ငေ်္Facebook အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို
ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင်
ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။
ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့
ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို
အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ
တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။
အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့်
နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့
အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile
ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို
လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး
တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက်
တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။
Ref:BBC

Myanmar Kyat Exchange Rate