Appleရဲ့ iWatch က ဘယ်လိုမျိုးလဲ

6:51 PM

Appleရဲ့ နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချမယ့် iWatchနဲ့ ဆိုင်တဲ့ သိကောင်းစရာ အချက်တွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

(၁) ကြိုးမဲ့ Chargingစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒီဇိုင်းပိုင်း အထူးကောင်းမွန်မှာ ဖြစ်သလို လက်ရှိ ဖုန်းတွေကို အကောင်းဆုံး အစားထိုး သုံးစွဲနိုင်မှာ ဖြစ်ပြီး ခလုတ်တွေနေရာမှာလည်း Siriတွေ ၀င်ရောက် လာပါလိမ့်မယ်။

(၂) iWatchဟာ တစ်ယောက်ကိုင် ပစ္စည်းဖြစ်လာမှာ ဖြစ်ပြီး Passwordတွေ အကြိမ်ကြိမ် ရိုက်ထည့်ရတဲ့ အလုပ်ကို သက်သာစေမှာပါ။ နောက်ပြီး သင်သာ iPhoneမေ့ကျန်ခဲ့မယ်ဆိုရင် သင့်ကို iWatchက သတိပေးပါလိမ့်မယ်။

(၃) တကယ်လို့ iPhoneက ဖုန်းလာရင် ဘယ်သူ့ဆီကလာတယ်ဆိုတာ iWatchက ပြောကြားပေး မှာ ဖြစ်သလို ကျန်းမာရေး ဆိုင်ရာ အချက်တွေကိုလည်း iWatchက အာရုံခံပေးနိုင်မှာ ဖြစ်ပြီး iPhoneနဲ့ iPodတွေက သီချင်းတွေကိုလည်း iWatchကနေ ထိန်းချုပ်မှုတွေ လုပ်ဆောင်နိုင်မှာပါ။

(၄) KidCodeလို မထင်မှတ်တဲ့ Appတွေကို ထည့်သွင်းသုံးစွဲမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်သလို Entertainment တွေ ကိုလည်း ထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး အကွာအဝေးတိုင်း စနစ် ပါဝင်မှာ ဖြစ်ပြီး သင်တိုင်းတာချင်တဲ့ အရာကို လက်ညှိုးထိုးလိုက်ရုံနဲ့ iWatch က ဖြေကြားပေး မှာ ဖြစ်ပါတယ်။

Ref: www.cnn.com

Billgate(ဘီလ်ဂိတ်ရဲ့ အကြံပေးချက်များ)

3:10 PM
 ကျွန်တော် ဖတ်ပြီး အ၇မ်းသဘောကျလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။


