Viva Video Pro (Android)

12:37 AM

Android OS အသုံးပြုထားသည့် Mobile Phone, Tablet တို့ပေါ်မှ ရိုက်ကူးထားသည့် Video File များကို ပြင်ဆင်ဖန်တီးချင်သူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။ ဒါ့အပြင် Selfie နှစ်သက်သူများ အတွက်လည်း Filter များ ထည့်သွင်းပေးထားသည့်အတွက် Selfie ရိုက် အလှဆင်ချင်သူများအတွက် အသုံးဝင်မည့် App တစ်ခု ဖြစ်သည်။
အဆိုပါ App ကို Google Play Store တွင် ဟောင်ကောင်ဒေါ်လာ ၂၅ ဖြင့် ရောင်းချပေးနေပြီး၊ ဖော်ပြပါ Download Link တွင်တော့ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Android Version 2.3.3 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Samsung Galaxy A-5

12:35 AM

အကြမ်းခံပြီး ဘောင်းဘီအိတ်ထဲတွင် စိတ်ချစွာဖြင့် ထည့်ထားနိုင်သော ပုံစံဖြင့် Samsung Galaxy  A-5 ဟန်းဆက် ဖြစ်သည်။ GSM ကွန်ရက်တွင် အသုံးပြုနိုင်ပြီး ဆင်းမ်ကတ်နှစ်ခု ထည့်သုံးနိုင်သည့် Dual SIM ပုံစံ ဖြစ်သည်။ Android Version အမြင့်ဆုံး 4.4.4 နှင့်ဖြစ်ပြီး RAM 2GB ပါဝင်သည်။ Internal Storage Memory 16GB ပါဝင်ပြီး 3G အမျိုးအစား ဖြစ်သည်။ မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး Super AMOLED Display နှင့် ဖြစ်သည်။ HD ဓာတ်ပုံ၊ ဗီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ကင်မရာနှစ်လုံးပါဝင်ပြီး 13 MP နှင့် 5 MP စီရှိပြီး Face Retouch လုပ်နိုင်သလို နောက်ကင်မရာဖြင့်လည်း Selfie ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထူးခြားချက်အနေဖြင့် Samsung ၏ Knox စနစ် ပါဝင်သည်။

သုံးမိနစ်အတွင်း Mi Note စမတ်ဖုန်း အားလုံးကို Xiaomi ရောင်းချခဲ့

12:34 AM

ပြီးခဲ့သည့် အင်္ဂါနေ့က တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်သော Xiaomi သည် Mi Note နှင့် Mi Note Pro ထုတ်ကုန်များ အားလုံးကို သုံးမိနစ်အတွင်း ရောင်းချနိုင်ခဲ့ကြောင်း Weibo လူမှုရေးမီဒီယာ စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း Xiaomi အနေဖြင့် စမတ်ဖုန်း အလုံးရေ မည်မျှရောင်းချခဲ့ရခြင်းကိုမူ မထုတ်ပြန်ခဲ့ပေ။
Xiaomi သည် ၎င်း၏ Mi Note နှင့် Mi Note Pro ထုတ်ကုန်များကို ဖေဖော်ဝါရီ ၃ ရက်မှသာ ပြန်လည် ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Mi Note စမတ်ဖုန်းများသည် စတင်ရောင်းချသည့်ရက်၌ပင် သုံးမိနစ်အတွင်း ထုတ်ကုန်အားလုံး ရောင်းချနိုင်ခြင်းမှာ Xiaomi အတွက် aကာင်းမွန်သော စတင်မှုဖြစ်ကြောင်း သတင်းများမှ ဖော်ပြကြသည်။ လက်ရှိတွင် ကုမ္ပဏီအနေဖြင့် ဖုန်းများ တပ်ဆင်ထုတ်လုပ်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ထုတ်လုပ်နေရသောကြောင့် ထုတ်ကုန်များကို ရောင်းချနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် တရုတ်နိုင်ငံတွင် Mi Note ဝယ်လိုအားသည် ယခင်ကနှင့်မတူညီဘဲ ပိုမိုများပြား လာနေကြောင်း သိရသည်။
Xiaomi ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ဖုန်းသုံးစွဲမည့်သူများကို သာမန် ဈေးနှုန်းထက် ပိုမိုသက်သာသည့် အရည်အသွေးရှိ စမတ်ဖုန်းများကို ရောင်းချရန် ဦးတည်ခဲ့သည်။ သို့သော် ကုမ္ပဏီအနေဖြင့် Apple ၏ ထုတ်ကုန်များကဲ့သို့ ဟန်းဆက်များကို တည်ဆောက်ထားသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၎င်း၏ စမတ်ဖုန်းများသည် တရုတ်နိုင်ငံတွင် အကြီးအကျယ် ရေပန်းစားခဲ့ပြီး အရောင်းစံချိန်လည်း တင်ခဲ့ကြောင်း သိရှိရသည်။
Ref: CNET

