iOS hacker တစ်ဦးဖြစ်သူ "Planetbeing" က သူပြုလုပ်နေတဲ့ Jailbreak Tweet
ဟာ Public ကို ထုတ်ပေးနိုင်ဖို့  အတော်နီးစပ်နေပြီ ဖြစ်ကြောင်း သူရဲ့ 
Twitter မှာ ဖော်ပြရေးသားထားပါတယ်။
ဒါဟာ Jailbreak ကို စောင့်နေမျှာ်နေကြတဲ့ ပရိဿတ်တွေ အတွက် မျှော်လင့်ချက်ကောင်း တစ်ခုပဲဖြစ်ပါတယ်...
"Planetbeing" က သူရဲ့  Twitter မှာ
"များပြားလှတဲ့ လုပ်ငန်းစဉ်များ ရက်အနည်းငယ် အတွင်းမှာ
အဆုံးသတ်နိုင်ပြီး Jailbreak ရဲ့  အနာဂါတ်ဟာ တောက်ပလာလိမ့်မယ်လို့ 
သူထင်ထားကြောင်း" အောက်ပါအတိုင်း ဖော်ပြထားပါတယ်...
"Planetbeing" နှင့် "pod2g"
တို့ ဟာ iOS 6 ကို ထိုးဖောက်နိုင်ဖို့  ပျော့ကွက် အသစ်နှစ်ခုကို
မကြာသေးမီက ထပ်မံ တွေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအားနည်းချက်ကို
ဖြေရှင်းနိုင်ဖို့  အဓိက လိုအပ်တဲ့ Coding ပျောက်ဆုံးနေသေးတဲ့အတွက် Public
Jailbreak ကို မထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ အခုတော့ Plublic ကို
ထုတ်ပေးနိုင်ဖို့  သူတို့ နှစ်ဦး အရှိန်မြှင့် ဆောင်ရွက်နေကြပါပြီ။
ယခင် "Planetbeing" ၏ ပြောဆိုချက်အရ Jailbreak ကို iOS 6.1 ထွက်လာမှ
ထုတ်ပေးဖို့  ပြောထားခဲ့ပေမယ့် အကယ်၍ သူတို့ မှာ "exploits"
တော်တော်များများ စုဆောင်း ရရှိနေပြီ ဆိုရင်တော့ Jailbreak ဟာ
သိပ်မကြာခင်မှာ ထွက်လာနိုင်ရန် ရှိနေတယ်လို့  ခန့် မှန်းမိပါကြောင်း ...
ယနေ့ Twitter မှာ "pod2g" ကလည်း "Come on Apple. Release that 6.1 now!" လို့  ထပ်မံ စိန်ခေါ်နေပြန်ပါတယ်...
Credit to : iClarified