လက်ရှိနှစ် အတော အတွင်း မှာပဲ
Android နဲ့ ပတ်သက်ပြီး New Version တွေ အများကြီး ထွက်လာ ပါတယ်။ အခု
နောက်ဆုံး အနေနဲ့ Version အသစ် ဖြစ်တဲ့ Android Jelly Bean 4.3 ထွက်ပေါ်
လာပါပြီ။ Developer တွေ အတွက် Software တွေကို ထပ်ပြီး တိုးမြှင့်
ပေးထားပြီး တချို့ Feature တွေကို အသုံးပြု နိုင်ဖို့ အတွက် ကတော့ Hardware
အသစ် တွေကို လိုအပ်တာ မျိုးတော့ ရှိပါတယ်။
သင့်ရဲ့ လက်ရှိ ဖုန်းမှာ ဖုန်းနံပါတ်
တွေကို သင်ရိုက်တဲ့ နံပါတ်ပေါ် မူတည်ပြီး Auto-complete Number တွေကို
ထုတ်ပေး နိုင်ပါ သလား။ Android 4.3 မှာတော့ လုပ်ပေး နိုင်ပါတယ်။ Keyboard
အတွက်လည်း Tap Recognition ပိုမို ကောင်းဖို့ အတွက် Google က ပြင်ဆင်
ပေးထားပြီး MOGA လိုပဲ Remote Gamepad လည်း ပါရှိ ပါတယ်။
4.3 မှာ သုံးစွဲ သူတွေ အများဆုံး ကြုံတွေ့
ရမယ့် Feature အသစ် တစ်ခု ကတော့ Restricted Profile ဖန်တီး နိုင်တာပါ။
Android 4.2 Tablet ရဲ့ Multi-user Implementation ကို အခြေခံပြီး
Restricted User ကသာ Apps, Services, Settings တွေကို Designate
လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သူငယ်ချင်း၊ ဧည့်သည်၊ ကလေး တွေနဲ့ Retail
Kiosks တွေ အတွက် သင့်တော် ပါတယ်။ Apps နဲ့ Storage တွေကို Account တွေနဲ့
ခွဲခြား ထားနိုင်ပြီး ဖုန်းရဲ့ ပိုင်ရှင် ကတော့ ဘယ် App ကိုမဆို Owner’s
Identity of Setting တွေ ကနေ လိုအပ် သလို ထိန်းချုပ် နိုင်ပါတယ်။ App တစ်ခု
ချင်းစီ အတွက် သုံးစွဲ တာကို API Level ကနေပြီး ကန့်သတ် နိုင်မှာ
ဖြစ်ပါတယ်။
Geofencing နဲ့ Wi-Fi Scanning APIs တွေ
အတွက် ကတော့ Google Play Service အသစ်ကို အသုံးပြု နိုင်ဖို့ အတွက်
လိုအပ်တဲ့ System-level ကို အထောက် အပံ့ ပေးနိုင်တဲ့ Hardware ကိုတော့
လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ Nexus 7 နဲ့ Nexus 4 တို့နဲ့သာ
သုံးလို့ အဆင်ပြေ ပါတယ်။ 4.3 မှာ Security-conscious User တွေ အတွက်လည်း
Feature တွေ အများကြီး ထည့်သွင်း ပေးထား ပါတယ်။ App တစ်ခု ချင်းစီ အတွက်
WPA2 Network မှာ Wi-Fi Credential ကို သတ်မှတ်လို့ ရပြီး Extensible
Authentication Protocol ကတဆင့် Network Authentication Exchange လုပ်လို့
ရပါတယ်။ KeyChain API ကတော့ Application Key တွေ အတွက် နည်းလမ်း အသစ် တစ်ခု
ဖြစ်ပြီး Root ဖောက်ထား ရင်တောင်မှ Device Export လုပ်လို့ မရနိုင် ပါဘူး။
