Apple အနေဖြင့် ဈေးသက်သာသော စမတ်ဖုန်း အမျိုးအစားကို ထုတ်လုပ်သွားရန်
အစီအစဉ် မရှိကြောင်း ကုမ္ပဏီ၏ ကမ္ဘာ့ဈေးကွက်ဌာန ဒုတိယဥက္ကဋ္ဌဖြစ်သူ
ဖီလစ်ရှစ်လ်လာက ပြောကြားလိုက်သည်။ တရုတ်နိုင်ငံမှ Shanghai Evening News
သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် ဖီလစ်က ထိုသို့ အခိုင်အမာ
ပြောကြားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ဈေးသက်သာသော စမတ်ဖုန်းများကို
လူကြိုက်များလာသည့်တိုင် ထိုကဲ့သို့ ဖုန်းအမျိုးအစားမှာ Apple ၏ အနာဂတ်
ထုတ်ကုန် ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ The Wall Street Journal,
Bloomberg စသည့် သတင်းများတွင် Apple က ဈေးနှုန်မကြီးမြင့်သော
ဖုန်းအမျိုးအစားကို အစောဆုံး ယခုနှစ်အတွင်း ထုတ်လုပ်ရောင်းချမည်ဟု
သတင်းများ ထွက်ပေါ်ခဲ့ရာ ဖီလစ်က တရုတ်သတင်းဌာနနှင့် အင်တာဗျူးတွင်
ထိုအချက်ကို အခိုင်အမာ ငြင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား – Planet Myanmar News