Showing posts with label Apple သမားများအတွက်. Show all posts
Showing posts with label Apple သမားများအတွက်. Show all posts

iOS 9.0.2 အား Jailbreak ပြုလုပ်ခြင်း

5:48 PM

iOS 9.0.2 ကို Jailbreak ပြုလုပ်နိုင်မယ့် Jailbreak tool ကို Pangu မှ ၂၀၁၅ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ iPhone 4S မှ 6S , iPad mini 4,3,2,1 နှင့် iPad Air 2,1 တို့အပြင် iPod Touch 5,6 တို့မှာ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားတဲ့ Jailbreak tool တစ်ခုဖြစ်ပါတယ်။
အဆိုပါ jailbreak tool ကို အသုံးပြုမယ်ဆိုရင် iDevice တွေမှာ Find My iPhone နဲ့ iCloud တို့ကို disable ပြုလုပ်ထားရပါမယ်။ Disable ပြုလုပ်ဖို့အတွက် Settings > iCloud > Find My iPhone နေရာမှာ toggle ကို Off ပြုလုပ်ထားရပါမယ်။
နောက်တစ်ဆင့်ကတော့ Touch ID နဲ့ Passcode ကို Disable ပြုလုပ်ထားရမှာ ဖြစ်တဲ့အတွက် Settings > Touch ID & Passcode ကို သွားပါ။ ပြီးသွားရင် Turn passcode off ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။
ပြီးရင် Ari Plane Mode ကို ပြောင်းပေးထားရပါမယ်။ အဆိုပါ အဆင့်တွေအားလုံး ပြီးဆုံးသွားပြီဆိုရင် http://goo.gl/hf15fO ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပြီး Jailbreak tool ကို download လုပ်ယူလိုက်ပါ။ အခုထွက်ရှိတဲ့ Jailbreak ဟာ Windows Opeartings System အတွက်သာ ထုတ်လုပ်ဖြန့်ချိပေး ထားခြင်းဖြစ်ပါတယ်။
Jailbreak tool ကို download ပြုလုပ်ပြီးရင် ကွန်ပျူတာပေါ်မှာ Run လိုက်ပါ။ အဲ့ဒီနောက် Jailbreak ပြုလုပ်မယ့် device ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်ပြီးသွားရင် Already Backup ဆိုတာကို အမှန်ခြစ်ထည့်ပြီး Start buttonကို ကလစ်နှိပ်ပါ။
Start button ကို နှိပ်ပြီးရင် Reboot ပြုလုပ်သွားမှာဖြစ်ပြီး Airplane Mode ကို ပြန်လည်ဖွင့်ပေးရပါမယ်။ ဒါဆိုရင် Jailbreak လုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားပါလိမ့်မယ်။ Jailbreak လုပ်ဆောင် နေစဉ်အချိန်မှာ iPhone ရဲ့ Home Screen မှာ Pangu app ကို ဖွင့်ဖို့အတွက် တောင်းဆိုပါလိမ့်မယ်။ ဖွင့်ပေးလိုက်ပါ။ Pangu app ကို Run နေတဲ့အချိန်မှာ Photo Library ကို အသုံးပြုခွင့်အတွက် တောင်းခံပါလိမ့်မယ်။ accept ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ accept ကို နှိပ်လိုက်ရင် Pangu ဟာ ရှေ့ဆက် အလုပ်လုပ်ဆောင်သွားမှာဖြစ်ပြီး pop-up box တက်လာတဲ့အခါမှာ ok button ကို နှိပ်ပေးလိုက်ပါ။
အထက်ပါ အဆင့်တွေ ပြီးသွားရင် jailbreak ပြုလုပ်ထားတဲ့ device ဟာ နောက်တစ်ခါ reboot ထပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ boot ပြန်တက်လာတဲ့အခါမှာ Airplane Mode ကို disable တစ်ခါ ပြန်လည်ပြုလုပ်ပြီး Cydia app ကို run လိုက်ရင် Jailbreak ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။


Ref: idownloadblog
Credit  internetjournal

ICLOUD BYPASS TOOLS..