Security Key ဖန်တီးတဲ့ အခါ မှာလည်း တခြား App တွေကနေ မမြင် နိုင်အောင်
Keystore အသစ်ကို ပြုလုပ် ပေးထား ပါတယ်။ Private Keystore က Key တွေ
ကိုတော့ Export လုပ်လို့ မရနိုင် ပါဘူး။ System Partition ပြုလုပ်
ရာမှာလည်း App တွေကို Setuid Program တွေကနေ နှောင့်ယှက်လို့ မရအောင်
ကာကွယ် ပေးထားပြီး လက်ရှိ မှာတော့ Android တွေမှာ AELinus Mandatory Access
Control System ကို အသုံးပြု ထားပါတယ်။
ဒါ့အပြင် Developer’s Toolboxes မှာလည်း
ကလိ စရာ အသစ် တွေကို အများကြီး ထည့်ပေး ထားပါတယ်။ Notification Option အသစ်
တွေလည်း အများကြီး ပါဝင်ပြီး App တစ်ခု ချင်းစီ အတွက်လည်း System-wide
Notification တွေကို ထည့်သွင်း နိုင်ပါတယ်။ ဒီလို အသုံး ပြုဖို့ အတွက်
ကတော့ End User Permission လိုအပ်မှာ ဖြစ်ပါတယ်။ API မှာ ကတော့ Originating
App, Time, Content, Priority, Dismissal State အပါ အ၀င် အချက် အလက်တွေ
အများ ကြီးကို ပြပေး နိုင်ပါတယ်။ ဒါတင် မကသေးဘဲ Transparent Overlays,
Custom Rotation Animations, On-the-fly Orientation Locking စတာတွေ
မှာလည်း ရွေးချယ် စရာ အများကြီး ရှိတဲ့ အပြင် Quick Response Text Feature
အသစ်လည်း ပါဝင်ပါ သေးတယ်။
Google Livestream ရဲ့ ဖော်ပြချက် အရ
Android 4.3 ဟာ Low-bandwidth App တွေ အတွက် Bluetooth စွမ်းအင် သုံးစွဲမှု
လျှော့ချတာ အပါ အ၀င် Bluetooth Smart Ready Device စတဲ့ Feature အသစ်
တွေလည်း ပါဝင် ပါတယ်။ ဒါဟာ Add-on Device တွေဖြစ်တဲ့ Watches, Remotes စတာ
တွေမှာ Client ဒါမှ မဟုတ် Server အဖြစ် အသုံး ပြုနိုင် ပါတယ်။ AVRCP 1.3
Profile ကတော့ Remote Control Client နဲ့ သီချင်း နာမည်တွေ အနု ပညာရှင်
တွေနဲ့ ပတ်သက်ပြီး Remote Displaying အချက် အလက် တွေကို ပြနိုင်အောင်
ဖန်တီး ထားတာ ဖြစ်ပါတယ်။
Android 4.3 မှာ OpenGL API ကနေပြီး
မိုဘိုင်း တွေနဲ့ တခြား စွမ်းအင် လျှော့သုံးတဲ့ Device တွေ အတွက် နောက်ဆုံး
ထုတ်လုပ် လိုက်တဲ့ OpenGL ES 3.0 ကို အသုံးပြု ထားတဲ့ အတွက် Graphics
ပိုင်း မှာတော့ Shaders, Texture Compression နဲ့ တခြား ရှုပ်ထွေးတဲ့ 2D, 3D
Graphics စတဲ့ ရွေးချယ် စရာ အသစ်တွေ အများကြီး ရှိလာ ပါတယ်။
အသံပိုင်း မှာတော့ Stereo Headphones,
Speakers တွေမှာ ကြာရှည် အသုံးပြု လာခဲ့တဲ့ Quasi-surround Effect ကို
Android Device တွေ ဖြစ်တဲ့ Nexus 7, HTC တို့မှာ အသုံး ပြုလို့ ရနိုင်ပြီ
