TinyUmbrella For iOS 6.1

2:27 PM
iOS 6.0.2 နဲ့  iOS 6.1 တို့ ကို Support လုပ်ပေးနိုင်တဲ့ "TinyUmbrella 6.10.02" လဲ ထွက်လာပါပြီ...

"6.0.2 and 6.1 support for all relevant devices has been added. Sorry for the delay. I'm still working on the rewrite that will include auto updating and much cleaner code. I'll post more details as I get closer to completion. I have a feeling I'll be making at least some of the modules open source on either github or bitbucket.

Enjoy
:)"

>> Download TinyUmbrella (Windows, Mac)

iOS 6.1 ထွက်ပြီ...

2:23 PM
iOS 6.1 မှာ ပါရှိလာတာတွေကတော့...

  • LTE support for more carriers (စာရင်းအတိအကျကို ဤနေရာတွင် ကြည့်ပါရန်)
  • Purchase movie tickets through Fandango with Siri (USA only)
  • iTunes Match subscribers can now download individual songs from iCloud
  • New button to reset the Advertising Identifier


iOS 6.1 Firmware ကို ဤနေရာတွင် Downlaod ရယူနိုင်ကြပါပြီ..


iOS 6.1 ကို Jailbreak လုပ်နိုင်ရန် သတိပြုရမည့် အချက်..

2:21 PM
Apple က iOS 6.1 final ကို ထုတ်ပေးလိုက်ပြီးတဲ့နောက် Jailbreak လုပ်ရန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရသူများ Jailbreak လုပ်ရန် စိတ်စောနေကြလောက်ပါပြီ။

ဒါပေမယ့် iOS 6.1 ကို Jailbreak လုပ်နိုင်ဖို့  "Evad3rd" Dev-Team က ကြေငြာထားပြီး သတိပြုရမယ့် အချက်လေးကိုတော့ လက်မလွန်ခင် ခပ်မြန်မြန်လေး အသိပေးလိုက်ပါတယ်...

"Evad3rd" Dev-Team ၏ ကြေငြာအသိပေးချက်မှာ..

"iOS 6.1 ကို Jailbreak လုပ်ရန် ရည်ရွယ်ထားသူများ ယခု Apple က ထုတ်ပေးထားသော iOS 6.1 ကို update လုပ်ရာတွင် iTunes ကိုသာ အသုံးပြု၍ Update လုပ်သင့်ပါတယ်"

မကြာသေးမီကပဲ "Planetbeing" က Apple iOS 6.1 final ကို Untether Jailbreak အောင်မြင်စွာ လုပ်နိုင်ကြောင်း အတည်ပြုသွားပါတယ်။ iOS 6.1 Jailbreak ကို အခုလာမယ့် Sunday မှာ ထုတ်ပေးနိုင်ပါလိမ့်မယ်။

iOS 6.1 Jailbreak ကို ကြိုးပမ်းခဲ့တဲ့ "Evad3rs" အဖွဲ့ က ယခုထွက်လာမယ့် iOS 6.1 အတွက် Jailbreak ဟာ Apple TV က လွဲ၍ တစ်ခုနှင့်တစ်ခု မတူညီတဲ့ iDevice 22 မျိုးမှာ သုံးလို့ ရမယ်လို့  ထုတ်ဖော်ပြောခဲ့ပါတယ်။

@MuscleNerd
is every other device supported?

@unicornhacker
yes, every other 6.1 device variation will be supported. All TWENTY-TWO of them (omg!). Plus atv2 if it's out in time.

Credit to : iClarified
 

Huawei တွေအတွက် နောက်ဆုံးထွက် Firmware လေးတွေပါ

11:36 AM
Huawei Firmware တွေကို တစ်နေရာထဲမှာ စုစည်းပေးလိုက်ပါတယ်…
လိုချင်သူတွေအနေနဲ့ယူသွားပါ…
Download Link တွေကို တော့ Huawei ကနေ ပဲဒေါင်းနိုင်အောက်တင်ပေးလိုက်ပါတယ်…..

T8950,Android 4.0,V100R001CHNC01B109

T8828,Android 2.3,V100R001CHNC01B825


T8830Pro,Android 4.0,V100R001CHNC01B109


T8830,Android 4.0,V100R001CHNC01B923


T8620,Android 4.0,V100R001CHNC01B912


T8600,Oms2.5,V100R001C01B016SP13


T8833,Android 4.0,V100R001CHNC01B206


T8951,Android 4.0,V100R001CHNC01B20


T9510E,Android 4.0,V100R001CHNC01B203


T9200,Android 4.0,V100R001CHNC01B218


T8808D,Android 4.0,V100R001CHSC01B043


T8300,Oms2.5,V100R001C00B012SP03


T8500,Android2.2,V100R001C01B137


U9500-1,Android 4.0,V100R001CHNC00B130


U9508,Andriod 4.0,V100R001CHNC00B024


U8950D,Android 4.0,V100R001C17B949,


U8825D,Android 4.0,V100R001C17B956


U8685D,Android 2.3,V100R001C17B829


U8836D,IcecreamSandwich,kernel-3.0.13


U9510E,Android 4.0,V100R001CHNC00B125


U8812D,Android 2.3,V100R001CHNC00B100SP07


U8818,Android 2.3,V100R001C17B899


U9200-1, Android 4.0,V100R001CHNC00B124


U9200E, Android 4.0,100R001CHNC00B124


U8836D,Android 4.0,V100R001CHNC00B600SP25


U8860,Android 4.0,V100R001CHNC00B932SP01


U8800+, Android 4.0, V100R001CHNC00B928


U8818,Android 4.0,V100R001C17B926


U8850,Android 2.3,V100R001CHNC00B307SP20


U8860,Android 2.3,V100R001C17B866b


HUAWEI_U9000_Andriod_2.2_V100R001C322B259SP00


HUAWEI_U8500_Android_2.1_V100R001C187B288


C8812,Android 4.0,V100R001C92B949


C8950D,Android 4.0,V100R001C92B948


HUAWEI C8500


C8500S固件(C8500S,Android 2.2,V100R001C92B656


C8685D,Android 2.3,V100R001C92B823


HUAWEI_C8600_Android_2.1_V100R001C92B280


C8810,Android 2.3,V100R001C92B862


C8812E,Android 4.0,V100R001C92B946


C8825D,Android 4.0,V100R001C92B947

 

မှတ်ချက်။      ။  myanmarmobilesoftwaredeveloper မှကူးယူတင်ပြထားပါသည်။

iOS 6.1 အတွက် Untether Jailbreak အဆင်သင့်ဖြစ်ပြီ...

11:32 AM
iOS hacker တစ်ဦးဖြစ်သူ "Pod2g" က အသစ်ပြန်လည် ဖွဲစည်းထားတဲ့ "Evad3rs" Dev-Team ရဲ့  "Planetbeing" နဲ့  "Pimskeks" တို့  အဓိက ကြိုးပမ်းအားထုတ်မှုကြောင့် အခုဆိုရင် iOS 6.1 အတွက် Untether Jailbreak ဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း "iDigitalTimes" နဲ့  ပြုလုပ်တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားလိုက်ပါတယ်...

"ယခု Jailbreak ဟာ "Planetbeing" နဲ့  "Pimskeks" တို့ ရဲ့  စွမ်းဆောင်မှုသာဖြစ်ပါတယ်။ ကျွန်တော်က အပြီးသတ်ခါနီးမှ ရောက်လာတာပါ။ ပိတ်ဆို့ နေတဲ့ အခြေအနေတစ်ချို့ ကို သူတို့  အစွမ်းကုန်ဖြေရှင်းနိုင်အောင် အကြံဥာဏ်ပေးခဲ့ပါတယ်၊ ဒါပေမယ့် တစ်ကယ်ဆိုရင် ကျွန်တော့် အကူညီမပါပဲလဲ ဒီကိစ္စတွေဟာ ပြီးသွားမှာ သေချာပါတယ်" လို့  အသိပေး ပြောကြားခဲ့ပါတယ်။

အခုဆိုရင် iOS 6, iOS 6.1 beta 4 တို့ ကိုပါ Jailbreak လုပ်နိုင်နေပါပြီ ဒါပေမယ့် သူတို့ တွေက iOS 6.1 အတည် ထွက်လာတာကို စောင့်နေကြပါတယ်။ iOS 6.1 ထွက်လာတာနဲ့  တစ်ပြိုင်နက် အခြား လုံခြုံရေးပိုင်းဆိုင်ရာ ထပ်မံ တိုးမြင့်ထားခြင်း ရှိ/မရှိ စစ်ဆေးလို့  အောင်မြင်တာနဲ့  Jailbreak ကို ထုတ်ပေးသွားပါလိမ့်မယ်။

အသစ်ပြန်လည် ဖွဲ့ စည်းထားတဲ့ "Evad3rs" အဖွဲ့ တွင် "Pod2g, MuscleNerd, Planetbeing, Pimskeks" တို့  ပါဝင်ကြပါတယ်။
နောက်ဆက်တွဲ သတင်း အနေနဲ့  Apple က ယနေ့ ပဲ iOS 6.1 beta 5 ကို Developer များအတွက် ထပ်မံ ထုတ်ပေးလိုက်ပြန်ပါပြီ....

Apple နဲ့  Hackers များရဲ့  ပညာပြိုင်ချက်များကြောင့် iOS 6.1 ထွက်ဖို့  ဘယ်လောက် ကြာကြာ ထပ်စောင့်ရမှာပါလိမ့်...


Credit to : iClarified

Chatting သမားများအတွက် Say Hi for android....