5:29 PM
Icloud ကျနေသူများအတွက် စမ်းသပ်ဖို့ icloud bypass tools လေးတွေပါ။ အခုကျွန်တော် ပေးတဲ့ tools တွေက ကျွန်တော် အချိန်အကြာကြီးယူပြီးစုစည်းထားတာပါ။ တစ်ချို့ဟာဆို ယူရတာ မလွယ်ကူပါဘူး. ပေးတဲ့ tools တွေကလဲ servery တွေခံထားတာနဲ့ password ခံထားရတာနဲ့ ယူလို့ကိုမရပါဘူး. အခု icloud ဖြည်တဲ့ tool အစုံ 75Mb ပဲရှိပါတယ်။

*********************  Download Here    ******************

RAR Password - angelic  

သုံးစွဲသူများ စမ်းသပ်နိုင်ရန် iOS 8.3 အတွက် public beta ကို Apple ဖြန့်ချီ

12:01 PM
Apple သည် အသစ်ထွက်ရှိလာမည့် iOS 8.3 ကို တရားဝင်မဖြန့်ချိမီ သုံးစွဲသူများ စမ်းသပ်နိုင်ရန်အတွက် beta ဗားရှင်းအား ဖြန့်ချိလိုက်ပြီဖြစ်သည်။
Apple ၏ ဝက်ဘ်စာမျက်နှာတွင် desktop အတွက် OS X public beta ဗားရှင်းကို သုံးစွဲသူများ စမ်းသပ်နိုင်ရန် ဖြန့်ချိခဲ့ရာတွင် အဖိုးမဖြတ်နိုင်သည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတွက်ကြောင့် Apple သည် iOS အတွက် အစီအစဉ်တစ်မျိုးကို တိုးချဲ့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် Apple တွင် ၎င်း၏ မိုဘိုင်း operating system iOS update များကို app developer များသာ စမ်းသပ်နေခြင်းကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များစွာ ရှိကြောင်း 9to5Mac ကဖော်ပြခဲ့သည်။ သုံးစွဲသူများအနေဖြင့် Apple မှဖြန့်ချိသည့် iOS 8.3 public beta ကို sign up ပြုလုပ်၍ စမ်းသပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း Apple အနေဖြင့် ၎င်း၏ iOS beta ဗားရှင်းကို ရွေးချယ်ထားသည့် သုံးစွဲသူများသာ စမ်းသပ်နိုင်ရန် ကန့်သတ်မှု ပြုလုပ်ထားဖွယ်ရှိကြောင်း သိရသည်။ သုံးစွဲသူများသည် Apple မှ iOS ဗားရှင်းသစ်ကို စမ်းသပ်ရန် သတ်မှတ်ထားသော နေရာတွင် စာရင်းသွင်းပြီးလျှင် package ဖိုင်တစ်ခုကို install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်မှသာ သုံးစွဲသူများအနေဖြင့် emoji, wireless CarPlay အပြင် Google သုံးစွဲသူများအတွက် login ပြုလုပ်ရလွယ်ကူသည့် feature နှင့် ပြင်ဆင်မှုများ ပါဝင်လာသည့် iOS 8.3 ကို install ပြုလုပ်နိုင်မည် ဖြစ်သည်။
Ref: TheVerge

iTools English version 3.1.7.5

1:29 AM


Download: iToolsENSetup_3.1.7.5 12 MB

Fully supports iTunes 12.1

Pass: itoolsen.blogspot.com
Official : http://www.itools.cn/








Thank onggiachonggay

Remote Mouse for IOS & Android.

2:05 AM
အသစ်အဆန်းကိုမှ ကြိုက်နှစ်သက်သဘောကျသူများအတွက် Remote Mouse Application တစ်ခုဖြစ်ပါတယ်။ Presentation ပြုလုပ်လိုသူများအတွက်အဆင်ပြေနိုင်မယ့် Application တစ်ခုလို့ဆိုနိုင်ပါတယ်။ iPhone, iPod တို့မှ Wireless အနေဖြင့် မိမိကွန်ပျူတာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Mouse အနေဖြင့်သော်လည်းကောင်း၊ Keyboard အနေဖြင့်သော်လည်းကောင်း ပြောင်းလဲထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Voice Recognition ကိုလည်း iPhone 4s များတွင်ထည့်သွင်းပါက အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WiFi Network, 3G Network များအတွင်းမှလည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Windows 7, Windows Xp, Vista, Mac OSX Lion, Snow Leopard, Leopard အစရှိသည်တို့အသုံးပြုထားသည့် ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iOS 4.3 နှင့်အထက်များတွင် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး iTunes Website တွင်အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
IOS - download
Android - download

