အသစ်ထွက်မည့် Nexus ထုတ်ကုန်အတွက် Google နှင့် Huawei လက်တွဲဖွယ်ရှိ

12:10 PM
Google သည် အသစ်ဖြန့်ချိမည့် Nexus ထုတ်ကုန်အတွက် Huawei နှင့် ပူးပေါင်းဖွယ်ရှိကြောင်း iSuppli မှ တရုတ်သုတေသန ဒါရိုက်တာ ကီဗင်ယန်က ပြောကြားလိုက်သည်။
ယန်၏ ပြောကြားချက်အရ Google သည် Android စမတ်ဖုန်း ဗားရှင်းသစ်အတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။
Google သည် ယခင် Nexus ထုတ်ကုန်များတွင် Samsung, HTC နှင့် LG တို့ဖြင့် လက်တွဲခဲ့ပြီးနောက် ယခု အပြောင်းအလဲသည် Google ၏ ထုတ်ကုန်ကို တရုတ်စမတ်ဖုန်း ထုတ်လုပ်သူနှင့် ပထမဦးဆုံး လက်တွဲ ဆောင်ရွက်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိသည်။
Mobile World Congress တွင် The Verge နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ရပ်၌ Huawei အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယူက ကုမ္ပဏီအနေဖြင့် အမေရိကန်ဈေးကွက်သို့ တိုးချဲ့ရန်အတွက် Google ကို အသုံးပြုရန် အရိပ်အမြွက်ဆိုခဲ့သည်။ ထို့အတွက်ကြောင့် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်ကို နောက်ဆုံးပေါ် Android OS ဖြင့် ပေါင်းစပ်ထားသော အသစ်ထွက်ရှိမည့် Nexus က Huawei ၏ ရည်မှန်းချက်ကို အထမြောက်စေဖွယ်ရှိသည်။
Ref: CNET

၂၀၁၅ တွင် စမတ်ဖုန်း သန်း ၁၀၀ ရောင်းချရန် Xiaomi စီစဉ်နေ

12:09 PM
Xiaomi သည် ယခုနှစ်တွင် အမေရိကန်၌ စမတ်ဖုန်းများ ရောင်းချရန် စီစဉ်ဖွယ်မရှိသော်လည်း စမတ်ဖုန်း သန်း ၁၀၀ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် စမတ်ဖုန်း သန်း ၈၀ မှ သန်း ၁၀၀ အတွင်း ရောင်းချနိုင်ရန် စီစဉ်နေကြောင်းနှင့် ယခုနှစ် စုစုပေါင်းဝင်ငွေ ယွမ် ၁၀၀ ဘီလီယံမှ ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံမှ ၃၂ ဘီလီယံ) ရရှိရန် မျှော်မှန်းထားကြောင်း Xiaomi အမှုဆောင်အရာရှိချုပ် လီဂျွန်က တရုတ်နိုင်ငံ၏ ပြည်သူ့လွှတ်တော်နှင့် သက်ဆိုင်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များထံ ပြောကြားခဲ့သည်။
Xiaomi အနေဖြင့် ယခုနှစ်ကုန်တွင် မျှော်မှန်းထားသည့်အတိုင်း စမတ်ဖုန်းများ ရောင်းချခဲ့ရပါက ၂၀၁၄ ခုနှစ် ရောင်းအားထက် နှစ်ဆနီးပါး ရှိလာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Xiaomi သည် စမတ်ဖုန်း ၆၁ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေ ယွမ် ၇၄.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ) နီးပါး ရရှိခဲ့သည်။
ထို့အပြင် ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း smart hardware ထုတ်ကုန်များအပေါ်တွင် ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း လီဂျွန်က ပြောကြားခဲ့ပြီး လျှပ်စစ်ကား ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်းများကို ငြင်းဆိုသွားခဲ့သည်။
Ref: TechInAsia

HUAWEI နှင့် အကျိုးတူပူးပေါင်း ဖွင့်လှစ်သော Corporate ဆိုင်ပေါင်း ၂၅၀၀ ကျော်ရှိဟုဆို

