အသစ် ထွက်ရှိ လာတဲ့ Android Tablet
တွေမှာ Performance၊ ဂိမ်းကစား ရတာ အဆင် ပြေမှု၊ Web Surfing မြန်ဆန်မှု၊
ဘက်ထရီ ကြာရှည် ခံမှု တို့ကို ဦးစား ပေးလာ ကြတာကို တွေ့ရ ပါတယ်။ Gaming
Experience နဲ့ ပတ်သက် ပြီးတော့လည်း တိုးတက် လာခဲ့ပြီး မြန်ဆန်မှု၊ ချောမွေ့
မှုနဲ့ ပုံစံ လှလှ လေးတွေ ဖြစ်အောင် လုပ်လာ ကြပါတယ်။ အခုလည်း ဂိမ်းဆော့ ရတာ
အကောင်း ဆုံးလို့ သတ်မှတ် ထားတဲ့ Android Tablet တွေနဲ့ မိတ်ဆက် ပေးချင်
ပါတယ်။
Sony Xperia Tablet S
Sony Xperia Tablet S မှာ အသုံးပြု ထားတဲ့
Tegra 3 Chip ဟာ Gaming Performance နဲ့ ပတ်သက်ပြီး အကောင်း ဆုံးလို့
ဆိုနိုင် ပါတယ်။ တချို့ Show-stopping Software and Hardware ပိုင်း တွေမှာ
သိပ် အဆင် မပြေ တာတွေ ရှိတဲ့ အတွက် အကောင်းဆုံး Tablet မဟုတ် ပေမယ့်
ဂိမ်းဆော့လို့ ကတော့ အကောင်းဆုံး Tablet တစ်ခုပါ။ သူ့ရဲ့ Specification တွေ
ကတော့ 1.3GHz NVidia Tegra 3 CPU,ULP GeForce (12-core) GPU, RAM 1GB,
Android 4.1.1 OS တို့ပဲ ဖြစ်ပါတယ်။
Asus Transformer Infinity Pad TF700
Asus Transformer Infinity Pad TF700 ဟာ
သူ့ရဲ့ ရုပ်ထွက် ကြည်လင် ပြတ်သားမှု၊ ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်း တွေနဲ့
အံ့မခန်း Gaming Performance တွေကြောင့် တော်တော် များများ သဘော ကျတဲ့
Tablet တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ Specification တွေ ကတော့ Resolution 1920 x
1200 Pixels, 1.6GHz NVidia Tegra 3 CPU, ULP GeForce(12-core) GPU, 1GB
RAM, Android 4.1.1 OS တို့ကို အသုံး ပြုထား ပါတယ်။
Google Nexus 10
Google Nexus 10 ဟာလည်း အသုံးပြု ရမှာ
မြန်ဆန်မှု ရှိပါတယ်။ Overall Performance လည်း ကောင်းမွန်ပြီး Game
Performance မှာတော့ ပြောစရာကို မလိုတော့ ပါဘူး။ 1.7GHz Dual-core Samsung
Exynos 5 Dual(5250) CPU, Mali-T604 (quad-core) GPU, RAM 2GB, Android
4.2.2 OS တို့ ပါဝင် ပါတယ်။
Sony Xperia Tablet Z
Sony Xperia Tablet Z မှာတော့ Qualcomm
Snapdragon S4 Pro CPU နဲ့ Adreno 320 GPU ကို အသုံးပြု ထားတဲ့ အတွက်
ဂိမ်းနဲ့ ပတ်သက်ပြီး အပြစ် ပြောစရာကို မရှိ လောက်တော့ ပါဘူး။ 1.5GHz
Qualcomm S4 Pro CPU, Adreno 320 (single-core) GPU, RAM 2GB, Android
4.1.2 OS ကို အသုံး ပြုထား ပါတယ်။
Google Nexus 7 (2013)
Google Nexus 7 အသစ် ကတော့ Android Gaming
တွေနဲ့ ပတ်သက်ပြီး အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ Tablet တစ်ခု ဖြစ်ပါတယ်။
High Framerate ရှိရုံ သာမက Resolution 1920 x 1200 ရှိတဲ့ အတွက် 2D ရော 3D
ဂိမ်းတွေ ကိုပါ ကစားလို့ အဆင်ပြေ မှာပါ။ 1.5GHz Qualcomm S4 Pro CPU,
Adreno 320 (single-core) GPU, RAM 2GB, Android 4.3 OS တို့ကို အသုံး
ပြုထား ပါတယ်။
Reference: Cnet.com