အပါးလွှာဆုံး ဖြစ်လာမယ့် Ipad 5

2:37 PM
i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင်နက်တည်း ဖြန့်ချိ ခဲ့ပါတယ်။ အခုတော့ နံပါတ် ၅ မြောက် iPad သို့မဟုတ် iPad 5 ထွက်ရှိ မယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။
( ပုံမှာ ပြထားတာ ကတော့ Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က လုပ်ထားတာ မဟုတ်ပါဘူး။)
သတင်း ကတော့ ဂျပန်နိုင်ငံက ထွက်ရှိလာခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ က ဘာသာပြန်တော့ နှစ်မျိုးကွဲသွားရပါတယ်။
မူလ iPad 4 တုန်းက ၉.၄ မီလီမီတာ အထူရှိပြီး ယခု ထွက်မယ့် နံပါတ် ၅ ကို ၇.၂ မီလီမီတာတို့ လည်းကောင်း၊
၂ မီလီမီတာလို့ လည်းကောင်း နှစ်မျိုး အသံထွက် နေပါ တယ်။ Apple ကတော့ ဘာမှ တရားဝင် မကြေညာသေးပါဘူး။
သို့ပေမယ့် Apple အတွင်းလူများဆီက သတင်းလို့ ဆိုပါတယ်။
Superthin လို့ခေါ်တဲ့ တကယ့် အပါးတက အပါးဆုံး ထုတ်လုပ်မှာ ဖြစ်ပါ တယ်။
အဖြစ်နိုင်ဆုံးကတော့ ၇.၄ မီလီမီတာ ဖြစ်ပါတယ်။ Retina ကိုပဲ ပြန်သုံးမလား
အခြား Display resolution ကိုရွေးမလား ဆိုတာလည်း ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမ့ယ် နောက်ထွက်မယ့်
iPad 5 ကတော့ အပါးဆုံး ဖြစ်လာမယ်ဆိုတာတော့ သေချာကြောင်း သိရပါတယ်။

Ref: cnet.pocketlint.
Aung Kham (TSJ team)
Credit: Tech Space Journal