ကမ္ဘာအချမ်းသာဆုံး ဘီလျှံနာ ဆယ်ဦး စာရင်းဝင်တဲ့ Microsoft ရဲ့ သူဌေး “ဘီလ်ဂိတ်” ကိုမိတ်ဆက်စရာတောင် မလိုပါဘူး။ စာရင်းများအရ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးပါ။
ကယ်လီဖိုးနီးယားပြည်နယ် ဗာဆယ်လီဗာမှာရှိတဲ့ ၀ှစ်နေးအထက်တန်းရဲ့ ကျောင်းဆင်းပွဲမှာ ဘီလ်ဂိတ်ဟာ အောက်ပါ (၁၁) ချက်နဲ့ အကြံပေးခဲ့ပါတယ်။
(၁) လူ့ဘ၀က မမျှတပါဘူး။ အဲဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
(၂) ဒီလောကကြီးက မင်းရဲ့ လေးစားကြည်ညိုမှုတွေကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ မင်းကိုယ်တိုင် အကျိုးသက်ရောက်မှုရှိအောင် လုပ်ပြီးမှပဲ မင်းရဲ့ ခံစားချက်ကို
ဆန်းစစ်ကြည့်ဖို့ လောကကြီးက ပိုပြီးမျှော်လင့်ပါတယ်။
(၃) ကျောင်းပြီးသွားတာနဲ့ လခကောင်းကောင်းမရနိုင်ဘူး။ ချက်ချင်းလက်ငင်း ကွပ်ကွဲအုပ်ချုပ်သူမဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွတ် ကြိုးစားအားထုတ်မှပဲ ရနိုင်တယ်။
(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ မင်းတို့ထင်ခဲ့ရင် တစ်နေ့မင်းတို့ ကုမ္ပဏီသူဌေးတွေဖြစ်လာတဲ့အချိန်မှာ သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
(၅) ဟမ်ဘာကဆိုင်မှာ အလုပ်လုပ်ရလို့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့မထင်နဲ့။ မင်းတို့ရဲ့ အဘိုးအဘွားတွေက ဟမ်ဘာဂါအလုပ်အတွတ် အဓိပါယ်တစ်ခုဖွင့်ဆိုလိမ့်မယ်
အဲဒါက “အခွင့်အရေး” တဲ့
(၆) မင်းအနေနဲ့ ဘာမှ ဖြစ်မလာတာဟာ မင်းမိဘတွေနဲ့ အမှားမဟုတ်ဘူး။ ကိုယ့်လုပ်ခဲ့တဲ့ အမှားတွေအတွတ် ဒေါသထွက်မနေနဲ့။ အမှားတွေထဲက သင်ယူပါ။
(၇) မင်းမမွေးဖွားခင်မှာ မင်းရဲ့ မိဘတွေက အခုလို ထိုင်းမှိုင်းနေတာမဟုတ်ဘူး။ သူတို့ ခုလို ထိုင်းမှိုင်းနေရတာဟာ မင်းအတွတ် အသုံးစရိတ်ရှာနေရလို့၊ မင်းရဲ့ အ၀တ်တွေ
လျှော်ဖွတ်နေရလို့၊ ကိုယ့်ကိုယ်ကို တော်ကြောင်း၊ အထင်ကြီးကြောင်း အပြောကြီးနေတဲ့ မင်းရဲ့ စကားတွေကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် မင်းမိဘတွေကို ပြုပြင်ဖို့မကြိုးစားခင်
မင်းရဲ့ အိပ်ယာကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပါဦး။
(၈) ကျောင်းမှာ နိုင်တဲ့သူနဲ့ ရှုံးတဲ့သူဆိုတာရှိတယ်။ လက်တွေ့ဘ၀မှာ အဲဒီလိုမရှိဘူး။ ကျောင်းကမင်းကို အခွင့်အရေးတွေ အဆက်မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့် လက်တွေ့ဘ၀မှာ အဲဒီလိုမဟုတ်ဘူး။
(၉) ရုပ်ရှင်ထဲက သရုပ်ဆောင်တွေက တကယ့် လက်တွေဘ၀ မဟုတ်ဘူး။ တကယ့်လက်တွေ့ဘ၀မှာ လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲဝင်ရတာချည်းပါပဲ။
(၁၀) စာကြိုးစားနေတဲ့သူတွေကို လေးလေးစားစားဆက်ဆံပါ။ တစ်ချိန်ချိန်မှာ စာကြိုးစားခဲ့တဲ့သူတစ်ယောက်ယောက်ဆီမှာ မင်း အလုပ်လုပ်ချင်လုပ်ဖြစ်လိမ့်မယ်။
(၁၁) လူဘ၀ဆိုတာ သင်ကြားချိန်ကာလသတ်မှတ်မထားဘူး။ ဘ၀မှာ ကျောင်းပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်မှ မင်းလုပ်ချင်တာနဲ့ မင်းရဲ့ အားလပ်ရက်ကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။
ဒါကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချပါ။
ဘီလ်ဂိတ်ဟာ ဘွဲ့မရခဲ့ပါဘူး။ ဒါပေမဲ့ ပညာသင်ဖို့ အားပေးတယ်။ သူကိုယ်တိုင်လဲ ကြိုးစားအားထုတ်ခဲ့လို့ သူဌေးကြီး ဘ၀ရောက်ခဲ့တာပါ။
ဟုတ်ပါတယ်။ ပညာခေတ်ကြီးထဲမှာ ပညာသင်ယူဖို့အရေးကြီးပါတယ်။ ဘယ်အချိန်ထိလဲဆိုတော့ ဘ၀ဆုံးထိပါ။

Untethered Jailbreak နှင့် Tethered Jailbreak ကွာခြားချက်။

3:04 PM
index
Untethered Jailbreak ဆိုတာ (Tethered Jailbreak)ထက် ပိုမိုပြည့်စုံတဲ့ jailbreak အမျိုးအစားဖြစ်ပါတယ်
Untethered မှာ ပထမဆုံးအကြိမ် jailbreaking process ပြုလုပ်ပြီးနောက် Computer နဲ့ထပ်မံ ချိတ်ဆက်ရန်မလိုတော့ပါ
(for reboot)စက်အဖွင့်အပိတ် ကြိုက်သလိုလုပ်နိုင်ပါတယ်…. Tethered jailbreak မှာကျ computer(with connection) နဲ့
ပြန် reboot လုပ်နေရပါတယ်.. Untethered မှာ patch Kernel ရှိပြီး Tethered မှာ patch Kernel အပြည့်အဝမရှိတဲ့အတွက်
တဝက်တပျက်မှာတင်ရပ်ရပ်သွားခြင်းဖြစ်ပါတယ်…. Kernel ဆိုတာ OS မှာ တံတားနဲ့တူပါတယ်App တွေနဲ့ CPU,Memory တွေကိုပေါင်းကူးပေးတာပါ.. အဲဒါမရတဲ့အတွက် စက်ကရပ်ပြီး ပြန် reboot ပြန်လုပ်ရတာပါ


