Facebook Messenger တွင် Voice Message များကို စာသားအဖြစ် ပြသပေးသော စွမ်းဆောင်ချက်ပါရှိလာ

10:58 PM
Facebook Messenger တွင် Voice Message များ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေး ထားပါတယ်။
စာရိုက်ဖို့ မလွယ်ကူတဲ့ အခြေအနေများ၊ လက်မအားတဲ့ အချိန်များမှာ ၊ အလုပ်ရှုပ်နေတဲ့ အခါ များမှာ Voice Message များ ပေးပို့ရင် စာရိုက်တာထက် ပိုမို အဆင်ပြေစေပါတယ်။
ဒါပေမယ့် Voice Message များကို နားထောင်လို့မရတဲ့ အခြေအနေများလည်း ရှိပါတယ်။
အဲဒါတွေကတော့ အသံဆူညံ တဲ့ နေရာတစ်ခုကို ရောက်နေတဲ့ အချိန်နဲ့ ဘေးပတ်ဝန်းကျင်မှ လူများကို မကြားစေချင်တဲ့ Voice Message များ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေမှာ ၀င်လာတဲ့ Voice Message များကို စာသားအဖြစ် ပြသပေးနိုင်ရင် အဆင်ပြေစေ မှာ ဖြစ်ပါတယ်။
Facebook က Voice Transcription လို့ ခေါ်တဲ့ စွမ်းဆောင်ချက်ကို Facebook Messenger မှာ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါပေမယ့် အဲဒီ စွမ်းဆောင်ချက်ကို Facebook Messenger အသုံးပြုသူ အနည်းငယ်မှာသာ စမ်းသပ်တဲ့ အနေနဲ့ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲဆိုတာတော့ မသိရသေးပါဘူး။
Myanmar Digital Life Journal

မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ

10:57 PM
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန်နှုန်းကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီးနောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။
ဆွေသဟာ ဝန်ဆောင်မှု မစတင်မီ လအနည်းငယ်ခန့်က တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ် သတ်မှတ်ထားသော MPT ၏ GSM နှင့် WCDMA မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခင်ထက် မြင့်တက်လာခဲ့သော်လည်း ယခုလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ အဆိုပါ ဖုန်းလိုင်းများ၏ အင်တာနက်မြန်နှုန်းများ ဆက်တိုက် ကျဆင်း လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူအချို့က ပြောသည်။
MPT ၏ ဆွေသဟာ ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်သည့် မိုဘိုင်းအင်တာနက် မြန်နှုန်းသည် အမြင့်ဆုံး 42 Mbps အထိ တိုးမြှင့်ပေးထားကြောင်း အဆိုပါလုပ်ငန်းမှ သတင်းရရှိသည်။
ယခုကဲ့သို့ MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်တွင် 3G ကွန်ရက်ကို မြန်နှုန်းများ တိုးမြှင့်ပေးလိုက်သော်လည်း တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်ဖြင့် အသုံးပြုနိုင်သည့် ယခင်ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်မည့် မိုဘိုင်းအင်တာနက် အမြန်နှုန်းကိုမူ 3G ဆင်းမ်ကတ်များအတွက် 256kbps နှင့် 2G ဆင်းမ်ကတ်များအတွက် 128 Kbpsအထိ ကန့်သတ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ မူလအစီအစဉ်များကိုသာ ဆက်လက်သုံးစွဲသူ အများစုသည် မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုလေးလံလာခြင်း ပြဿနာနှင့် ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူအချို့က တညီတညွတ်တည်း ဆိုကြသည်။
MPT ၏ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့် ရလိုသူများသည် ဆွေသဟာ ဝန်ဆောင်မှုကို ရယူရမည်ဖြစ်ပြီး ထိုမှသာ HSPA+3G ဆက်သွယ်ရေးကွန်ရက် နည်းပညာဖြင့် ချိတ်ဆက်ထားသည့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်းကို ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်ပေးထားသည့် အမြင့်ဆုံး မြန်နှုန်း 42 Mbps သည် အသုံးပြုသည့်နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်း အမျိုးအစားနှင့် အသုံးပြုနေသော နေရာဒေသရှိ ဆက်သွယ်ရေးစနစ်က ပေးထားသည့် အခြေအနေ အရပ်ရပ်ပေါ်တွင်လည်း မူတည်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် MPT ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုသည် စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အတွင်း၌ မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုမြင့်တက်လာခြင်းရှိသလို အချို့သောနေရာများတွင်မူ မြန်နှုန်းမြင့် အရည်အသွေးအား လုံးဝပြည့်မီခြင်းမရှိဟု သုံးစွဲသူအချို့ထံမှ သိရသည်။
အင်တာနက်ဂျာနယ်

