အသစ်ထွက်ရှိလာတဲ့ iOS 7 Beta version ဟာ developer များ စမ်းသပ်
အသုံးပြုနိုင်ရန် သီသန့် ထုတ်ပေးထားတဲ့ version ဖြစ်ပြီး တစ်ကယ့် version
ကတော့ မထွက်လာသေးပါဘူး။
Apple ရဲ့  ဖော်ပြချက်များထဲမှာ iOS 7 Beta version ကို Update
လုပ်ပြီးသည့်နောက် သူထက်စောတဲ့ version များကို ပြန်လည် Restore
မလုပ်နိုင်ဘူးလို့  ဖော်ပြထားခဲ့ပေမယ့် အဲဒီ အချက်ဟာ မှာယွင်းနေတယ်လို့ 
ပြောနိုင်ပါတယ်။
iOS 7 Beta version ကို update လုပ်ကြည့်ပြီးတဲ့နောက် iOS 6.1.3 (သို့ )
iOS 6.1.4 ကို လွယ်ကူစွာ ပြန်လည်၍ downgrade ဆင်းနိုင်ကြောင်း သိရပါတယ်။
iOS 7 Beta ကို စမ်းသပ်သုံးကြည့်ပြီးတဲ့နောက်မှာ အကြောင်းကြောင်းကြောင့် ပြန်ဆင်းချင်ကြတဲ့ မိတ်ဆွေများအတွက်...
** Downgrade iOS 7 Beta --> iOS 6.1.4 / iOS 6.1.3 **
>> Download iOS 6.1.4 / 6.1.3
လုပ်ငန်းစဉ်
အဆင့် ၁)
iOS 7 Beta တင်ထားပြီးသား iDevice ကို iTunes နှင့် ချိပ်ဆက်ပါ။
အဆင့် ၂)
iTunes မှ iDevice ကို ရွေးချယ်ပြီး (Shift) သို့  (Option) Key ကို တွဲနှိပ်လျှက် "Restore" button ကို နှိပ်ပါ။
အဆင့် ၃)
အထက်တွင် download ရယူခဲ့သော iOS 6.1.4 (သို့ ) iOS 6.1.3 ကို ရွေးချယ်ပေးလိုက်ပါ။
အဆင့် ၄)
iTunes မှ iOS 6.1.3 / 6.1.4 သို့  အလိုလျှောက် Restore လုပ်သွားပါလိမ့်မည်။
Credit to : iDB , မိုးသိကြား