တရုတ် စမတ်ဖုန်းဈေးကွက်တွင် ပထမဦးဆုံးအကြိမ် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့် Apple

12:32 AM

Apple သည် တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးနေရာ၌ ပထမဦးဆုံး အကြိမ်အဖြစ် ရယူထားနိုင်ခဲ့ကြောင်း သုတေသနကုမ္ပဏီ Canalys မှဖော်ပြခဲ့သည်။
အဆိုပါ သုတေသနကုမ္ပဏီ၏ အဆိုအရ ၂၀၁၄ ခုနှစ် စတုတ္ထလေးလပတ်အတွင်း တရုတ်နိုင်ငံတွင် iPhone 6 နှင့် iPhone 6 Plus များ ပိုမိုရောင်းချခဲ့ရသောကြောင့် Apple က ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် စမတ်ဖုန်းတင်ပို့ရောင်းချမှုတွင် Apple ၏နောက်၌ Xiaomi, Samsung နှင့် Huawei တို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ Apple သည် တရုတ်နိုင်ငံတွင် ဈေးနှုန်း အလွန်အမင်း ကြီးမြင့်သည့် ဖုန်းအဖြစ် သတ်မှတ်ထားခံရပြီး ဝယ်ယူရန် ခက်ခဲသည့် အချိန်များလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံအတွင်းရှိ LTE နှင့် မျက်နှာပြင်ကြီးမားသော ဖုန်းများ ရေပန်းစားမှုသည် ဒေသတွင်း အရှိန်အဝါကြီးသည့် Xiaomi ကိုကျော်ဖြတ်ရန်အတွက် Apple ၏အောင်မြင်မှု သော့ချက်ဖြစ်ကြောင်း Canalys မှပြောဆိုခဲ့သည်။
လက်ရှိတွင် Samsung သည် တရုတ်နိုင်ငံတွင် အောင်မြင်မှုရရှိရန် ရုန်းကန်နေရသလို ကမ္ဘတစ်ဝန်း စမတ်ဖုန်းတင်ပို့ ရောင်းချမှုနှုန်းလည်း လျော့ကျလျက်ရှိသည်။ Xiaomi သည် ၂၀၁၄ ခုနှစ် ဒုတိယလေးလပတ်တွင် တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်၌ Samsung ကိုကျော်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။
Canalys အနေဖြင့် Apple ၏ တရုတ်နိုင်ငံသို့ စမတ်ဖုန်းအလုံးရေ မည်မျှတင်ပို့ခဲ့ကြောင်းကို စစ်တမ်းတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော်လည်း Apple သည် ခရစ္စမတ်ကာလ လေးလပတ်အတွင်း ရောင်းချခဲ့ရသည့် စမတ်ဖုန်း အလုံးရေများကို ထုတ်ပြန်ခဲ့သည်။ လေ့လာဆန်းစစ်သူ အချို့က Apple သည် ကမ္ဘတစ်ဝန်းတွင် iPhone သန်း ၆၀ ကျော်ခန့် တင်ပို့ရောင်းချနိုင်ဖွယ်ရှိကြောင်း ယခင်စစ်တမ်းများ အပေါ်တွင် အခြေပြု၍ ခန့်မှန်းခဲ့ကြသည်။
Ref: Idownloadblog

Record iPhone screen (No Jailbreak)

12:25 AM
iPhone, iPad screen ပေါ်က လှုပ်ရှားမှု မှန်သမျှကို  Jailbreak လုပ်စရာမလိုပဲ video file အဖြစ် မှတ်တမ်းတင်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

(mp4, mov) format များ ရွေချယ်နိုင်ပြီး အရုပ်၏ အရည်အသွေးကို ယခုလက်ရှိ အမြင့်ဆုံး ဖြစ်သည့် 1080p အထိ ရိုက်ကူးနိုင်ပါသည်..