Windows 10 အကြောင်း သိထားရန်လိုအပ်သည့်အချက် (၉) ချက်

10:55 PM
ပြီးခဲ့သည့် အင်္ဂါနေ့က Microsoft ဟာ ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ Windows 10 နဲ့ ပတ်သက်တာတွေကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ထို့အတွက်ကြောင့် Windows 10 ကို စိတ်ဝင်စားသူများ သိရှိထားရန် လိုအပ်တဲ့ အချက်များကို ဖော်ပြလိုက်တယ်။
(1) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက်ကုန်ကျမလဲ။
Microsoft က Windows 10 ကို ဧပြီလမှာ ပြုလုပ်မယ့် Build developer conference အပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ လတ်တလောမှာ စမ်းသပ်သုံးစွဲလိုသူများ အနေနဲ့ Windows Insider Program မှာ မှတ်ပုံတင်ပြီး preview build ကို သုံးစွဲနိုင်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်ကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။
(2) ဘာဖြစ်လို့ Windows 9 ကို ကျော်ပြီး Windows 10 ကို မိတ်ဆက်တာလဲ။
နောက်ဆုံးပေါ် Windows 10 ဗားရှင်းကို Windows ရဲ့သမိုင်းမှာ အခန်းကဏ္ဍသစ်အနေနဲ့ စတင်ဖို့အတွက် Windows 9 ကို ချန်ထားခဲ့တာ ဖြစ်တယ်လို့ Microsoft က ရှင်းပြထားပါတယ်။
(3) Desktop နဲ့ tablet အသုံးပြုသူတွေအတွက် ဘာတွေထူးခြားလာမလဲ။
Windows 10 က PC တွေအတွက်သာ မဟုတ်ပါဘူး။ ဒီ operating system ကို desktop ကွန်ပျူတာများအပြင် စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ User interface ကလည်း ထုတ်ကုန်အလိုက် ချိန်ညှိဖော်ပြပေးမှာပါ။
(4) App တွေကိုရော ဘယ်လိုသုံးရမလဲ။
App တွေ ဘယ်လို အလုပ်လုပ်မလဲဆိုတာကိုတော့ Microsoft က မရှင်းပြခဲ့ပါဘူး။ ဒါပေမဲ့ Windows Store က ဝယ်ယူထားတဲ့ app ကို အသုံးပြုသူရဲ့ ထုတ်ကုန်အားလုံးမှာ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Developer တွေကလည်း ထုတ်ကုန် အရွယ်အစားနဲ့ လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး universal app တွေကို ပြုလုပ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
(5) Full-screen “Modern” app တွေကို ဆက်သုံးလို့ရမလား။
Windows 8 ကို မိတ်ဆက်ပေးခဲ့တုန်းက full-screen app တွေကို “Metro” သို့မဟုတ် “Modern” ဒီဇိုင်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Windows 10 မှာတော့ full-screen app တွေက optional အနေနဲ့ပဲ ရှိပါတယ်။ Surface Pro 3 လို 2-in-1 ထုတ်ကုန်ကို သုံးစွဲသူတွေအနေနဲ့ keyboard ကို တပ်ဆင်အသုံးပြုတဲ့အခါ Start menu သစ် ပါဝင်တဲ့ Windows 10 desktop ကိုတွေ့မြင်ရပါမယ်။ Keyboard ကို ဖြုတ်ထားရင်တော့ Windows 8 သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လက်ချောင်းနဲ့ အသုံးပြုနိုင်မယ့် full screen mode ကို ပြောင်းလဲဖော်ပြပေးမှာဖြစ်ပါတယ်။
(6) ဝယ်ထားတဲ့ Modern app တွေကို ဆက်သုံးလို့ရသလား။
အပြောင်းအလဲတွေ အတွက် Windows 8 developer တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ပြော ဖို့စောနေပါသေးတယ်။ ဒါပေမဲ့ Microsoft က full-screen Modern app တွေကို windowed mode နဲ့ အသုံးပြုပုံကို ပြသခဲ့ပါတယ်။
(7) Start menu ပြန်ပါလာသလား။
Windows 8 ရဲ့ full-screen Start screen ကို မနှစ်သက်သူများအတွက်ကတော့ သတင်းကောင်းပါ။ Windows 10 မှာ ဟိုးယခင်ကအတိုင်း Start menu ကို screen ရဲ့ ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းပေးထားပါတယ်။
(8) အခြား အဆင့်မြှင့်တင်မှုတွေ အနေနဲ့ ဘာတွေ ပါဝင်လာမှာလဲ။
Windows 10 မှာ Snap ကို အဆင့်မြှင့်တင်ထားပါတယ်။ ဒီ function ဟာ appတွေကို ဘေးချင်းကပ် အလျင်အမြန် အစီအရီ ထားပေးနိုင်ပါတယ်။ Windows 10 မှာတော့ Snap ဟာ app တွေကို ဘေးချင်း ကပ်အပြင် အပေါ်ဘက်မှာပါ ထားနိုင်မယ့် quadrant layout သစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် multiple desktop အတွက် ထောက်ပံ့ပေးထားတာကြောင့် work app အားလုံးကို တစ်နေရာတည်းမှာ ထားပြီး အလျင်အမြန် ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး task view ခလုတ်ကို taskbar မှာ ထည့်သွင်းပေးထားပါတယ်။ အဲ့ဒီ ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ ဖွင့်ထားတဲ့ ဖိုင်တွေ၊ window တွေနဲ့ desktop တွေကို အလျင်အမြန် ကြည့်နိုင်ပါတယ်။
(9) Windows 10 ကို ဘယ်လို စက်တွေမှာ အသုံးပြုနိုင်မလဲ။
ဒါကတော့ ပြောဖို့စောပါသေးတယ်။ Windows 8.1 ကို မိတ်ဆက်စဉ်တုန်းက အချို့သော ပရိုဆက်ဆာ အဟောင်းတွေ အတွက် အထောက်အပံ့ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သိပ်ပြီး မဟောင်းသေးတဲ့ PC တွေမှာတော့ Windows 8.1 က ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့ပါတယ်။ အခုချိန်ကနေ Windows 10 ဖြန့်ချိမယ့် အချိန်အတွင်း စက်အသစ် ဝယ်ထားသူတွေကတော့ Windows 10 ကို အသုံးပြုနိုင်ပါလိမ့်မယ်။
စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တော့ Windows Insider
Programhttp://preview.windows.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။
Ref: CNET

