အရင်ဆုံး မိမိတို့ သောက်ပြီးသား Coca cola ဗူးခွံကိုပဲဖြစ်ဖြစ် Beer ဗူးခွံကိုပဲဖြစ်ဖြစ် ယူလိုက်ပါ .. ပြီးရင် ရေစင်အောင် ဆေးပေးလိုက်ပါ .. အနံတွေဘာတွေ ပျောက်သွားအောင်လို့ပါ ..
ပြီးရင်အောက်က ပုံမှာပြထားသလို ဗူးခွံရဲ့ အပေါက်လေးမှာ ရှိတဲ့ အပိတ်လေးတွေ ကျန်ခဲ့တာရှိရင် ဖယ်ထုတ်ပလိုက်ပါ ..
ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဗူးခွံရဲ့ နောက်ပိတ်ပိုင်းကို ဖြတ်ထုတ်ပလိုက်ပါ .. အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် အနေနဲ့ ဖြတ်လိုက်တဲ့ နောက်ပိတ်ပိုင်းကနေ ဘေးနှစ်ဘက်ကို ညီအောင်ညှိပြီး အရှည်လိုက် ဗူးခွံအဖုံးစပ် အထိရောက်အောင် ခွဲချလိုက်ပါ ..
ပြီးသွားပြီ ဆိုရင်တော့ စောစောက ဗူးခွံရဲ့ အပေါက်လေးကို ကျွန်တော်တို့ အသုံးပြု နေတဲ့ Wi-Fi Moden ရဲ့ antenna လေးမှာ တင်ဆင်ပေးလိုက် ယုံပါပဲ ..
မှတ်ချက်။ ။ http://nyithitsar.blogspot.com/2011/11/wi-fi-signal.html မှကူးယူတင်ပြပါသည်။