Showing posts with label Android သမားများအတွက်. Show all posts
Showing posts with label Android သမားများအတွက်. Show all posts

Facebook v27.0.0.0.9 for android

10:53 PM
23 ရက်နေ့က play store မှာ update ပေးလိုက်တဲ့ Facebook official version 27.0.0.0.9 အသစ်လေးဖြစ်ပါတယ်
file size 25.6MB ရှိပြီး android 4.0 ကစပြီး အသုံးပြုနိုင်ပါတယ်
facebook သုံးသူများ update အသစ်ကို အောက်မှာဒေါင်းယူနိုင်ပါတယ်
Keeping up with friends is faster than ever.
• See what friends are up to
• Share updates, photos and videos
• Get notified when friends like and comment on your posts
• Text, chat and have group conversations
• Play games and use your favorite apps
Size : 25.6MB
Version : 27.0.0.0.9
Requires : Android 4.0 and up
Facebook v27.0.0.0.9 ကိုအောက်မှာ Free Download ရယူနိုင်ပါတယ်
>>>>> DOWNLOAD HERE <<<<<

credit to toetoelkw

Easy Subtitles v1.8.5 for android

10:50 PM
ဖုန်းထဲကနေ Video တွေကို စာတန်းထိုးပြုလုပ်လို့ရတဲ့ Easy Subtitles လေးပါ
file size က 1.9MB သာရှိပြီး android 2.3 ကစပြီး ကလိကြည့်လို့ရပါတယ်
Some videos don't have embedded subtitles, then subtitles

ဒီဂျစ်တယ် ပန်းချီကားများကို ဖန်တီးရေးဆွဲချင်သူများအတွက် for android

2:46 AM
Android OS သုံးစွဲသူများအနေဖြင့် Phone, Tablet တို့ပေါ်မှနေ၍ ဒီဂျစ်တယ် ပန်းချီကားများကို ဖန်တီးရေးဆွဲချင်သူများအတွက် အသုံးပြုနိုင်မယ့် App တစ်ခုဖြစ်သည်။ ပုံဆွဲသူများအတွက် ရုပ်ပုံ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး နံပါတ်စဉ်နှင့် ပေးထားသည့် အစက်ကလေးများအတိုင်း လိုက်လံဆွဲပေးခြင်းဖြင့် ရုပ်ပုံတွေကို ဖန်တီးနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် Layer များကို ခွဲထုတ်ပြီး အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ မိမိကိုယ်တိုင် ရုပ်ပုံတွေကို ဖန်တီးချင်တယ်ဆိုရင် Canvas ကို ရယူအသုံးပြု နိုင်မည် ဖြစ်သည်။
အဆိုပါ App ကို ယခင်က Play Store တွင် ကန်ဒေါ်လာ ၃.၁၁ ဖြင့် ရောင်းချခဲ့ပြီး၊ ယခုအခါမှာတော့ အခမဲ့အဖြစ် ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် Download here

Remote Mouse for IOS & Android.

2:05 AM
အသစ်အဆန်းကိုမှ ကြိုက်နှစ်သက်သဘောကျသူများအတွက် Remote Mouse Application တစ်ခုဖြစ်ပါတယ်။ Presentation ပြုလုပ်လိုသူများအတွက်အဆင်ပြေနိုင်မယ့် Application တစ်ခုလို့ဆိုနိုင်ပါတယ်။ iPhone, iPod တို့မှ Wireless အနေဖြင့် မိမိကွန်ပျူတာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Mouse အနေဖြင့်သော်လည်းကောင်း၊ Keyboard အနေဖြင့်သော်လည်းကောင်း ပြောင်းလဲထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Voice Recognition ကိုလည်း iPhone 4s များတွင်ထည့်သွင်းပါက အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi Network, 3G Network များအတွင်းမှလည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Windows 7, Windows Xp, Vista, Mac OSX Lion, Snow Leopard, Leopard အစရှိသည်တို့အသုံးပြုထားသည့် ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iOS 4.3 နှင့်အထက်များတွင် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး iTunes Website တွင်အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
IOS - download
Android - download

Camera FV-5

12:39 AM

Android Device များပေါ်မှနေ၍ DSLR Camera များကဲ့သို့ Manual Control ဖြင့် ရိုက်ကူးချင်သူများအတွက် အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ အဆိုပါ App မှာ ကင်မရာတစ်လုံးတွင် ပါဝင်သည့် Function များကို ထည့်သွင်းပေးထားပြီး DSLR ကင်မရာများကဲ့သို့ Setting ချိန်ညှိ၍ ရိုက်ကူးလိုသူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။
အဆိုပါ App ကို Play Store တွင် ကန်ဒေါ်လာ ၄.၀၁ ဖြင့် ရောင်းချနေပြီး၊ ဖော်ပြထားသည့် Download Link တွင် အခမဲ့ သွားရောက် ရယူနိုင်မည်ဖြစ်သည်။ Android Version 2.2 နှင့် အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Viva Video Pro (Android)

12:37 AM

Android OS အသုံးပြုထားသည့် Mobile Phone, Tablet တို့ပေါ်မှ ရိုက်ကူးထားသည့် Video File များကို ပြင်ဆင်ဖန်တီးချင်သူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။ ဒါ့အပြင် Selfie နှစ်သက်သူများ အတွက်လည်း Filter များ ထည့်သွင်းပေးထားသည့်အတွက် Selfie ရိုက် အလှဆင်ချင်သူများအတွက် အသုံးဝင်မည့် App တစ်ခု ဖြစ်သည်။
အဆိုပါ App ကို Google Play Store တွင် ဟောင်ကောင်ဒေါ်လာ ၂၅ ဖြင့် ရောင်းချပေးနေပြီး၊ ဖော်ပြပါ Download Link တွင်တော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Android Version 2.3.3 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

ဖုန်းနဲ့ ကင်မရာကို ပေါင်းစပ်ထားတဲ့ Samsung Galaxy S4 Zoom (Mobile Review)

4:00 PM
Galaxy S4 Zoom ဟာ Samsung က အသစ် တီထွင် ထုတ်လိုက်တဲ့ Cameraphone ဖြစ်ပါတယ်။ မျက်နှာပြင် ကတော့ (၄.၃) လက်မ ရှိပြီး ကင်မရာ မှန်ဘီလူးက Full 10x Optical Zoom အထိ ရပါတယ်။ 16-megapixel BSI CMOS Sensor, Xenon Flash, 25 Smart Modes တို့ ပါဝင်ပြီး အရည် အသွေး ကောင်းတဲ့ Smartphone Camera တစ်လုံးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ဓာတ်ပုံကို အလွယ်တကူ Share လုပ်လို့ ရမယ့် Phone Function တွေ မပါဝင် ပါဘူး။

