Google
သည် အသစ်ဖြန့်ချိမည့် Nexus ထုတ်ကုန်အတွက် Huawei နှင့်
ပူးပေါင်းဖွယ်ရှိကြောင်း iSuppli မှ တရုတ်သုတေသန ဒါရိုက်တာ ကီဗင်ယန်က
ပြောကြားလိုက်သည်။
ယန်၏ ပြောကြားချက်အရ Google သည် Android စမတ်ဖုန်း ဗားရှင်းသစ်အတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။
Google သည် ယခင် Nexus ထုတ်ကုန်များတွင် Samsung, HTC နှင့် LG တို့ဖြင့် လက်တွဲခဲ့ပြီးနောက် ယခု အပြောင်းအလဲသည် Google ၏ ထုတ်ကုန်ကို တရုတ်စမတ်ဖုန်း ထုတ်လုပ်သူနှင့် ပထမဦးဆုံး လက်တွဲ ဆောင်ရွက်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိသည်။
Mobile World Congress တွင် The Verge နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ရပ်၌ Huawei အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယူက ကုမ္ပဏီအနေဖြင့် အမေရိကန်ဈေးကွက်သို့ တိုးချဲ့ရန်အတွက် Google ကို အသုံးပြုရန် အရိပ်အမြွက်ဆိုခဲ့သည်။ ထို့အတွက်ကြောင့် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်ကို နောက်ဆုံးပေါ် Android OS ဖြင့် ပေါင်းစပ်ထားသော အသစ်ထွက်ရှိမည့် Nexus က Huawei ၏ ရည်မှန်းချက်ကို အထမြောက်စေဖွယ်ရှိသည်။
Ref: CNET