Record iPhone screen (No Jailbreak)

12:25 AM
iPhone, iPad screen ပေါ်က လှုပ်ရှားမှု မှန်သမျှကို  Jailbreak လုပ်စရာမလိုပဲ video file အဖြစ် မှတ်တမ်းတင်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

(mp4, mov) format များ ရွေချယ်နိုင်ပြီး အရုပ်၏ အရည်အသွေးကို ယခုလက်ရှိ အမြင့်ဆုံး ဖြစ်သည့် 1080p အထိ ရိုက်ကူးနိုင်ပါသည်..

"Shou" လို့ အမည်ရတဲ့ Application ကို jailbreak လုပ်ထားသော device များနှင့် jailbreak မလုပ်ထားသော iOS 7 နှင့်အထက် iDevice များတွင် သွင်းယူ အသုံးပြုနိုင်ပါလိမ့်မည်။

Android အတွက်တော့ OS 4.1 + root လိုအပ်ပါလိမ့်မယ်။

>> Jailbreak အတွက် Bigboss repo တွင် သွင်းယူပါ။

>> No Jailbreak အတွက် <<

၁) iDevice ၏ Safari browser မှ ဤနေရာကို နှိပ်ပါ။

၂) ပုံပါအတိုင်း iOS version ကိုရွေးပါ။ "Emu4iOS Store" ကို install လုပ်ပါ။



၃) ပုံတွင် ဖော်ပြထားသည်အတိုင်း "Shou" ကို install လုပ်ပါ။


၎) Sign Up, Facebook, Google+ account တစ်ခုခုနှင့် ဝင်ရောက်နိုင်ပါပြီ။


၅) Settings တွင် portrait, landscape, video audio format တို့ကို စိတ်ကြိုက်ပြင်ဆင်ပြီး ရိုက်ကူးနိုင်ပါပြီ..

credit to - moethagyar

Bypass iOS Activation without Apple ID

10:17 AM
သင့်ရဲ့ လက်ထဲမှာ

မူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?
မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?

စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။
iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။


>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
      C:\Windows\System32\drivers\etc\hosts (Windows)
      /private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။ 


Credit to ... moethagyar

Apple မှ USB Power Adapter များကို (၁၀) ဒေါ်လာနဲ့ ရောင်းချပေး (News)

3:55 PM
Apple က iPhone 5 အတွက် အားသွင်း ရတာ ပိုပြီး အဆင်ပြေ စေဖို့ Faluty USB Power Adapter ကို ထုတ်လုပ် လိုက်ပါပြီ။ လေ့လာ ချက်များ အရ Third-party Adapter တွေဟာ ပုံစံ မလှဘဲ အန္တရာယ် ကင်းရေးကို ပိုဦးစား ပေးပြီး ထုတ်လုပ် တာကို တွေ့ရ ပါတယ်။ အခုလည်း Jobs ဟာ USB Power Adapter ပြန်လဲ ပေးတဲ့ အစီ အစဉ်ကို ပြုလုပ်ဖို့ ရှိပါတယ်။ အဲဒါ ကတော့ iPad, iPhone, iPod တွေကို Current Adapter တွေ ယူလာပြီး လဲရင် ပုံမှန် ဈေးနှုန်း ဖြစ်တဲ့ (၁၉) ဒေါ်လာ အစား (၁၀) ဒေါ်လာနဲ့ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ကိုယ်ပိုင် Device တစ်ခု အတွက် Adapter တစ်ခု ကိုပဲ ပေးမှာ ဖြစ်ပါတယ်။

Apple မှ iPad5 နှင့် iPad Mini 2 တို့၏ ပုံစံထွက်ရှိ (News)