သူ့ရဲ့ ဒီဇိုင်း ကတော့ Samsung Galaxy S4 ရဲ့ ဒီဇိုင်းကို အခြေခံ ထားတာပါ။ အဖြူရောင် ပလပ် စတစ် ကိုယ်ထည် ဖြစ်ပြီး iPhone5, HTC One တို့ လောက်တော့ ဒီဇိုင်းက ဆွဲဆောင်မှု မရှိ ပါဘူး။ Samsung Galaxy Camera နဲ့ ဆင်ပေမယ့် မတူညီတာ ကတော့ Zoom Ring လို့ ခေါ်တဲ့ မှန်ဘီလူး ပါတာပါ။ ဒီမှန်ဘီလူးက Zoom Control လုပ်ပေးပြီး Access Camera Mode ကိုလည်း လုပ်ဆောင် ပေးပါတယ်။ Galaxy S4 Zoom ရဲ့ အထူ ကတော့ (၁၅.၄) မီလီ မီတာ ရှိတဲ့ အတွက် မူလ S4 ထက် နှစ်ဆ ပိုထူပြီး Galaxy Camera ထက်တော့ နည်းနည်း ပိုပါး ပါတယ်။ သူ့ရဲ့ အလေးချိန်က (၁၂၈) ဂရမ် ရှိပြီး Galaxy Camera ထက် ပိုပေါ့ ပါတယ်။ MicroSD Card Slot က ဘယ်ဘက် အစွန်မှာ ရှိပြီး Tripod အပေါက်လည်း ပါပါတယ်။

မျက်နှာပြင် ကတော့ 4.3-inch Super AMOLED Touch Screen Display ဖြစ်ပြီး Gorilla Glass 3 ကို ထိခိုက်မှု ကာကွယ် နိုင်ဖို့ အတွက် Extra Layer အဖြစ် သုံးထားပြီး 960 x 540 Resolution, 256ppi Pixel Density ရှိပါတယ်။ Android 4.2.2 Jelly Bean ဖြစ်ပြီး Samsung TouchWiz UI အပေါ် ဘက်မှာ ပါပါတယ်။ Google Play Store, Five Homescreens တို့ အသုံးပြု နိုင်ပြီး Widgets တွေ ကလည်း သုံးရတာ ပိုအဆင်ပြေ လာပြီး မကြိုက် ရင်လည်း ဖျက်ပစ်လို့ ရပါတယ်။ Samsung ရဲ့ App အသစ် ဖြစ်တဲ့ Travel App လည်း ထည့်ပေး ထားပြီး နေရာ အသစ် တွေနဲ့ ကမ္ဘာ ပေါ်က လည်ပတ်လို့ ကောင်းတဲ့ နေရာ တွေကို ဖော်ပြပေး ပါတယ်။ သင့်ရဲ့ ဓာတ်ပုံ တွေကို Photo Collage လုပ်နိုင်ပြီး Print ထုတ်လို့လည်း ရတယ် ဆိုပေမယ့် တခြား ဘာမှ အထူး အဆန်း မပါ ပါဘူး။

တခြား S4 တွေလိုပဲ ChatOn Messaging နဲ့ WatchOn Video App တို့မှာ Sign-in လုပ်လို့ ရပါတယ်။ နောက်ပိုင်း ဆိုရင်တော့ Flipboard လည်း သုံးလို့ ရမယ်လို့ ဆိုပါတယ်။ Built-in 8GB မှာ Samsung Software တွေက 3GB နီးပါး နေရာ ယူထားတာ ကတော့ သိပ် အဆင် မပြေ လှဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံ တွေကို သိမ်းဆည်း နိုင်ဖို့ MicroSD Card Slot နဲ့ ပထမ တစ်နှစ်စာ အတွက် 50GB Free Dropbox Storage ကိုတော့ ထည့်ပေးထား ပါတယ်။ Portraid Virtual Keyboard ကတော့ တကယ့်ကို ချောချော မွေ့မွေ့နဲ့ စာရိုက်လို့ အဆင်ပြေ ပါတယ်။ Small Keys ဖြစ်ပေမယ့် သုံးလို့ အဆင် ပြေပြီး Login Codes ကလည်း အထင်ကြီး စရာပါ။ Swype Support ပါဝင်ပြီး ဒါကို အသုံး မပြုလည်း Keyboard က သုံးရတာ အဆင်ပြေ ပါတယ်။

Samsung Galaxy S4 Zoom မှာတော့ 1.5GHz Dual-core Processor, 1.5GB RAM တို့ကို အသုံး ပြုထား ပါတယ်။ Homescreen နဲ့ Application တွေ တစ်ခုနဲ့ တစ်ခု ပြောင်းတဲ့ အခါမှာ နည်းနည်း နှေးပါတယ်။ ဂိမ်း ကစားဖို့နဲ့ ပတ်သက် ရင်လည်း သတိထား စရာပါ။ Real Racing 3 ကို ကစားတဲ့ အခါမှာ Smallest of Frame Rate Issues ကို ထုတ်ပေးပြီး HD Screen လိုမျိုးလည်း မြင်ကွင်းက မပြတ်သား ပါဘူး။ သူ့ရဲ့ Apps Boot Up Speed ကတော့ မြန်ပါတယ်။ Mid-range Processor ကို သုံးထားတဲ့ အတွက် Browsing Speed ကိုတော့ အပြစ် ပြောလို့ မရပါဘူး။ Speaker ကတော့ Lens ရဲ့ အပေါ် ဘက်မှာ ရှိပါတယ်။ Bass သံနဲ့ ပတ်သက် ရင်လည်း နားထောင်လို့ အဆင် မပြေတဲ့ အပြင် ရုပ်ရှင်တွေ ကြည့်ရတဲ့ အခါ မှာလည်း သိပ် အဆင် မပြေ ပါဘူး။ အသံကို ကျယ်လိုက်ရင် ပိုတောင် ဆိုးသွား ပါသေးတယ်။

