Sony Xperia Z နှင့် ZL ကို ထုတ်ဖော်ပြသမည်

2:53 PM
ဂျပန် Sony မှ လာမယ့် CES 2013 မှာ ဝင်ရောက် ပြသတော့မယ် Xperia စမတ်ဖုန်း မျိုးဆက်သစ် နှစ်ခု ဖြစ်ပါတယ်။
Z က အရွယ်ပိုကြီးပါတယ်။ သူတို့ နှစ်မျိုးရဲ့  code name ကတော့ Yuga နဲ့ Odin ဖြစ်ပါတယ်။ အရင်နှစ်က Xperia Arc နဲ့ Xperia S ကို မိတ်ဆက်ခဲ့ သလိုပဲ ယခုနှစ်လည်း အောင်ပွဲစဉ်နိုင်မယ်လို့ Sony တို့ ယုံကြည် ထားပါ တယ်။
Xperia Z ဆိုရင် အရွယ် ၅ လက်မ၊ 1920 x 1080 pixel မျက်နှာပြင်၊ quad-core Qualcomm processor နဲ့ 13-megapixel ကင်မရာ အသီးသီး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ Sony Xperia ရဲ့  အားသာချက်က ကင်မရာ Resolution မြင့်ခြင်း ဖြစ်ပြီး ထုတ်သမျှ Xperia များက သူ့ခေတ် သူ့ခေတ် တိုင်းမှာ အကောင်းဆုံး ကင်မရာ ဖြစ်ခဲ့ပါတယ်။
ယခု ရက်ပိုင်း ပြသမယ့် ယင်းဖုန်းနှစ်လုံးကို အနီးစပ်ဆုံး မတ်လ ဝန်းကျင် မှာ ဖြန့်ချိနိုင်ကြောင်း သိရပါတယ်။

Ref: pocketlint.
Aung Kham (TSJ team)
Ref & Credit to TechSpace Journal