11:31 AM
Chatting ပြောရတာဝါသနာပါတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် SayHi လို့ခေါ်တဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲလေးထဲကနေ chat မယ်ဆိုရင် ဒီဆော့ဝဲကိုအသုံးပြုပြီး chatting ပြောနေသူအချင်းချင်း ဘယ်နေရာကနေပြောနေတယ်ဆိုတာကို နေရာအတိအကျ ဆော့ဝဲရဲ့မြေပုံကနေပေါ်နေမှာဖြစ်ပါတယ်။
SayHi app လေးကို ဖုန်းထဲမှာသွင်း ၊ ပြီးရင် SayHi app ထဲမှာ ကိုယ့်ရဲ့မြန်မာနာမည်နဲ့ register လုပ်ပြီးသွားပြီဆိုရင်
SayHi Chatting ကိုစသုံးနိုင်ပါပြီ။
ဒီဆော့ဝဲလေးကိုသုံးဖို့အတွက် ဖုန်းမှာအင်တာနက်ကွန်နက်ရှင်တော့ရှိရပါမယ်။ SayHi v1.96 for Android ကိုအောက်မှာဒေါင်းပါ။

 Say Hi Download Link1

Say Hi Download Link2

 

Android ဖုန်းများတွင် တရုတ်ဖောင့်မပျောက်အောင်မြန်မာဖောင့်ထည့်နည်း

8:11 PM
အခုပြောပြပေးမှာကတော့ root လုပ်ထားတဲ့ Android ဖုန်းအားလုံးမှာ မြန်မာဖောင့်ထည့်နည်းဖြစ်ပါတယ်။ ဒီနည်းကို သုံးလျှင် မြန်မာ၊ အင်္ဂလိပ် ၊ တရုတ် သုံးမျိုးကို မြင်ရမှာဖြစ်ပါတယ်။ လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။




၁။ root explore ကို install လုပ်လိုက်ပါ။
၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
၎။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ (ပြောင်းလို့မရဘူးဆိုရင်တော့ Busy Box ကို install လုပ်ပါ။)
ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။
၈။ အခုဆိုရင်တော့ Android ဖုန်းတွေမှာ တရုတ်ဖောင့် မပျက်အောင် မြန်မာဖောင့် ထည့်လို့ ပြီးပါပြီ။

Root မလုပ်ပဲ Frozen keyboard ကို Factory reset ချတောင် မပျက်အောင် ထည့်နည်း

အခု ပြောပြမှာကတော့ root လုပ်ထားထား မထားထား CWM recovery တင်ထားရုံနဲ့ Frozen keyboard ကို factory reset ချတောင် မပျောက်အောင် ထည့်နည်း ဖြစ်ပါတယ်။ ဒီ zip ဖိုင်လေး လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Android ဖုန်းကို ကျွမ်းကျင်စွာ မသုံးတတ်သေးသည့် User တွေမှာ ဖြစ်လေ့ ဖြစ်ထရှိသည့် Frozen keyboard ကို မှား၍ ဖျက်မိခြင်း ၊ factory reset ချလိုက်၍ keyboard ပျက်သွားခြင်းကြောင့် ဆိုင်ပြန်ပြေးရခြင်း၊ အဲဒီအခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်ပါတယ်။ 

DOWNLOAD


၁။ CWM သွင်းရမည်။

Android ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။


၂။ ကီးဘုတ်ထည့်နည်း


CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်း ကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > FrozenKeyboardByHtayHlaingOo.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာကို ရေးနိုင်တဲ့ Frozen keyboard ကို factory reset ချတောင်မပျောက်ပဲ ဖုန်းထဲမှာရှိနေပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ.......

မှတ်ချက်။   ။  mr.android ဆိုဒ်မှကူးယူတင်ပြထားပါသည်။

 

Computer ပေါ်မှာ apk ဖိုင် logo ဖော်မယ်

8:06 PM
အခုပြောမှာ ကတော့ Computer ပေါ်မှာ apk ဖိုင်ရဲ့ logo ပုံလေးတွေ မြင်ရအောင် လုပ်နည်းဖြစ်ပါတယ်။
အခု version မှာတော့ Window 7 32 bit နှင့် 64 bit မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါသေးတယ်။
မိမိ ကွန်ပျူတာမှ .netframework 4 တင်ထားရပါမည်။
.netframework 4 ကို computer မှာ မတင်ရသေးရင် တင်လိုက်ပါ။ တင်ပြီးရင်တော့ တင်စရာမလိုတော့ပါဘူး။
apkshelltxt_v2_1.zip ကို ဖြေလိုက်ပါ။
zip ဖြေ၍ ရလာသော folder ထဲမှ install.bat ကို run လိုက်ပါ။
run လို့ ပြီးရင်တော့ Computer ကို restart ချလိုက်ပါ။
အဲဒီအချိန် မှာတော့အောက်မှပြထားသည့်အတိုင်း မိမိရဲ့ computer ထဲမှာ apk ဖိုင်တွေကို ဖုန်းထဲက လို logo လေးတွေပေါ်ပြီး စိတ်ကြိုက် ရွေးချယ် လို့ရပါပြီ။


Laptop နှင့် Notebook ကွာခြားချက်

7:51 PM
အမှန်တကယ်ပြောရရင်တော့ ဒီနှစ်ခုကို လူတိုင်းက တူတူပါပဲ့လို ထင်နေကြတယ်။ ကျွန်တော်လည်း အရင်က ဒီတိုင်းပါပဲ့ နောက်ပိုင်း စာလိုက်ဖတ်ဖြစ်တော့မှပဲ့ ကွာခြားချက်တွေကို သိလာခဲ့တာပါ။ဘာတွေ ကွာခြားနေလို့လည်းဆိုတာကို ကျွန်တော်တို့ ကြည့်ကြရအောင်...

Notebooks

ကျွန်တော် Notebook နဲ့ စပြောပါ့မယ်။ Notebook က သွားလာလူပ်ရှားရတဲ့ လုပ်ငန်းတွေနဲ့ ဖျော်ဖြေမူတွေတွက် ထုတ်ကုန်တခုအဖြစ် ဈေးကွက်တွေမှာ ရပ်တည်ပါတယ်။ နောက်တခုကတော့ Notebook မှာ chip မပါဝင်တဲ့ အပြင် ဈေးအရမ်းကြီးပါတယ်။ ဈေးကြီးတဲ့ အမျိုးအနွယ်ဝင်လို့
သမုတ်ခံရတဲ့ အမျိုးအစားတမျိုးပေါ့။ သူရဲ့ လွယ်ကူစွာသယ်ဆောင်သွားနိုင်အောင် ဖန်တီးထားတဲ့ weight နဲ့ ဘယ်နေရာကို သယ်သွားသွား ဘယ်နေရာရောက်ရောက် ဘထရီအားသာ အပြည့်ရှိမယ်ဆိုရင် သူ့မှာ အနည်းဆုံး ၄ နာရီကနေ အထက် အသုံးပြုလို့ရတဲ့ ဘထရီ ပါရှိပါတယ်။ သူဟာ ultra light အမျိုးအစားပါ။ နောက်ထပ် တခုကတော့ notebook မှာ ကျွန်တော်တို့ ရှေ့ကတည်းက သုံးလာခဲ့တဲ့ Floopy drive ကို External drive အနေနဲ့ သုံးခွင့်မရှိပေ့မယ့် စွမ်းရည်ပြည့် CD ဒါမှမဟုတ် DVD ပါရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဓိကကွာခြားချက်ကတော့.. Graphic နဲ့ Screen ပါ။ Graphic ကို Laptop လောက် စွမ်းရည်ပြည့်ပါရှိမှာ မဟုတ်လို Minimum ပဲ့ ပါရှိပါမှာ ဖြစ်သလို Screeen ကလည်း 12 လက်မကနေ 14 လက်မထိပဲ့ ရှိပါတယ်။ ကဲ့ နောက်ထပ် Laptop ကို သွားကြပါဦးစို့....

Laptop

အခုတော့ ထွက်ရှိလာသမျှ Portable computer အမျိုးအစားတော်တော်များများကို များသောအားဖြင့်ပေါ့ လူတွေက Laptop လို့ပဲ့ ခေါ်ဆိုနေကြသလို Laptop နဲ့ notebook နဲ့ တူညီတာကတော့ Potable ဖြစ်တာခြင်းပါပဲ့။ ဒါဆို ကွာခြားချက်ကို ဆက်ကြည့်ရအောင်..သူတို့ နှစ်ခုလုံးမှာ မတူညီတဲ့ Feature တွေ ရှိတယ်လို့ Wiki က ဒီလို ဆိုပါတယ်။ “ Quite large and has lots of power with several features.” ပိုပြီး ကွဲပြားသွားအောင် Laptop ရဲ့ Feature တွေ ကိုပြောပါဦးမယ်။ Laptop ဟာ Notebook ထက် အနည်းငယ် ပိုကြီးပြီး အလေးချိန်ကလည်း notebook ထက် ပိုပါတယ်။ နောက်ထပ် အဓိက ကွာခြားချက်ကတော့ Graphic ပိုင်းပေါ့။ သူ့မှာ Nvidia GeForce ဒါမှမဟုတ် ATI Radeon graphics ပါဝင်ပြီးတော့ Internal DVD RW ပါရှိပါတယ်။ Sound နဲ့ ပတ်သတ်ပြီးတော့လည်း Speaker ကို integrated high quality system ကို သုံးထားပါတယ်။ notebook မှာတော့ ကျွန်တော် အနီနဲရေးထားတဲ့ Function တွေကို နိမ့်နေတာတို့ မပါဝင်တာတို့ ဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးတခုကတော့ Laptop ရဲ့ Screen ပေါ့။ သူက 14 လက်မကနေ 17 လက်မထိ ပါရှိနေတာပါပဲ့။ဒါပေ့မယ် ဒီ Screen ကြောင့်လားတော့မသိဘူးဗျ Battery ရဲ့ စွမ်းဆောင်နိုင်စွမ်းကတော့ notebook လို ၄ နာရီကျော် ၈ နာရီကျော်ထိ ခံမှာ မဟုတ်ပဲ့ ၂ နာရီကနေ ၄ နာရီဝန်းကျင်ထိသာ ခံပါတယ်။