သူ့ရဲ့ Feature တွေ အားလုံးထဲ မှာတော့ သူ့ရဲ့ ကင်မရာဟာ အရေးကြီးတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ 16-megapixel BSI CMOS Sensor, 10x Optical Zoom ကတော့  ရှိပါတယ်။ အလင်းရောင် အားနည်းတဲ့ နေရာ တွေမှာ ရိုက်ရတာ အဆင် ပြေဖို့ အတွက် Xenon Flash ပါပါတယ်။ ဒါ့အပြင် Optimal Image Stabiliser Built-in ထည့်ထားတဲ့ အတွက် Blur ဖြစ်တာကို လျှော့ချ ပေးပြီး ရုပ်ပုံ တွေကို ငြိမ်အောင် လုပ်ပေး ပါတယ်။ ဗွီဒီယို တွေကိုတော့ 1,080p at 30fps အထိ ရိုက်နိုင်ပြီး 1.9-megapixel Front-facing Camera ကတော့ ကိုယ့်ကိုယ်ကို ဓာတ်ပုံ ရိုက်ဖို့နဲ့ Video Chatting လုပ်ဖို့ အတွက် အဆင်ပြေ ပါတယ်။

Main Camera မှာတော့ Automatic, Smart, Expert Options တွေကို သုံးပြီး ဓာတ်ပုံ တွေကို ရိုက်လို့ ရပါတယ်။ Automatic Mode မှာတော့ ရုပ်ငြိမ် ဓာတ်ပုံတွေ အကုန် လုံးကို Tinkering လုပ်ပေး ပါတယ်။ Smart Mode မှာ ကတော့ ဓာတ်ပုံကို ဘယ်လို Option တွေနဲ့ ရိုက်ချင်လဲ ဆိုတာကို ရွေးချယ်လို့ ရပြီး အသစ် ထပ်တိုးတဲ့ Mode ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် ပြင်ပြီး ဓာတ်ပုံ ရိုက်ချင် သူတွေ အတွက် ကတော့ Expert Mode က ISO Sensitivity, Shutter Speed, Aperture စတာ တွေကို စိတ်ကြိုက် သတ်မှတ်လို့ ရအောင် လုပ်ပေး ပါတယ်။ Automatic Mode မှာတော့ တချို့ ပုံတွေကို ရိုက်တဲ့ အခါမှာ အရောင် တွေက သိပ် အဆင် မပြေတာ မျိုးတွေ တွေ့ရ ပါတယ်။ သင့်တော်တဲ့ Smart Mode ကို ရွေးချယ် နိုင်ရင်တော့ အရည် အသွေး မှာရော အရောင်တွေ မှာပါ အားလုံး ကောင်းကောင်း ထွက်လာ နိုင်ပါတယ်။ အလင်းရောင် မှိန်တဲ့ နေရာ တွေမှာ ရိုက်ရင်တောင် ပုံအရည် အသွေး မကျ ပါဘူး။

S4 Zoom ရဲ့ Call Quality ကတော့ ကောင်းတယ်လို့ ပြောရ မှာပါ။ ပြောနေတဲ့ အချိန်မှာ Distortion မ၀င် သလို ဖုန်းကျ သွားတာ မျိုးလည်း မရှိ ပါဘူး။ ဒါပေမဲ့ ဖုန်းပြောတဲ့ အချိန် မှာတော့ ကင်မရာကို နားနား ကပ်ထား တယ်လို့ ထင်ကြမှာ ကတော့ ပြဿနာ တစ်ခုပါ။

S4 Zoom ရဲ့ ဘက်ထရီ ကတော့ 2,300 mAh ဖြစ်ပြီး မူလ S4 ထက် စာရင်တော့ နည်းပါတယ်။ 3G Internet သုံးရင် (၇) နာရီကြာ အသုံး ခံပြီး Wi-Fi သုံးရင်တော့ (၉) နာရီကြာ အသုံး ခံတယ်လို့ ဆိုပါတယ်။ ပုံမှန် ဂိမ်း ကစားတာ၊ ဓာတ်ပုံ ရိုက်တာမျိုး ဆိုရင်တော့ တစ်နေ့လုံး အသုံးခံ ပါတယ်။

Connectivity အပိုင်း မှာတော့ Headphone Jack, Micro USB Charging Port, Micro SD card တို့ အပြင် ဘက်မှာ ပါဝင် ပါတယ်။ မျက်နှာ ပြင်ရဲ့ အောက်ခြေဘက် မှာတော့ 3G, Wi-Fi, 4G LTE Support စတာတွေ ရှိပါတယ်။ NGC ကိုလည်း အသုံးပြု နိုင်ပြီး Low Energy Bluetooth 4.0 အပြင် A-GPS and GLONASS Navigation System နှစ်မျိုးလုံး ပါပါတယ်။

Reference: Idroidmm.com

Android Jelly Bean 4.3 (Firmware Review)

3:57 PM
လက်ရှိနှစ် အတော အတွင်း မှာပဲ Android နဲ့ ပတ်သက်ပြီး New Version တွေ အများကြီး ထွက်လာ ပါတယ်။ အခု နောက်ဆုံး အနေနဲ့ Version အသစ် ဖြစ်တဲ့ Android Jelly Bean 4.3 ထွက်ပေါ် လာပါပြီ။ Developer တွေ အတွက် Software တွေကို ထပ်ပြီး တိုးမြှင့် ပေးထားပြီး တချို့ Feature တွေကို အသုံးပြု နိုင်ဖို့ အတွက် ကတော့ Hardware အသစ် တွေကို လိုအပ်တာ မျိုးတော့ ရှိပါတယ်။

သင့်ရဲ့ လက်ရှိ ဖုန်းမှာ ဖုန်းနံပါတ် တွေကို သင်ရိုက်တဲ့ နံပါတ်ပေါ် မူတည်ပြီး Auto-complete Number တွေကို ထုတ်ပေး နိုင်ပါ သလား။ Android 4.3 မှာတော့ လုပ်ပေး နိုင်ပါတယ်။ Keyboard အတွက်လည်း Tap Recognition ပိုမို ကောင်းဖို့ အတွက် Google က ပြင်ဆင် ပေးထားပြီး MOGA လိုပဲ Remote Gamepad လည်း ပါရှိ ပါတယ်။

4.3 မှာ သုံးစွဲ သူတွေ အများဆုံး ကြုံတွေ့ ရမယ့် Feature အသစ် တစ်ခု ကတော့ Restricted Profile ဖန်တီး နိုင်တာပါ။ Android 4.2 Tablet ရဲ့ Multi-user Implementation ကို အခြေခံပြီး Restricted User ကသာ Apps, Services, Settings တွေကို Designate လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သူငယ်ချင်း၊ ဧည့်သည်၊ ကလေး တွေနဲ့ Retail Kiosks တွေ အတွက် သင့်တော် ပါတယ်။ Apps နဲ့ Storage တွေကို Account တွေနဲ့ ခွဲခြား ထားနိုင်ပြီး ဖုန်းရဲ့ ပိုင်ရှင် ကတော့ ဘယ် App ကိုမဆို Owner’s Identity of Setting တွေ ကနေ လိုအပ် သလို ထိန်းချုပ် နိုင်ပါတယ်။ App တစ်ခု ချင်းစီ အတွက် သုံးစွဲ တာကို API Level ကနေပြီး ကန့်သတ် နိုင်မှာ ဖြစ်ပါတယ်။

