တယ်လီနောမှ ဆင်းမ်ကတ်များ
စတင်ရောင်းချချိန်တွင် ဟန်းဆက်ဝယ်ယူပါက ဆင်းမ်ကတ်အခမဲ့ ပေးမှုများပါ
ပြုလုပ်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
တယ်လီနော မြန်မာအနေဖြင့် ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်တွင်
ဟန်းဆက်များကို အမျိုးအစား စုံလင်စွာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး
သင့်တော်သော ဈေးနှုန်းများဖြင့် မြန်မာနိုင်ငံမှ သုံးစွဲသူများ
အဆင်ပြေစေရန် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
“ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို
အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ။
ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ထဲမှာ လူတိုင်းတတ်နိုင်တဲ့ နှုန်းထားနဲ့
သုံးစွဲနိုင်ရမယ် ဆိုတဲ့အချက် ပါဝင်နေပါတယ်” ဟု တယ်လီနော မြန်မာမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ…
သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို သင့်တော်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရန်၊ ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းအား ၀န်ဆောင်မှုပေးနိုင်ရန်၊ ဆင်းမ်ကတ်များကို ဒေသအနှံ့အပြား၌ ဈေးနှုန်းသင့်တင့်ပြီး လွယ်ကူစွာရရှိနိုင်ရန်၊ ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ကို စတင်ရောင်းချပေးရန် တယ်လီနောမြန်မာမှ ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်တွင်းရှိ သုံးစွဲသူများအနေဖြင့် နိုင်ငံတကာနည်းတူ ဖုန်းအော်ပရေတာ
ကုမ္ပဏီတို့နှင့် စာချုပ်ဖြင့် သုံးစွဲကာ နောက်ဆုံးပေါ် ဟန်းဆက်များကို
ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရန် မျှော်လင့်မှုများ ရှိနေပြီး ယင်းကဲ့သို့
အစီအစဉ်များ ရှိသော်လည်း လက်ရှိအချိန်တွင် အသေးစိတ်
မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
Ref:Eleven Media Group

Samsung
က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ
ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့
ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ်
ကွာခြားပါတယ်။

Myanmar Kyat Exchange Rate