L Series စမတ်ဖုန်းတွေနဲ့ အောင်မြင်လာခဲ့တဲ့ LG ဟာ ဈေးကွက်ကို 5″ ဖုန်းတွေ
ထုတ်လုပ်ခြင်းနဲ့ ဝင်ရောက် လာခဲ့ပါတယ်။ မျက်နှာပြင် အရည်အသွေးက HD
ပုံရိပ်ကို ဖော်ပြနိုင်စွမ်း မရှိပေမယ့် သူ့ဟာနဲ့သူ အလယ်အလတ်
ကောင်းတဲ့အဆင့်မှာတော့ ရှိပါတယ်။ 159g ရှိတဲ့အတွက်ကြောင့် အသင့်အတင့်
အလေးချိန်ရှိနိုင်ပြီး ၂၀၁၂ စက်တင်ဘာလက ကြေညာထားတာဖြစ်ပြီး ၂၀၁၃
နှစ်စပိုင်းလောက်မှာ ရရှိနိုင်ပါလိမ့်မယ်။ 2G, 3G ကွန်ရက်တွေမှာ သာမက 4G
ကွန်ရက်မှာပါ သုံးစွဲနိုင်မှာဖြစ်တဲ့ CDMA ဖုန်းပဲ ဖြစ်ပါတယ်။ 8MP ကင်မရာဟာ
3264×2448 အရည်အသွေးရှိမယ့် ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပြီး တည်နေရာ
မှတ်မိ သိရှိနိုင်စွမ်းတွေနဲ့အတူ ပုံရိပ်ကို ရှင်းလင်းစွာ
ဖမ်းယူရိုက်ကူးနိုင်ဖို့ LED Flash ပါဝင်ပါတယ်။ CDMA 800 ဖုန်းတစ်လုံးနဲ့
မတူဘဲ GSM ဖုန်းအမျိုးအစားဖြစ်ပြီး Accelerometer, Gyro တို့လို
အရည်အသွေးမြင့် Sensor တွေနဲ့အတူ အခြား Sensor နှစ်ခု ထပ်မံ
ဖြည့်စွက်ထားပါတယ်။ အဓိက ကင်မရာကြီးက ဗီဒီယို ရိုက်ကူးမှုတွေကို 1080p
အရည်အသွေးနဲ့ ရိုက်ကူးနိုင်တယ် ဆိုပေမယ့် ရှေ့ဘက် ကင်မရာငယ်ကတော့ 1.3MP
ပဲရှိပါတယ်။ ဖုန်းရဲ့ ခေါ်ဆိုမှုအတွက် သတ်မှတ်ချက်တွေ ပြုလုပ်ထားနိုင်ပြီး 5″
ဆိုပေမယ့် 256ppi ပဲရှိတဲ့ အတွက်ကြောင့် ရုပ်ပုံတွေ ဖော်ပြတဲ့အခါမှာ
မငြိမ်သက်တာတွေ ဝါးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ EVDO စနစ်ကို အပြည့်အဝ
ထောက်ပံ့ ပေးထားပါတယ်။
HD Movie တွေကို ရိုက်ကူးနိုင်ရုံတင်မက တည်းဖြတ်နိုင်အောင်လည်း
ပြုလုပ်ပေးထားပါတယ်။ Micro Sim အမျိုးအစားဖြစ်ပြီး HD, IPS, LCD ထိတွေ့
မျက်နှာပြင်ဟာ ဖုန်းကို စွမ်းဆောင်ရည်ပြည့် ရရှိစေမှာဖြစ်ပြီး USB 2.0 ကို
သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 2013 ခုနှစ်အတွင်းမှာ LG ရဲ့
မျှော်လင့်ထားနိုင်ဖွယ် စမတ်ဖုန်း တစ်လုံးအဖြစ် သတ်မှတ်နိုင်ပြီး
SnapDragon Processor ကြောင့်လည်း ဖုန်းဟာ ထင်ထားတာထက် ပိုမို
လျင်မြန်နိုင်ပါတယ်။ 2GB RAM ပါဝင်ပြီး ဖုန်းတွင်း အချက်အလက်
သိုလှောင်နိုင်မှုအတွက် 32 GB အထိ တိုးမြှင့်နိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့်
မြင့်မားတဲ့ HD Movie တွေကို ထည့်သွင်း သိမ်းဆည်းထားနိုင်ပါလိမ့်မယ် Wifi
ဟာ Dual Band ဖြစ်တဲ့ အတွက်ကြောင့် အချက်အလက် ပေးပို့မှုတွေကို
အချိန်တိုအတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး Dolby Mobile အသံစနစ်က ဖုန်းကို
အိမ်တွင်း အသံထုတ်လွှင့်တဲ့စက်လို စွမ်းဆောင်ပေးပါလိမ့်မယ်။ 9.4mm
ရှိပြီးတော့ ကင်မရာ အရည်အသွေးက ကောင်းမွန်တဲ့ ဒီဖုန်းဟာ LG အတွက်တော့
အင်မတန် ပြည့်စုံစေပါတယ်။ 2150mAh ဘတ္ထရီဟာ အသင့်အနေအထား ပြောဆိုမှုအတွက် ၄၀၀
နာရီ၊ ဆက်တိုက် ပြောဆိုမှုအတွက် ၈ နာရီခွဲနဲ့ သီချင်းသီးသန့်
နားထောင်မယ်ဆိုရင် ၁၀ နာရီကျော်ကြာ အသုံးခံပါတယ်။ အနက်ရောင်၊ အဖြူရောင်နဲ့
ပန်းရောင်ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး Sensor 4 မျိုး
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက် Web page တွေ ကြည့်ရှု့ဖို့အတွက် HDML
5 ကို ထောက်ပံ့ပေးထားပြီး တည်နေရာပြ စနစ်ကိုလည်း Google Map
သုံးစွဲနိုင်မှာပါ။ ဆူညံသံ ဖယ်ထုတ်မှုတွေ HD Movie Editor နဲ့ Java Emulator
တို့ကြောင့် OptimusVu ကို သုံးစွဲသူ အတော်များများ ကြိုက်နှစ်သက်ကြပါတယ်။
သီချင်းနားထောင်ဖို့အတွက် MP3, WMA, WAV, FLAC format တွေကို
ထောက်ပံ့ပေးမှာဖြစ်ပြီး MP4 နဲ့ DVIX ပလေယာတွေကြောင့် သီချင်းတွေ
နားဆင်တဲ့အခါမှ အထေ့အငေါ့ မရှိဘဲ နားဆင် ခံစားနိုင်ပါလိမ့်မယ်။ 5″ ရှိတဲ့
Screen ဟာ 768×1024 pixel က အရည်အသွေး မြင့်မားတဲ့ ရုပ်ရှင်တွေကိုတော့
ခံစားကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။
Ref & Credit to Mobile Guide Journal