အရမ်းကြီးကွာခြားတာ မဟုတ်ပေ့မယ် သိချင်တယ်ဆိုလို့ မေးလာသူ ညီလေးတွက်တော့ ပြီးပြည့်စုံတဲ့ အဖြေမျိုးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေ့မယ် အတက်နိုင်ဆုံး ကွာခြားချက်တွေကို ရေးပေးနိုင်အောင် ကြိုးစားထားပါတယ်။ ဒီထက် ပိုသိချင်တယ်ဆိုရင် အကြံပြုလိုတာကတော့ Computer ရောင်းဝယ်တဲ့ ဆိုဒ်တွေမှာ ကွာခြားချက်တွေကို အကြမ်းဖျင်းသွားကြည့်နိုင်သလို Wiki မှာလည်း တခုချင်းဆီရဲ့ အပြည့်အစုံကို အသေးစိတ်ဖတ်ရူနိုင်ပါတယ်။ ဒီစာလေးရေးဖြစ်တော့ မိသားစုကိုလည်း သတိရတာနဲ့ လာတင်ဖြစ်တာပါ။ နောက်ထပ်လည်း Laptop တလုံးဘယ်လို ၀ယ်ယူရမလဲဆိုတာရယ် ကင်မရာ အကြောင်း ကို ကျွန်တော် ရေးလက်စတွေ ရှိပါတယ်။ ရေးပြီးပြီဆိုရင်တော့ ပြန်လည် မျှဝေပေးဖို့ ကျွန်တော် ပြင်ဆင်ပါဦးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ..
နေမင်းမောင်ဆိုဒ်မှဖတ်မိသမျှပြန်လည်မျှဝေသည် ......

Icon တစ်ခု အလွယ်တကူ ဖန်တီးခြင်း

7:45 PM
ကျွန်တော်တို့ ကိုယ်ပိုင် အိုင်ကွန်လေးတွေ ကို ဆော့ဝဲလ်နဲ့ ပြောင်းတာ မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးနည်း ကို ပြောပေးပါမယ် လွယ်ပါတယ် ဒါက ကလေးကလားဆန်တယ် အချိန်ကုန်တယ် ဆိုပေမယ့် သူများလုပ်ပြီးသားဆော့ဝဲလ်မှာ ပြောင်းလိုက်တာထက် ကိုယ်တိုင်ကိုယ်ကျ တစ်ဆင့်စီလုပ်ယူသွားခြင်းအားဖြင့် ဖန်တီးတဲ့ စနစ်ကို ထိုက်သင့်သလောက်နားလည်လာပါမယ် နည်းပညာ တစ်ခု တတ်မြောက်ပါမယ် ဒါက အားသာချက်ပေါ့ အားနဲချက်ကတော့ အချိန်ကုန်တာပေါ့နော် သူများဆော့ဝဲလ်ထဲ ကောက်ထည့် ပြောင်းစေဆိုတာကတော့ မြန်တာပေါ့ ဒါပေမယ့် ကိုယ်လုပ်တာမဟုတ်ဘူးလေ ဆော့ဝဲလ်ကောင်းလို့ ရတာ ဒါကွာသွားတာ ကဲကဲ ခရမ်း စရအောင် လှောင်ရီသံတွေ နောက်မဆုတ် လူစီ.........ဟီး အိုင်စီနားရောက်သွားတာ

ပထမ icon လုပ်ချင်တဲ့ ပုံကို Microsoft Office Picture Manager ဆို တဲ့ ဟာလေးနဲ့  ဖွင့်လိုက်ပါ။

ပြီးရင် Resize ကိုနှိပ်လိုက်ပါ။

ပြီးရင် အဲဒီမှာ Custom width x height လို့ ပါတဲ့ဟာလေးကို ရွေးလိုက်ပါ။


ပြီးရင် အဲဒီမှာ 32 x 43 pixels ကိုရိုက်လိုက်ပါ။


ပြီးရင် Save မှတ်လိုက်ပါ။


့ပြီးရင် File ထဲက Export ဆိုတဲ့နေရာလေးကို သွားလိုက်ပါ။

ပြီးရင် Export with this file format ဆိုတဲ့ အောက်က Window Bitmap(*.bmp) လေးကို ရွေးလိုက်ပါ။

အဲဒါလေးပြီးရင်တော့ "Ok" နှိပ်ပြီးတော့ "Save" ထပ်မှတ်လိုက်ပါ။

ပြီးရင် အဲဒီအိုင်ကွန်လေးရှိတဲ့နေရာ ကိုသွားပြီးတော့ အဲဒီအိုင်ကွန်နောက်မှာ (*.jpg) ကို (*.ico) လို့ ပြောင်းလိုက်ပါ။

ဒါဆိုရင် အခု မိတ်ဆွေများဖန်တီးနေတဲ့ အိုင်ကွန်ဟာ အိုင်ကွန် ချိန်းတဲ့ ကွန်ဗက်တာ မလို ပဲနဲ့ ပြောင်းလို့ ပြီးသွားပါပြီ။
အဆင်ပြေပါစေလို့ မျှော်လင့် ပါတယ်..
မူရင်း... အာကာဖြိုး

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း

7:42 PM
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm
Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...

Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ကိုဝင်းကမ္ဘာကျော်ဆိုဒ်မှ ပြန်လည်မျှဝေသည်

နူတ်ဆက်ဖို့ အချိန်တန်ခဲ့တဲ့ Nokia ရဲ့ နောက်ဆုံး Symbian OS သုံး Nokia 808

7:39 PM
Symbian OS သုံး Nokia ဖုန်းတွေကခုချိန်ထိ ရပ်တည်လာခဲ့တာ
အားလုံးသိကြတဲ့အတိုင်း အချိန်တော်တော်ကြာခဲ့ပါပြီ။
Nokia Company က ဒီနေ့မနက်မှာပဲ Symbian OS သုံး Nokia 808 ဖုန်းက
Symbian OS အတွက် နောက်ဆုံးဖုန်းဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါပြီ။
လက်ရှိအချိန်ထိ Nokia Company က Symbian OS သုံးဖုန်း 2.2 Million ကျော် ရောင်းချထားရပြီး
Window phone 8 ဖုန်းကို လည်း အရေအတွက်တော်တော်များများနဲ့ ရောင်းချထားရပါတယ်။
Nokia 808 ဖုန်းက ကင်မရာပိုင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖုန်းတလုံးဆိုလဲ မမှားပါဘူး။
ကင်မရာ ရှေ့၊နောက် ပါဝင်ပြီး ရှေ့ကင်မရာက 41 MP (megapixels) ထိအသုံးပြုနိုင်ပါတယ်။
နူတ်ဆက်ဖို့ အချိန်တန်ခဲ့တဲ့ Nokia ရဲ့ နောက်ဆုံး Symbian OS သုံး
Nokia 808 ကိုစိတ်ဝင်စားလို့ အသေးစိပ်လေ့လာချင်တယ်ဆိုရင်
အောက်မှာပေးထားတဲ့ လင့်မှာ အသေးစိတ်လေ့လာနိုင်ပါတယ် ...
http://www.gsmarena.com/nokia_808_pureview-4577.php

Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ

7:33 PM
Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test




2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။


4. Service mode

*#*#197328640#*#* - you can change settings or run tests in service mode



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics

လူ့ဦးနှောက်သည် Google Data Center တစ်ခု တောင် မလုံလောက်

7:31 PM
လူ့ဦးနှောက် ၏ မှတ်သားသိမ်းဆည်းနိုင်မှု ပမာဏ - Memory Storage

လူ့ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှု ပမာဏကို ဆေးပညာရှင်နဲ့ သိပ္ပံ ပညာရှင်တို့ ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ထားပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီတော့ မတူနိုင်ပါဘူး။ ပျှမ်းမျှယူးထားတာ ဖြစ် ပါတယ်။ လူ့ ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှုက 256 Exabytes ဖြစ် ပါတယ်။ Exabyte ဆိုတာ သန်း ၁ထောင် ( ၁ ဘီလျံ ) ကိုယ်စားပြုပါတယ်။ ဒီတော့ 256 billion Gigabytes ရှိပါတယ်။ ဒီတော့ PC ၁.၂ ဘီလျံ အလုံးရေ မှာ ပါဝင်တဲ့ Hard drive ပေါင်း အရေအတွက်နဲ့ အတူတူပါပဲ။ ဖလောပီ Disk နဲ့ လမ်းခင်းရင် လကို ကျော်လွန်ပါတယ်။

ဒီတော့ လူတစ်ဦးရဲ့  ဦးနှောက်တွင်းက မှတ်ဥာဏ်အားလုံးကို ကွန်ပြူတာထဲ ထည့်သွင်းမယ်ဆိုရင် Google Data Center တစ်ခု တောင် မလုံလောက် ပါဘူး။ 256 billion Gigabytes မှတ်သားနိုင်တဲ့အတွက် လူသားတွေကို ကမ္ဘာ့အကြီးဆုံး Memory Storage Machine/Device အဖြစ် သတ် မှတ်နိုင်ကြောင်း သိရပါတယ်။
--
Ref: technote
Aung Kham (TSJ team)