12:08 PM

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် HUAWEI နှင့် အကျိုးတူ ပူးပေါင်းဖွင့်လှစ် ထားသော Corporate Shop ဆိုင်ပေါင်း ၂,၅ဝဝ ကျော်သွားပြီ ဖြစ်ကြောင်း HUAWEI မှ National Director မစ္စတာရိုဆန်လိုက ပြောသည်။
HUAWEI အနေဖြင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် Showroom ငါးခုဖွင့်လှစ် နိုင်ခဲ့ပြီး ဆက်လက်၍လည်း ပြည်နှင့်မုံရွာတွင် Showroom ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ Branded Shop အနေဖြင့် ဆိုင်ပေါင်း ၃၀ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းဆိုသည်။
“မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေအထားနဲ့ ဆိုရင်တော့ HUAWEI နဲ့အကျိုးတူ ပူးပေါင်းဖွင့်လှစ်ထားတဲ့ Corporate Shop  ဆိုင်ပေါင်း ၂,၅၀၀ ကျော်သွားပြီ။ နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ် အတွင်းမှာကို Corporate Shop ဆိုင်ပေါင်း နှစ်ရာကျော် ရှိမယ်” National Director မစ္စတာရိုဆန်လိုက ပြန်လည်ဖြေကြား ခဲ့သည်။

200GB microSD ကတ်ကို SanDisk မိတ်ဆက်

12:05 PM
Flash memory ကုမ္ပဏီ SanDisk သည် storage မလုံလောက်သည့် ဖုန်းနှင့် tablet များတွင်ထည့်သွင်း အသုံးပြုနိုင်မည့် 200GB Ultra microSDXC UHS-I flash memory ကို Mobile World  Congress  ပြပွဲတွင် ထုတ်ဖော် ပြသခဲ့သည်။
SanDisk ၏ 200GB microSD ကို ဖုန်း၊ ကင်မရာ၊ tablet သို့မဟုတ် အခြားထုတ်ကုန် အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က SanDisk သည် 128GB microSD ကတ်ကို မိတ်ဆက်ခဲ့ပြီး  ယခုအခါတွင် မိတ်ဆက်လိုက်သည့် 200GB မော်ဒယ်သည် အချက်အလက် လွှဲပြောင်းနိုင်သည့် ပမာဏ 90MBps အထိပြုလုပ် နိုင်ကြောင်း သိရသည်။ ၎င်း 200GB Ultra microSDXC UHS-I flash memory ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀ ခန့်ရှိပြီး ၂၀၁၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် SanDisk သည် ဖုန်းသို့မဟုတ် tablet များတွင် storage နည်းပါးလာသည့်အခါ  ဓာတ်ပုံနှင့် ဗွီဒီယိုများကို အလိုအလျောက် ရွေ့ပြောင်းနိုင်သည့် Android အတွက် Memory Zone app လည်းဖြန့်ချိ ပေးထားပြီ ဖြစ်သည်။
Ref : CNET