"Shou" လို့ အမည်ရတဲ့ Application ကို jailbreak လုပ်ထားသော device များနှင့် jailbreak မလုပ်ထားသော iOS 7 နှင့်အထက် iDevice များတွင် သွင်းယူ အသုံးပြုနိုင်ပါလိမ့်မည်။

Android အတွက်တော့ OS 4.1 + root လိုအပ်ပါလိမ့်မယ်။

>> Jailbreak အတွက် Bigboss repo တွင် သွင်းယူပါ။

>> No Jailbreak အတွက် <<

၁) iDevice ၏ Safari browser မှ ဤနေရာကို နှိပ်ပါ။

၂) ပုံပါအတိုင်း iOS version ကိုရွေးပါ။ "Emu4iOS Store" ကို install လုပ်ပါ။



၃) ပုံတွင် ဖော်ပြထားသည်အတိုင်း "Shou" ကို install လုပ်ပါ။


၎) Sign Up, Facebook, Google+ account တစ်ခုခုနှင့် ဝင်ရောက်နိုင်ပါပြီ။


၅) Settings တွင် portrait, landscape, video audio format တို့ကို စိတ်ကြိုက်ပြင်ဆင်ပြီး ရိုက်ကူးနိုင်ပါပြီ..

credit to - moethagyar

Bypass iOS Activation without Apple ID

10:17 AM
သင့်ရဲ့ လက်ထဲမှာ

မူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?
မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?

စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။
iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။


>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
      C:\Windows\System32\drivers\etc\hosts (Windows)
      /private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။ 


Credit to ... moethagyar

တယ်လီနောမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ဟန်းဆက်ဝယ်ယူပါက ဆင်းမ်ကတ်အခမဲ့ ပေးမှုများပါ ပြုလုပ်မည်။

12:30 PM
 တယ်လီနောမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ဟန်းဆက်ဝယ်ယူပါက ဆင်းမ်ကတ်အခမဲ့ ပေးမှုများပါ ပြုလုပ်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
တယ်လီနော မြန်မာအနေဖြင့် ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်တွင် ဟန်းဆက်များကို အမျိုးအစား စုံလင်စွာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင့်တော်သော ဈေးနှုန်းများဖြင့် မြန်မာနိုင်ငံမှ သုံးစွဲသူများ အဆင်ပြေစေရန် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
“ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ထဲမှာ လူတိုင်းတတ်နိုင်တဲ့ နှုန်းထားနဲ့ သုံးစွဲနိုင်ရမယ် ဆိုတဲ့အချက် ပါဝင်နေပါတယ်” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ…
သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို သင့်တော်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရန်၊ ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းအား ၀န်ဆောင်မှုပေးနိုင်ရန်၊ ဆင်းမ်ကတ်များကို ဒေသအနှံ့အပြား၌ ဈေးနှုန်းသင့်တင့်ပြီး လွယ်ကူစွာရရှိနိုင်ရန်၊ ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ကို စတင်ရောင်းချပေးရန် တယ်လီနောမြန်မာမှ ရည်ရွယ်ထားကြောင်း သိရသည်။
ပြည်တွင်းရှိ သုံးစွဲသူများအနေဖြင့် နိုင်ငံတကာနည်းတူ ဖုန်းအော်ပရေတာ ကုမ္ပဏီတို့နှင့် စာချုပ်ဖြင့် သုံးစွဲကာ နောက်ဆုံးပေါ် ဟန်းဆက်များကို ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရန် မျှော်လင့်မှုများ ရှိနေပြီး ယင်းကဲ့သို့ အစီအစဉ်များ ရှိသော်လည်း လက်ရှိအချိန်တွင် အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။


Ref:Eleven Media Group

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော နိုင်ငံများ

12:22 PM

၁။ ဟောင်ကောင် (63.6Mbps)
63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။
၂။ ဂျပန် (50 Mbps)
High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။
၃။ ရိုမေနီးယား (47.9 Mbps)
အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
၎။ တောင်ကိုရီးယား (44.8Mbps)
Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။
၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)
ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။

ဝိုင်ဖိုင် အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်။

12:15 PM

ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေးရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှုအသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဝန်ကြီးဌာန၏ ရွေးချယ်ခံထားရသော ဝိုင်ဖိုင်ကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကို Borband Wireless စနစ်ဖြင့် သုံးစွဲသူများသို့ ပေးနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ Broadband Wireless စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများဖြင့် ပူးပေါင်းမည့် အစီအစဉ်အပါအဝင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရမှ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ယခုနှစ်လယ်ပိုင်းခန့်တွင် အပြီးသတ်နီးပါးအထိ လုပ်ဆောင်ပြီးမြောက်နိုင်ဖွယ်ရှိနေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

