iPhone 6 သို့မဟုတ် iPhone 5S ဇွန်လတွင်ထွက်မည်

2:57 PM
Apple ရဲ့  iPhone 5 ပြီးတော့ နောက်ထပ် မျိုးဆက်သစ် ဖြစ်တဲ့ iPhone 5S ကို လာမယ့် ၂၀၁၃ ခုနှစ် ဇွန်လမှာ မိတ်ဆက်ရောင်းချတော့မယ်လို့ ဆိုပါတယ်။
အရွယ်အစားနဲ့ အပြင်ပန်း အပြောင်းအလဲ သိပ်မရှိပေမယ့်အတွင်းက Hardware များကတော့ သိသိသာသာ ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ စူပါ HD ကင်မရာ၊ မျက်နှာပြင်နဲ့ မြင်တွေ့ ရမှာ ဖြစ်ပြီး Storage ကလည်း 128 GB ရှိတယ်လို့ ဆိုပါတယ်။ Retina+ ကို ထောက်ပံ့ပေးမယ့် IGZO screen ကို အသုံးပြုနိုင်ချေ ရှိတယ်လို့လည်း ဆိုပါတယ်။
အရောင်ကလည်း အရင်လို အဖြူ၊ အနက် နှစ်မျိုးတည်း မဟုတ်တော့ပဲ iPod touch လိုအရောင် ၈ မျိုးနဲ့ စုံစုံလင်လင် ထုတ်လုပ်မှာဖြစ်ပါတယ်။ iPhone 5 ပြီးရင် iPhone 6 လို့ထင်ကြပေမယ့် အများစု ခန့်မှန်းချက်ကတော့ iPhone 5S အနေနဲ့ အမည်ပေးပြီးထွက်ရှိမှာလို့ ဆိုပါတယ်။
Apple ကတော့ တရားဝင် မကြေညာသေးပါဘူး။ သို့ပေမယ့် နောက်နှစ် ဇွန်မှာ ထွက်ရှိမယ်လို့ ယူဆနေကြတဲ့ iPhone 5S နဲ့ ပက်သက်တဲ့ အသေး စိတ် အချက်အလက်ကိုတော့ စုံစမ်းထောက်လှမ်း နေ ကြပြီ ဖြစ်ကြောင်း သိရပါတယ်။

Ref: business insiders
Ref & Credit to TechSpace Journal