ်ပေးနိုင်မယ့် IGZO (Indum-Gallium Zinc Oxide) နည်းပညာကို အသုံးပြုထားတာ WQXGA (2500x1600) resolution ကိုထုတ်ပေးနိုင်မယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါ galaxy note 12 မှာ S-pen လည်း ပါဝင်မှာဖြစ်ပါတယ်။
ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက် galaxy note 8 ဟာ အောင်မြင်မှုရတဲ့ tablet တစ်ခုဖြစ်နေပါတယ်။ galaxy series များနဲ့ အောင်မြင်မှု ရလာခဲ့တဲ့ ဆမ်ဆောင်းဟာ သူရဲ့ galaxy အမျိုးအစား ဖုန်း. တက်ပလက်. ကင်မရာတွေကို အလွှာစုံလူတန်းစားစုံ အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဈေးကွက် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။

Samsung Galaxy S4 Zoom (Camera+phone)

4:10 PM

ဆမ်ဆောင်းဟာ ကင်မရာနဲ့ ဖုန်းတွဲစပ်ထားတဲ့ Galaxy S4 Zoom ထုတ်ဝေသွားမှာ ဖြစ်ကြောင်းတရားဝင် ကြေငြာလိုက်ပါတယ်။

အဆိုပါ ဖုန်းနဲ့ ကင်မရာ တွဲစပ်ထားတဲ့ Galaxy S4 Zoom ဟာ 16Mega Pixel CMOS Sensor နဲိ့ရိုက်ကူးနိုင်ပီး 10X Optical zoom ပါဝင်မှာဖြစ်ပါတယ်။ Image Stabilizer နဲ့ Xenon Flash တို့ကို ပေါင်းစပ်အားဖြည့်ထားပါတယ်။




ပီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ Galaxy Camera ဟာ Wifi/3G/4G အင်တာနက် ဆက်သွယ်မှုအတွက် ပါဝင်ပေမဲ့ ဖုန်းခေါ်ဆိုမှု အတွက် dialer ပါဝင်ခြင်းမရှိတဲ့ အတွက် ဖုန်းခေါ်ဆိုမရနိုင်ခဲ့ပါဘူး။ အခု Galaxy Zoom မှာတော့ ဖုန်ခေါ်ဆိုဖို့ အတွက်  dialer ပါဝင်လာတဲ့အတွက် ခရီးသွားရင်း ကင်မရာကော ဖုန်းကော သယ်ရတဲ့ ဒုက္ခ ကင်းဝေစေမှာ ဖြစ်ပါတယ်

အဆိုပါ Galaxy S4 Zoom မှာ 4.3 inch qHD sAMOLED display, (960x540) Screen , 1.5 GB of RAM နဲ့ internal momery 8GB + micsro SD ကတ်ကို 64GB အထိ စိုက်နိုင် တဲ့ ဟတ်ဝဲ များပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် ဘတ္တရီ အနေနဲ့ 2330mAH ပါဝင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန် ဈေးကွက်ထဲ ဖြန်မယ်ဆိုတာ မကြေငြာသေးတဲ့ Galaxy S4 Zoom ဟာ ကင်မရာရော ဖုန်းပါ ပါဝင်တဲ့ အတွက် သုံးစွဲသူတွေ အကြိုက်တွေအုံးမဲ့ ပစ္စည်းတစ်ခု ဖြစ်မှာ အမှန်ပါ။ 





Jailbreak ပညာရှင် pod2g မှ ios 7 beta ကို မကြိုက်

4:06 PM


နာမည်ကျော် Jailbreak tools များကို ဖန်းတီနေသူ pod2g မှ ios 7 beta ကို မကြိုက်ပါဟု သူ၏ twitter account မှတဆင့် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ios 7 beta ၏ interface design, battery မြန်မြန်ကုန်မှု, တခါတလေ နှေးကွေးနေမှု တို့ကြောင့် မကြိုက်နှစ်သက်ဟု ထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။ 
ဒါအပြင် သူက ဆက်လက်ပြောဆိုရာမှာ ios 7 beta ကိုသုံးပီး စိတ်ပျက်ရကြောင်းနဲ့ android စက်တစ်ခုခု ကို ပြောင်းသုံးတော့မယ်လို့ သူ့ရဲ့ twitter page များမှ တဆင် ပြောကြားသွားပါတယ်.
pod2g ဟာ ios 6 နှင့် io 5 တို့ အတွက် ဂျေးဘရိတ်ရ ရန် အဓိက ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။ သူ၏ ဦးဆောင်မှု ဖြင့် evasion jailbreak နဲ့ greenpois0n တို့ ကိုအောင်မြင်စွာထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
pod2g ၏ twitter ... account https://twitter.com/pod2g
 
 
Credit to ပေတူး...

ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6

4:04 PM

Ascend P6 လို့  အမည်ပေးထားတဲ့ ဖုန်းကို ဟာဝေးက မနေ့က တရားဝင်ကြေငြလိုက်ပါတယ်။ ကမ္ဘာ့အပါးဆုံး ဖုန်းလို့ ဆိုတဲ့ ဟာဝေး Huawei Ascend P6 ဟာ Android 4.2.2 Jelly Bean နဲ့  4.7 inch HD display ပါရှိပီး resolution 1280 x 720 pixels ထိပါဝင်ပါတယ်။ 
  • Body: 6.18 mm thick, 120 grams, metallic case
  • Display: 4.7-inch LCD, HD resolution, 312 PPI pixel density
  • Platform: Android 4.2.2 Jelly Bean with Emotion UI 1.6






  • Processor: 1.5 GHz quad-core Huawei K3V2 processor
  • RAM: 2GB
  • Storage: 8GB built-in, extendable up to 32GB through an SD card
  • Front-facing camera: 5-megapixel with feature support for “selfies” and capable of capturing 1080p videos
  • Rear-facing camera: 8-megapixel BSI with F2.0 aperture, LED Flash and 4cm macro view, can record Full HD videos
  • Battery: 2000 mAh with power saving technology
အခုထွက်ရှိလာတဲ့ Huawei Ascend P6 ဟာ iphone 5 နဲ့ ဆမ်ဆောင် galaxy 4 တို့ ပေါင်းစပ်ထားသလိုပဲ လို့ ဆိုနေကြပါတယ်။
US မှာတော့ ဟာဝေးကုပ္မဏီဟာ တရုတ်ထိပ်တန်း စစ်တပ်နဲ့ ပက်သက်မှုရှိနေတဲ့အတွက် အသုံးပြုဖို့ ဝန်လေးနေကြပါတယ်။ June လကုန်လောက်မှ စတင်ထွက်ရှိလာမယ်လို့ ခန့်မန်းထားကြပါတယ်။ ဈေးနှုန်းကတော့ US$600 နီးပါလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။။