Cbox မှာ မေးထားတာတွေ့လို့ တင်ပေးလိုက်ပါတယ်။ အဆင်ပြေပါစေဗျာ။
လိုအပ်တာတွေကို အရင်ဆုံးဒေါင်းထားလိုက်ပါ။
လိုအပ်တဲ့အချက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
အဆင့် (၁) ။ ။ Bootloader ကို unlock လုပ်ရပါမည်။
အဆင့် (၂) ။ ။ ClockworkMod Recovery တင်ရပါမည်။
အဆင့် (၃) ။ ။ Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root file ကို install လုပ်ရပါမည်။
Bootloader ကို unlock လုပ်နည်း
Bootloader ကို unloack မလုပ်ခင် အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။
(၁) Bootloader unlock လုပ်ရန်အတွက်
ဒီနေရာ ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
အဲ့မှာသူရဲ့ စည်းကမ်းချက်တွေ ကိုဖတ်ပြီး အောက်ဆုံးနားက I have read and accept all terms above
မှာ အမှန်ခြစ်ပေး ပြီး Next ကို နှိပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်း တွေ့ရပါမယ်။
(၂) နံပါတ် (၁) တွင် မိမိလက်ရှိအသုံးပြုနေသော Gmail ကိုရိုက်ထည့်ပါ။
နံပါတ် (၂) နေရာမှာတော့ SmartPhone နှင့် Tablet အမျိုးအစားရွေးမှာဖြစ်ပါတယ်။
ကျွန်တော်ရွေးထားတဲ့စာအတိုင်းသာတူအောင်သာရွေးလိုက်ပါ။
နံပါတ် (၃) နေရာမှာတော့ Huawei U8825D ကိုရွေးရမှာပါ။
နံပါတ် (၄) နေရာမှာတော့ Serial number ကိုထည့်ပေးရမှာပါ။ Serial number ကိုကြည့်ရန်
အတွက် Settings --> About phone --> Status --> Serial number မှာပါတဲ့
number တွေကိုရိုက်ထည့်ပါ။
နံပါတ် (၅) နေရာမှာတော့ မိမိဖုန်းရဲ့ IMEI ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။
IMEI ကိုကြည့်ရန်အတွက်ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပါ။ IMEI
နှစ်ခုပေါ်လာပါမည်။ အပေါ်ဆုံးက numberကိုရိုက်ထည့်ပါ။
နံပါတ် (၆) နေရာမှာတော့ ဖုန်းရဲ့ Product ID ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။
Product ID ကိုကြည့်ရန် အတွက် ဖုန်းခေါ်တဲံနေရာမှာ *#*#1357946#*#*
ကိုရိုက်ပြီးပေါ်လာတဲ့ number ၈လုံး
ကိုရိုက်ထည့်ပါ။
အားလုံး ဖြည့်ပြီး ရင်တော့ Submitအောက်ပါပုံအတိုင်းပေါ်
Unlock Code တောင်းခြင်းပြီးသွားပါပြီ ။ မိမိ mail ထဲ့သို့ mail
ရောက်မရောက်စစ်ပါ။ ချက်ချင်းရောက်နိုင်သလို ၂ ရက် မှ ၃ရက် ထိကြာတတ်ပါသည်။
(၃) Mail ထဲသို့ unlock code ရောက်လာပြီဆိုရင် unlock လုပ်ဖို့အတွက် fastbood ကို
ဒီနေရာ မှာဒေါင်းပါ။ ပြီးလျှင် ဒေါင်းထားတာကိုဖြည်ပြီး အ၇င်ဆုံး Driver ကို Install လုပ်ထားပါ။
(၄)
ဖုန်းကို setting --> fastboot ကို off ပါ။ပြီးလျှင် Developer Option ထဲက USB debugging ကို အမှန်ခြစ်လေးပေးပြီး ပါဝါပိတ်ပါ။ Volume Down +
power ကို နှိပ်၍ bootloader ကိုရပ်ပါ။ 3G logo ပေါ်လာလျှင် ဖုန်းဖြင့်
ကွန်ပြူတာနှင့်ချိတ်ပါ။
(၅) download ရလာသော fastbood file ကို My Computer / drive C ထည့်သို့ထည့်ပါ။ ပြီးလှင် Fastboot folder ထဲဝင်ပြီး Keyboard မှ Shift ကိုဖိထားပြီး mouse rightclick ကို နှိပ်ပြီး Open Command Window Here ဆိုတာလေး ကို နှိပ်လိုက်ပါ။ Cmd box လေးတက်လာပါလိမ့်မယ်။ ပြီးလျှင်fastboot devices ကိုရိုက်ထည့်ပါ။ပုံအတိုင်းပေါ်လာပါမည်။