Facebook v27.0.0.0.9 for android

10:53 PM
23 ရက်နေ့က play store မှာ update ပေးလိုက်တဲ့ Facebook official version 27.0.0.0.9 အသစ်လေးဖြစ်ပါတယ်
file size 25.6MB ရှိပြီး android 4.0 ကစပြီး အသုံးပြုနိုင်ပါတယ်
facebook သုံးသူများ update အသစ်ကို အောက်မှာဒေါင်းယူနိုင်ပါတယ်
Keeping up with friends is faster than ever.
• See what friends are up to
• Share updates, photos and videos
• Get notified when friends like and comment on your posts
• Text, chat and have group conversations
• Play games and use your favorite apps
Size : 25.6MB
Version : 27.0.0.0.9
Requires : Android 4.0 and up
Facebook v27.0.0.0.9 ကိုအောက်မှာ Free Download ရယူနိုင်ပါတယ်
>>>>> DOWNLOAD HERE <<<<<

credit to toetoelkw

Easy Subtitles v1.8.5 for android

10:50 PM
ဖုန်းထဲကနေ Video တွေကို စာတန်းထိုးပြုလုပ်လို့ရတဲ့ Easy Subtitles လေးပါ
file size က 1.9MB သာရှိပြီး android 2.3 ကစပြီး ကလိကြည့်လို့ရပါတယ်
Some videos don't have embedded subtitles, then subtitles

Internet Download Manager IDM 6.21.18 Final with Patch (2015) [For PC]

10:46 PM
မင်္ဂလာပါ IDM ကြီး 18 ဗားရှင်းဖြင့်တက်လာပြန်လို့အားလုံးအတွက် နောက်ဆုံးဆိုတာကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ...ဗားရှင်းအသစ်ကို ခုန်မင်စွာ အသုံးပြုတတ်ကြတဲ့ဘော်ဒါတွေကတော့ အကြိုက်တွေ့စေမှာပါ
Installation Guide
==========
၁။ အရင်ဆုံး မိမိကွန်ပျူ တာထဲက Version အဟောင်းကို Uninstall လုပ်လိုက်ပါ။
၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Extra File နဲ့ဖြေလိုက်ပါ။
၃။ IDM Setup ကို Run As administer ဖြင့် အင်စတောလုပ်ပါ။
၎။ Patch ဖိုင်ကို copy ယူလိုက်ပါ၊ ပြီးတော့C:\Program Files (x86)\Internet Download Manager ထဲမှာ Paste လုပ်ပေးပါ။
၅။ Patch ကို Run as administer ဖြင့်ထပ်အင်စတောလုပ်ပါ
ပြီးတော့ Patch ဆိုတာနှိပ်လိုက်ပေးလိုက်ပါ၊ဒါဆိုရင် နောက်ဆုံးထွက် IDM ကို မိမိစက်ထဲမှာFull version အဖြစ်အမြဲတမ်းအသုံးပြု နိုင်ပါပြီ။
Internet Download Manager IDM 6.21.18 Final with Patch (2015) ကိုအောက်မှာ Free Download ရယူနိုင်ပါတယ်
Download Link နှစ်ခုပေးထားပါတယ်
အဆင်ပြေမဲ့ Link ကနေဒေါင်းပါ
DOWNLOAD >>> Link -1 (or)  Link-2 
Credit :  ဇူးနစ်(နည်းပညာ)

ဒီဂျစ်တယ် ပန်းချီကားများကို ဖန်တီးရေးဆွဲချင်သူများအတွက် for android

2:46 AM
Android OS သုံးစွဲသူများအနေဖြင့် Phone, Tablet တို့ပေါ်မှနေ၍ ဒီဂျစ်တယ် ပန်းချီကားများကို ဖန်တီးရေးဆွဲချင်သူများအတွက် အသုံးပြုနိုင်မယ့် App တစ်ခုဖြစ်သည်။ ပုံဆွဲသူများအတွက် ရုပ်ပုံ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး နံပါတ်စဉ်နှင့် ပေးထားသည့် အစက်ကလေးများအတိုင်း လိုက်လံဆွဲပေးခြင်းဖြင့် ရုပ်ပုံတွေကို ဖန်တီးနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် Layer များကို ခွဲထုတ်ပြီး အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ မိမိကိုယ်တိုင် ရုပ်ပုံတွေကို ဖန်တီးချင်တယ်ဆိုရင် Canvas ကို ရယူအသုံးပြု နိုင်မည် ဖြစ်သည်။
အဆိုပါ App ကို ယခင်က Play Store တွင် ကန်ဒေါ်လာ ၃.၁၁ ဖြင့် ရောင်းချခဲ့ပြီး၊ ယခုအခါမှာတော့ အခမဲ့အဖြစ် ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် Download here

Xiaomi Redmi 2 စမတ်ဖုန်း ဈေးကွက်ဝင်

2:40 AM
Xiaomi အမှတ်တံဆိပ် Redmi 2 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊
Redmi 2 စမတ်ဖုန်းသည် ဆင်းမ်ကတ်နှစ်ခု ထည့်သွင်း အသုံးပြုနိုင်သော GSM အမျိုးအစား ဖုန်းဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အမြန်နှုန်း 1.2GHz ရှိ Quad-core CPU နှင့် ဂရပ်ဖစ် အတွက် Adreno 306 GPU စနစ်များ ထောက်ပံ့ပါဝင်ပြီး မြင်ကွင်းအရွယ်အစား ၄.၇ လက်မရှိမည်ဖြစ်သည်။ Internal Memory 1GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် 8GB ရှိမည်ဖြစ်ပြီး 8MP နောက်ကင်မရာနှင့် 2MP ရှေ့ဘက်ကင်မရာကို အသုံးပြုထားကာ Android OS v4.4.4 (KitKat) ကို ထည့်သွင်းထားသည်။