Viber တွင် ဂိမ်းကစားနိုင်

12:04 PM
မလေးရှား၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံများသာ ကစားခွင့်ပြုခဲ့သည့် Viber ဂိမ်းများကို ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကစားနိုင်တော့မည်ဟု Viber က သတင်း ထုတ်ပြန်ခဲ့သည်။
ပထမဦးဆုံး အနေဖြင့် ဂိမ်းအမျိုးအစား သုံးခုကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ အပါအဝင် ကမ္ဘာပေါ်ရှိ Viber အသုံးပြုသူအားလုံး ကစားနိုင်မည်ဟု သိရ သည်။ Viber အနေဖြင့် အဆိုပါဂိမ်းများကို Storm 8 နှင့် Playtika တို့မှ ရယူထားခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းအသစ်များကို ထပ်မံပေးအပ်သွားမည်ဟု သိရသည်။
Viber သည် Viber Candy Mania by Strom 8 ၊ Viber Pop by Stom 8 နှင့် Wild Luck Casino by Playtika အမည်ရှိသော ဂိမ်သုံးမျိုး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိမ်းများကို Play Store မှ Download ပြုလုပ်နိုင်မည် ဖြစ်သော်လည်း ထပ်ဆင့်ထည့်သွင်း အသုံးပြုလိုသည့် Application များကိုမူ ဝယ်ယူအသုံး ပြုရမည်ဟု သိရသည်။
Viber အသုံးပြု၍ ဆက်သွယ်နေသူများကို ကြားခံဖျော်ဖြေရေးဖြစ်စေမည့် ဂိမ်းများကို မိတ်ဆက်ပေးခဲ့ခြင်းသည် Viber အနေဖြင့် နယ်ပယ်ချဲ့ထွင်သည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ဖျော်ဖြေရေးအနေဖြင့် ဂိမ်းကစားရာတွင် Viber အသုံးပြုသူများအကြား ဂိမ်းနှင့်ပတ်သက်၍ လက်ဆောင်များလည်း ပေးပို့နိုင်သည်ဟု သိရသည်။
Viber သည် ဒင်္ဂါးပြားများနှင့် ကစားရသည့် ဂိမ်းတစ်ခုနှင့် ပဟေဠိဂိမ်းနှစ်ခုကို စတင် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး နောက်လများ၌ အခြားသော ဂိမ်းများကို ဆက်လက် မိတ်ဆက်ပေးသွားမည်ဟု သတင်း ထုတ်ပြန်ထားသည်။

Tags: Viber Game

သုံးစွဲသူများ စမ်းသပ်နိုင်ရန် iOS 8.3 အတွက် public beta ကို Apple ဖြန့်ချီ

12:01 PM
Apple သည် အသစ်ထွက်ရှိလာမည့် iOS 8.3 ကို တရားဝင်မဖြန့်ချိမီ သုံးစွဲသူများ စမ်းသပ်နိုင်ရန်အတွက် beta ဗားရှင်းအား ဖြန့်ချိလိုက်ပြီဖြစ်သည်။
Apple ၏ ဝက်ဘ်စာမျက်နှာတွင် desktop အတွက် OS X public beta ဗားရှင်းကို သုံးစွဲသူများ စမ်းသပ်နိုင်ရန် ဖြန့်ချိခဲ့ရာတွင် အဖိုးမဖြတ်နိုင်သည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတွက်ကြောင့် Apple သည် iOS အတွက် အစီအစဉ်တစ်မျိုးကို တိုးချဲ့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် Apple တွင် ၎င်း၏ မိုဘိုင်း operating system iOS update များကို app developer များသာ စမ်းသပ်နေခြင်းကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များစွာ ရှိကြောင်း 9to5Mac ကဖော်ပြခဲ့သည်။ သုံးစွဲသူများအနေဖြင့် Apple မှဖြန့်ချိသည့် iOS 8.3 public beta ကို sign up ပြုလုပ်၍ စမ်းသပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း Apple အနေဖြင့် ၎င်း၏ iOS beta ဗားရှင်းကို ရွေးချယ်ထားသည့် သုံးစွဲသူများသာ စမ်းသပ်နိုင်ရန် ကန့်သတ်မှု ပြုလုပ်ထားဖွယ်ရှိကြောင်း သိရသည်။ သုံးစွဲသူများသည် Apple မှ iOS ဗားရှင်းသစ်ကို စမ်းသပ်ရန် သတ်မှတ်ထားသော နေရာတွင် စာရင်းသွင်းပြီးလျှင် package ဖိုင်တစ်ခုကို install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်မှသာ သုံးစွဲသူများအနေဖြင့် emoji, wireless CarPlay အပြင် Google သုံးစွဲသူများအတွက် login ပြုလုပ်ရလွယ်ကူသည့် feature နှင့် ပြင်ဆင်မှုများ ပါဝင်လာသည့် iOS 8.3 ကို install ပြုလုပ်နိုင်မည် ဖြစ်သည်။
Ref: TheVerge

iTools English version 3.1.7.5

1:29 AM


DownloadiToolsENSetup_3.1.7.5 12 MB

Fully supports iTunes 12.1

Pass: itoolsen.blogspot.com
Official : http://www.itools.cn/








Thank onggiachonggay

Facebook အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်

1:01 AM

ငေ်္Facebook အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။
ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။
အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Ref:BBC

