ကွန်ပျူတာ ဂရပ်ဖစ်ကဒ်များကိုထုတ်လုပ်လျက်ရှိသော NVIDIA ကုမ္မဏီနှင့်
တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ ZTE တို့ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး Tegra 4 Smart
ဖုန်းကိုထုတ်လုပ်ပြသလိုက်ပါပြီ။ ကမ္ဘာကျော်နည်းပညာကုမ္ပဏီ NVIDIA နှင့်
တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီတို့ပထမဆုံးပူးပေါင်းထုတ်လုပ်လိုက်တဲ့ဖုန်လည်းဖြစ်ပါတယ်။
ဒီဖုန်းကိုဖြန့်ချိမယ့်ရက် နဲ့ ဈေးနှုန်း ကိုတော့
အသေးစိတ်မပြောသွားသေးပါဘူး
ဖုန်းရဲ့ Processor ကို Tegra 4 စနစ်နဲ့မောင်းနှင်ထားပြီး GPU
စနစ်ကိုအဓိကဦးစားပေးထားတဲ့ဖုန်းဖြစ်တာကြောင့် Graphic အရရော ၊
ဖုန်းရဲ့ပုံရိပ်ဖော်ဆောင်မှုအရရော ထိပ်တန်းအဆင့်ရှိမယ့်ဖုန်းတစ်လုံးလို့
မိုဘိုင်းကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
Ref:Slashgear