လစဉ် ဆင်းမ်ကတ် ၁.၅ သန်း ရောင်းချမည်ဟု Telenor ပြော

2:38 AM

 မှောင်ခိုဈေးကွက် ပပျောက်အောင် ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည့် Telenor Myanmar သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို တစ်လလျှင် အရေအတွက် ၁.၅ သန်း ဈေးကွက်အတွင်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Telenor ၏ ဆင်းမ်ကတ်များသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ဝယ်ယူရန် အခက်အခဲများ ကြုံတွေ့နေရပြီး အလွယ်တကူ ဝယ်ယူရရှိရန်အတွက် မှောင်ခိုဈေးအနေဖြင့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
“အရည်အသွေး ကျဆင်းသွားမှာစိုးလို့ ရန်ကုန်မှာ ဆင်းမ်ကတ်ရောင်းချမှုကို ရပ်လိုက်ရတယ်။ ဒါပေမဲ့ လူတွေက နေပြည်တော်လို နေရာမျိုးတွေကနေပြီးတော့ ဆင်းမ် ကတ်တွေယူပြီးရန်ကုန်မှာ ပြန် ရောင်းကြတာကို အံ့သြစွာတွေ့ရတယ်” ဟု Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မန္တလေးမြို့မှ စတင်၍ ရန်ကုန်နှင့် နေပြည်တော်သို့ မိုဘိုင်းဖုန်းဝန်ဆောင်မှု ဆက်လက်ပေးအပ်ခဲ့သည့် Telenor သည် ယနေ့မှစတင်၍ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့၌ ၎င်းတို့၏ ကွန်ရက်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Telenor Myanmar က ကြေညာသည်။
“နောက်လဆိုရင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ကွန်ရက်ဆက်လက် ချဲ့ထွင်သွားမှာပါ။ ဒီပြည်နယ်တွေ ပါဝင်လာရင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ဧရိယာ ၉ နေရာ ကို ရောက်ရှိနေမှာဖြစ်ပါတယ်။ အခု ပဲခူးမှာဆိုရင်လည်း ဆင်းမ်ကတ် ၁ သိန်း ဖြန့်ထားပါတယ်” ဟု Mr. Peter Furberg ကပြောသည်။
လစဉ်လတိုင်း ဆင်းမ်ကတ် အရေအတွက် ၁.၅ သန်း ဖြန့်ချိခြင်းသည် ဈေးကွက်အတွင်း မှောင်ခိုစနစ် ပျောက်ကွယ်သွားစေရန် ရည်ရွယ်ထားပြီး ဖြန့်ချိသွားမည့် အဆိုပါ ဆင်းမ်ကတ်များကို ကွန်ရက်ကျပ်တည်းခြင်း မရှိဘဲ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် Telenor အနေဖြင့် အသင့်ပြင်ဆင် ထားကြောင်း ၎င်းကဆိုသည်။
၂၀၁၅ ခုနှစ်အတွင်း တစ်လလျှင် တာဝါတိုင် ၂၀၀ မှ ၃၀၀ အကြား တည်ဆောက်သွားနိုင်မည်ဟု မျှော်လင့်ထားသော Telenor သည် ၎င်း၏ဆင်းမ်ကတ်များအတွက် ရန်ကုန်တိုင်၌ တာဝါတိုင် ၅၃၅ တိုင်၊ မန္တလေး၌ တာဝါတိုင် ၂၃၅ တိုင်၊ ပဲခူး၌ တာဝါတိုင် ၁၁၅ တိုင်နှင့် မကွေး မြို့၌ တာဝါတိုင်အရေအတွက် ၆၀ ကို စိုက်ထူ၍ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

Sony Xperia C3

2:34 AM
အားသာချက်
ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာ ဖွဲ့စည်းထားတဲ့ CPU, GPU နဲ့ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြု ထားတာဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် Selfie သမားတွေအတွက် အကြိုက် တွေ့စေမယ့် ဖုန်းအမျိုးအစား တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ရှေ့ကင်မရာဟာ Mega Pixel မြင့်မားတဲ့အပြင် Flash ပါဝင်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ရိုက်မယ် ဆိုရင်တောင် စိတ်ပူဖို့ မလိုအပ်ပဲ ရှေ့ကင်မရာမှာ ပါဝင်တဲ့ Flash ကို အသုံးပြုပြီး ဓာတ်ပုံရိုက်နိုင် ပါလိမ့်မယ်။ Sony ရဲ့ BRAVIA Engine စနစ် ပါဝင်တဲ့အတွက် ဂရပ်ဖစ်စနစ်မှာ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားနိုင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်ပါတယ်။
အားနည်းချက်

OPPO R5

2:27 AM

အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU, Sensor အစရှိတဲ့ Hardware စနစ်တွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်တွေမှာ ပြည့်စုံကောင်းမွန် ပါတယ်။  ဖုန်းကိုဖွဲ့စည်း တည်ဆောက်မှု အပိုင်းမှာလည်း မာကျောသေသပ်မှု ရှိနေပြီး Gesture Sensor စနစ်ပိုင်း တွေမှာလည်း ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်တဲ့ အတွက်ကြောင့် ဖုန်းကို အသုံးပြုတဲ့ အခါမှာ လွယ်ကူတဲ့ စနစ်တွေနဲ့ Screen ပေါ်မှာ Shortcut စနစ်တွေကို အသုံးပြုနိုင်တဲ့ ဖုန်းပါ။ ကင်မရာ စနစ်ပိုင်းမှာလည်း နည်းပညာ တိုးမြှင့်မှုတွေ ရှိနေပြီး ကောင်းမွန်တဲ့ ကင်မရာ စနစ်တွေကို ထိတွေ့အသုံးပြု နိုင်မှာဖြစ်တဲ့အပြင် အသုံးပြုထားတဲ့ နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေဟာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။
အားနည်းချက်
ဖုန်းရဲ့မှတ်ဉာဏ် စနစ်ပိုင်းမှာ ထပ်တိုး အသုံးပြုဖို့အတွက် Memory Card Slot မပါဝင်တာကြောင့် မှတ်ဉာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ အနည်းငယ် အခက်အခဲ ရှိနိုင်မှာဖြစ်ပြီး မိမိရဲ့အရေးကြီး အချက်အလက်တွေကို SD Card ပေါ်ကိုရွှေ့ပြောင်းပြီး Backup လုပ်လို့မရတဲ့အတွက် အွန်လိုင်း Backup စနစ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ လိုအပ်နိုင်ပါတယ်။ Music စနစ်ပိုင်းမှာလည်း စပီကာဟာ အသံအနည်းငယ် တိုးပါတယ်။
ဒီဇိုင်း

