iPhone 5 အတွက် ဘက်ထရီအပိုပါ ကာဗာ အသစ်

3:32 PM
iPhone 5 အတွက် Mophie အမည်ရ Accesory ကုမ္မဏီက ဘက်ထရီ ပါတပ်ဆင်ထားတဲ့ ဖုန်းကာဗာ ထတ်လုပ်ပေးပါတယ်။

ယခင်က Mophie helium ကာဗာဖြစ်ပြိး ယခု အသစ်ကတော့ Juice Pack Air အမည်ရ ကာဗာ ဖြစ်ပါတယ်။ ဖုန်းအတွက် နောက်ထပ် ဘက်ထရီ အပိုတစ်လုံးလိုပဲ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခရီးဝေးသွားသူများ၊ ဖုန်းအားသွင်းဖို့ ခက်ခဲနေရာတွေမှာ အသုံးပြုလို့အဆင်ပြေမယ့် ပစ္စည်း ပဲ ဖြစ်ပါတယ်။ ဖုန်းအားသွင်းဖို့ ဘက်ထရီလည်း သီးသန့်မလိုတဲ့ အပြင် အကြမ်းခံတဲ့ ကာဗာလည်း တပ်ဆင်ထားပြီးသလို ဖြစ်မှာ ဖြစ်ပါ တယ်။

3G နဲ့ LTE မှာ ၈ နာရီ၊ Wi-Fi မှာ ၁၀ နာရီ၊ Audio playback နာရီ ၄၀၊ ဗီဒီယို Playback ၁၀ နာရီ ခံနိုင်ရည် ရှိတဲ့ အပို ဘက်ထရီပဲ ဖြစ်ပါတယ်။

ဈေးကလည်းကြီးသွားပါတယ်။ တန်ဖိုး ၉၉ ဒေါ်လာရှိပြီး ယခင် Helium ထက် ဒေါ်လာ ၂၀ ဈေးပိုကြီးသွားပါတယ်။ ပိုမိုလည်း ပေါ့ပါးပြီး ကျစ်ကျစ်လစ်ရှိတဲ့ Air ဘက်ထရီ Pack ကာဗာများကို မတ်လ ၂၂ ရက်နေ့ ကစလို့ ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)