ဆိုပေမယ့် Standard Headphone တွေမှာ အသုံး ပြုနိုင် မပြုနိုင် ကတော့ သေချာ
မသိ ရသေး ပါဘူး။
Digital Rights Management (DRM) ကတော့
အနည်းငယ် ရှုပ်ထွေး ပေမယ့် သင့်ရဲ့ ဖုန်းမှာ Content တွေကို Wide Array
အသုံးပြု ချင်တယ် ဆိုရင်တော့ လိုအပ်မှာ သေချာ ပါတယ်။ 4.3 မှာတော့ DRM
Implementation နဲ့ ပတ်သက်ပြီး ထူးထူး ခြားခြား ပြုလုပ် နိုင်တာတွေ
အများကြီး ပါပါတယ်။ MPEG DASH, VP8 Encoding, Surface Encoding Without a
Buffer, ဗွီဒီယိုနဲ့ အသံဖိုင် တွေကို ပေါင်းစပ်ပြီး ထုတ်လုပ် တာကို MPEG-4
Media Muxer ကနေ တဆင့် ပြုလုပ် ပေးနိုင် ပါတယ်။ ဒါ့အပြင် အမြန် နှုန်းနဲ့
တည်နေရာ အတွက်လည်း Software Playback Control တွေကို အသုံး ပြုလို့ ရပါတယ်။
သီချင်းတွေ ကိုလည်း App ကို မဖွင့်ဘဲ Music Widgets and Notification
တွေကနေ ထိန်းချုပ်ပြီး ဘာသာ ပြန်ပေး နိုင်ပါတယ်။ ဒါကိုတော့ Google Play
Music မှာ စမ်းသပ် ကြည့်တာ မရ သေးတဲ့ အတွက် Play Store မှာ Version အသစ်တွေ
ထုတ်ပေး နိုင်ဖို့ ရှာဖွေ နေပါတယ်။
ထပ်ပြီး ပေါင်းထည့် ထားတဲ့ ဘာသာ စကားတွေ
ကတော့ အာဖရိကန်၊ Amharic၊ ဟိန္ဒူ၊ Swahili၊ ဇူးလူး ဘာသာ စကားတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ညာဘက် ကနေ ဘယ်ဘက်ကို စာရေး တတ်တဲ့ Hebrew, Aramaic နဲ့ တခြား
ဘာသာ စကားတွေ အတွက်လည်း Default Android User Interface အနေနဲ့ သုံးရာမှာ
အဆင် ပြေအောင် ရွေးချယ် စရာ တွေလည်း အများကြီး ထည့်ပေး ထားပါတယ်။ RTL
Testing အတွက်လည်း Developer Tools မှာ Android SDK ကို ထည့်ပေး ထားပါတယ်။
Pseudo-locales ကလည်း Developer တွေကို ဘာသာ စကားတွေ၊ Scripts၊ Displays
တွေကို Accented English နဲ့ Stimulate လုပ်လို့ ရအောင် ပြုလုပ် ပေးထား
ပါတယ်။ Accessibility Service အနေနဲ့ ကတော့ Third-party Apps တွေကို အသုံး
ပြုခွင့် ပေးထား ပါတယ်။
ပိတ်ထား ချင်တဲ့ App တွေ အတွက်လည်း
Settings Menu ထဲမှာ Tab အသစ် ပေါင်းထည့် ပေးထား တဲ့အတွက် “All Apps” Tab
ကို တစ်ချိန်လုံး ဆွဲချပြီး ရှာစရာ မလိုတော့ ပါဘူး။ Android Setup Wizard
ကလည်း ပိုမို ကောင်းမွန် လာပြီး Previous Input ကို ပြန်လည် ပြင်ဆင်
နိုင်ရုံ သာမက EULA Stream လည်း ပြုလုပ် ပေးနိုင် ပါတယ်။ ActionBarCompat
Function in Support Library 18 ကို အသစ် ထပ်ထည့် ပေးထားတဲ့ အတွက် Action
Bar ကို ပြင်ဆင် ရတာလည်း ပိုမို လွယ်ကူ လာပါတယ်။
Reference: Androidpolice.com