Geofencing နဲ့ Wi-Fi Scanning APIs တွေ အတွက် ကတော့ Google Play Service အသစ်ကို အသုံးပြု နိုင်ဖို့ အတွက် လိုအပ်တဲ့ System-level ကို အထောက် အပံ့ ပေးနိုင်တဲ့ Hardware ကိုတော့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ Nexus 7 နဲ့ Nexus 4 တို့နဲ့သာ သုံးလို့ အဆင်ပြေ ပါတယ်။ 4.3 မှာ Security-conscious User တွေ အတွက်လည်း Feature တွေ အများကြီး ထည့်သွင်း ပေးထား ပါတယ်။ App တစ်ခု ချင်းစီ အတွက် WPA2 Network မှာ Wi-Fi Credential ကို သတ်မှတ်လို့ ရပြီး Extensible Authentication Protocol ကတဆင့် Network Authentication Exchange လုပ်လို့ ရပါတယ်။ KeyChain API ကတော့ Application Key တွေ အတွက် နည်းလမ်း အသစ် တစ်ခု ဖြစ်ပြီး Root ဖောက်ထား ရင်တောင်မှ Device Export လုပ်လို့ မရနိုင် ပါဘူး။ Security Key ဖန်တီးတဲ့ အခါ မှာလည်း တခြား App တွေကနေ မမြင် နိုင်အောင် Keystore အသစ်ကို ပြုလုပ် ပေးထား ပါတယ်။ Private Keystore က Key တွေ ကိုတော့ Export လုပ်လို့ မရနိုင် ပါဘူး။ System Partition  ပြုလုပ် ရာမှာလည်း App တွေကို Setuid Program တွေကနေ နှောင့်ယှက်လို့ မရအောင် ကာကွယ် ပေးထားပြီး လက်ရှိ မှာတော့ Android တွေမှာ AELinus Mandatory Access Control System ကို အသုံးပြု ထားပါတယ်။

ဒါ့အပြင် Developer’s Toolboxes မှာလည်း ကလိ စရာ အသစ် တွေကို အများကြီး ထည့်ပေး ထားပါတယ်။ Notification Option အသစ် တွေလည်း အများကြီး ပါဝင်ပြီး App တစ်ခု ချင်းစီ အတွက်လည်း System-wide Notification တွေကို ထည့်သွင်း နိုင်ပါတယ်။ ဒီလို အသုံး ပြုဖို့ အတွက် ကတော့ End User Permission လိုအပ်မှာ ဖြစ်ပါတယ်။ API မှာ ကတော့ Originating App, Time, Content, Priority, Dismissal State အပါ အ၀င် အချက် အလက်တွေ အများ ကြီးကို ပြပေး နိုင်ပါတယ်။ ဒါတင် မကသေးဘဲ Transparent Overlays, Custom Rotation Animations, On-the-fly Orientation Locking စတာတွေ မှာလည်း ရွေးချယ် စရာ အများကြီး ရှိတဲ့ အပြင် Quick Response Text Feature အသစ်လည်း ပါဝင်ပါ သေးတယ်။

Google Livestream ရဲ့ ဖော်ပြချက် အရ Android 4.3 ဟာ Low-bandwidth App တွေ အတွက် Bluetooth စွမ်းအင် သုံးစွဲမှု လျှော့ချတာ အပါ အ၀င် Bluetooth Smart Ready Device စတဲ့ Feature အသစ် တွေလည်း ပါဝင် ပါတယ်။ ဒါဟာ Add-on Device တွေဖြစ်တဲ့ Watches, Remotes စတာ တွေမှာ Client ဒါမှ မဟုတ် Server အဖြစ် အသုံး ပြုနိုင် ပါတယ်။ AVRCP 1.3 Profile ကတော့ Remote Control Client နဲ့ သီချင်း နာမည်တွေ အနု ပညာရှင် တွေနဲ့ ပတ်သက်ပြီး Remote Displaying အချက် အလက် တွေကို ပြနိုင်အောင် ဖန်တီး ထားတာ ဖြစ်ပါတယ်။

Android 4.3 မှာ OpenGL API ကနေပြီး မိုဘိုင်း တွေနဲ့ တခြား စွမ်းအင် လျှော့သုံးတဲ့ Device တွေ အတွက် နောက်ဆုံး ထုတ်လုပ် လိုက်တဲ့ OpenGL ES 3.0 ကို အသုံးပြု ထားတဲ့ အတွက် Graphics ပိုင်း မှာတော့ Shaders, Texture Compression နဲ့ တခြား ရှုပ်ထွေးတဲ့ 2D, 3D Graphics စတဲ့ ရွေးချယ် စရာ အသစ်တွေ အများကြီး ရှိလာ ပါတယ်။

အသံပိုင်း မှာတော့ Stereo Headphones, Speakers တွေမှာ ကြာရှည် အသုံးပြု လာခဲ့တဲ့ Quasi-surround Effect ကို Android Device တွေ ဖြစ်တဲ့ Nexus 7, HTC တို့မှာ အသုံး ပြုလို့ ရနိုင်ပြီ ဆိုပေမယ့် Standard Headphone တွေမှာ အသုံး ပြုနိုင် မပြုနိုင် ကတော့ သေချာ မသိ ရသေး ပါဘူး။

Digital Rights Management (DRM) ကတော့ အနည်းငယ် ရှုပ်ထွေး ပေမယ့် သင့်ရဲ့ ဖုန်းမှာ Content တွေကို Wide Array အသုံးပြု ချင်တယ် ဆိုရင်တော့ လိုအပ်မှာ သေချာ ပါတယ်။ 4.3 မှာတော့ DRM Implementation နဲ့ ပတ်သက်ပြီး ထူးထူး ခြားခြား ပြုလုပ် နိုင်တာတွေ အများကြီး ပါပါတယ်။ MPEG DASH, VP8 Encoding, Surface Encoding Without a Buffer, ဗွီဒီယိုနဲ့ အသံဖိုင် တွေကို ပေါင်းစပ်ပြီး ထုတ်လုပ် တာကို MPEG-4 Media Muxer ကနေ တဆင့် ပြုလုပ် ပေးနိုင် ပါတယ်။ ဒါ့အပြင် အမြန် နှုန်းနဲ့ တည်နေရာ အတွက်လည်း Software Playback Control တွေကို အသုံး ပြုလို့ ရပါတယ်။ သီချင်းတွေ ကိုလည်း App ကို မဖွင့်ဘဲ Music Widgets and Notification တွေကနေ ထိန်းချုပ်ပြီး ဘာသာ ပြန်ပေး နိုင်ပါတယ်။ ဒါကိုတော့ Google Play Music မှာ စမ်းသပ် ကြည့်တာ မရ သေးတဲ့ အတွက် Play Store မှာ Version အသစ်တွေ ထုတ်ပေး နိုင်ဖို့ ရှာဖွေ နေပါတယ်။

