iOS 6.0.2 ကို iPhone 5 တွင် Jailbreak လုပ်နိုင်ပြီ..

12:26 PM
Jailbreak tools တွေကို အစဉ်တစိုက် ကြိုးစားအာထုတ်ပေးနေတဲ့ Dev-Team မှ Pod2g ဟာ “weWantAnOpenIOS" ဟုသူရဲ့  Twitter မှာ ကြွေးကျော် တောင်းဆိုမှုနှင့် အတူ တစ်ကျော့ ပြန်ဝင်လာပါပြီ။
ဒီသတင်းဟာ Jailbreak အသိုင်းဝိုင်း အတွက် အားတက်စရာ ကောင်းလှပါတယ်...
 "Planetbeing" ဆိုသူ iOS hacker ကလည်း iOS 6.0.2 ကို iPhone 5 မှာတောင် Untethered Jailbreak အောင်မြင်စွာ ပြုလုပ်နိုင်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Twitter မှာ comment အနေနဲ့  ရေးသားခဲ့ပါတယ်။

ထို့ အတူ Jailbreak Tool အနေနဲ့  မထုတ်ပေးနိုင်သေးတဲ့ အကြောင်းရင်းကိုလည်း
"အခုအောင်မြင်ထားတဲ့ Exploit ကို လက်ရှိအနေထားမှာ ကျွန်တော်တို့ တွေ ခတ္တလျှိုထားဖို့ လိုပါတယ် ဒါမှ နောင်ထွက်လာမယ့် firmware အသစ်တွေကို jailbreak လုပ်နိုင်ဖို့  အထောက်ကူပြုနိုင်မှာပါ။ နောက်တစ်ချက်က မကြာခင်မှ အသစ်ထွက်လာတော့မယ့် iOS 6.1 က ထပ်မံပြီး အခြား Bugs တွေပါလာလို့  မဖောက်နိုင်တာ့ဘူးဆိုရင်လဲ အလဟသ ဖြစ်ကုန်ပါလိမ့်မယ်" လို့  Jailbreak ကို စောင့်နေကြတဲ့ ပရိဿတ်ကို အောက်ပါအတိုင်း အားပေးပြောကြားထားပါတယ်။ 


iOS 6.1 ထွက်လာမယ်ဆိုရင်တော့ Jailbreak Tool တစ်ခုပါ သိပ်မစောင့်ရတော့ပဲ ထွက်လာလိမ့်မယ်လို့  မျှော်လင့်ရပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်....