3:44 PM
Fifth-generation iPad အတွက် Rear Aluminum Housing ပုံစံ ထွက်ရှိ လာပြီ ဖြစ်ပြီး iPad Mini ရဲ့ ပုံစံကို ပြန်လည် ပြုပြင် ထားတာ ဖြစ်ပါတယ်။ Apple ဟာ iPad5 ကို ပိုပြီး သပ်ရပ် ကျစ်လျစ်တဲ့ ပုံစံနဲ့ ထုတ်လုပ်ဖို့ ပြင်ဆင် နေပါတယ်။ လက်ရှိ ထုတ်ထားတဲ့ Fourth Generation iPad ရဲ့ အရွယ် အစားဟာ 185.7mm ရှိတဲ့ အတွက် iPad5 ကို ပိုသေးငယ်အောင် 168mm အကျယ်သာ ထုတ်လုပ် မယ်လို့ ပြောပါတယ်။ အလျား ကိုတော့ အတူတူ ထားမယ်လို့ ပြောပါတယ်။ Volume Rocker မထား တော့ဘဲ Volume Up and Down Button တွေ အဖြစ်နဲ့ ခွဲထုတ် လိုက်မှာ ဖြစ်ပြီး အောက်ခြေဘက် မှာတော့ Dual Stereo Speaker ပါရှိမှာ ဖြစ်ပါတယ်။ ပတ်ပတ်လည် မှာတော့ Lightning Port တွေ ပါမှာပါ။ အနောက်ဘက် ကင်မရာ ကိုလည်း အစွန် ဘက်ကို ထပ်ရွှေ့ မယ့်ပုံ ရှိပြီး ဘယ်ဘက် မှာတော့ ရှိနေ ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPad Mini 2 ကိုလည်း ထုတ်ဖို့ ရှိပြီး သူ့ရဲ့ ပုံစံ ကလည်း မူလ iPad Mini နဲ့ အတူတူပဲ ဖြစ်ပြီး နောက်ကျော ဘက်က Apple Logo ထည့်တဲ့ ပုံစံ မှာသာ နည်းနည်း ကွာသွား မယ်လို့ ပြောပါတယ်။ ကိုယ်ထည်တွေ အကုန်လုံး ကိုတော့ Aluminum နဲ့ပဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Appleရဲ့ iWatch က ဘယ်လိုမျိုးလဲ

6:51 PM

Appleရဲ့ နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချမယ့် iWatchနဲ့ ဆိုင်တဲ့ သိကောင်းစရာ အချက်တွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

(၁) ကြိုးမဲ့ Chargingစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒီဇိုင်းပိုင်း အထူးကောင်းမွန်မှာ ဖြစ်သလို လက်ရှိ ဖုန်းတွေကို အကောင်းဆုံး အစားထိုး သုံးစွဲနိုင်မှာ ဖြစ်ပြီး ခလုတ်တွေနေရာမှာလည်း Siriတွေ ၀င်ရောက် လာပါလိမ့်မယ်။

(၂) iWatchဟာ တစ်ယောက်ကိုင် ပစ္စည်းဖြစ်လာမှာ ဖြစ်ပြီး Passwordတွေ အကြိမ်ကြိမ် ရိုက်ထည့်ရတဲ့ အလုပ်ကို သက်သာစေမှာပါ။ နောက်ပြီး သင်သာ iPhoneမေ့ကျန်ခဲ့မယ်ဆိုရင် သင့်ကို iWatchက သတိပေးပါလိမ့်မယ်။

(၃) တကယ်လို့ iPhoneက ဖုန်းလာရင် ဘယ်သူ့ဆီကလာတယ်ဆိုတာ iWatchက ပြောကြားပေး မှာ ဖြစ်သလို ကျန်းမာရေး ဆိုင်ရာ အချက်တွေကိုလည်း iWatchက အာရုံခံပေးနိုင်မှာ ဖြစ်ပြီး iPhoneနဲ့ iPodတွေက သီချင်းတွေကိုလည်း iWatchကနေ ထိန်းချုပ်မှုတွေ လုပ်ဆောင်နိုင်မှာပါ။