(၆)
fastboot oem unlock **************** mail ထဲသို့ရောက်လာသော unlock code
ကို * နေရာတွင်ရိုက်ထည့်ပြီး enter
ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမည်။ unlock
လုပ်ခြင်းအောင်မြင်စွာပြီးသွားပါပြီ။
(၇) ClockworkMod Recovery တင်နည်း
ဖုန်းကိုပါဝါပိတ်၍ Volume Down + power ကိုနှိပ်၍ bootloader ကိုရပ်ပါ။
Ascend G330D recovery ဖွင့်ပါ ၊ Enter ကိုနှိပ်ပါ ၊ 1 ကိုနှိပ်ပါ ၊ ဖုန်း reboot ဖြစ်သွားပါမည်။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
CWM - based Recovery v6.0.1.2 တက်လာပါမည်။ reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
CWM recovery တင်တာပြီးသွားပါပြီ။
(၈) Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root zip file ကို install လုပ်နည်း
Download ရယူထားသော Superuser-3.1 Zip ဖိုင်ကို ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
-install zip from sdcard ကို Volume up & Volume down ဖြင့်ရွေး၍ power ခလုပ်နှိပ်၍ ၀င်ပါ။
-choose zip from sdcard ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
sdcard ထဲသို့ရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ superuser zip ကို Volume up & Volume down ရွေးပြီးpower ခလုပ်ကိုနှိပ်ပါ။
-Yes - Install Superuser.zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
- reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
ဖုန်းပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root
လုပ်ခြင်းအောင်မြင်သွားပါပြီ။
(၉) မြန်မာဖောင့် သွင်းနည်း။
Forzen keyboard နဲ့ fonts changer ကို ဒေါင်းထားပြီးရင် အဲ့နှစ်ခုလုံးကို
ဖုန်းထဲ install လုပ်လိုက်ပါ။ ကွန်ပျူတာ နဲ့ လုပ်ချင်လဲလုပ်ပါ မဟုတ်လဲ
ဖုန်း sd card ထဲထည့်ပြီး install လုပ်လိုက်ပါ။ အ၇င်ဆုံး frozen keyboard
ထည့်ပြီးရင် setting ထဲက Language ထဲမှာ Frozen keyboard
ဆိုတာလေးပေါ်နေပါလိမ့်မယ်။ အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးလျှင် Defauld
keyboard ဆိုတဲ့နေရာမှာ Frozen keyboard ကိုလဲရွေးပေးထားပါ။ ဒါဆို keyboard
ထည့်သွင်းတဲ့အပိုင်းပြီးသွားပါပြီ။ အခု နောက်ဆုံး အဆင့်ဖြစ်တဲ့ System
တစ်ခုလုံးကို မြန်မာဖောင့်ထည့်သွင်းမှာဖြစ်ပါတယ်။ ခုနကဒေါင်းထားတဲ့ Fonts
changer ကို install လုပ်ပြီးရင် fonts changer application
ကိုဖုန်းထဲကနေ၀င်လိုက်ပါ။ အဲ့အခါ Super User Request တောင်းလာပါလိမ့်မယ်
အဲ့အခါ Allow ကိုေ၇ွးပေးလိုက်ပါ။ ပြီးရင် zawgyi fonts ဖြစ်တဲ့
အပေါ်တစ်ခုကိုရွေးပေးပြီး ဖုန်း restart ဖြစ်အောင်စောင့်လိုက်ပါ။ ဖုန်း
restart ဖြစ်သွားတာနဲ့ အကုန်လုံးပြီးဆုံးသွားပါပြီ။ အဆင်ပြေပါစေဗျာ။