ထပ်ပြီး ပေါင်းထည့် ထားတဲ့ ဘာသာ စကားတွေ ကတော့ အာဖရိကန်၊ Amharic၊ ဟိန္ဒူ၊ Swahili၊ ဇူးလူး ဘာသာ စကားတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ညာဘက် ကနေ ဘယ်ဘက်ကို စာရေး တတ်တဲ့ Hebrew, Aramaic နဲ့ တခြား ဘာသာ စကားတွေ အတွက်လည်း Default Android User Interface အနေနဲ့ သုံးရာမှာ အဆင် ပြေအောင် ရွေးချယ် စရာ တွေလည်း အများကြီး ထည့်ပေး ထားပါတယ်။ RTL Testing အတွက်လည်း Developer Tools မှာ Android SDK ကို ထည့်ပေး ထားပါတယ်။ Pseudo-locales ကလည်း Developer တွေကို ဘာသာ စကားတွေ၊ Scripts၊ Displays တွေကို Accented English နဲ့ Stimulate လုပ်လို့ ရအောင် ပြုလုပ် ပေးထား ပါတယ်။ Accessibility Service အနေနဲ့ ကတော့ Third-party Apps တွေကို အသုံး ပြုခွင့် ပေးထား ပါတယ်။

ပိတ်ထား ချင်တဲ့ App တွေ အတွက်လည်း Settings Menu ထဲမှာ Tab အသစ် ပေါင်းထည့် ပေးထား တဲ့အတွက် “All Apps” Tab ကို တစ်ချိန်လုံး ဆွဲချပြီး ရှာစရာ မလိုတော့ ပါဘူး။ Android Setup Wizard ကလည်း ပိုမို ကောင်းမွန် လာပြီး Previous Input ကို ပြန်လည် ပြင်ဆင် နိုင်ရုံ သာမက EULA Stream လည်း ပြုလုပ် ပေးနိုင် ပါတယ်။ ActionBarCompat Function in Support Library 18 ကို အသစ် ထပ်ထည့် ပေးထားတဲ့ အတွက် Action Bar ကို ပြင်ဆင် ရတာလည်း ပိုမို လွယ်ကူ လာပါတယ်။

Reference: Androidpolice.com

Google Edition HTC One နဲ့ Galaxy Nexus တို့ အတွက် Android 4.3 Update လုပ်နိုင်

3:48 PM
Google Edition HTC One နဲ့ Galaxy S4 တို့ဟာ သူတို့ရဲ့ Device တွေကို Update လုပ်မှာ ဖြစ်ပြီး Android 4.3 ကို စတင် တော့မှာ ဖြစ်တယ်လို့ ကြေညာ လိုက်ပါတယ်။ Sony ကလည်း သူ့ရဲ့ Device တွေကို အမြန်ဆုံး Update လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။လက်ရှိမှာ လူတိုင်းက Android 4.3 ကို စိတ်ဝင်စား နေကြ ပါတယ်။ HTC One အသုံးပြု သူတွေ အတွက် အခု Android 4.3 ကို Download ဆွဲနိုင်ပြီ ဖြစ်ပါတယ်။ ပိုကောင်းမွန်ပြီး မြန်ဆန်တဲ့ Device ကို သုံးရ တော့မှာပါ။ Galaxy Nexus မှာလည်း Android 4.3 ကို Update လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲ သူတွေ အတွက် Verizon Galaxy Nexus ကို ပြုလုပ် ထားပြီး System Update ပြုလုပ် နိုင်ပြီ ဖြစ်ပါတယ်။ အရင်ဆုံး Nexus Device အသစ်တွေ ကိုပဲ Update လုပ်လို့ ရမှာ ဖြစ်ပါတယ်။
Reference: Androidspin.com

Gaming Performance အကောင်းဆုံး Android Tablet များ (Tablet Review)

3:47 PM
အသစ် ထွက်ရှိ လာတဲ့ Android Tablet တွေမှာ Performance၊ ဂိမ်းကစား ရတာ အဆင် ပြေမှု၊ Web Surfing မြန်ဆန်မှု၊ ဘက်ထရီ ကြာရှည် ခံမှု တို့ကို ဦးစား ပေးလာ ကြတာကို တွေ့ရ ပါတယ်။ Gaming Experience နဲ့ ပတ်သက် ပြီးတော့လည်း တိုးတက် လာခဲ့ပြီး မြန်ဆန်မှု၊ ချောမွေ့ မှုနဲ့ ပုံစံ လှလှ လေးတွေ ဖြစ်အောင် လုပ်လာ ကြပါတယ်။ အခုလည်း ဂိမ်းဆော့ ရတာ အကောင်း ဆုံးလို့ သတ်မှတ် ထားတဲ့ Android Tablet တွေနဲ့ မိတ်ဆက် ပေးချင် ပါတယ်။

Sony Xperia Tablet S
Sony Xperia Tablet S မှာ အသုံးပြု ထားတဲ့ Tegra 3 Chip ဟာ Gaming Performance နဲ့ ပတ်သက်ပြီး အကောင်း ဆုံးလို့ ဆိုနိုင် ပါတယ်။ တချို့ Show-stopping Software and Hardware ပိုင်း တွေမှာ သိပ် အဆင် မပြေ တာတွေ ရှိတဲ့ အတွက် အကောင်းဆုံး Tablet မဟုတ် ပေမယ့် ဂိမ်းဆော့လို့ ကတော့ အကောင်းဆုံး Tablet တစ်ခုပါ။ သူ့ရဲ့ Specification တွေ ကတော့ 1.3GHz NVidia Tegra 3 CPU,ULP GeForce (12-core) GPU, RAM 1GB, Android 4.1.1 OS တို့ပဲ ဖြစ်ပါတယ်။

