သင်္ကြန် ပြီးကတည်းက ပိုစ့်အသစ်တွေ မတင်ဖြစ်တာနဲပ အခု စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းလမ်းလေး တစ်ခု ပြောပြပေးမလို့ပါ။ ဘာလဲဆိုတော့ အင်တာနက် ပေါ်မှာ တစ်ယောက် ကိုတစ်ယောက် လျို့ဝှက် စာပို့တဲ့ နည်းလေးပါ။ အကြမ်းဖျင်း ပြောပြရ၇င် မိမိေ၇းချင်တဲ့စာကို password နဲ့ encode ပိတ်ပြီး မိမိ ပို့ချင်တဲ့ သူဆီ ကို ပို့ပေးလိုက်တာပါ။ ဒါပေမဲ့ ပို့တဲ့ စာတွေက ကိုယ်ရေးထားတဲ့စာတွေ မဟုတ်တော့ပါဘူး။ ဒါကို သူဘာရေးထားလဲပြန် ဖတ်ချင်ရင်တော့ ဖတ်တဲ့သူက password နဲ့ Decode ပြန်လုပ်ရပါတယ်. ပြောရင် passwords ထည့်ပြီး ပြန်ကြည့်တာပေါ့ဗျာ။ ဘယ်နေရာမှာ အသုံးဝင်လဲ ဆိုတော ကိုယ်တိုင် စဉ်းစားကြည့်ပေါ့ဗျာ။ ဟိဟိ ကျွန်တော်ကတော့ ကောင်မလေး ကို အဲ့လို ပို့ပေးတယ်ဗျ။ ဒါဆို ရင် ကျွန်တော့် ပို့လိုက်တဲ့စာကို ကြားထဲက တစ်ယောက် ရရင်တောင် သူဖတ်လို့ မဖြစ်နိုင်တော့ဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ့် password က ကိုယ့်ကောင်မလေး ပဲသိတာကိုး။
ကဲ ပြောရင်း ပြောရင်းနဲ့ ရှည်သွားပြီ ပြုလုပ်ပုံ နည်းလမ်းလေး ကို အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်။
အရင်ဆုံး ဒီကို သွားလိုက်ပါ။
၁။ ကဲ အဲ့ကိုေ၇ာက်ပြီ ဆိုရင် မြား လေးပြထားတဲ့ နေရာ ကို နှိပ်လိုက်ပါ။ နှိပ်ပြီးရင် အောက်မှာလိုအပ်တာတွေကို ဖြည့်ရပါမယ်။
အခု ကျွန်တော်တို့ ၁။ enter your နေရာမှာ ကိုယ်ပေးချင်တဲ့ password ကိုေ၇းထည့်ပါ။
၂။ နေရာမှာ မိမိေ၇းချင်တဲ့ စာသားတွေ ကို အင်္ဂလိပ်လို ပဲဖြစ်ဖြစ် မြန်မာလိုပဲ ဖြစ်ဖြစ် ရေးပါ။
၃။ ကတော့ အားလုံးေ၇းပြီး ပြီဆိုရင်တော့ Encode now ကို နှိပ်လိုက်ပါ။ ဒါဆို အောက်က ပုံပေါ်လာပါလိမ့်မယ်။
ကဲ ဒါဆိုရင် ကိုယ်ရေးတဲ့ စာတွေက အနီေ၇ာင်နဲ့ ၀ိုင်းပြထားတဲ့ စာတွေ ဖြစ်သွားပါလိမ့်မယ်။ ဟုတ်ပါပြီ ဒီစာတွေ ကို အကုန် သေချာ ကောပီ ကူးပြီး mail ထဲမှာဖြစ်ဖြစ် chat box ထဲမှာ ဖြစ်ဖြစ် ပို့ပေးလိုက်ပါ။ တစ်ခုတော့ရှိပါတယ် ကိုယ်ပို့ပေးတဲ့ သူကိုတော့ password ပြောပြထားနော်. ပြီး ရင် ဒီကို ဆိုတဲ့ လိပ်စာကိုလဲ ပြောပြထားပါ မဟုတ်ရင် သူဖတ် မရပဲနေပါဦးမယ်။ကဲ အခုက ကိုယ်ကပို့ပြီးပြီဆိုရင် ဖတ်တဲ့သူ ဘယ်လိုဖတ်ရမလဲ ဆိုတာကို ပြပါမယ်။ ဖတ်ချင်တဲ့ သူကလဲ ဒီကို ကိုသွားရပါမယ်။ပြီးရင်တော့အောက်ကပုံ အတိုင်းပေါ်လာရင် Decode ဆိုတာ ကို ရွေးပေးရပါမယ်။
ကဲ ဟုတ်ပါပြီ ဒါဆို ကျွန်တော်တို့ ခုနက ပို့လာတဲ့ စာကို အမှန်အတိုင်းမြင်နိုင်ဖို့ 1 နေရာက Decode Now ကို နှိပ်ပြီး အောက်က 2 နေရာမှာ ကိုယ့်ကို ပို့ပေးတဲ့သူပြောပြတဲ့ password ကို ထည့်၊ ပြီးရင် အောက်က 3 နေရာမှာ စာပို့လာတဲ့ သူရဲ့ စာတွေကို ကောပီယူပြီး ထည့်ပေးထားပါ။ အားလုံး ထည့်ပြီး သွားပြီဆိုရင်တော့ အောက်ဆုံးက Decode Now ဆိုတာလေးကို နှိပ်ပြီး ခဏစောင့်လိုက်ပါ။ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ကဲ ဒါဆို အားလုံး အဆင်ပြေကြမယ်ထင်ပါတယ်။
Thank to shinplusgugue@gmail.com