TechSpace Journal

Version အကြောင်း တစ်စေ့ တစ်စောင်း သိကောင်းစရာများ

7:23 PM
ကျွန်တော်တို့ဆော့ဖ်ဝဲလ်တွေရဲ့ဗ
ားရှင်း အကြောင်းလေး ကြည့်ရအောင်နော်
ဆော့ဖ်ဝဲလ်တွေရဲ့ဗားရှင်းက Major နဲ့ Minor ဆိုပြီး နှစ်မျိုးရှိတယ်ခင်ဗျ။
ဥပမာ - IDM 6.12 မှာဆိုရင် Major က 6၊ Minor က
12 ဆိုပါတော့။ Minor version ကိုမှ Build xxxx ဆိုပြီး နံပါတ်တွေထပ်ခွဲသေးတယ်။

ဆော့ဖ်ဝဲလ်တစ်ခုက ဈေးကွက်ထဲပို့လိုက်ပြီဆိုရင် ဘယ်လောက်မိုးပျံအောင်ကောင်းတဲ့ product ဖြစ်ပါစေ bug လို့ခေါ်တဲ့
coding error တွေ စတဲ့ အမှားမျိုးလေးတွေကတော့ ပါလာတာချည်းပါပဲ။ အကောင်းဆုံးရေးသားထားတဲ့ ဆော့ဝဲလ်တစ်ခုပဲ မြင်ဖူးပါတယ် အဲဒါက ဘာလဲဆို Adobe Photoshop Cs6 ပါ ကြောင်ရုပ်လေးနဲ့ ရေးထားတဲ့ ကောင်ကိုပြောတာ ဘယ်လိုရေးထားတာလဲ ဆို ဒီကောင်က ကော်ပီဗားရှင်းတွေ ထိလွန်းလို့ ထင်တယ် ဒီဆော့ဝဲလ်ကို ဘယ်ဟက်ကာ ခရက်ကာကပဲ ဟက်ဟက် ခရာခရက် ဘယ်နေ့ရောက်ရင် ပျက်ပါစေဆိုပြီး ရေးထားတာ အဲနေ့လဲရောက်ရော အကုန်တင်ထားသူမှန်သမျှ အကုန်ပျက်တာပါပဲ ပြောရင်းဘေးတော့ ရောက်နေပြီ ပြန်သွားမယ်
အဲဒါတွေအတွက် ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေကနေ bug fix တွေ၊ service pack
တွေထုတ်ပေးဖို့ လိုလာပါတယ်။ အဲဒီအခါမျိုးကျရင် မူလဗားရှင်းမှာ minor version
တိုးပြီးထပ်ထုတ်ပါတယ်။ နောက်ပြီး
customer တွေဘက်ကတောင်းဆိုတဲ့ New Feature လေးတွေထပ်ထည့်ချင်တဲ့အခါမျိုးမှာလည်း
minor ဗားရှင်းကိုတိုးပြီး ထပ်ထုတ်လေ့ရှိပါတယ်။

Windows XP, Windows XP SP1, Windows XP SP2 နဲ့ Windows Updates Hot Fix စတာတွေကလည်း
ဒီသဘောပါပဲ။

ဒါပေမယ့်.. ဆော့ဖ်ဝဲလ်တစ်ခုဟာ Release လုပ်ထားတာ သိပ်ကြာလာပြီ။ ပြင်စရာတွေ၊ New Technology
တွေလည်းများလာပြီဆိုရင် အဲဒါတွေကိုစုပေါင်းပြီး Major ဗားရှင်းကိုတိုးပြီး ဗားရှင်းအသစ်အဖြစ် ထပ်ထုတ်ပါတယ်။
အဲဒီအခါကျရင် အစစအရာရာအသစ်ဖြစ်နေတတ်ပါတယ်။ User Interface လို့ခေါ်တဲ့ အမြင်ပိုင်းဆိုင်ရာတွေကအစ
မတူညီတတ်ပါဘူး။ အဲဒီဗားရှင်းတွေကျရင်တော့ သတိထားရပါမယ်။ ချက်ချင်းတန်းမသုံးသင့်သေးပါဘူး
Stable ဖြစ်တဲ့အချိန်ကာလတစ်ခုအထိ၊ အဲဒီဆော့ဖ်ဝဲလ်နဲ့ပတ်သက်တဲ့ Knowledge Base တွေများလာတဲ့အထိ
စောင့်ဆိုင်းသင့်ပါတယ်။

Windows ကိုပဲဥပမာထားပြောရအောင်။ ကျနော်တို့နဲ့တစ်သားတည်းဖြစ်နေတဲ့ Operating System
က Windows XP Professional ပါ။ သူ့ကို မိုက်ခရိုဆော့ဖ်ကနေ (၂၀၀၁)မှာ ထုတ်ခဲ့တယ်။
သူ့ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ SP1 and SP2 တွေကိုတော့ (၂၀၀၂) နဲ့
(၂၀၀၄)မှာထုတ်တယ်။ SP3 ကတော့ ခုထိထုတ်လုပ်ဆဲ အနေအထားမှာပဲရှိသေးတယ်။
(အဲဒီ SP3 မှာဆို ပြင်ဆင်မှုပေါင်း (၁၀၇၃) ခုလုပ်ထားတယ်လို့ဆိုပါတယ်။)
Windows XP နဲ့ SP1, SP2 တွေမှာ အပြောင်းအလဲကို ကျနော့်တို့ရဲ့ လူပြိန်းမျက်စိနဲ့
သတိမထားမိပါဘူး။ ပိုကောင်းလာတယ်လို့ နားလည်နိုင်ပေမယ့် ဘာတွေပိုကောင်းလာမှန်း
သေသေချာချာ မမှတ်သားမိပါဘူး။

ဒါပေမယ့် အခုနှစ် (၂၀၀၇) အစောပိုင်းမှာ ၀င်းဒိုးစ်အတွက် အဓိကဗားရှင်းအပြောင်းအလဲအဖြစ်
Windows Vista ထွက်လာပါတယ်။ Windows Installation မှာပဲ အပြောင်းအလဲကို
သတိထားမိနိုင်တယ်။ သွင်းလည်းသွင်းပြီးရော ပေါ်လာတဲ့ Interface ကသားရည်ကျစရာ။
လှလိုက်တာ၊ ချောမွေ့လိုက်တာ။ တကယ်လည်းသုံးမယ်ဆိုရော ဒုက္ခနဲ့လှလှကိုတွေ့တာပဲ။
စကားလုံးအသစ်၊ နည်းပညာအသစ်၊ လမ်းကြောင်းအသစ်တွေနဲ့...။
Network Configuration တွေလုပ်ဖို့ အရင်က ကလစ်နှစ်ချက်နဲ့ပြီးတယ်။
သူ့ကျတော့ လေးငါးခြောက်ချက်။ ဒီကြားထဲ UAC ဆိုတာကြီးက၀င်ရှုပ်လို့
ကိုယ်လုပ်ထားတဲ့ဖိုင်တောင် ကိုယ်ပြန်ဖျက်မရ။ အရင်ဂိမ်းအဟာင်းတွေ တစ်ခုမှဆော့မရနဲ့ ကျွမ်းပစ်တော့တာပါပဲ။
ရေရှည်သုံးရင်ကျွမ်းကျင်လာနိုင်ပေမယ့် လောလောဆယ်
အလုပ်မတွင်တာနဲ့ ဒင်းကိုပြန်ဖြုတ်၊ Windows XP ရင်ခွင်ဟောင်းမှာပဲ ပြန်ခိုဝင်ရတာပေါ့ခင်ဗျာ။
ဒါတောင် သံယောဇဉ်ကမကုန်တော့ WindowsBlind ဆော့ဖ်ဝဲလ်အကူအညီနဲ့ XP ကို
ဗစ်စတာပုံတူလုပ်ထားသေးတယ်။

ဒါပေမယ့် ခုချိန်မှာတော့ ဗစ်စတာကိုသုံးမယ်ဆို သုံးဖို့သင့်ပါပြီ။ သူ့အားနည်းချက်တော်တော်များများကို
ပြင်ဆင်ပေးတဲ့ Service Pack 1 လည်းထွက်ပါပြီ။ သူ့အကြောင်း စာအုပ်တွေ၊ သင်ကြားရေးစီဒီတွေ၊
အင်တာနက်က အကူအညီတွေ စတာတွေလည်း တစ်ပုံတစ်ပင်ရှိနေပါပြီ။ နောက်တစ်ခုက...
ဆော့ဖ်ဝဲလ်တွေရဲ့သက်တမ်းပါ။ Windows XP မပေါ်ခင်က Windows 98 နဲ့ Me ကိုကွန်ပျူတာတိုင်းမှာ
သုံးခဲ့ကြတာပါပဲ။ ဒါပေမယ့် အခုမြို့ထဲက ဘယ်ကွန်ပျူတာကိုကြည့်ကြည့် XP ကိုပဲတွေ့ရမှာပါ။ အမယ်..
ဟိုတစ်လောက မိုက်ခရိုဆော့ဖ်ရဲ့အရှင်သခင် ဘီလ်ဂိတ်က Windows 98 နဲ့ပတ်သက်လို့ ဘာမှပံ့ပိုးတော့မှာ
မဟုတ်ဘူးလို့ ကြေငြာတာဖတ်လိုက်ရသေးတယ်။ သူ့လောက်ကတော့ ကျနော်တို့ မြန်မာတွေက သနားသေးတယ်။
သူမကြေညာခင်ကတည်းက ဒီမှာ 98 ကိုဘယ်သူမှမသုံးတော့ဘူး။win 7 ကို ၁၀၀၀ (ကျပ်) ပေးဝယ်ပြီး တင်ထားတာ မဟုတ်ကြဘူးလား(ဟီး)

