Samsung Galaxy Note 8 ရဲ့
AT&T Version ဖြစ်ပြီး ဒီဇိုင်း လှတဲ့ Tablet တစ်လုံးလည်း ဖြစ်ပါတယ်။
Stylus Interface ပါရှိတဲ့ အတွက် သုံးရတာ အဆင်ပြေ သလို Software Feature
တွေ ကလည်း အသုံးဝင် ပါတယ်။ ဈေးနှုန်း ကတော့ မြင့်မားပြီး Stylus အတွက်
ကလည်း ဈေးကြီး ပါတယ်။ Gaming Performance က (၂၀၁၃) ခုနှစ် ထွက်ထားတဲ့
အကောင်းဆုံး Tablet တွေနဲ့ ယှဉ်ရင် နောက်ကို ရောက်နေ ပါတယ်။ Quality Tablet
တစ်လုံး ဖြစ်ပြီး 4G LTE Support ရပါတယ်။ တန်ဖိုး ကတော့ ဒေါ်လာ (၅၀၀)
ဖြစ်ပါတယ်။
iPad Mini ပုံစံ မျိုးနဲ့ ဆင်တူပြီး Note 8
ရဲ့ အရွယ် အစား ကတော့ ပိုကြီး ပါတယ်။ သတ္တု စပ်ကို အသုံးပြု ထားတဲ့ အတွက်
နည်းနည်းတော့ လေးပါတယ်။ အလေး ချိန်က (၀.၇၆) ပေါင်နဲ့ ပတ်ပတ်လည် 8.2 x 5.3 x
0.31-inch ရှိပါတယ်။ အောက်ခြေ ဘက်မှာ Menu, Home, Back ဆိုပြီး Button
သုံးခု ပါရှိ ပါတယ်။ သုံးခု လုံးကို S Pen နဲ့ အသုံးပြု နိုင်အောင် လုပ်ပေး
ထားပါတယ်။ ကျောဘက် အပေါ်ပိုင်း အလယ်မှာ ကင်မရာ ပါရှိပြီး 5-megapixel
ဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာလည်း ပါရှိပြီး 1.3-megapixel ရှိပါတယ်။
အောက်ဘက်မှာ Speaker Grills နှစ်ခု၊ MicroUSB Port တစ်ခုနဲ့ S Pen ထည့်ဖို့
Slot တစ်ခု ပါဝင် ပါတယ်။ ညာဘက် မှာတော့ MicroSD Card Slot နဲ့ IR
Blaster၊ Volume Rocker တို့ ရှိပြီး Power/sleep Button က ဘယ်ဘက် မှာပါ။
အပေါ် ဘက်မှာ Headphone Jack တစ်ခု ပါပါတယ်။
Android 4.1.2 Jelly Bean ကို အသုံးပြု
ထားပြီး Samsung TouchWiz UI Skin လည်း ပါပါတယ်။ တခြား ရရှိ တာတွေ ကတော့
Smart Stay, Multi Window, Mobile Data, Wi-Fi, Reading Mode, GPS တို့
ဖြစ်ပါတယ်။ Watch On ဆိုတာက Samsung ရဲ့ Universal Remote/video Hub App
တစ်ခု ဖြစ်ပါတယ်။ 1.6GHz Quad-core Exynos Dual (4410) CPU နဲ့ 2GB RAM,
802.11 a/b/g/n (2.4GHz and 5GHz) Wi-Fi, Bluetooth 4.0, GPS, Gyroscope,
Accelerometer, Digital Compass တို့ ပါဝင်ရုံ သာမက 4G LTE Support
လုပ်ပါတယ်။ မျက်နှာပြင် အရွယ် အစား 8-inch ရှိပြီး Resolution 1280 x
800-pixel နဲ့ 189ppi ရှိပါတယ်။ ရုပ်ထွက် ကောင်းမွန်ပြီး ရှင်းလင်း
ပြတ်သားမှု ရှိပါတယ်။
Reference: Cnet.com