Credit to ... itgroupmyanmar

အွန်လိုင်းပေါ်တွင် ဈေးဝယ်ဖို့အတွက်၊ Shwe Money ( Virtual Visa Card )

2:56 PM

             Reloadable Virtual Visa Card

"ShweMoney Virtual Visa Card သည် မြန်မာနိုင်ငံသားများအတွက် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Website များတွင် ငွေပေးချေနိုင်ရန်အတွက် စီစဉ်ထားသော Internet Virtual Visa Card အမျိုးအစားဖြစ်ပါသည်။ ထို့ပြင် ShweMoney Virtual Visa Card သည် အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်သော Reloadable Visa Prepaid Card အမျိုးအစားဖြစ်ပြီး Visa Card Payment လက်ခံသော Website များတွင် ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။ ShweMoney Internet Virtual Visa Card တွင် အခြားသော Visa Card များကဲ့သို့ 16-digit card number, Expiry date နှင့် Three-digit security number (CVV code) များ ပါဝင်ပါသည်။"

ပြည်သူများသို့ အသိပေးကြေငြာခြင်း။

2:47 PM


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Orderdat service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း...

2:45 PM
ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။

အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

VLC Player ယူရန်။

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။

အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။

ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။





Ref & Credit: မြ၀တီ

WCDMA only ပြောင်းမရတဲ့ ဖုန်းတွေအတွက် ပြောင်းရတဲ့ APK

2:10 PM
 
ကျွန်တော်တို့ GSM ဖုန်းတွေမှာ အင်တာနက်သုံးရင် လိုင်းနှစ်မျိုးရှိပါတယ်
2G(GSM only) and 3G(မြန်မာပြည်က 3G မစစ်တဲ့ WCDMA only) ဆိုပြီးတော့
ဒါပေမယ့် WCDMA only ဆိုတဲ့ လိုင်းကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာသာ
သုံးနိုင်ပြီး လိုင်းက 2G ထက်ပိုကောင်းပါတယ် 
အဲဒါကို အချို့ဖုန်းတွေမှာ 2G only ဆိုတာပဲ ပါတယ်
3G only or WCDMA only ဆိုတာ မပေါ်ပါဘူး အဲတော့ 3G လိုင်းရတဲ့
နေရာတွေမှာ 2G က Auto ပြောင်းသွားတဲ့အခါမျိုးတွေမှာ ကိုယ်တိုင်
Manual ပြောင်းနိုင်တဲ့ ဆော့ဝဲလေးတစ်ခုပါ Network ဆိုတဲ့ ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း WCDMA only လား GSM only လား
ကြိုက်သလိုပြောင်းနိုင်ပါသည် ဖိုင်ဆိုဒ်ကလည်း KB သာရှိတဲ့အတွက်
လူတိုင်းဒေါင်းနိုင်မှာပါ

or

Android မှာ Facebook က ပုံတွေဒေါင်းဖို့

1:06 PM


Android ဖုန်းအတွက် Facebook ပေါ်က ဓါတ်ပုံများကို အလွယ်တကူ Save ထားနိုင်တဲ့ Application တင်ပေးလိုက်ပါတယ်။ Facebook က ဓါတ်ပုံများကို Android ဖုန်းမှတစ်ဆင့် Save ထားနိုင်မယ့် Application ပေါင်းများစွာကို Google Play တွင် Free ရပေမယ့် အသုံးပြုရမလွယ်ကူခြင်း လွယ်ကူသော်လည်း News Feed မှ ဓါတ်ပုံများအားလုံး Save မလုပ်နိုင်ခြင်း Google Ads များ ပါဝင်နေခြင်းကြောင့် မျက်စိရှုပ်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆင်ပြေစေမယ့် Facebook Photo Save လေးကို တင်ပေးရခြင်းဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းလှပါတယ်။ မိမိ သုံးနေကျဖြစ်သော Facebook App ထဲမှ Save ချင်သော ဓါတ်ပုံကို View လိုက်ပါ။ ပြီးရင် ဖုန်း၏ Menu> More ကို နှိပ်၍ Share ကို ဆက်နှိပ်ပြီး Facebook Photo Save ကို ရွေးလိုက်ပါက Save to phone နှင့် Save to SDCard တွင် မိမိနှစ်သက်သောနေရာမှာ Save ထားနိုင်ပါတယ်။

UPDATED:June 30, 2013
CURRENT VERSION:1.0.3
REQUIRES ANDROID:2.2 and up
CATEGORY:Productivity
SIZE:973kb
PRICE:Free