ပြောရင်းနဲ့ ဘေးချော်ကုန်ပြီ။ ပြောချင်တာကတော့ အသစ်ဆိုတိုင်း သုံးလို့မကောင်းသလို
သိပ်ဟောင်းတာတွေလည်း မသုံးသင့်ပါဘူး။ ဗားရှင်းတိုင်းမှာ သူ့ကိုထုတ်တဲ့ကုမ္ပဏီတွေ၊
ဒါမှမဟုတ် သုံးတဲ့ customer တွေက သတ်မှတ်ထားတဲ့ recommended version တွေရှိပါတယ်။
ဘယ်ဗားရှင်းကို သုံးသင့်သလဲဆိုတာ မိမိဘာသာလေ့လာပြီး ရွေးချယ်အသုံးပြုကြဖို့ 
ယူဆကြောင်းပါခင်ဗျာ။
ဖတ်မိသမျှ ပြန်လည်မျှဝေသည်
တချိန်ချိန်မှာ ဘလောက်တစ်ခုခု ပျောက်ဆုံးသွားမှာ စိုးရိမ်မှုအတွက်
ထိမ်းသိမ်းမှုဖြစ်ပါသည်.. အသိပညာ ဗဟုသုတ များတိုးပွားနိုင်ပါစေ ဗျာ..
ဆန္ဒများစွာဖြင့် ညီသူ
မူရင်း .. အာကာဖြိုး

ခဏခဏမေ့တတ်တဲ့သူတွေအတွက် လေချွန်ပီးဖုန်းရှာတဲ့ ဆောစ့်ဝဲလ် for Android

1:13 PM
ဒီကောင်လေးကိုတော့ အရင်ကလည်းတင်ပေးဖူးပါတယ်
ကိုယ့်ကလေချွန်တဲ့  အချိန်မှာ ပြန်ပြီး အသံလေးမည်လာအောင် လုပ်ပေးမည့် Software လေးပါ
ကိုယ်နှစ်သက်အသံလည်း ထည့်ထားလို့ရပါတယ်
https://play.google.com/store/apps/details?id=com.WhistleAndroidFinderPRO
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလင့်မှာရယူနိုင်ပါတယ်
Download>>>zippyshare (or)mediafire (or)sharebeast (or)lastbox.

Android Phone တစ်လုံးတွင် ထည့်သုံးသင့်သည့် Applicationလေးများ

1:04 PM
ဒီပိုစ့်လေးကို ရေးရခြင်းရည်ရွှယ်ချက်က သာမာန် ဖုန်းအသုံးပြုများအတွက် မိမိဖုန်းမှာ ဘယ်လို Application လေးတွေထည့်ထားသင့်တယ်ဆိုတာကို သိစေချင်လို့ တင်လိုက်ရခြင်းဖြစ်ပါတယ်။
အခု အပြင်မှာရော Group တွေ မှာရောတွေ့ နေရတယ်ဗျ Application လေးတွေ အများကြီးထည့်ထားတဲ့  ပြသနာပေါ့ တစ်ကယ်တော့ အဲလောက်အများကြီး မသုံးဘူးလို့ ထင်ပါတယ်။တစ်ချို့ Application လေးတွေဆို ကိုယ်လို တဲ့ အချိန်မှပဲထုတ်သုံးတာပါ။အများကြီး ထည့်မသုံးတော့ မိမိ ဖုန်းလေးအထူးသဖြင့် မလေးတော့ဘူးပေါ့။ အများကြီးထည့်ထားတော့ ဖုန်းကလေးလာတယ်။အဲဒီအတွက်လိုအပ်လာလို့  Choice လုပ်ပြီးတင်ပေးလိုက်တာပါ။
အောက်မှာတစ်ခုချင်းကိုသေချာလေးပြောပြပေးပါမယ်။
1.Advance Task Killer>>> ဒီကောင်လေးကတော့ ထည့်ထားသင့်ပါတယ် ဘာလို ထည့်ထားသင့်လဲဆိုတော့ Android phone အများစုဟာ Application ထဲက Exit လုပ်ပြီးထွက်တာတောင်မှနောက်ကွယ်မှာ ပွင့်နေတတ်ပါတယ်။အဲဒီအတွက် ဒီကောင်လေးက Application လေးများကို ပိတ်ပေးမှာပါ။
2.Mobile Alarm System>>>ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ လုံခြုံရေးအတွက်ပေါ့။
3.Andro Zip >>> ဒီကောင်လေးကတော့ တစ်ချို့ ဖုန်းနဲ့ ပဲအသုံးပြုသူတွေအတွက် Zip File တွေကိုဒေါင်းလုပ်ဆွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Zip file / Rar File တွေကိုဖြည်တဲ့  Software လေးပါဆောင်ထားသင့်ပါတယ်။
4.App Lock>>>ဒါလေးကတော့ Application လေးတွေကို Lock ချတဲ့  Software လေးပါ။မိမိဖုန်း၏ Application လေးများကို တစ်ခြားလူ အသုံးမပြုနိုင်အောင်ကာကွယ်ပေးမှာပါ။Application ကို Lock ချတဲ့ Function အပြင် Incall / outcall ပါ Lock ချလို့ ရပါတယ်။
5.Awesome Miniature Pro ဒီကောင်လေးကတော့ Photo Editor Software လေးပါ။မိမိ၏ Photo တွေ ပြင်ချင်တဲ့ အခါမျိုးမှာအသုံးပြုနိုင်တာပေါ့။
6.Cache Mate>>> ဒါလေးကတော့ Cache Mate Application လေးပါ။မိမိဖုန်းမှာ မလိုလားအပ်သော Cache များကို ရှင်းပေးမှာပါ။
7.Dr.Web anti-virus>>> Antivirus Application လေးပါ။ Memory နည်းနည်းနဲ့ ကောင်းကောင်းအသုံးပြုချင်သူတွေအတွက်အဆင်ပြေမှာပါ ဒီ Application မှာ Call Block funtion နဲ့  မိမိဖုန်းကို ပျောက်သွားတဲ့ အချိန်မျိုးမှာ Lock ချတဲ့ effect တွေပါပါတယ်။
8.Droid Scan Pro>>>Android ဖုန်းကနေ စာရွက်တို့ဘာတို့ တစ်ခုခုကို ဒီဆော့ဝဲလေးအသုံးပြုပြီး scann ဖတ်လို့ရပါတယ်။ Android ဖုန်းကို Scanner အဖြစ်အသုံးပြုလို့ရစေတာပေါ့။ နောက်ပြီး ဒီဆော့ဝဲလေးနဲ့ scan ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ တစ်ခါတည်းထုတ်လို့ရပါသေးတယ်။ ရှိထားသင့်တဲ့ application လေးပါ။
9.DroidSheepGuard>>> ဒါလေးကတော့ မိမိအကောင့်လုံခြုံမှုအတွက် ဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာဆောင်ထားသင့်ပါတယ်။ Droid Sheep ဖြင့် Hacking လုပ်ခြင်းရန်မှ ကာကွယ်ပေးပါတယ်။
10.DX Battery Saver Pro>>> Battery Saver လေးပါ မိမိဖုန်းမှာ Battery စားသက်သာအောင် CPU Low လုပ်တဲ့  function တွေအပြင် Long Mode တွေပါပါတယ်။ဆောင်ထားသင့်ပါတယ်။
11.Easy Downloader Pro>>> ဒါလေးကတော့ မိမိဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာ Application သို့ မဟုတ် Game တစ်ခုခုကို download လုပ်ချင်တဲ့  အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Resume ပါပါတယ်။
12.Easy Filter>>>ဒီကောင်လေးကတော့ မိမိဖုန်းကိုနှောက်ယှက်မည့်ရန်မှ ကာကွယ်ပေးမှာပါ။မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကင်းဝေးမှာပါ။ Call Block လေးပါ။
13.ES File Explorer>>>File Manager လေးပါ။မိမိ Original filemanager ပါလာတာကိုမသုံးချင်သူများအတွက် ဒီကောင်လေးက အဆင်ပြေပါတယ်။ file များကို delete/copy/mode များကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။
14. Fast Reboot>>> ဒါလေးကတော့ မိမိဖုန်းလေးလာတဲ့ အခါမျိုးမှာ လျှင်မြန်စွာ Reboot ချပေးမည့်ကောင်လေးပါ တော်တော်လေးသုံးကောင်းပါတယ်။
15. Gallery Lock>>> မိမိ၏ သူများမသိစေချင်သော vedio /photo များကို Lock လုပ်ပေးမည့်ကောင်လေးပါ။ သူ၏ Application ကိုလည်း hidden လုပ်ပေးတဲ့ function လေးပါပါတယ်။
16.HD Panorama>>> ဒီကောင်လေးကတော့ မိမိဖုန်းမှာ Original မြင်ကွင်းကျယ် ရိုက်ကူမှုမပါတဲ့ ဖုန်းများအတွက်ပါ ။ ဒီကောင်လေးကို အသုံးပြုပြီး မိမိ မိသားစုအဖွဲ့ လိုက်ပုံများကို ကြည်လင်စွာ ရိုက်ကူးနိုင်မှာပါ။
17.MMAS Market>>> ဒါလေးကတော့ ကျွန်တော့တို့ ၏ myanmarmobileapp ၏ Market လေးပါ မိမိအသုံးလို့ သော Application and Game များကို မြန်မာဘာသာနဲ့ ရှင်းပြပေးထားပြီး
လိုချင်သော Application and Game များကို One Click Download စနစ်နဲ့ အသုံးပြုပြီး ဒေါင်းနိုင်မှာပါ။
18.Music Off>>>မိမိသီချင်းဖွင့်လျှက်အိပ်ပျော်သွားတဲ့ အခါမျိုးမှာ မလိုလားအပ်သော အသံဆူညံမှု Battery အားကုန်မှုတွေကိုဖြေရှင်းပေးမှာပါ။ Timer နဲ့ မှတ်ပြီး သီချင်းတွေကို ပိတ်ပေးနိုင်ပါတယ်။
19.MX Player>>> ဒါလေးကတော့ vedio player လေးပါ ။ ဖုန်းမှာ original player မသုံးချင်သူများအဖို့ အဆင်ပြေမှာပါ။ FLV file တွေပါ support ပေးပါတယ်။
20.Ringdroid>>>ဒီကောင်လေးကတော့ မိမိဖုန်းနဲ့ တင် သီချင်းများကို ဖြတ်ညှပ်ကတ်လုပ်ချင်သူများအတွက် အဆင်ပြေမှာပါ။
21.Sensor music player>>> ဒါလေးကတော့ sensor နဲ့  သီချင်းများကို ကျော်ချင်ပြုချင်သူတွေအတွက်ပါ screen ကိုလက်နဲ့ မထိချင်သူတွေအတွက်ပါ။
22.SimSimi>>> ဒီကောင်လေးကတော့စကားပြောသောအကောင်လေးပါ မိမိပျင်းနေတဲ့ အချိန်မျိုးမှာ internet ဖွင့်ပြီး သူနဲ့ စကားပြောနိုင်ပါတယ်။
23.Titanium Backup Pro>>>မိမိ၏ Application and game များကို backup လုပ်ချင်တဲ့ အချိန်မျိုးမှာ အသုံးပြုနိုင်ပါတယ်။တော်တော်လေးကောင်းတယ်။
24.Ultimate Voice Recorder>>> မိမိဖုန်းပြောတဲ့ အခါမျိုးမှာ တစ်ဖက်ကအသံကိုကြည်လင်စွာဖမ်းယူပေးနိုင်မည့် recorder လေးပါ။
25.Wifi Protector>>>Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။အများနဲ့အတူသုံးတဲ့အတွက် ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေစသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။ ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ ပါတာပေါ့။သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော ပိုင်ရှင်မသိအောင်ခဏတော့ သုံးတာပေါ့ဗျာ။စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့ ငရဲတော့ မကြီးကောင်းပါဘူး။ အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို ဆောင်ထားပါ။Rootလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ။
OR
OR