(၄) KidCodeလို မထင်မှတ်တဲ့ Appတွေကို ထည့်သွင်းသုံးစွဲမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်သလို Entertainment တွေ ကိုလည်း ထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး အကွာအဝေးတိုင်း စနစ် ပါဝင်မှာ ဖြစ်ပြီး သင်တိုင်းတာချင်တဲ့ အရာကို လက်ညှိုးထိုးလိုက်ရုံနဲ့ iWatch က ဖြေကြားပေး မှာ ဖြစ်ပါတယ်။

Ref: www.cnn.com

Untethered Jailbreak နှင့် Tethered Jailbreak ကွာခြားချက်။

3:04 PM
index
Untethered Jailbreak ဆိုတာ (Tethered Jailbreak)ထက် ပိုမိုပြည့်စုံတဲ့ jailbreak အမျိုးအစားဖြစ်ပါတယ်
Untethered မှာ ပထမဆုံးအကြိမ် jailbreaking process ပြုလုပ်ပြီးနောက် Computer နဲ့ထပ်မံ ချိတ်ဆက်ရန်မလိုတော့ပါ
(for reboot)စက်အဖွင့်အပိတ် ကြိုက်သလိုလုပ်နိုင်ပါတယ်…. Tethered jailbreak မှာကျ computer(with connection) နဲ့
ပြန် reboot လုပ်နေရပါတယ်.. Untethered မှာ patch Kernel ရှိပြီး Tethered မှာ patch Kernel အပြည့်အဝမရှိတဲ့အတွက်
တဝက်တပျက်မှာတင်ရပ်ရပ်သွားခြင်းဖြစ်ပါတယ်…. Kernel ဆိုတာ OS မှာ တံတားနဲ့တူပါတယ်App တွေနဲ့ CPU,Memory တွေကိုပေါင်းကူးပေးတာပါ.. အဲဒါမရတဲ့အတွက် စက်ကရပ်ပြီး ပြန် reboot ပြန်လုပ်ရတာပါ


Credit to ... itgroupmyanmar

Jailbreak ပညာရှင် pod2g မှ ios 7 beta ကို မကြိုက်

4:06 PM


နာမည်ကျော် Jailbreak tools များကို ဖန်းတီနေသူ pod2g မှ ios 7 beta ကို မကြိုက်ပါဟု သူ၏ twitter account မှတဆင့် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ios 7 beta ၏ interface design, battery မြန်မြန်ကုန်မှု, တခါတလေ နှေးကွေးနေမှု တို့ကြောင့် မကြိုက်နှစ်သက်ဟု ထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။ 
ဒါအပြင် သူက ဆက်လက်ပြောဆိုရာမှာ ios 7 beta ကိုသုံးပီး စိတ်ပျက်ရကြောင်းနဲ့ android စက်တစ်ခုခု ကို ပြောင်းသုံးတော့မယ်လို့ သူ့ရဲ့ twitter page များမှ တဆင် ပြောကြားသွားပါတယ်.
pod2g ဟာ ios 6 နှင့် io 5 တို့ အတွက် ဂျေးဘရိတ်ရ ရန် အဓိက ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။ သူ၏ ဦးဆောင်မှု ဖြင့် evasion jailbreak နဲ့ greenpois0n တို့ ကိုအောင်မြင်စွာထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
pod2g ၏ twitter ... account https://twitter.com/pod2g
 
 
Credit to ပေတူး...

iOS 6 အထက်မှာ Jailbreak မလုပ်ပဲ Cracked App သွင်းနည်း

2:27 PM
Kuaiyong ဆိုတဲ့ Software လိုပါပဲ Jailbreak မလုပ်ထားတဲ့ iDevice တွေအတွက် Cracked App သွင်းနည်းပါ။ Kuaiyong ကိုဘာလို့အားမပေးလဲဆိုတော့ သူက download ဆွဲတာကြာပါတယ်။ သူကနေသွင်းထားတဲ့ software တွေက iPhone/iPad/iPod ကို Restart ချလိုက်ရင် ဝင်လို့မရတော့ပါဘူး။ ပျက်သွားပါတယ်။
PP ကတော့ အဲ့ဒီ့ပြဿနာတွေက ကင်းဝေးမှာပါ။ Download Speed က IDM လိုမျိုးမြန်ဆန်ပါတယ်။ Cracked App တွေမြောက်များစွာရှိပါတယ်။ Jailbreak လုပ်ထားတဲ့ device တွေအတွက်အပြင် Jailbreak မလုပ်ထားတဲ့ device တွေအတွက်ပါသုံးလို့ရပါတယ်။
Jailbreak လုပ်ထားတဲ့ Device တွေအတွက် အောက်ပါပုံကိုကြည့်ပါ။