Asus Transformer Infinity Pad TF700
Asus Transformer Infinity Pad TF700 ဟာ သူ့ရဲ့ ရုပ်ထွက် ကြည်လင် ပြတ်သားမှု၊ ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်း တွေနဲ့ အံ့မခန်း Gaming Performance တွေကြောင့် တော်တော် များများ သဘော ကျတဲ့ Tablet တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ Specification တွေ ကတော့ Resolution 1920 x 1200 Pixels, 1.6GHz NVidia Tegra 3 CPU, ULP GeForce(12-core) GPU, 1GB RAM, Android 4.1.1 OS တို့ကို အသုံး ပြုထား ပါတယ်။

Google Nexus 10
Google Nexus 10 ဟာလည်း အသုံးပြု ရမှာ မြန်ဆန်မှု ရှိပါတယ်။ Overall Performance လည်း ကောင်းမွန်ပြီး Game Performance မှာတော့ ပြောစရာကို မလိုတော့ ပါဘူး။ 1.7GHz Dual-core Samsung Exynos 5 Dual(5250) CPU, Mali-T604 (quad-core) GPU, RAM 2GB, Android 4.2.2 OS တို့ ပါဝင် ပါတယ်။

Sony Xperia Tablet Z
Sony Xperia Tablet Z မှာတော့ Qualcomm Snapdragon S4 Pro CPU နဲ့ Adreno 320 GPU ကို အသုံးပြု ထားတဲ့ အတွက် ဂိမ်းနဲ့ ပတ်သက်ပြီး အပြစ် ပြောစရာကို မရှိ လောက်တော့ ပါဘူး။ 1.5GHz Qualcomm S4 Pro CPU, Adreno 320 (single-core) GPU, RAM 2GB, Android 4.1.2 OS ကို အသုံး ပြုထား ပါတယ်။

Google Nexus 7 (2013)
Google Nexus 7 အသစ် ကတော့ Android Gaming တွေနဲ့ ပတ်သက်ပြီး အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ Tablet တစ်ခု ဖြစ်ပါတယ်။ High Framerate ရှိရုံ သာမက Resolution 1920 x 1200 ရှိတဲ့ အတွက် 2D ရော 3D ဂိမ်းတွေ ကိုပါ ကစားလို့ အဆင်ပြေ မှာပါ။ 1.5GHz Qualcomm S4 Pro CPU, Adreno 320 (single-core) GPU, RAM 2GB, Android 4.3 OS တို့ကို အသုံး ပြုထား ပါတယ်။

Reference: Cnet.com

Root လုပ်ထားတဲ့ ဖုန်းတွေအတွက် အဆင်ပြေတဲ့ Android Apps (Apps Review)

3:47 PM
သင့်ရဲ့ Android Smartphone ဒါမှ မဟုတ် Tablet ကို Root လုပ်ထားတယ် ဆိုရင်တော့ သုံးရတာ ပိုအဆင် ပြေဖို့ အတွက် တခြား App တွေ ကိုလည်း လိုအပ် မှာပါ။ Rooted Device တွေမှာပဲ သုံးလို့ ရပြီး Storage နေရာ သိပ်မယူဘဲ အသုံးလည်း ၀င်တဲ့ Android Application တချို့နဲ့ မိတ်ဆက် ပေးချင် ပါတယ်။ ဒီ App တွေဟာ User Interface Appearance ကို ပြောင်းလဲ သွားစေရုံ မဟုတ်ဘဲ Performance ကိုလည်း မြှင့်ပေးမှာ ဖြစ်ပါတယ်။

1. SD-Booster (Free)
သင့်ဖုန်း SDcard ရဲ့ အမြန် နှုန်းကို မြှင့်တင် ပေးပြီး Cache Memory တွေရဲ့ အရွယ် အစား ကိုလည်း ထိန်းညှိ ပေးပါတယ်။ SDcard တွေကို တစ်ဘက်မှ တစ်ဘက် ပြောင်းပြီး သုံးတတ်တဲ့ သူတွေ အတွက်လည်း တစ်ခု ချင်းစီ အတွက် မှတ်ထား ပေးပါတယ်။

2. DiskDigger (Free)
Rooted Device တစ်ခုမှာ ဓာတ်ပုံ တွေကို မတော် တဆ မှားဖျက်မိ တဲ့အခါ DiskDigger က Recover ပြန်လုပ် ပေးမှာ ဖြစ်ပါတယ်။ SD Card Format ချလိုက်ရင် တောင်မှ သင့်ရဲ့ အချက် အလက် တွေကို Restore ပြန်လုပ် ပေးနိုင် ပါတယ်။ ဓာတ်ပုံ တွေမှာ အဆင် ပြေဆုံး ဖြစ်ပေမယ့် ဗွီဒီယိုတွေ အတွက် ကတော့ သိပ်အဆင် မပြေ ပါဘူး။

3. Assistive Zoom ($0.99)
Assistive Zoom ဟာ ဘယ် App မှာမဆို Pinch-to-zoom Gesture ကို အသုံး ပြုနိုင် ပါတယ်။ Paid Version မှာတော့ App တွေကို ရွေးချယ်ခွင့် ရှိပြီး Double-tap လုပ်တာနဲ့ Zoom Out လုပ်ပေးမှာ ဖြစ်ပြီး ကြော်ငြာတွေ အကုန် လုံးကို ဖယ်ပေးမှာ ဖြစ်ပါတယ်။

4. Root Explorer ($3.99)
Root Explorer ဟာ File Manager တစ်ခု ဖြစ်ပြီး System Information တွေ အကုန် လုံးကို ကြည့်ရှု နိုင်အောင် လုပ်ပေး ပါတယ်။ Google Drive, Box, Dropbox, SMB Network, SQLite Database Viewer, Built-in Text Editor, zip/rar/gzip File, Script Execution, Multiple Tabs စတာတွေ အကုန်လုံး အသုံး ပြုလို့ ရမှာ ဖြစ်ပါတယ်။

5. Samba Fileshare (Free)
ဒီ App ကတော့ သင့်ရဲ့ Android Smartphone ဒါမှ မဟုတ် Tablet ကို File Server အဖြစ် ပြောင်းလဲ ပေးမှာ ဖြစ်ပြီး သင့်ရဲ့ အချက် အလက် တွေကို Network ကနေ တစ်ဆင့် Share လုပ်ပေး နိုင်မှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာ ကတော့ ဒီ App ဟာ Android Version 4.1 နဲ့ အထက်မှာ သုံးရတာ သိပ် အဆင် မပြေ ပါဘူး။

Reference: Phonearena.com

Samsung Galaxy Note 8 (Tablet Review)