မှတ်ချက်။   ။ myanmarmobileapp မှကူးယူတင်ပြထားပါသည်။

iPad Mini ကိုပြိုင်မည့် Samsung Tablet

1:00 PM
အသစ်ထွက်ရှိလာမယ့် Samsung ၏ Galaxy Note 8.0 ဟု ယူဆရသော Tablet အသစ် ရဲ့ ဓါတ်ပုံအချို့  ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ ရှေ့ ပြေးပုံစံ (prototype) သို့ မဟုတ် အပြီးသတ် ပုံစံလားဆိုတာတော့ အတိကျ မပြောနိုင်သေးပါဘူး။ Tablet အသစ်ရဲ့  ပုံစံဟာ Galaxy S III, Galaxy Note II တို့ နဲ့  ပုံစံတူသော်လည်း ပို၍ ကြီးမားတာကို တွေ့ ရပါတယ်...
Samsung ရဲ့  ပုံစံအတိုင်း Function key နှစ်ခုအလယ်မှာ physical key ပါရှိပြီး ညာဘက်အောက် ထောင့်လေးမှာတော့ S-Pen ထားရန် နေရာလေး ပါရှိပြီး Galaxy စီးရီးမှာ ထူးထူးခြားခြားတစ်ခု ဖြစ်လာနိုင်ပါတယ်။

Screen အချိုးက 16:09 ဆိုသော်လည်း 16:10 လောက်ရှိနိုင်ပြီး စာဖတ်လို့ ကောင်းတဲ့ အနေအထား အကျယ်အဝန်း ရှိပါတယ်။ Resolution ကို သေချာ မပြောနိုင်သော်လည်း 1280 x 800 လို့ ခန့် မှန်းမိပါတယ်။ အနောက်ဖက်တွင် ကင်မရာ ပါရှိပြီး Flash တော့ မပါဝင်ပါ။ ပုံရိပ် အရည်အသွေးက 5 megapixel ဖြစ်ပါတယ်...

Quadcore Processor သုံးထားပြီး 2GB RAM နဲ့  ထွက်ရှိလာနိုင်ပါတယ်။ ယင်း Samsung Tablet အသစ်ဟာ Apple ရဲ့  iPad Mini ကို ယှဉ်ပြိုင်မယ့် အဓိက Tablet တစ်ခု ဖြစ်လာပါလိမ့်မည်...

Credit to : dday.it




မကြာခင် တောက်ပလာတော့မယ့် Jailbreak ၏ အနာဂါတ်

12:58 PM
iOS hacker တစ်ဦးဖြစ်သူ "Planetbeing" က သူပြုလုပ်နေတဲ့ Jailbreak Tweet ဟာ Public ကို ထုတ်ပေးနိုင်ဖို့  အတော်နီးစပ်နေပြီ ဖြစ်ကြောင်း သူရဲ့  Twitter မှာ ဖော်ပြရေးသားထားပါတယ်။

ဒါဟာ Jailbreak ကို စောင့်နေမျှာ်နေကြတဲ့ ပရိဿတ်တွေ အတွက် မျှော်လင့်ချက်ကောင်း တစ်ခုပဲဖြစ်ပါတယ်...

"Planetbeing" က သူရဲ့  Twitter မှာ

"များပြားလှတဲ့ လုပ်ငန်းစဉ်များ ရက်အနည်းငယ် အတွင်းမှာ အဆုံးသတ်နိုင်ပြီး Jailbreak ရဲ့  အနာဂါတ်ဟာ တောက်ပလာလိမ့်မယ်လို့  သူထင်ထားကြောင်း" အောက်ပါအတိုင်း ဖော်ပြထားပါတယ်... 

"Planetbeing" နှင့် "pod2g" တို့ ဟာ iOS 6 ကို ထိုးဖောက်နိုင်ဖို့  ပျော့ကွက် အသစ်နှစ်ခုကို မကြာသေးမီက ထပ်မံ တွေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအားနည်းချက်ကို ဖြေရှင်းနိုင်ဖို့  အဓိက လိုအပ်တဲ့ Coding ပျောက်ဆုံးနေသေးတဲ့အတွက် Public Jailbreak ကို မထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ အခုတော့ Plublic ကို ထုတ်ပေးနိုင်ဖို့  သူတို့ နှစ်ဦး အရှိန်မြှင့် ဆောင်ရွက်နေကြပါပြီ။

ယခင် "Planetbeing" ၏ ပြောဆိုချက်အရ Jailbreak ကို iOS 6.1 ထွက်လာမှ ထုတ်ပေးဖို့  ပြောထားခဲ့ပေမယ့် အကယ်၍ သူတို့ မှာ "exploits" တော်တော်များများ စုဆောင်း ရရှိနေပြီ ဆိုရင်တော့ Jailbreak ဟာ သိပ်မကြာခင်မှာ ထွက်လာနိုင်ရန် ရှိနေတယ်လို့  ခန့် မှန်းမိပါကြောင်း ...

ယနေ့ Twitter မှာ "pod2g" ကလည်း "Come on Apple. Release that 6.1 now!" လို့  ထပ်မံ စိန်ခေါ်နေပြန်ပါတယ်... 

Credit to : iClarified


iPhone Unlock လုပ်ခြင်းသည် ဥပဒေနှင့် ငြိစွန်းမည်

12:55 PM
ယခုလာမည့် (ဇန်နဝါရီ ၂၆ရက် ၂၀၁၃) နောက်ပိုင်းတွင် ဝယ်ယူမည့် iPhone များအား Unlock လုပ်ခြင်းသည် တရားမဝင်တော့ကြောင်း U.S. Library of Congress က ထုတ်ပြန် ကြေငြာလိုက်သည်..

သို့ သော်လည်း ယခု ထုတ်ပြန်ကြေငြာသည့်ရက်ထက် ရက်ပေါင်း ၉၀ (အောက်တိုဘာ ၂၈ရက် ၂၀၁၂) စောစွာ ဝယ်ယူထားကြသော iPhone များကိုမူ "Carrier's permission" တစ်ခုတည်းဖြင့်သာ Unlock လုပ်နိုင်ခွင့် ရှိပါလိမ့်မည်။

ကြေငြာချက် အပြည့်စုံမှာ..

Computer programs, in the form of firmware or software, that enable a wireless telephone handset originally acquired from the operator of a wireless telecommunications network or retailer no later than ninety days after the effective date of this exemption to connect to a different wireless telecommunications network, if the operator of the wireless communications network to which the handset is locked has failed to unlock it within a reasonable period of time following a request by the owner of the wireless telephone handset, and when circumvention is initiated by the owner, an individual consumer, who is also the owner of the copy of the computer program in such wireless telephone handset, solely in order to connect to a different wireless telecommunications network, and such access to the network is authorized by the operator of the network.

This exemption is a modification of the proponents’ proposal. It permits the circumvention of computer programs on mobile phones to enable such mobile phones to connect to alternative networks (often referred to as “unlocking”), but with limited applicability. In order to align the exemption to current market realities, it applies only to mobile phones acquired prior to the effective date of the exemption or within 90 days thereafter.

ထိုနည်းတူစွာပင် "Jailbreak" လုပ်ခြင်းကိုလည်း တရားမဝင်ကြောင်း ကြေငြာခဲ့ပါသည်....