Jailbreak
 
အပေါ်ဆုံးက P Logo လေးနဲ့ Store က Jailbreak လုပ်ထားတဲ့ Device တွေအတွက်ပါ။
Jailbreak မလုပ်တားတဲ့ Device တွေကအတွက်အောက်ပါပုံကို ကြည့်ပါ။
nojail
 တရုတ်စာ အနီရောင်လေးနဲ့ Store ကိုဝင်ပါ။ အဲ့တာက Jailbreak မလုပ်ထားတဲ့ Device တွေအတွက်ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့ App ရှာပြီး အောက်ပါပုံအတိုင်း Download ဆွဲနိုင်ပါတယ်။
download
 အပြာရောင် button ကိုနှိပ်ပြီး download ဆွဲရမှာဖြစ်ပါတယ်။
Download ဆွဲနေစဉ် ဘေးက download မှာ 1 ဆိုပြီးပြပေးမှာဖြစ်ပြီး ဝင်ကြည့်မယ်ဆိုရင် speed တို့ remaining time တို့ပါပြပေးမှာဖြစ်ပါတယ်။
install
    download ဆွဲထားတဲ့ app တွေဆီရောက်သွားပြီဆိုရင် application တစ်ခုဆီရဲ့ ညာဖက်မှာ install ပုံလေးပေါ်ပါတယ်။ အခုကျွန်တော့ပုံမှာ iPhone မချိတ်ထားတဲ့အတွက် မပေါ်ပါဘူး။ install ကိုနှိပ်လိုက်ရင် သွင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ iOS 6.1.4 ထိ support လုပ်ပါတယ်။

PP ကို Download ဆွဲချင်ရင်တော့ အောက်ကလင့်မှာယူနိုင်ပါတယ်။
Download Here

Credit to Myanmarmobileapp

iTunes 11.0.4.4 for Windows and Mac

2:23 PM

Apple Device သုံးနေတဲ့သူတွေအတွက် iTunes ကို မသိလို့မရသလို မဆောင်ထားလို့လည်း မရလောက်အောင် အသုံးတည့်ပါတယ်.. iTunes Store ကနေ Video တွေနဲ့ Music တွေ ဒေါင်းနိုင်တယ်.. PC နဲ့ iDevice တွဲပြီး Data တွေ အပြန်အလှန် Sync လုပ်နိုင်တယ်.. ထွေထွေထူးထူး ပြောမနေတော့ပါဘူးဗျာ.. iDevice သုံးနေမှတော့ ဒီကောင်ကို သုံးတတ်မှာပါ..

iTunes is a free application for your PC. It organizes and plays your digital music and video on your computer. It keeps all your content in sync. And its a store on your computer, iPod touch, iPhone, iPad, and Apple TV that has everything you need to be entertained.
အဆင်ပြေပါစေ..

Credit to Komaungpauk

Downgrade iOS 7 Beta to iOS 6.1.4 / 6.1.3

12:58 PM

အသစ်ထွက်ရှိလာတဲ့ iOS 7 Beta version ဟာ developer များ စမ်းသပ် အသုံးပြုနိုင်ရန် သီသန့် ထုတ်ပေးထားတဲ့ version ဖြစ်ပြီး တစ်ကယ့် version ကတော့ မထွက်လာသေးပါဘူး။

