Flash
memory ကုမ္ပဏီ SanDisk သည် storage မလုံလောက်သည့် ဖုန်းနှင့် tablet
များတွင်ထည့်သွင်း အသုံးပြုနိုင်မည့် 200GB Ultra microSDXC UHS-I flash
memory ကို Mobile World Congress ပြပွဲတွင် ထုတ်ဖော် ပြသခဲ့သည်။
SanDisk ၏ 200GB microSD ကို ဖုန်း၊ ကင်မရာ၊ tablet သို့မဟုတ် အခြားထုတ်ကုန် အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က SanDisk သည် 128GB microSD ကတ်ကို မိတ်ဆက်ခဲ့ပြီး ယခုအခါတွင် မိတ်ဆက်လိုက်သည့် 200GB မော်ဒယ်သည် အချက်အလက် လွှဲပြောင်းနိုင်သည့် ပမာဏ 90MBps အထိပြုလုပ် နိုင်ကြောင်း သိရသည်။ ၎င်း 200GB Ultra microSDXC UHS-I flash memory ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀ ခန့်ရှိပြီး ၂၀၁၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် SanDisk သည် ဖုန်းသို့မဟုတ် tablet များတွင် storage နည်းပါးလာသည့်အခါ ဓာတ်ပုံနှင့် ဗွီဒီယိုများကို အလိုအလျောက် ရွေ့ပြောင်းနိုင်သည့် Android အတွက် Memory Zone app လည်းဖြန့်ချိ ပေးထားပြီ ဖြစ်သည်။
Ref : CNET