Panasonic ကလည်း P-02E HD resolution ဖုန်းထုတ်ပြီ

3:59 PM
Panasonic P-02E စမတ်ဖုန်းဖြစ်ပြီး resolution မှာ 1080p Full HD ဖြစ်ပါတယ်။ Full HD အဆင့် စမတ်ဖုန်းကို ဖုန်းထုတ်တဲ့ နည်းပညာကုမ္ပဏီ အားလုံးက ကြိုးပမ်းနေပါတယ်။ Nokia, Samsung, Apple, Motorola, HTC အစရှိသဖြင့် ကုမ္ပဏီကြီးအားလုံးရဲ့ ၂၀၁၃ ပန်းတိုင်ဟာလည်း HD အဆင့်ရှိ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အရွယ်အစား၊ အသေးစိတ် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ဘယ်လိုရှိတယ် ဆိုတာကို မသိရသေးပေမယ့် Full HD 1920×1080 resolution ရှိမယ် ဆိုတာကိုတော့ အတည်ပြုနေကြပြီ ဖြစ်ပါတယ်။ ၂၀၁၃ ဇန်နဝါရီလ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ကုန်စည်ပြပွဲ (CES) မှာ ဝင်ရောက်ပြသနေကြောင်း သိရပါတယ်။
ကိုးကား – Smart News ဂျာနယ်