Ref:Internet Journal

Samsung Galaxy S5

12:05 PM
Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ် ကွာခြားပါတယ်။


အရင်က သတင်းတွေအရ 4K Display တပ်ဆင်ထားမယ်လို့ သိရပေမယ့် တကယ်တမ်းမှာ Galaxy S5 မှာ ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် S5 ရဲ့ Specification များ က ကောင်းမွန်ပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung က ကင်မရာ ကို အလွန်ကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ ၀.၃ စက္ကန့် အတွင်းမှာ Auto Focus ပြုလုပ်နိုင်င်ပါတယ်။ Real-Time HDR စွမ်းဆောင်ချက်ပါရှိလာပြီး ဓာတ်ပုံ၊ ဗီဒီယို များကို ရိုက်ကူးနေစဉ်မှာ HDR Effect ကို Live Preview ပြပေးနိုင်ပါတယ်။ Shot and More က ဓာတ်ပုံအများအပြားကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး အကောင်းဆုံးပုံတစ်ပုံ ကို ရွေးချယ်နိုင်ပါတယ်။ Android 4.4 KitKat ကိုအသုံးပြုထားပြီး LTE အသုံးပြုနိုင်ပါတယ်။ အလွန်လျှင်မြန်တဲ့ WiFi 802.11ac standard ကို အသုံးပြုနိုင်ပါတယ်။

Galaxy S5 ဟာ ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။ MWC မှာပဲ ကြေညာခဲ့တဲ့ Sony Xperia Z2 က IP58 စံနှုန်း သတ်မှတ်ချက်ရှိပြီး S5 လောက် ဖုန်မှုန့်ဒဏ် မခံနိုင်ပေမယ့် S5 ထက် နက်ရှိုင်းတဲ့ ရေအနက် ကို ယူဆောင်သွားလို့ရပါတယ်။
iPhone 5S မှာလိုပဲ Galaxy S5 မှာ Fingerprint Scanner ကို Home Button မှာ တပ်ဆင်ထားပါတယ်။ Scanner ပေါ်မှာ လက်ချောင်း ကို ပွတ်ဆွဲပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် Samsung က စွမ်းဆောင်ချက်အနည်းငယ် ထပ်ဖြည့်ထားပါတယ်။ Documents များကို Password အစား လက်ဗွေရာ နဲ့ ကာကွယ်ထားလို့ရပါတယ်။ PayPal ကနေ ငွေလွှဲတာ ကိုလည်း Scanner ကိုအသုံးပြုနိုင်ပါတယ်။
S5 မှာ နှလုံးခုန်နှုန်း ကို တိုင်းတာ ပေးတဲ့ Sensor ပါရှိလာပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားပြီး လက်ချောင်းများမှာ သွေးလည်ပတ်စီးဆင်းတဲ့နှုန်း ကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပေမယ့် Google Play Store မှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ဆော့ဝဲ များ ရှိတယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။
S5 မှာ LTE နဲ့ WiFi ကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Download Booster စွမ်းဆောင်ချက်ပါရှိလာပါတယ်။ 600-650 Mbit/s အမြန်နှုန်း ရရှိမယ်လို့ သိရပါတယ်။ Power Saving Mode ကလည်း ဘက်ထရီသက်တမ်း ကို နှစ်ဆ အသုံးခံအောင်ပြုလုပ်ပေးနိုင်ပါတယ်။
S5 ရဲ့ ဒီဇိုင်း က ပြောင်းလဲသွားပေမယ့် အလွန်ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ အရှေ့ဘက် က Galaxy S4 နဲ့ ဆင်တူပါတယ်။ S5 ကို အရင်မျိုးဆက်တွေထက်ပိုမို ကြည့်ကောင်းအောင် ပြုလုပ်ထားပါတယ်။ အနက်ရောင်၊ အဖြူရောင် ၊ အပြာရောင် ၊ ရွှေရောင် တို့ ထုတ်လုပ်ပေးထားပါတယ်။


S5 ကို စမတ်နာရီများ နဲ့ အတူ အမေရိကန် မှာ ဧပြီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း ကို Samsung က ကြေညာခြင်းမရှိသေးပါဘူး။
Ref & Credit: Myanmar Digital Life Journal , GSM Arena,myanmarmobileapp