Apple ရဲ့  ဖော်ပြချက်များထဲမှာ iOS 7 Beta version ကို Update လုပ်ပြီးသည့်နောက် သူထက်စောတဲ့ version များကို ပြန်လည် Restore မလုပ်နိုင်ဘူးလို့  ဖော်ပြထားခဲ့ပေမယ့် အဲဒီ အချက်ဟာ မှာယွင်းနေတယ်လို့  ပြောနိုင်ပါတယ်။

iOS 7 Beta version ကို update လုပ်ကြည့်ပြီးတဲ့နောက် iOS 6.1.3 (သို့ ) iOS 6.1.4 ကို လွယ်ကူစွာ ပြန်လည်၍ downgrade ဆင်းနိုင်ကြောင်း သိရပါတယ်။

iOS 7 Beta ကို စမ်းသပ်သုံးကြည့်ပြီးတဲ့နောက်မှာ အကြောင်းကြောင်းကြောင့် ပြန်ဆင်းချင်ကြတဲ့ မိတ်ဆွေများအတွက်...


** Downgrade iOS 7 Beta --> iOS 6.1.4 / iOS 6.1.3 **

>> Download iOS 6.1.4 / 6.1.3

လုပ်ငန်းစဉ်

အဆင့် ၁)
iOS 7 Beta တင်ထားပြီးသား iDevice ကို iTunes နှင့် ချိပ်ဆက်ပါ။

အဆင့် ၂)
iTunes မှ iDevice ကို ရွေးချယ်ပြီး (Shift) သို့  (Option) Key ကို တွဲနှိပ်လျှက် "Restore" button ကို နှိပ်ပါ။

အဆင့် ၃)
အထက်တွင် download ရယူခဲ့သော iOS 6.1.4 (သို့ ) iOS 6.1.3 ကို ရွေးချယ်ပေးလိုက်ပါ။

အဆင့် ၄)
iTunes မှ iOS 6.1.3 / 6.1.4 သို့  အလိုလျှောက် Restore လုပ်သွားပါလိမ့်မည်။ 


Credit to : iDB , မိုးသိကြား

**** iOS 7 ****

12:50 PM
 
iOS 7 ကို 2013 WWDC ပွဲတွင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ် ။
iOS 7 တင်လို့ရမဲ့ Device တွေကတော့ iPod 5th , iPhone 4 , 4s , 5
iPad 2 ,,4 , iPad Mini တို့ပဲဖြစ်ပါတယ်။

လောလောဆယ်တော့ iOS7 Beta 1 ကို Developer Account နဲ့သုံးနိုင်ပါပြီ ။ ။ ( For only Developer )

apple ရဲ့ Flat UI အဓိကအသုံးပြုထားတဲ့ ဒီ iOS7 အကြောင်းအသေးစိတ်
သိချင်ရင်တော့
www.apple.com ၀င်ကြည့်နိုင်ပါပြီ။

iOS 6.1.3 ကို redsn0w ဖြင့် Jailbreak လုပ်နည်း

3:05 PM

iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊ ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။

ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS 6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။

**Jailbreak လုပ်နိုင်မည့် iDevice များ**
  • iPhone 4
  • iPhone 3Gs
  • iPodTouch 4G

Downloads
>> Redsn0w 0.9.15b3 (Windows / Mac)
>> iOS 6.0 IPSW

**အထူးသတိပြုရန်**

ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့် Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။

လုပ်ငန်းစဉ်
လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။

အဆင့် ၁)
Redsn0w ကို Run ပါ။

အဆင့် ၂)
"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။

အဆင့် ၃)
အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။

အဆင့် ၅)
iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။
ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။

အဆင့် ၆)
DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။

**မှတ်ချက်**
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။
ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။

>> Run Redsn0w -> Extras -> Just Boot


Credit to :
မိုးသိကြား



2013 ခုနှစ် WWDC ကျင်းပမည့်ရက် Apple ထုတ်ပြန်

8:43 PM
Apple ရဲ့  နှစ်စဉ်ပြုလုပ်နေကျ WWDC (World Wide Developers Conference) ကို လာမယ့် ဇွန်လ (၁၀) ရက်နေ့ ကနေ (၁၄) နေ့ ထိ San Francisco’s Moscone West မှာ ပြုလုပ်ကျင်းပမယ် လို့  ယနေ့ ထုတ်ပြန် ကြေငြာလိုက်ပါတယ်..