HTC Desire 816G

2:26 AM

အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေ ကောင်းမွန်ပါ တယ်။ CPU စနစ်မှာဆိုရင် ပထမရှေ့က ထွက်ခဲ့တဲ့ Desire 816 ထက်ပိုပြီး ကောင်းမွန်လာတာကို မြင်တွေ့နိုင်ပါတယ်။ ကင်မရာပိုင်းမှာလည်း နောက်ဘက် ကင်မရာရော ရှေ့ကင်မရာ နှစ်ခုစလုံးဟာ ကောင်းမွန်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ OS ရဲ့ UI ဟာလည်း ပထမထွက်ခဲ့တဲ့ 816 နဲ့ကွဲပြားခြားနားမှုရှိနေပါတယ်။ Boom Sound စနစ်ပါဝင်ပြီး အသံစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။
အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ နည်းပါတယ်။ ဒါကြောင့် မှတ်ဉာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ Micro SD Card ကိုမဖြစ်မနေ အသုံးပြုရ ပါလိမ့်မယ်။
ဒီဇီုင်း

Remote Mouse for IOS & Android.

2:05 AM
အသစ်အဆန်းကိုမှ ကြိုက်နှစ်သက်သဘောကျသူများအတွက် Remote Mouse Application တစ်ခုဖြစ်ပါတယ်။ Presentation ပြုလုပ်လိုသူများအတွက်အဆင်ပြေနိုင်မယ့် Application တစ်ခုလို့ဆိုနိုင်ပါတယ်။ iPhone, iPod တို့မှ Wireless အနေဖြင့် မိမိကွန်ပျူတာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Mouse အနေဖြင့်သော်လည်းကောင်း၊ Keyboard အနေဖြင့်သော်လည်းကောင်း ပြောင်းလဲထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Voice Recognition ကိုလည်း iPhone 4s များတွင်ထည့်သွင်းပါက အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi Network, 3G Network များအတွင်းမှလည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Windows 7, Windows Xp, Vista, Mac OSX Lion, Snow Leopard, Leopard အစရှိသည်တို့အသုံးပြုထားသည့် ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iOS 4.3 နှင့်အထက်များတွင် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး iTunes Website တွင်အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
IOS - download
Android - download

ဖုန်းနှင့် tablet များကို ပြန်လည် မရောင်းချမီ အချက်အလက်များ ဖယ်ရှားခြင်း

2:00 AM



မိုဘိုင်းထုတ်ကုန် အဟောင်းများကို အခြားသူထံ ပြန်လည်ရောင်းချခြင်း မပြုမီ ၎င်းထုတ်ကုန်များအတွင်းရှိ အချက်အလက်များကို ဖယ်ရှားခြင်းသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များ မသမာသူများ၏ လက်ထဲ ကျရောက်သွားမည့် ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ တစ်စစီ ကြေမွသွားသည့် သုံးစွဲသူ၏ မိုဘိုင်းထုတ်ကုန်မှ အချက်အလက်များကို မဖယ်ရှားခဲ့ပါက အခြားသူများအနေဖြင့် အဆိုပါ အချက်အလက်များကို tool များဖြင့် ရာနှုန်းပြည့် ပြန်လည်ရယူ သွားနိုင်သည်။
ထို့ကြောင့် မိုဘိုင်း ထုတ်ကုန်များကို အခြားသူ လက်ထဲ ရောင်းချခြင်း မပြုမီ အချက်အလက် ဖယ်ရှားနိုင်မည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။
အချက်အလက်များ ဖယ်ရှားခြင်း မပြုမီ အောက်ပါ အချက်များကို ပြုလုပ်သင့်ပါသည်။
- contact များအပါအဝင် အချက်အလက် အားလုံးကို backup လုပ်ပါ။
- SIM card ကို ဖယ်ရှားပြီး microSD card ကဲ့သို့သော external storage ကို ဖယ်ရှားပါ။
- email, social media စသည့် ဝန်ဆောင်မှုများမှ log out လုပ်ပါ။ ပြီးလျှင် အဆိုပါ app များမှ data များကို clear လုပ်ပါ။
- ထုတ်ကုန်အဟောင်းမှ mciroSD card ကို ထုတ်ကုန်အသစ်ပေါ်တွင် အသုံးပြုရန် အစီအစဉ်မရှိပါက အဆိုပါ card ပေါ်မှ အချက်အလက်များကို သီးခြား ရှင်းလင်းပါ။
- ဖုန်းနှင့် tablet များ၏ serial number များကို ဖိုင်တစ်ခုဖြင့် သိမ်းဆည်းပါ။
Android