သိပ်လည်း ဝမ်းနည်း စိုးရိမ်မသွားကြပါနဲ့ ဦး.... အထက်ပါ ဥပဒေဟာ U.S တစ်နိုင်ငံထဲမှာသာ အကျိုးသက်ရောက်ပါလိမ့်မယ်...


Credit to : iClarified
 

iPh 5s က မတ်လ ပထမပတ် မှာ Pre Order စတင်လက်ခံ

12:52 PM

iPh 5s က မတ်လ ပထမပတ် မှာ Pre Order စတင်လက်ခံပြီး မတ်လ (၂၁)ရက်နေ့မှာ U.S., UK, Japan, Canada, Switzerland, Germany, France, Hong Kong, Singapore နဲ့ Australia (၁၀)နိုင်ငံ ရဲ့ Apple Store တွေမှာဈေးကွက်စဖြန့်မှာဖြစ်ပါတယ်။US ရဲ့ AT&T, Verizon, Sprint ကနေတဆင့် ၂နှစ်စာချုပ်နဲ့ဝယ်ရင်
memory 16GB,32GB,64GB တွေကို US $ 199,299,399ဈေးနှုန်းကျမှာ ဖြစ်ပါတယ်။

Samsung Galaxy Official Firmwares

12:48 PM


Galaxy Mini[s5570i]
(v2.3.6)(121.69MB)                           — > http://www.mediafire.com/?rykqwnn13tox2bc

Galaxy Mini [s5570]
(v2.3.6) (134.57MB)                          – > http://www.mediafire.com/?qlg8r4durb2y1qv

Galaxy Mini [s5570B]
(v2.3.4) (111.78MB)                          – > http://www.mediafire.com/?48neoz5ee3o6zsu

======================
Galaxy Mini 2 [s6500D]
(v2.3.6) (257.58MB)                           — > http://www.mediafire.com/?ee36d1r6hlu8y6r
Galaxy Mini 2  [s6500]
(v2.3.6) (255.52MB)                          – > http://www.mediafire.com/?cpxv9x369o3cl3x
======================
Fit [s5670] (v2.3.6) (124.07MB)          – >http://www.mediafire.com/?epleelgnwef81pb
=======================
Y [s5360] (v2.3.6) (124.64MB)          – > http://www.mediafire.com/?cytc1ubf17mk154
Y [s5369] (v2.3.6)  (131.55MB)        – > http://www.mediafire.com/?rluh787x26qx917
=======================
W [i8150] (v2.3.6) (269.05MB)         — > http://www.mediafire.com/?48hbuao095a0l4c
======================
R[i9103] (v2.3.6)(350MB)                 — > http://www.mediafire.com/download.php?p1uycgxexd36ka3
R[i9103] (v4.0.4) (390MB)                – > http://www.mediafire.com/download.php?wqd9btzpirz67ok
=======================
Ace[ s5830i ](v2.3.6)(126MB)          – > http://www.mediafire.com/download.php?w7sdpwt2dp4xx9a
Ace [s5830 ](v2.3.6) (136MB)           — > http://www.mediafire.com/download.php?q879pt6747r6i5a
Ace [s5830T]
(v2.3.6) (115.94MB)                         — > http://www.mediafire.com/?zcxu8t64blc1nt7
Ace Duos[ SCH-i589]
(v2.3.6) (167MB)                             — > http://www.mediafire.com/download.php?cetce5d8gmee9cx
=======================
Ace 2 [i8160]
(v2.3.6) (454.93MB)                        – > http://www.mediafire.com/?q17khizm8fc8dmt
Ace 2 [i8160L]
(v2.3.6) (401.52MB)                       — > http://www.mediafire.com/?f87kbmc8dnbexib
========================
Ace Plus [s7500]
(v2.3.6) (251MB)                             — > http://www.mediafire.com/download.php?16lok00btm2rd21
Ace Plus [s7500L]
(v2.3.6) (255.43MB)                        – > http://www.mediafire.com/?s05jxrv2b2yr7ss
=======================
S Advance[i9070]
(v2.3.6)(335MB)                             — > http://www.mediafire.com/download.php?9j08jlucpy123bs
S Advance[i9070]
(v4.1.2) (422.21MB)                       — > http://www.mediafire.com/?akx6c4kglckmyil
S Advance[i9070P]
(v2.3.6) (497.7MB)                        – > http://www.mediafire.com/?ubgen32293emt3x
========================
Gio [s5660]
(v2.3.6) (136MB)                           — > http://www.mediafire.com/download.php?amoz7as2z6sttkv
Gio [s5660] (v2.2.1) (120MB)         — > http://www.mediafire.com/download.php?9k7f7o3eba2blbq
Gio [s5660] (v2.3.5) (133MB)         — > http://www.mediafire.com/download.php?2r6hmug26d7cmyq
Gio [s5660M] (v2.3.4) (117MB)      – > http://www.mediafire.com/download.php?2eax6vjt58pbzbb
Gio [SHW-M290K]
(v2.3.*)(203.34MB)                      – > http://www.mediafire.com/?5n4lqbrmxaewxbi
Gio [SCH-i569]
(v2.3.6)(154.34MB)                     — > http://www.mediafire.com/?h2rrp0n45892d5a
=======================
Tab 7.7 [P6800]
(v4.0.4) (521MB)                          – > http://www.mediafire.com/download.php?fls1hqksanve226
======================
Tab2-10.1[P5100]
(v4.1.1) (700MB)                          – > http://www.mediafire.com/download.php?1hmg4hbuzguuuer
=======================
Tab2-7.0 [P3100]
(v4.1.1) (866.11MB)                      – > http://www.mediafire.com/download.php?egufbwkl3v9ew55
=======================
Nexus [i9250]
(v4.0.1) (188.68MB)                      – > http://www.mediafire.com/?pxurhcd1ejgd6qx
======================
S[i9000] (v2.3.6) (181MB)           — > http://www.mediafire.com/download.php?7lxrb85da579ga1
S[SHW-M110S]
(v2.3.6)(203.69MB)                      – > http://www.mediafire.com/?m8698zu39txhr3a
S[SHW-M110S]
(v2.3.5) (202MB)                         — > http://www.mediafire.com/?6ygftgtkebn5n6t
S Sl [i9003]
(v2.3.6) (204.58MB)                    – > http://www.mediafire.com/?761noom7ahf8v26
=========================
S Plus[i9001]
(v2.3.6) (271.58MB)                    – > http://www.mediafire.com/?pyoo5x0nm8wduhq
=========================
S II [i9100] XWLS8
(v4.1.2) (541.3MB)                     — > http://www.mediafire.com/?lopxrcsgcjawddv
SII [i9100](v4.1.2) (531MB)       — > http://www.mediafire.com/download.php?kn3auz812btzn1m
SII[i9100](v4.0.4) (387MB)         — > http://www.mediafire.com/download.php?iijoc2e2n83r12u
SII [i9100g] (4.0.3) (398MB)      – > http://www.mediafire.com/download.php?m4fibmp88e91dyx
SII [i9100G] (v4.0.4) (355.37MB)– >http://www.mediafire.com/?vs31w4s089udsha
SII[i9100T] (v4.0.3) (345.12MB) — > http://www.mediafire.com/?3ecps12cyc9wnyo
SII [SHW-M250K]
(v4.0.3) (328.96MB)                   — > http://www.mediafire.com/?qfzzheram43fo4k
=========================
SIII[i9300](v4.1.2)(859MB)       — > http://www.mediafire.com/download.php?dba733uccudivtg
SIII[i9300] XXELL1
(v4.1.2) (1014MB)                     — > http://www.mediafire.com/download.php?s3m5i6rik0ct8j3
SIII[i9300]Poland
(v4.1.2) (839MB)                       –> http://www.mediafire.com/download.php?ut7ba8ec0fahyqp
SIII[i9300] (v4.0.4)(758MB)      – > http://www.mediafire.com/?elt02qjfoo44pql
SIII[ i9300T ]
(v4.1.1) (763MB)                      – > http://www.mediafire.com/download.php?nja7it5i6w78c20
SIII [ T999 ]
(v4.1.1) (731MB)                      – > http://www.mediafire.com/download.php?1b0pq5dr79nqdh1
SIII [SHV-E210L]
(v4.1.2) (869.25MB)                 — > http://www.mediafire.com/?4n41xhg6jes781d
S III [SHV-E210K]
(v4.1.2) (951.06MB)                – > http://www.mediafire.com/?p85cj653133t46v
=========================
SIII Mini [i8190]
(v4.1.2) (628.8MB)                  – > http://www.mediafire.com/?a63a3304uetn4z6
========================
Note 10.1 [N8000]
(v4.1.1) (1.01GB)                     — > http://www.mediafire.com/download.php?r3li94j10mf8614
Note 10.1 [N8000]
(v4.1.2) (1.08GB)                     — >http://www.mediafire.com/download.php?yrfl25k7wcfb7nh
=========================
Note II (N7100]
(v4.1.2) (1.03GB)                    – > http://www.mediafire.com/download.php?jgbqbsz1mcuubne
Note II (v4.1.2)
Poland (985MB)                     –> http://www.mediafire.com/download.php?4b8ns0frkaqxcru
Note II [N7100T]
(v4.1.1) (1.05GB)                   — > http://www.mediafire.com/download.php?ffj3sqyviamnaa5
=========================
Note [N7000]
(4.0.4) (663.1MB)                 — > http://www.mediafire.com/?a6saftqv9z1764a
Note [N7000]
( v4.1.1)(732MB)                  – > http://www.mediafire.com/?6z6d4p3l6ie66t6
Note [N7000]
(v 4.1.2) (1.05GB)                – >http://www.mediafire.com/?lg3qynv64bvwdac
========================
========== Samsung Kies=============
77MB                                  – > http://www.mediafire.com/download.php?3vr639543038g23

