Samsung ကုမ္ပဏီသည် phablet ဟုခေါ်သော စမတ်ဖုန်းနှင့် tablet အကြားရှိ ထုတ်ကုန်အမျိုးအစား အချို့ကို ထုတ်လုပ်ထားပြီး
ကုမ္ပဏီ၏ ပထမဦးဆုံး phablet မှာ screen အရွယ်အစား ၅.၃ လက်မပါဝင်သည့် Galaxy Note ဖြစ်သည်။
ထို့နောက်တွင် screen အရွယ်အစား ၅.၅ လက်မရှိသည့် Galaxy Note 2 ကို ဖြန့်ချိခဲ့သည်။
အဆိုပါ Galaxy Note သည် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်မှုရရှိခဲ့ပြီး
ရောင်းချမှုနှုန်းမှာလည်း ထူးခြားစွာ မြင့်တက်ခဲ့သည်။ ထို့အပြင်
ပြီးခဲ့သည့်နှစ်လအတွင်း Galaxy Note 2 ရောင်းချမှုပမာဏမှာ ၅ သန်း
ခန့်ရှိခဲ့သည်။
၎င်းအပြင် Samsung ကုမ္ပဏီသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile
World Congress တွင် Galaxy S4 ကို ပွဲထုတ်မိတ်ဆက်ပြသဖွယ်ရှိကြောင်းလည်း
Korea Times မှ ထပ်လောင်း ဖော်ပြခဲ့သည်။
Ref: CNET
ပူးတွဲဖော်ပြပါပုံမှာ Galaxy Note 2 ပုံ ဖြစ်သည်။
Ref: CNET
ပူးတွဲဖော်ပြပါပုံမှာ Galaxy Note 2 ပုံ ဖြစ်သည်။
Credit: Internet Journal