Download Now
or
<< Download From D-h.st >>
~~~~~~~~~~~~
 
Credit:http://www.mhandroidappstore.blogspot.com/2013/07/facebook-photo-save.html

MRTV 4 ကို Android မှာ ကြည့်နိုင်မယ့် APK ရပြီ။

1:04 PM
(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ

(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ်

သူအတွက် Apk လေးရှိတယ် ဆရာမ ‪#HtarHtarLwin‬ တင်ပေးထားတာပါ 
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ် 
ဒေါင်းရလွယ်အောင် ဘာကြော်ငြာမှ မခံထားပါ  နှစ်ခုလုံး ဒါရိုက်လင့်ပါ
Dwonlaod>>>>http://www.mediafire.com/(or)hotfile

 

ဗဟိုဘဏ်ခွင့်ပြုပါက VISA နှင့် Master ကတ်များ စက်တင်ဘာတွင်စ၍ ပြည်တွင်း၌ စာရင်းဖွင့်နိုင်မည်။

1:01 PM
ကမ္ဘာပေါ်တွင် အသုံးပြုမှုအများဆုံးဖြစ်သော ငွေပေးချေကတ်များဖြစ်သည့် VISA နှင့် Master ကတ်များအား ဗဟိုဘဏ်၏ ခွင့်ပြုချက်သာရရှိမည်ဆိုပါက လာမည့်စက်တင်ဘာလတွင် ပြည်တွင်း၌ ဘဏ်စာရင်းဖွင့်ကာ အသုံးပြုရန် ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ကြောင်း စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အမေရိကန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၏ VISA နှင့် Master ငွေပေးချေကတ်များကို ယခုအခါမြန်မာနိုင်ငံတွင်းသို့ ယူဆောင်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းအတွက် စာရင်းဖွင့်ခြင်းကို ပြည်ပနိုင်ငံများ၌သာဆောင်ရွက်နိုင်သေးသည့် အနေအထားဖြစ်ကာ ပြည်တွင်း၌ စာရင်းဖွင့်သုံးစွဲနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် စီဘီဘဏ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ စီဘီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ဒီနှစ်ခုမှာ Master ငွေပေးချေကတ်ကို အရင်ဆုံးအသုံးပြုနိုင်မယ်လို့ ထင်တယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ရတာနဲ့ အသုံးပြုလို့ရမှာပါ။ ငွေဘယ်လောက်အထိ သုံးလို့ရမလဲဆိုတာ သူ(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)ကပဲ စည်းမျည်းစည်းကမ်းကို သတ်မှတ်ပေးလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် VISA နှင့် Master ကတ်များကို ၂၀၁၂ခုနှစ် ဧပြီလမှစတင်ကာ ပြည်တွင်းသို့ ယူဆောင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များကသာ သုံးစွဲလျက်ရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုလို ကတ်တစ်ခုတည်း သုံးပြီး ငွေအများကြီးမသယ်ရတော့ အန္တရာယ်ကင်းတာပေါ့။ နိုင်ငံခြားကိုသွားရင်လည်း ငွေ အများကြီးသယ်စရာမလိုတော့ဘူး။ ဒါပေမဲ့ အမှားအယွင်းနည်းဖို့တော့လိုတယ်။ ကတ်အတုလုပ်ပြီးထုတ်တာမျိုး နည်းပညာအမှားအယွင်းနည်းဖို့တော့လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

အထက်ပါကဲ့သို့ VISA နှင့် Master ငွေပေး ချေကတ်များအား ပြည်တွင်း၌ပင် စာရင်းဖွင့် သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးမည်ဆိုသော်လည်း အသုံးပြုနိုင်မည့်ငွေကြေးပမာဏအား သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗဟိုဘဏ်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်ဖူးသည့် မြန်မာလူမျိုးတစ်ဦးက “VISA ကတ်က ထိုင်းမှာ အခြေခံလူတန်းစား သုံးလို့ရအောင် လုပ်ထားတာမျိုးပါ။ ဘတ် ၅၀ဝပေးပြီး ဘဏ် စာရင်းဖွင့်ထားပြီဆိုတာနဲ့ VISA ကတ်ကိုလဲ လုပ်ပေးတာပဲ။ ငွေအများဆုံးထည့်သွင်းနိုင်တဲ့ပမာဏကိုတော့ မကန့်သတ်ထားပေမယ့် ကတ်အမျိုးအစားအလိုက်ငွေထုတ်နိုင်တဲ့ ပမာဏကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ- တစ်ရက်မှာ ဘတ် ၃၀ဝ၀ဝ ထက် ပိုမထုတ်ရ ဆိုတာမျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ VISA ကတ်နှင့် Master ကတ်များသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်း သုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားလာရာတွင် ငွေကြေးကိုင်ဆောင်သွားရန်မလိုဘဲ ရောက်ရှိရာဒေသတွင် သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည့် ငွေကြေးဝန်ဆောင်မှု Debit (ကြိုတင်ငွေ ဖြည့်သွင်းကတ်)များဖြစ်ကြသည်။