မှတ်ချက်။  ။ myanmarmobileapp မှကူးယူတင်ပြထားပါသည်။

KGB Archiver

4:36 PM
ကွန်ပျူတာသမားတွေအတွက် ဒီဆော့ဝဲလေးကိုလည်းကြိုက်နှစ်သက်ကြမှာပါ။ KGB Archiver ဆိုတာကတော့ Zip ဖိုင်ချုံ့သလိုပဲ ဖိုင်ချုပ်/ချုံ့တဲ့ဆော့ဝဲလေးပါ။ Win-Rar ကိုအသုံးပြုပြီးဖိုင်ချုံ့တာထက် size သေးအောင်ဒီဆော့ဝဲလေးက ဆယ်ဆပိုပြီးချုံ့နိုင်ပါတယ်။ သုံးကြည့်ချင်သူများအောက်က link မှာရယူနိုင်ပါတယ်။



How To Repair Memory Card (Memory Card တွေကို Cumputer ကမဖတ်ရင်/မသိရင်)

4:32 PM

Memory Card တွေကို Cumputer ကမဖတ်တော့ရင်/မသိရင် ဒီ Software လေးနဲ့ Repair လုပ်ပေးနိုင်ပါတယ်....:)


MultiMediaCards (MMCs) used for mobile phones are prone to memory corruption errors due to improper usage or mishandling. However these problems can often be solved with a simple reformat of your MMC.
MMC Medic is a free desktop application that reformats your corrupted MMC so that you can use it again. Do take note though that reformatting your MMC deletes all of its contents.
repair your MMC, put it in a card reader and insert it in your computer. Then run MMC Medic and enter the capacity of your MMC and the drive letter where you placed your card reader. You can also input your MMC’s volume label. Once you are set, click “Format MMC“ to start repairing it.
MMC Medic is a great tool that can help people with lots of mobile devices while removing the hassle of corrupted external storage.
Click Here to Download


အင်တာနက် အကြောင်းဗဟုသုတလေးပါ

4:30 PM
အီးမေလ်း စတင်ပေါ်ပေါက်လာပုံ

ARPANETတွင်အသုံးပြုနိုင်မည့်ပထမဆုံးအီးမေလ်းစနစ်ကိုစတင်ကြံဆသူမှာ BBN မှ Ray /Tomlinson ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည် ဟုသိရသည်...။။ username နှင့် address ကြားတွင်အသုံးပြုသည့် @ ကိုလည်းသူကပင်ရွေးချယ်သတ်မှတ်ပေးခဲ့ပါသည်....။။

အင်တာနက်ကိုစတင်အသုံးပြုခဲ့သူ ဘယ်သူလဲ

မှတ်တမ်းများအရ ကာလီဖိုးနီးယား university မှသူတေသနပညာရှင် Charley Kline သည်မျက်မှောက်ခေတ်အင်တာနက်၏ ကနဦးမိုဒယ်ဖြစ်သောARPANET ကို ၁၉၆၉ နှစ်အောက်တိုဘာလ ၂၉ရက်နေ့ တွင်ပထမဆုံးစတင်အသုံးပြုခဲ့သည်ဟုသိရသည်...။။
Kline သည် Standford Research Institute သို့ ဆက်သွယ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊သူ၏ဆက်သွယ်မှုမှာ မအောင်မြင်ခဲ့ပေ..။။

ပရိုတိုကောများ

အဝေးတစ်နေရာမှ ကွန်ပျူတာတစ်လုံးသို့ လှမ်းပြီး log on ၀င်ရောက်နိုင်သည့်ပထမဆုံး ပရိုတိုကောမှာRequest for comment (RFC) ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်ပေါ်ထွက်ခဲ့သည်..။RFC သည်ကွန်ရက်အတွင်းတွင်ကွန်ပျူတာများအချင်းချင်းသူတေသနရလဒ်များကို ဖလှယ်ရန်အတွက်ဖြစ်သည်။ဖိုင်အမျိုးမျိုးဖလှယ်နိုင်သော ftp protocol မှာလည်း RFC တစ်ခုအဖြစ်၁၉၇၃ခုနှစ်တွင်ပေါ်ပေါက်ခဲ့သည်။
ဟားဘတ်ကျောင်းသားတစ်ဦး၏ဘွဲ့ ယူစာတမ်းမှတစ်ဆင့်ပေါ်ထွက်ခဲ့သောEthernet protocolကိုမူ local networkများတွင်တွင်ကျယ်စွာအသုံးပြုကြသည်။ထို့ နောက်.. TCP/Iခေါ်ပရိုတိုကောများပေါ်ပေါက်လာသောအခါအင်တာနက်မှာ လူအများကျယ်ပြန့်စွာအသုံးပြုနိုင်သောအဆင့်သို့ တိုးတက်လာသည်။TCP/IP ကို၁၉၈၃တွင် ကမ်ဘာသုံးအဖြစ်သတ်မှတ်ခဲ့ကြသည်...။။

(ISP) ဆိုတာ ဘာလဲ

Internet Service Provider ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်...။။ISP တွေဟာသင့်ရဲ့ ကွန်ပျူတာနဲ့  အင်တာနက်ရဲ့  ကြားမှာ Gateway အဖြစ်နဲ့  ဆောင်ရွက်ပေးပါတယ်..။။ISP တွေဟာ.. dail-up broadband စတဲ့ အကောင့်အမျိုးအစားအမျိုးမျိုးကို ရေါးချယ်ခွင့်ပေးပါတယ်..။။ဝန်ဆောင်စရိတ်ကို နှစ်စဉ်ကြေး(စိတ်ကြိုက်သုံး)ပုံစံနဲ့ ဖြစ်စေ၊နာရီနဲ့ ဖြစ်စေ..download ပမာဏပေါ်မူတည်ပြီးဖြစ်စေပေးချေရပါတယ်..။။

Bandwidth နဲ့  Broadband တို့ ရဲ့  Defination

Bandwidth ဆိုတာအင်တာနက် connection ရဲ့  အမြန်နှုန်းကိုတိုင်းတာတဲ့ ယူနစ်စနစ်တစ်ခုဖြစ်ပါတယ်..။။သမားရိုးကျ dail-up modem တွေဟာ.. ယနေ့ စံချိန်နဲ့ ကြည့်ရင် Bandwidth ထက်ကျဉ်းတဲ့အတွက်webpage တွေကို ဖွင့်ရာမှာ email ပို့ ရာမှာ download ဆွဲရာမှကြာမြင့်တတ်ပါတယ်..။။ ADSL, cable နဲ့  satellite တို့ ရဲ့  Bandwidth ကပိုမြင့်တဲ့အတွက် connectin ပိုမိုမြန်ဆန်ပါတယ်..။။
သူတို့ ကိုခြုံငုံပြိး broadband လို့ ခေါ်ခြင်းဖြစ်ပါတယ်။ယေဘုယျအားဖြင့် Bandwidth အင်တာနက်အသုံးပြုရတာ(အထူးသဖြင့် ဗီဒီယို downlaod တွေ video call တွေမှာ)ပိုမိုအဆင်ပြေချော့မွေ့ လာနိုင်ပါတယ်..။။dail-up modem တွေရဲ့  speed ဟာ 56 Kbps ကနေ 1.5 Mbps အထိရှိနိုင်ပါတယ်...။။တိတိကျကျပြောရရင်တော့ connection မြန်တိုင်းပိုပြီးမြန်မြန်ဆန်ဆန် download လုပ်နိုင်မယ်လို့ မဆိုလိုနိုင်ပြန်ပါဘူးdeta တွေ (bit တွေ) အများကြီး ကိုတပြိုင်တည်း download လုပ်နိုင်တယ်လို့ သာဆိုလိုရင်းဖြစ်ပါတယ်။ bit တစ်ခုစီရဲ့ အမြန်နှုန်းကလည်း အလင်းရဲ့  အမြန်နှုန်းထက်မပိုနိုင်တော့ပါဘူး...။။

Bit နဲ့  Byte

Bit ဆိုတာ ကွန်ပျူတာက သိနားလည်တဲ့ အသေးဆုံးအခြေခံယူစ်စနစ်ဖြစ်ပါတယ်..။။0 သို့  1 ကိုကိုယ်စားပြုပါတယ်..။။ အင်တာနက်ဆိုတာကတော့ အဲဒီ 0 နဲ့  1 တွေ အမျိုးမျိုးတွဲဆက်ပြီး A,B,C,D စတာတွေဖြစ်အောင် ဖော်ပြပေးတာသာဖြစ်ပါတယ်..။။ ဥပမာ 56 Kbps မူ modem ဆိုရင် 1 sec မှာ bit ပေါင်း ၅၆၀၀၀ ကိုလွဲပြောင်းလက်ခံနိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်.။ Byte ဆိုတာကတော့ Bit ရှစ်လုံးအတွဲအစပ်ကိုဆိုလိုတာပါ အက်ခရာ တစ်လုံး သို့  ဂဏန်းတစ်လုံးကို Byte တစ်ခု (သို့ ) Bit ရှစ်ခု နဲ့  ကိုယ်စားပြုဖော်ပြရတာဖြစ်ပါတယ်..။။

မှတ်ချက်။  ။ winkabarkyaw မှကူးယူတင်ပြထားပါသည်။

Tuneup Utilities 2013

4:26 PM

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

4:17 PM
 
 
Saturday, January 26, 2013

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက် လို့
လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့ Singapore Telecommunications ကုမ္ပဏီများဖြစ်တဲ့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ စင်ကာပူကုမ္ပဏီ ၂ ခုဖြစ်တို့ဖြစ်ကြပါတယ်တဲ့။

ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။

ဧရာဝတီ