Sony Xperia Z Ultra ဟာ တကယ့်ကို
အရွယ်အစား အကြီးဆုံး ဟမ်းဆက် အဖြစ် ထွက်ရှိ လာပါပြီ။ Sony က ထုတ်လိုက်တဲ့
6.44 Inch ရှိတဲ့ ဒီစမတ်ဖုန်းကို အများစု ကတော့ Phablet (Tablet ပုံနဲ့
တူတဲ့ဖုန်း) လို့ ခေါ်ကြ ပါတယ်။ တကယ့် လက်တွေ့ မှာလည်း ဖုန်းထက် Tablet နဲ့
ပိုတူ နေပါတယ်။ ဘာပဲ ဖြစ်ဖြစ် ခေါ်ဆိုမှု တွေကို လက်ခံ ပေးမယ့် Handset
အနေနဲ့ Xperia Ultra Z ထွက်လို့ လာပါပြီ။
(၆) လက်မကျော် မျက်နှာပြင် ရှိတဲ့
ဟမ်းဆက်နဲ့ ဖုန်းပြော ရတာ နည်းနည်းတော့ အခက်အခဲ ရှိမယ် ထင်ပါတယ်။ Samsung
Galaxy Mega 6.3 ထွက်ရှိတုန်း ကတောင် ကြီးလွန်းလို့ လက်ထဲမှာ ကိုင်သုံးဖို့
သိပ် အဆင် မပြေ ဘူးလို့ ပြောခဲ့ ကြပါတယ်။ ဒါပေမဲ့ အခု ထွက်ရှိ လာတဲ့
Xperia Z Ultra နဲ့ ယှဉ်လိုက်တဲ့ အခါ မှာတော့ မျက်လုံးပြူး သွားရ
လောက်အောင် Xperia Z Ultra ရဲ့ အရွယ် အစားက ပိုကြီးမားလို့ နေပါတယ်။
Z Ultra ရဲ့ အားသာချက် တစ်ခု ကတော့ သူရဲ့
အထူဟာ 6.5mm သာ ရှိတဲ့ အတွက် တကယ့်ကို ပါးပါး လေးပါ။ သူရဲ့ ကြီးလွန်းတဲ့
မျက်နှာပြင်တဲ့ ပါးလွှာတဲ့ အထူဟာ ဟန်ချက် ညီပါ့ မလား ဆိုတာ ကတော့ စဉ်းစား
စရာပါ။ ဘာပဲ ဖြစ်ဖြစ် မျက်နှာပြင် ကျယ်တဲ့ ဟမ်းဆက် တွေကို ကြိုက်တဲ့ သူတွေ
အတွက် ကတော့ Z Ultra ဟာ တကယ့်ကို မျက်စိ ကျစရာ တစ်ခု အဖြစ် ရှိနေမှာ အသေ
အချာ ပါပဲ။
Reference: Phonearena.com
Myanmar Kyat Exchange Rate