Facebook တွင် post အဟောင်းများကို ရှာဖွေခြင်း

1:58 AM

Facebook သည် လူမှုရေးကွန်ရက်ကို iPhone နှင့် desktop မှ သုံးစွဲသူများအတွက် search feature သစ်ကို တနင်္လာနေ့က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ feature သစ်သည် သုံးစွဲသူအနေဖြင့် ၎င်း account ရှိ post အဟောင်းများနှင့် သူငယ်ချင်းများ၊ public စာမျက်နှာများမှ ဝေမျှထားသည့် post အဟောင်းများကို ရှာဖွေစေနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ၎င်း feature ကို iPhone နှင့် desktop user များသာ အသုံးပြုနိုင်မည် ဖြစ်သည်။ Android အတွက်ကိုမူ Facebook ၏ ကြေညာချက်တွင် မဖော်ပြထားသော်လည်း မကြာမီတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။

အဆိုပါ search feature ကို သုံးစွဲသူ၏ Facebook account တွင် စတင်အသုံးပြုနိုင်ပြီဆိုပါက search box ၏ အောက်ဘက်တွင် search for posts ဟူသော သတိပေးချက်ကို တွေ့ရမည် ဖြစ်သည်။
ထိုအခါတွင် search bar ၌ keyword အချို့ကို ရိုက်ထည့်ပြီး မှန်ဘီလူး icon ကို နှိပ်ရုံဖြင့် keyword နှင့် သက်ဆိုင်သည့် post အဟောင်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။

Keyword များကို ထည့်သွင်းရာတွင် အောက်ပါအချက်များကို သတိပြုသင့်သည်။
- Keyword ထည့်သွင်းရာတွင် စာလုံးနည်းလေ ပိုကောင်းလေဖြစ်သည်။
- Account post များကို ရှာဖွေရာတွင်လည်း first name ကို ရိုက်ထည့်ပြီး ရှာဖွေပါက တိကျသေချာသည့် ရှာဖွေမှုကို ရရှိရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။
- ရှာဖွေမှုရလဒ်များကို အချိန်ကာလအလိုက် အစီအရီ ဖော်ပြပေးမည် မဟုတ်သောကြောင့် လိုချင်သည့် ရှာဖွေမှုကို မတွေ့ရှိပါက scroll ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
- ရှာဖွေမှုရလဒ်များကို ကြည့်ရှုသည့်အခါ ညာဘက်အပေါ်ထောင့်ရှိ settings ခလုတ်ကို နှိပ်ကာ ဖော်ပြပေးသည့် ရလဒ်များကို ပြောင်းလဲနိုင်မည် ဖြစ်သည်။

Winstep Nexus Dock for window

1:36 AM

ဆော့ဖ်ဝဲအမျိုးအစား - Desktop Customization
ဗားရှင်း - 14.11
ဖိုင်အရွယ်အစား - 30.86 MB
အသုံးပြုနိုင်သည့် OS - Windows 2000/XP/Vista/7/8
Windows Operating System မှာ မကြာခဏ အသုံးပြုတတ်တဲ့ Application တွေကို Desktop ပေါ်ကနေ အလွယ်တကူသုံးစွဲနိုင်စေဖို့နဲ့ Desktop ကို အလှဆင်လို သူများ အတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Winstep Nexus Dock ဟာ Icon တွေကို ပုံစံပြောင်းလဲပေးပြီး၊ Desktop ပေါ်မှာ လည်း Dock တစ်ခုကို ဖန်တီးပေး ကာ မကြာခဏ အသုံးပြုတတ်တဲ့ ဆော့ဖ်ဝဲတွေကို အဆိုပါ Dock ပေါ်ကနေ အလွယ်တကူ ရှာဖွေပြီး အသုံးပြုနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် Weather Widget တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
Download Here...

Android OS မှာ အသုံးပြုတဲ့ App တွေကို PC ပေါ်မှာအသုံးပြုနည်း

12:45 AM

ဆော့ဖ်ဝဲအမျိုးအစား - Operating System & Utilities
ဗားရှင်း - 3.20
ဖိုင်အရွယ်အစား - 5.23 MB
အသုံးပြုနိုင်သည့် OS - Windows 2000/XP/Vista/7/8
Android OS မှာ အသုံးပြုတဲ့ App တွေကို PC ပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းအသုံးပြုနိုင်မယ့်ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Android OS အသုံးပြုတဲ့ Mobile Phone, Tabletအစရှိတာတွေမှာ အမြဲတမ်းအသုံးပြုရမယ့် App တွေကို PC ပေါ်ကနေ တိုက်ရိုက်အသုံးပြုနိုင်ဖို့အတွက် ကြားခံအသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ စမ်းသပ်သုံးစွဲဖို့အတွက် စတင်ထည့်သွင်းတဲ့နေ့မှစပြီး ၁၀ ရက် အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ အခကြေးငွေ ပေးချေပြီး သုံးစွဲလိုသူတွေ အနေနဲ့ ကန်ဒေါ်လာ ၁၄.၉၉ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဒီမှာဒေါင်းပါ။

MOBILedit

12:41 AM
ဆော့ဖ်ဝဲအမျိုးအစား - Mobile Device Manager
ဗားရှင်း - 7.7.0.4997
ဖိုင်အရွယ်အစား - 31.197 MB
အသုံးပြုနိုင်သည့် OS - Windows 2000/XP/Vista/7/8
MOBILedit ဆိုတဲ့ဆော့ဖ်ဝဲဟာ Android OS အသုံးပြုထားသောမိုဘိုင်းဖုန်း၊ Tablet တွေကို PC နဲ့ ချိတ်ဆက်တဲ့အခါမှာ Manage ပြုလုပ်နိုင်မယ့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါ တယ်။ ဖုန်းနဲ့ချိတ်ဆက်တဲ့အခါမှာ Internal Stroage ကို အသုံးပြုမှာလား၊ Data ကို အသုံးပြုမှာလားဆိုတာအပြင် Sim Card Reader အနေနဲ့ပါ အသုံးပြုနိုင်စေဖို့အတွက် စီစဉ်ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှုတွေအတွက်လည်း  Cable, WiFi အစရှိတာတွေအပြင် Bluetooth နဲ့ ချိတ်ဆက်နိုင်ဖို့ အတွက်လည်း စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေ အတွက် PC Sucite အနေနဲ့ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ MOBILedit