3:46 PM
Samsung Galaxy Note 8 ရဲ့ AT&T Version ဖြစ်ပြီး ဒီဇိုင်း လှတဲ့ Tablet တစ်လုံးလည်း ဖြစ်ပါတယ်။ Stylus Interface ပါရှိတဲ့ အတွက် သုံးရတာ အဆင်ပြေ သလို Software Feature တွေ ကလည်း အသုံးဝင် ပါတယ်။ ဈေးနှုန်း ကတော့ မြင့်မားပြီး Stylus အတွက် ကလည်း ဈေးကြီး ပါတယ်။ Gaming Performance က (၂၀၁၃) ခုနှစ် ထွက်ထားတဲ့ အကောင်းဆုံး Tablet တွေနဲ့ ယှဉ်ရင် နောက်ကို ရောက်နေ ပါတယ်။ Quality Tablet တစ်လုံး ဖြစ်ပြီး 4G LTE Support ရပါတယ်။ တန်ဖိုး ကတော့ ဒေါ်လာ (၅၀၀) ဖြစ်ပါတယ်။

iPad Mini ပုံစံ မျိုးနဲ့ ဆင်တူပြီး Note 8 ရဲ့ အရွယ် အစား ကတော့ ပိုကြီး ပါတယ်။ သတ္တု စပ်ကို အသုံးပြု ထားတဲ့ အတွက် နည်းနည်းတော့ လေးပါတယ်။ အလေး ချိန်က (၀.၇၆) ပေါင်နဲ့ ပတ်ပတ်လည် 8.2 x 5.3 x 0.31-inch ရှိပါတယ်။  အောက်ခြေ ဘက်မှာ Menu, Home, Back ဆိုပြီး Button သုံးခု ပါရှိ ပါတယ်။ သုံးခု လုံးကို S Pen နဲ့ အသုံးပြု နိုင်အောင် လုပ်ပေး ထားပါတယ်။ ကျောဘက် အပေါ်ပိုင်း အလယ်မှာ ကင်မရာ ပါရှိပြီး 5-megapixel ဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာလည်း ပါရှိပြီး 1.3-megapixel ရှိပါတယ်။ အောက်ဘက်မှာ Speaker Grills နှစ်ခု၊ MicroUSB Port တစ်ခုနဲ့ S Pen ထည့်ဖို့ Slot တစ်ခု ပါဝင် ပါတယ်။ ညာဘက် မှာတော့  MicroSD Card Slot နဲ့ IR Blaster၊ Volume Rocker တို့ ရှိပြီး Power/sleep Button က ဘယ်ဘက် မှာပါ။ အပေါ် ဘက်မှာ Headphone Jack တစ်ခု ပါပါတယ်။

Android 4.1.2 Jelly Bean ကို အသုံးပြု ထားပြီး Samsung TouchWiz UI Skin လည်း ပါပါတယ်။ တခြား ရရှိ တာတွေ ကတော့ Smart Stay, Multi Window, Mobile Data, Wi-Fi, Reading Mode, GPS တို့ ဖြစ်ပါတယ်။ Watch On ဆိုတာက Samsung ရဲ့ Universal Remote/video Hub App တစ်ခု ဖြစ်ပါတယ်။ 1.6GHz Quad-core Exynos Dual (4410) CPU နဲ့ 2GB RAM, 802.11 a/b/g/n (2.4GHz and 5GHz) Wi-Fi, Bluetooth 4.0, GPS, Gyroscope, Accelerometer, Digital Compass တို့ ပါဝင်ရုံ သာမက 4G LTE Support လုပ်ပါတယ်။ မျက်နှာပြင် အရွယ် အစား 8-inch ရှိပြီး Resolution 1280 x 800-pixel  နဲ့ 189ppi ရှိပါတယ်။ ရုပ်ထွက် ကောင်းမွန်ပြီး ရှင်းလင်း ပြတ်သားမှု ရှိပါတယ်။

Reference: Cnet.com

Android သုံးသူများအတွက် သိသင့်သည့် Code များ

3:26 PM
Backup လုပ်ရန်
*#*#273283*255*663282*#*#* -  {Backup လုပ်ရန်}


Service mode သို့ဝင်ရန်
*#*#197328640#*#* - {Service Mode သို့ဝင်ရန်}


Reset လုပ်ရန်
*2767*3855# –  {Factroy reset လုပ်ရန်}
 (မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)


*#*#7780#*#* - {Factory Data reset လုပ်ရန်}
(မှတ်ချက် - Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account setting၊ install လုပ်ထားသော application၊ phone memory ထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ၊ ဖုန်းထဲတွင် Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်။)


Phone information ပိုင်းကြည့်ရန်
*#*#4636#*#*- {battery information & history, phone information, usage statistics}

Credit to minsoeyazar.

Bagan Keyboard Pro V-1.6.8 (Release 22) ထွက်ပြီ။

3:19 PM
Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ -ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( "ပါ" ကို ရေးလိုပါက "ပ + -ာ" ဟုရေးပါ Auto "ပါ" ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။ (ဥပမာ- "ရ" ကို ရိုက်လိုလျှင် "၇" ကို နှစ်ချက်နှိပ်ပါ။)

ထို့အပြင် -

၁၃။ အဆင်မပြေမှုများအတွက် Email ပို့၍သော်လည်းကောင်း၊ ယခု Post တွင် Comment ပေး၍သော်လည်းကောင်း၊ Google Play Store တွင် Comment ပေး၍ သော်လည်းကောင်း ပြောကြားနိုင်ပါသည်။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးသွားပါမည်။

၁၄။ ပိုမိုကောင်းမွန်အောင် Version အသစ်များတွင် ထည့်သွင်းလိုသည်များကို အကြံပြု တောင်းဆိုနိုင်ပါသည်။

၁၅။ အခမဲ့ Share/Download ပြုလုပ်နိုင်ပါသည်။

၁၆။ ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါက Playstore တွင် Rating များ ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ခင်ဗျာ။

