ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz
ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက်
ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။
MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ်
တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ
ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ
ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ
CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့်
တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့်
၎င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း
သတင်း ရရှိသည်။
Ref & Credit to www.myawady.com.mm