Camera FV-5

12:39 AM

Android Device များပေါ်မှနေ၍ DSLR Camera များကဲ့သို့ Manual Control ဖြင့် ရိုက်ကူးချင်သူများအတွက် အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ အဆိုပါ App မှာ ကင်မရာတစ်လုံးတွင် ပါဝင်သည့် Function များကို ထည့်သွင်းပေးထားပြီး DSLR ကင်မရာများကဲ့သို့ Setting ချိန်ညှိ၍ ရိုက်ကူးလိုသူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။
အဆိုပါ App ကို Play Store တွင် ကန်ဒေါ်လာ ၄.၀၁ ဖြင့် ရောင်းချနေပြီး၊ ဖော်ပြထားသည့် Download Link တွင် အခမဲ့ သွားရောက် ရယူနိုင်မည်ဖြစ်သည်။ Android Version 2.2 နှင့် အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Viva Video Pro (Android)

12:37 AM

Android OS အသုံးပြုထားသည့် Mobile Phone, Tablet တို့ပေါ်မှ ရိုက်ကူးထားသည့် Video File များကို ပြင်ဆင်ဖန်တီးချင်သူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။ ဒါ့အပြင် Selfie နှစ်သက်သူများ အတွက်လည်း Filter များ ထည့်သွင်းပေးထားသည့်အတွက် Selfie ရိုက် အလှဆင်ချင်သူများအတွက် အသုံးဝင်မည့် App တစ်ခု ဖြစ်သည်။
အဆိုပါ App ကို Google Play Store တွင် ဟောင်ကောင်ဒေါ်လာ ၂၅ ဖြင့် ရောင်းချပေးနေပြီး၊ ဖော်ပြပါ Download Link တွင်တော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Android Version 2.3.3 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Samsung Galaxy A-5

12:35 AM

အကြမ်းခံပြီး ဘောင်းဘီအိတ်ထဲတွင် စိတ်ချစွာဖြင့် ထည့်ထားနိုင်သော ပုံစံဖြင့် Samsung Galaxy  A-5 ဟန်းဆက် ဖြစ်သည်။ GSM ကွန်ရက်တွင် အသုံးပြုနိုင်ပြီး ဆင်းမ်ကတ်နှစ်ခု ထည့်သုံးနိုင်သည့် Dual SIM ပုံစံ ဖြစ်သည်။ Android Version အမြင့်ဆုံး 4.4.4 နှင့်ဖြစ်ပြီး RAM 2GB ပါဝင်သည်။ Internal Storage Memory 16GB ပါဝင်ပြီး 3G အမျိုးအစား ဖြစ်သည်။ မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး Super AMOLED Display နှင့် ဖြစ်သည်။ HD ဓာတ်ပုံ၊ ဗီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ကင်မရာနှစ်လုံးပါဝင်ပြီး 13 MP နှင့် 5 MP စီရှိပြီး Face Retouch လုပ်နိုင်သလို နောက်ကင်မရာဖြင့်လည်း Selfie ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထူးခြားချက်အနေဖြင့် Samsung ၏ Knox စနစ် ပါဝင်သည်။

သုံးမိနစ်အတွင်း Mi Note စမတ်ဖုန်း အားလုံးကို Xiaomi ရောင်းချခဲ့

12:34 AM

ပြီးခဲ့သည့် အင်္ဂါနေ့က တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်သော Xiaomi သည် Mi Note နှင့် Mi Note Pro ထုတ်ကုန်များ အားလုံးကို သုံးမိနစ်အတွင်း ရောင်းချနိုင်ခဲ့ကြောင်း Weibo လူမှုရေးမီဒီယာ စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း Xiaomi အနေဖြင့် စမတ်ဖုန်း အလုံးရေ မည်မျှရောင်းချခဲ့ရခြင်းကိုမူ မထုတ်ပြန်ခဲ့ပေ။
Xiaomi သည် ၎င်း၏ Mi Note နှင့် Mi Note Pro ထုတ်ကုန်များကို ဖေဖော်ဝါရီ ၃ ရက်မှသာ ပြန်လည် ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Mi Note စမတ်ဖုန်းများသည် စတင်ရောင်းချသည့်ရက်၌ပင် သုံးမိနစ်အတွင်း ထုတ်ကုန်အားလုံး ရောင်းချနိုင်ခြင်းမှာ Xiaomi အတွက် aကာင်းမွန်သော စတင်မှုဖြစ်ကြောင်း သတင်းများမှ ဖော်ပြကြသည်။ လက်ရှိတွင် ကုမ္ပဏီအနေဖြင့် ဖုန်းများ တပ်ဆင်ထုတ်လုပ်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ထုတ်လုပ်နေရသောကြောင့် ထုတ်ကုန်များကို ရောင်းချနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် တရုတ်နိုင်ငံတွင် Mi Note ဝယ်လိုအားသည် ယခင်ကနှင့်မတူညီဘဲ ပိုမိုများပြား လာနေကြောင်း သိရသည်။
Xiaomi ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ဖုန်းသုံးစွဲမည့်သူများကို သာမန် ဈေးနှုန်းထက် ပိုမိုသက်သာသည့် အရည်အသွေးရှိ စမတ်ဖုန်းများကို ရောင်းချရန် ဦးတည်ခဲ့သည်။ သို့သော် ကုမ္ပဏီအနေဖြင့် Apple ၏ ထုတ်ကုန်များကဲ့သို့ ဟန်းဆက်များကို တည်ဆောက်ထားသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၎င်း၏ စမတ်ဖုန်းများသည် တရုတ်နိုင်ငံတွင် အကြီးအကျယ် ရေပန်းစားခဲ့ပြီး အရောင်းစံချိန်လည်း တင်ခဲ့ကြောင်း သိရှိရသည်။
Ref: CNET

