iPad Mini ကိုပြိုင်မည့် Samsung Tablet

1:00 PM
အသစ်ထွက်ရှိလာမယ့် Samsung ၏ Galaxy Note 8.0 ဟု ယူဆရသော Tablet အသစ် ရဲ့ ဓါတ်ပုံအချို့  ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ ရှေ့ ပြေးပုံစံ (prototype) သို့ မဟုတ် အပြီးသတ် ပုံစံလားဆိုတာတော့ အတိကျ မပြောနိုင်သေးပါဘူး။ Tablet အသစ်ရဲ့  ပုံစံဟာ Galaxy S III, Galaxy Note II တို့ နဲ့  ပုံစံတူသော်လည်း ပို၍ ကြီးမားတာကို တွေ့ ရပါတယ်...
Samsung ရဲ့  ပုံစံအတိုင်း Function key နှစ်ခုအလယ်မှာ physical key ပါရှိပြီး ညာဘက်အောက် ထောင့်လေးမှာတော့ S-Pen ထားရန် နေရာလေး ပါရှိပြီး Galaxy စီးရီးမှာ ထူးထူးခြားခြားတစ်ခု ဖြစ်လာနိုင်ပါတယ်။

Screen အချိုးက 16:09 ဆိုသော်လည်း 16:10 လောက်ရှိနိုင်ပြီး စာဖတ်လို့ ကောင်းတဲ့ အနေအထား အကျယ်အဝန်း ရှိပါတယ်။ Resolution ကို သေချာ မပြောနိုင်သော်လည်း 1280 x 800 လို့ ခန့် မှန်းမိပါတယ်။ အနောက်ဖက်တွင် ကင်မရာ ပါရှိပြီး Flash တော့ မပါဝင်ပါ။ ပုံရိပ် အရည်အသွေးက 5 megapixel ဖြစ်ပါတယ်...

Quadcore Processor သုံးထားပြီး 2GB RAM နဲ့  ထွက်ရှိလာနိုင်ပါတယ်။ ယင်း Samsung Tablet အသစ်ဟာ Apple ရဲ့  iPad Mini ကို ယှဉ်ပြိုင်မယ့် အဓိက Tablet တစ်ခု ဖြစ်လာပါလိမ့်မည်...

Credit to : dday.it