သုံးစွဲသူများ စမ်းသပ်နိုင်ရန် iOS 8.3 အတွက် public beta ကို Apple ဖြန့်ချီ

12:01 PM
Apple သည် အသစ်ထွက်ရှိလာမည့် iOS 8.3 ကို တရားဝင်မဖြန့်ချိမီ သုံးစွဲသူများ စမ်းသပ်နိုင်ရန်အတွက် beta ဗားရှင်းအား ဖြန့်ချိလိုက်ပြီဖြစ်သည်။
Apple ၏ ဝက်ဘ်စာမျက်နှာတွင် desktop အတွက် OS X public beta ဗားရှင်းကို သုံးစွဲသူများ စမ်းသပ်နိုင်ရန် ဖြန့်ချိခဲ့ရာတွင် အဖိုးမဖြတ်နိုင်သည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတွက်ကြောင့် Apple သည် iOS အတွက် အစီအစဉ်တစ်မျိုးကို တိုးချဲ့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် Apple တွင် ၎င်း၏ မိုဘိုင်း operating system iOS update များကို app developer များသာ စမ်းသပ်နေခြင်းကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များစွာ ရှိကြောင်း 9to5Mac ကဖော်ပြခဲ့သည်။ သုံးစွဲသူများအနေဖြင့် Apple မှဖြန့်ချိသည့် iOS 8.3 public beta ကို sign up ပြုလုပ်၍ စမ်းသပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း Apple အနေဖြင့် ၎င်း၏ iOS beta ဗားရှင်းကို ရွေးချယ်ထားသည့် သုံးစွဲသူများသာ စမ်းသပ်နိုင်ရန် ကန့်သတ်မှု ပြုလုပ်ထားဖွယ်ရှိကြောင်း သိရသည်။ သုံးစွဲသူများသည် Apple မှ iOS ဗားရှင်းသစ်ကို စမ်းသပ်ရန် သတ်မှတ်ထားသော နေရာတွင် စာရင်းသွင်းပြီးလျှင် package ဖိုင်တစ်ခုကို install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်မှသာ သုံးစွဲသူများအနေဖြင့် emoji, wireless CarPlay အပြင် Google သုံးစွဲသူများအတွက် login ပြုလုပ်ရလွယ်ကူသည့် feature နှင့် ပြင်ဆင်မှုများ ပါဝင်လာသည့် iOS 8.3 ကို install ပြုလုပ်နိုင်မည် ဖြစ်သည်။
Ref: TheVerge