တရုတ် စမတ်ဖုန်းဈေးကွက်တွင် ပထမဦးဆုံးအကြိမ် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့် Apple

12:32 AM

Apple သည် တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးနေရာ၌ ပထမဦးဆုံး အကြိမ်အဖြစ် ရယူထားနိုင်ခဲ့ကြောင်း သုတေသနကုမ္ပဏီ Canalys မှဖော်ပြခဲ့သည်။
အဆိုပါ သုတေသနကုမ္ပဏီ၏ အဆိုအရ ၂၀၁၄ ခုနှစ် စတုတ္ထလေးလပတ်အတွင်း တရုတ်နိုင်ငံတွင် iPhone 6 နှင့် iPhone 6 Plus များ ပိုမိုရောင်းချခဲ့ရသောကြောင့် Apple က ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် စမတ်ဖုန်းတင်ပို့ရောင်းချမှုတွင် Apple ၏နောက်၌ Xiaomi, Samsung နှင့် Huawei တို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ Apple သည် တရုတ်နိုင်ငံတွင် ဈေးနှုန်း အလွန်အမင်း ကြီးမြင့်သည့် ဖုန်းအဖြစ် သတ်မှတ်ထားခံရပြီး ဝယ်ယူရန် ခက်ခဲသည့် အချိန်များလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံအတွင်းရှိ LTE နှင့် မျက်နှာပြင်ကြီးမားသော ဖုန်းများ ရေပန်းစားမှုသည် ဒေသတွင်း အရှိန်အဝါကြီးသည့် Xiaomi ကိုကျော်ဖြတ်ရန်အတွက် Apple ၏အောင်မြင်မှု သော့ချက်ဖြစ်ကြောင်း Canalys မှပြောဆိုခဲ့သည်။
လက်ရှိတွင် Samsung သည် တရုတ်နိုင်ငံတွင် အောင်မြင်မှုရရှိရန် ရုန်းကန်နေရသလို ကမ္ဘတစ်ဝန်း စမတ်ဖုန်းတင်ပို့ ရောင်းချမှုနှုန်းလည်း လျော့ကျလျက်ရှိသည်။ Xiaomi သည် ၂၀၁၄ ခုနှစ် ဒုတိယလေးလပတ်တွင် တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်၌ Samsung ကိုကျော်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။
Canalys အနေဖြင့် Apple ၏ တရုတ်နိုင်ငံသို့ စမတ်ဖုန်းအလုံးရေ မည်မျှတင်ပို့ခဲ့ကြောင်းကို စစ်တမ်းတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော်လည်း Apple သည် ခရစ္စမတ်ကာလ လေးလပတ်အတွင်း ရောင်းချခဲ့ရသည့် စမတ်ဖုန်း အလုံးရေများကို ထုတ်ပြန်ခဲ့သည်။ လေ့လာဆန်းစစ်သူ အချို့က Apple သည် ကမ္ဘတစ်ဝန်းတွင် iPhone သန်း ၆၀ ကျော်ခန့် တင်ပို့ရောင်းချနိုင်ဖွယ်ရှိကြောင်း ယခင်စစ်တမ်းများ အပေါ်တွင် အခြေပြု၍ ခန့်မှန်းခဲ့ကြသည်။
Ref: Idownloadblog

Record iPhone screen (No Jailbreak)

12:25 AM
iPhone, iPad screen ပေါ်က လှုပ်ရှားမှု မှန်သမျှကို  Jailbreak လုပ်စရာမလိုပဲ video file အဖြစ် မှတ်တမ်းတင်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

(mp4, mov) format များ ရွေချယ်နိုင်ပြီး အရုပ်၏ အရည်အသွေးကို ယခုလက်ရှိ အမြင့်ဆုံး ဖြစ်သည့် 1080p အထိ ရိုက်ကူးနိုင်ပါသည်..

"Shou" လို့ အမည်ရတဲ့ Application ကို jailbreak လုပ်ထားသော device များနှင့် jailbreak မလုပ်ထားသော iOS 7 နှင့်အထက် iDevice များတွင် သွင်းယူ အသုံးပြုနိုင်ပါလိမ့်မည်။

Android အတွက်တော့ OS 4.1 + root လိုအပ်ပါလိမ့်မယ်။

>> Jailbreak အတွက် Bigboss repo တွင် သွင်းယူပါ။

>> No Jailbreak အတွက် <<

၁) iDevice ၏ Safari browser မှ ဤနေရာကို နှိပ်ပါ။

၂) ပုံပါအတိုင်း iOS version ကိုရွေးပါ။ "Emu4iOS Store" ကို install လုပ်ပါ။



၃) ပုံတွင် ဖော်ပြထားသည်အတိုင်း "Shou" ကို install လုပ်ပါ။


၎) Sign Up, Facebook, Google+ account တစ်ခုခုနှင့် ဝင်ရောက်နိုင်ပါပြီ။


၅) Settings တွင် portrait, landscape, video audio format တို့ကို စိတ်ကြိုက်ပြင်ဆင်ပြီး ရိုက်ကူးနိုင်ပါပြီ..

credit to - moethagyar