အောက်မှာ ဒေါင်းယူနိုင်င်ပါတယ် ခင်ဗျာ

WCDMA only ပြောင်းမရတဲ့ ဖုန်းတွေအတွက် ပြောင်းရတဲ့ APK

2:10 PM
 
ကျွန်တော်တို့ GSM ဖုန်းတွေမှာ အင်တာနက်သုံးရင် လိုင်းနှစ်မျိုးရှိပါတယ်
2G(GSM only) and 3G(မြန်မာပြည်က 3G မစစ်တဲ့ WCDMA only) ဆိုပြီးတော့
ဒါပေမယ့် WCDMA only ဆိုတဲ့ လိုင်းကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာသာ
သုံးနိုင်ပြီး လိုင်းက 2G ထက်ပိုကောင်းပါတယ် 
အဲဒါကို အချို့ဖုန်းတွေမှာ 2G only ဆိုတာပဲ ပါတယ်
3G only or WCDMA only ဆိုတာ မပေါ်ပါဘူး အဲတော့ 3G လိုင်းရတဲ့
နေရာတွေမှာ 2G က Auto ပြောင်းသွားတဲ့အခါမျိုးတွေမှာ ကိုယ်တိုင်
Manual ပြောင်းနိုင်တဲ့ ဆော့ဝဲလေးတစ်ခုပါ Network ဆိုတဲ့ ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း WCDMA only လား GSM only လား
ကြိုက်သလိုပြောင်းနိုင်ပါသည် ဖိုင်ဆိုဒ်ကလည်း KB သာရှိတဲ့အတွက်
လူတိုင်းဒေါင်းနိုင်မှာပါ

or

Android မှာ Facebook က ပုံတွေဒေါင်းဖို့

1:06 PM


Android ဖုန်းအတွက် Facebook ပေါ်က ဓါတ်ပုံများကို အလွယ်တကူ Save ထားနိုင်တဲ့ Application တင်ပေးလိုက်ပါတယ်။ Facebook က ဓါတ်ပုံများကို Android ဖုန်းမှတစ်ဆင့် Save ထားနိုင်မယ့် Application ပေါင်းများစွာကို Google Play တွင် Free ရပေမယ့် အသုံးပြုရမလွယ်ကူခြင်း လွယ်ကူသော်လည်း News Feed မှ ဓါတ်ပုံများအားလုံး Save မလုပ်နိုင်ခြင်း Google Ads များ ပါဝင်နေခြင်းကြောင့် မျက်စိရှုပ်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆင်ပြေစေမယ့် Facebook Photo Save လေးကို တင်ပေးရခြင်းဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းလှပါတယ်။ မိမိ သုံးနေကျဖြစ်သော Facebook App ထဲမှ Save ချင်သော ဓါတ်ပုံကို View လိုက်ပါ။ ပြီးရင် ဖုန်း၏ Menu> More ကို နှိပ်၍ Share ကို ဆက်နှိပ်ပြီး Facebook Photo Save ကို ရွေးလိုက်ပါက Save to phone နှင့် Save to SDCard တွင် မိမိနှစ်သက်သောနေရာမှာ Save ထားနိုင်ပါတယ်။

UPDATED:June 30, 2013
CURRENT VERSION:1.0.3
REQUIRES ANDROID:2.2 and up
CATEGORY:Productivity
SIZE:973kb
PRICE:Free


Download Now
or
<< Download From D-h.st >>
~~~~~~~~~~~~
 
Credit:http://www.mhandroidappstore.blogspot.com/2013/07/facebook-photo-save.html

MRTV 4 ကို Android မှာ ကြည့်နိုင်မယ့် APK ရပြီ။

1:04 PM
(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ

(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ်

သူအတွက် Apk လေးရှိတယ် ဆရာမ ‪#HtarHtarLwin‬ တင်ပေးထားတာပါ 
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ် 
ဒေါင်းရလွယ်အောင် ဘာကြော်ငြာမှ မခံထားပါ  နှစ်ခုလုံး ဒါရိုက်လင့်ပါ
Dwonlaod>>>>http://www.mediafire.com/(or)hotfile

 

Next Launcher 3D v1.38 Apk

2:40 PM
       Next Luncher 3D နောက်ဆုံး version လေးထွက်လာပါပြီဗျာ။ သုံးဖူးတဲ့လူတွေလည်းသုံးဖူးနေကြပြီး၊ မသုံးဖူးတဲ့လူတွေ ကလည်း ပြထားတဲ့ ပုံလေးကို ကြည့်ပြီးတော့ ဘယ်လောက်လန်း လဲဆိုတာ ကိုကြည့်တာ နဲ့သိနိုင်ပါတယ်။ အဲဒါကြောင့်  အသေးစိတ်ကို မရှင်းပြတော့ပါဘူးဗျာ။ Google play store မှာလဲ download လုပ်နိုင်ပါတယ်။ Play store မှာမရလို့ လိုအပ်ရင်တော့ အောက်မှာ link တွေပေးထား ပါတယ်ဗျာ။ Download သာလုပ်ပြီးသုံးကြပေတာ့ဗျာ :D





ဒီအောက်က link တွေမှာ download လုပ်နိုင်ပါတယ်ဗျာ။

ဒီနေရာမှာ Download လုပ်ပါ

ဒီနေရာမှာ Download လုပ်ပါ

အားလုံးအဆင်ပြေကြပါစေဗျာ။

Credit to Aung Ko Htet (IT studier )

ဖုန်းမှာဆက်သွယ်ရေး MPT နာမည်ကို ကိုယ်ကြိုက်တဲ့နာမည်လေးထည့်မယ်(For Root User)

2:31 PM
အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
  1. etc ထဲကိုဝင်
  2. spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ  . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်



Conferendo Video Chat For Android / PC

4:25 PM
Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။
 
တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။

VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။

www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။

"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" 

မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/

VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။




PC အတွက် VZO ဆော့ဝဲကိုတော့ ဒီမှာနှိပ်၍ သွားရောက်ဒေါင်းယူပါ ။

Android အတွက် VZO ဆော့ဝဲကို ဒီမှာနှိပ်၍ Play Store သို့ သွားရောက်ဒေါင်းယူပါ ။

Play Store ဝင်မရသော သူများကတော့ ဒီမှာနှိပ်၍ ဒေါင်းယူပါ ။ 


အနည်းဆုံး Android 4.0 ကနေမှ စသုံးလို့ရတာပါ ။ Android 2.3 အဆင့်တွေ ထည့်သုံးလို့မရသေးပါဘူး ။ Android 2.3 တွေအဆင့်တွေပါ သုံးလို့ရဖို့ရန် ပြင်ဆင်နေကြောင်း Play Store မှာရေးသားဖော်ပြထားပါတယ် ။


website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အား လွတ်လပ်စွာ ဆက်သွယ်ပြောဆို ပြင်ဆင်ပေးနိုင်ပါတယ်ခင်ဗျား။ 
ကျေးဇူးတင်ပါ တယ် ခင်ဗျား။

{ လေးစားစွာဖြင့်၊ VZOchat အသင်း }
www.vzochat.com
www.conferendo.com
www.facebook.com/conferendo 

""" အားလုံးပဲ Facebook လင့်လေးမှာ Like လုပ်ပေးရင်း ဂုဏ်ယူဝမ်းမြောက် ကြိုဆိုကြပါစို့....."""

အားလုံးပဲ အဆင်ပြေကြပါစေ.....။ 

Credit to : Djjoe Man (MMF)