ငါးရက်ကြာ ကျင်းပပြုလုပ်မယ့် ဒီပွဲကို တက်ရောက်လာကြမယ့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Developers များဟာ အနာဂါတ် iOS နှင့် OS X မှာ ရရှိပါဝင်လာမယ့် တီထွင်ဆန်းသစ်မှု အသစ်များ Apps များနှင့် ပက်သက်ပြီး လေ့လာခွင့်ရကြမှာ ဖြစ်ပါတယ်။

Developers များအတွက် နည်းပညာအသစ် ဆွေးနွေးမှုကဏ္ဍ တစ်ရာကျော်ကို Apple ရဲ့  အင်ဂျင်နီယာ တစ်ထောင်ကျော်က လက်တွေ့ ကူညီပြသ ပံ့ပိုးပေးသွားပါလိမ့်မယ် ဒါ့အပြင် Apple Design Awards နှင့် App Store နှင့် Mac App Store တို့ မှ ထင်ရှားတဲ့ Apps များကိုလည်း ပြသပေးသွားမှာဖြစ်ပါတယ်။

WWDC လက်မှတ်များကို မနက်ဖန် April 25 နံနက် ၁၀နာရီမှာ စတင် ရောင်းချပါမည်။ မနှစ်က လက်မှတ်များကို စတင် ရောင်းချပြီး နှစ်နာရီအတွင်းမှာပင် လက်မှတ်အားလုံး ရောင်းကုန်သွားပါတယ်။

ယခုနှစ်မှာတော့ iOS 7 နှင့် အခြား အသစ် အသစ်များကို ပွဲထုတ်သွားလိမ့်မည်ဟု မျှော်လင့်ရပါသည်။ 


Credit to : iClarified 

Android သမားများအတွက် Mr.AD Talking friends လေးပါ။

10:59 AM
ကိုယ့်သူငယ်ချင်း ပုံလေး တွေကို ရိုက်ပြီး ကိုယ် သဘောကျသလိုပြင်ပြီး စကားပါပြောခိုင်းလို့ရတယ်တဲ့။
လိုချင်ရင်တော့ ဒီမှာ ယူသွားလိုက်ပါ။ ပျော်ရွှင်ကြပါစေ....

ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App (IOS,Android)

11:07 AM
ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App ဖြစ်ပါတယ်။ ဟိုတခါကတော့ FM radio မှာ နားထောင်လိုက်ရတယ်
ဒီ App က Australia မှာ Popular ဖြစ်နေတယ်ဆိုပြီးရယ် ဒီ Apps က တကယ် နည်းပညာတွေနဲ့ သေချာ
လုပ်ထားတာဖြစ်ပြီး မှန်ကန်ကြောင်းရယ်... တခြား သတင်းတခုမှာကြတော့ ဒီ Apps ကြောင့် American
မှာရှိတယ် ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ ရရှိတဲ့ rate ပေါ်မှာ စိတ်ပျက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရင်ကို
ထိခိုက်သွားတာတို့....စတာတို့နဲ့ အတော်လေးကို နာမည်ကြီးသွားပြီး Itunes မှာ အရောင်းရဆုံးစရင်းလဲ
ဝင်နေတဲ့ App လေးဖြစ်ပါတယ်။
App နာမည်က Ugly meter လို့ခေါ်ပါတယ် rating က 10 ထဲကနေပေးတာပါ။ 0.0/10 ဆိုရင်တော့
အချောဆုံးပေါ့ 9.9/10 ဆိုရင်တော့ ရုပ်အဆိုးဆုံးပေါ့။ ဒါတင်မကဘဲ အောက်မှာလဲ မှတ်ချက်စာသား
လေးရေးထားပါတယ်။
ကျွန်တော်လဲ ပထမဦးဆုံးစမ်းကြည့်တော့ 0.0/10 ရတယ်ပြီးတော့ 6.5/10 စသည်ဖြင့်ရပါတယ်

Iphone,Ipad,ipod
itunes.apple.com/au/app/ugly-meter/id388336485?mt=8

Android
https://play.google.com/store/apps/details?id=com.dappergentlemen.uglymeter&hl=en

Credit to ... SBSangpi(စံပီး)