ကျွန်တော်တို့ အသုံးပြုမှုများသော Windows 7 OS ကို USB Drive ပေါ်က တင်နိုင်တာကို အားလုံးလိုလို သိကြမှာပါ ။
ကြာခံနယ်
Software တစ်ခုခုကို အသုံးပြုကာ USB Drive ကို Bootable Disk
ဖြစ်အောင်ဖန်တီးပြီး Windows 7 OS DVD ပေါ်က ဖိုင်များကို USB Disk
ပေါ်ကူးထည့်ကာ တင်သော နည်းလမ်းတွေပဲဖြစ်တာများပါတယ် ။
ကျွန်တော် မနေ့က စမ်းသပ်တာ ကြာခံနယ် ဆော့ဝဲလ် အကူမပါပဲ ဝင်းဒိုးစ် တင်တဲ့နည်းတခု တွေ့လို့ အာလုံးကို Share လုပ်လိုက်ပါမယ် ။
** USB Drive ကို NTFS ဖြင့် Format ချပါ ။
USB Drive > Right Click > Format > File System Choose NTFS
USB Drive တွေကို Windows 7 ပေါ်မှာ NTFS ဖြင့် Format ချလို့ရပါတယ် XP ပေါ်မှာ NTFS Format ရိုက်ရန် NTFS ပါမလာပါ ။
XP
ပေါ်မှာ USB Drive ကို NTFS Format ချချင်ပါက USB Drive > Right Click
> Properties > Hardware > Properties > Check Optimize for
performance
** USB Drive ကို NTFS ဖြင့် Format ချပြီးပါက Windows 7 Instller Disc ကို DVD ထဲထည့်သွင်းကာ USB Drive အပေါ် Copy/Paste လုပ်ပါ ။
ပြီးသွားပါက USB Drive ပေါ်ကနေ Windows 7 ကို တင်ဖို့ အဆင်သင့်ဖြစ်ပါပြီ ။
** USB Drive ပေါ်ကနေ Boot တက်ဖို့ကတော့ CMOS/BIOS ထဲမှာ First Boot ကို USB Drive ရွေးပေးရပါမယ် ။
ထိုမှသာလျှင် USB Drive ကနေ Windows 7 ကို တင်နိုင်မှာပါ ။