Samsung Galaxy ထုတ်ကုန်သစ်ကို မတ်လ ၁ ရက်တွင် မိတ်ဆက်ဖွယ်ရှိ

12:55 AM

Samsung သည် ၎င်း၏ နာမည်ကျော် Galaxy ထုတ်ကုန်သစ်ကို မတ်လ ၁ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Samsung သည် နှစ်စဉ် ပုံမှန်ကျင်းပသည့် Galaxy Unpacked ပွဲအတွက် ဂျာနယ်လစ်များကို ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အနက်ရောင် ဖိတ်စာပေါ်တွင် What’s Next ဟူသော စာသားနှင့် ကွေးညွှတ်ထားသည့် ထုတ်ကုန်တစ်ခုကို အရိပ်အမြွက် ဖော်ပြခဲ့သည်။
ကောလာဟလ သတင်းများတွင်မူ Samsung သည် Galaxy S6 စမတ်ဖုန်းကို Mobile World Congress ကုန်စည်ပြပွဲ မတိုင်မီ မိတ်ဆက်ပြသဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ကိုရီးယားကုမ္ပဏီကြီးသည် သုံးလပတ် ငါးကြိမ်ဆက်တိုက် အမြတ်ငွေ ကျဆင်းခဲ့သလို မိုဘိုင်းဈေးကွက်ရှယ်ယာမှာလည်း ကျဆင်းခဲ့သောကြောင့် နာမည်ကျော် ထုတ်ကုန်သစ် မိတ်ဆက်ရေးမှာ Samsung အတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Galaxy Unpacked ပွဲတွင် Samsung သည် Galaxy S5 အပြင် Gear 2 နှင့် Gear Fit စသည့် ဝတ်ဆင်နိုင်သော စမတ်ထုတ်ကုန်များကိုပါ မိတ်ဆက်ပေးခဲ့ည်။ ထို့နောက်တွင် စက်တင်ဘာလ၌ ကျင်းပခဲ့သည့် ဒုတိယမြောက် Unpacked ပွဲတွင် Galaxy Note 4 phablet, curved-screen Note Edge နှင့် virtual-reality Gear VR headset တို့ကို Samsung က မိတ်ဆက်ပေးခဲ့သည်။
Ref: CNET

Call me back ကို အသုံးပြုနိုင်သည်ဟု Ooredoo ကြေညာ

12:53 AM

မိုဘိုင်းဖုန်းအတွင်း ငွေလက်ကျန် နည်းနေသည့်အခါတွင်ဖြစ်စေ၊ ငွေလက်ကျန် ကုန်ဆုံးသွားသည့် အခါတွင် ဖြစ်စေ မိမိထံသို့ ဖုန်းပြန်လည် ခေါ်ဆိုစေရန် Call me back စနစ်ဖြင့် အကြောင်း ကြားနိုင်သည်ဟု Ooredoo က ကြေညာသည်။
မကြာသေးခင်က Call me back ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် Telenor ကလည်း ကြေညာခဲ့သည်။ Telenor အနေဖြင့် Call me back ကို မည့်သည့် ဖုန်းလိုင်းကိုမဆို ပေးပို့နိုင်သည်ဟု ကြေ ညာခဲ့သော်လည်း Ooredoo သည် ၎င်းတို့ ဖုန်းသုံးစွဲသည့် မည်သည့် နံပါတ်ကိုမဆို ပေးပို့နိုင်သည်ဟု ကြေညာခဲ့သည်။
Call me back ဝန်ဆောင်မှုကို ၎င်းတို့အနေဖြင့် အသုံးပြုသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် ယခင်ကတည်းက ဖွင့်လှစ်ပေးထားခြင်း ဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် သိရှိသူ နည်း ပါးသေးကြောင်း သိရသည်။ ကြိုတင်ငွေပေးချေစနစ်ကို အသုံးပြုသည့် မိုဘိုင်းဖုန်းများအတွက် ငွေကြေး ကုန်ကျခြင်းမရှိသည့် Call me back ဝန်ဆောင်မှုကို Telenor နှင့် Ooredoo က ပေးအပ်ထားခြင်းဖြစ်သည်။