Apple သည် သူ၏ iDevice များအတွက် hardware အစိတ်ပိုင်း တော်တော်များများကို
Samsung နှင့် ထုတ်လုပ်လာခဲ့ သော်လည်း နောက်လာမယ့် A6X Processor
အသစ်ထုတ်လုပ်မှုကို တိုင်ဝမ်ရှိ Semiconductor ထုတ်လုပ်သည့် စက်ရုံ "TSMC" နှင့် စာချုပ်ချုပ်ဆိုခဲ့တယ် လို့  Commercial Time က ဖော်ပြထားပါတယ်။
Apple အနေနဲ့  သူ၏ procesor အသစ်ကို စီးပွားပြိုင်ဖက်ဖြစ်တဲ့ Samsung နဲ့ 
မပက်သက်စေချင်တဲ့ သဘောရှိတယ်လို့  ခန့် မှန်းမိပါတယ်။ သို့ သော်ငြားလည်း
ယခုရွေ့ ပြောင်း အပ်နှံဖို့  စီစဉ်ထားတဲ့ "TSMC" စက်ရုံနဲ့  တည်တည်ငြိမ်ငြိမ် လုပ်ငန်းလည်ပတ် နိုင်ဖို့ ကိုလည်း အလေးနက် စဉ်းစားရပါလိမ့်မယ်။
"TSMC က ထုတ်လုပ်မှု အပိုင်းမှာ stabilize မဖြစ်သေးပါဘူး။ Apple ဟာ
အရည်သွေးမြင့် ပစ္စည်းတွေ နည်းပညာတွေနဲ့  ရပ်တည်နေတဲ့ ကုမ္ပဏီဖြစ်လို့  စွန်
့စားမှာ မဟုတ်ပါဘူး။ A6 mobile Aps အတွက် Samsung က ဈေးနှုန်းအရရော
အရည်သွေးအရရော ကမ်းလှမ်းနေပါတယ် " လို့  Apple ကို အခြား ပစ္စည်းများ
ထောက်ပံ့နေသူက ပြောပါတယ်။
အခုဆိုရင် TSMC က 28nm A6X processor ကို နမူနာအနေနဲ့  ယခုနှစ် ပထမ
သုံးလပါတ်တွင်းမှာ စတင်နေပါပြီ။ အခြေနေကောင်းတယ်ဆိုရင်တော့ Processor
တွေကို iPhone 5 နဲ့  iPas Mini 2 တို့ အတွက် ဆက်လက်
ထုတ်လုပ်သွားနိုင်ပါလိမ့်မယ်။
Citigroup Global Market က
"TSMC" ကုမ္ပဏီဟာ လာမယ့် နှစ်နှစ် အတွင်းမှာ 20nm process နဲ့  Apple
quad-core processors များကို Apple အတွက် ထုတ်လုပ်ပံ့ပိုးပေးမယ့်
တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်လာဖွယ် ရှိတယ်လို့  ခန့် မှန်းထားပါတယ်။ 20nm
process ဟာ Apple ရဲ့  အနာဂါတ် A7 processors တွေ အတွက် ဖြစ်လာပါလိမ့်မယ်။
Credit to : iClarified