အားလုံးနီးပါး ထွင်းဖောက် မြင်နိုင်တဲ့ smartphone

12:57 PM
ဒီ multitouch smartphone ကိုထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ တစ်ခုက  Mobile Geeks website ကနေ ပြသခဲ့တာပါ။ အခုအချိန်မှာ device ဟာ software များထည့်သွင်း အသုံးမပြု နိုင်သေးတဲ့ hardware device အနေနဲ့သာ ရှိသေးပေမယ့် ၂၀၁၃ အကုန်မှာ Switchable Glass နည်းပညာ အနေနဲ့ သုံးစွဲသူတွေ ဆီကို ပို့ဆောင်ပေး နိုင်မယ်လို့ Polytron ကယုံကြည် နေပါတယ်။ သူ့မှာ မိုဘိုင်းဖုန်း ဒီဇိုင်း အသစ် တစ်မျိုး ဖြစ်လာနိုင်မယ့် မျက်နှာပြင် နှစ်ဘက်လုံး အသုံးပြု နိုင်မယ့် touchscreen ပါရှိလာမှာ ဖြစ်ပါတယ်။
သူ့ရဲ့ OLED display မှာ crystal molecules အရည်တွေကို အသုံးပြုထားပြီး ပုံရိပ်တွေကို ပုံဖော် ပေးပါတယ်။ ဖုန်းအား မရှိချိန်မှာ molecules တွေက တိမ်လို အရောင်ေ၀၀ါး နေပြီး အားသွင်း ထားရင်တော့ ပုံရိပ်တွေ မြင်တွေ့ စေမှာပါ။ လျှပ်စစ်စီးကြောင်း ကိုလည်း အလင်း ဖောက်နိုင်တဲ့ ၀ိုင်ယာကြိုးတွေ ကတဆင့် စီးဆင်း စေမှာပါ။ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Sony ရဲ့ Xperia Pureness ဖုန်းမှာ အခုထွက်ရှိတဲ့ New Polytron ဖုန်းမှာလို sim card၊ ဘထ္ထရီနဲ့ SD card တွေကို ဖောက်ထွင်း မြင်နိုင်တဲ့ ပစ္စည်းတွေ အဖြစ် မသုံးစွဲ နိုင်ခဲ့ဘဲ ကျန်တဲ့ ဖုန်းရဲ့ အစိတ်အပိုင်း တွေကိုသာ အလင်းဖောက် ပစ္စည်းတွေဖြင့် သုံးစွဲနိုင် ခဲ့တာ ဖြစ်ပါတယ်။ Polytron ကတော့ ဒီအစိတ်အပိုင်းတွေကို မမြင်နိုင်စေဖို့ ပိုပြီး မှောင်တဲ့ ဖန်သားကို အသုံးပြုမယ်လို့ ဆိုပါတယ်။Polytron ရဲ့အထွေထွေ မန်နေဂျာ Sam Yu ကအခုချိန်မှာ ဖုန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ကုမ္ပဏီ အနေနဲ့ ဥရောပ၊ အမေရိက၊ ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက်တွေမှာ အဓိက ဖုန်းထုတ်လုပ်သူ ဖြစ်လာရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ Polytron smartphone ရဲ့အောင်မြင်မှုက အဆုံးမှာ အလင်းဖောက် မြင်နိုင်တဲ့ smartphone အခန်းကဏ္ဍကို ဖွင့်လှစ် ပေးနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ display ကလည်း စိတ်ဝင်စားစရာ တစ်ခု ဖြစ်လာမှာပါ။ ဒီဖုန်းမှာ display quality ကအခြားအရာ များထက် ပိုမို အရေးပါပြီး တကယ်လို့သာ ယနေ့ အကောင်းဆုံး AMOLED နဲ့ LCD screen တွေကို အရည်အသွေး မမှီဘူး ဆိုရင် ဖုန်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။