HTC ထုတ်မည့် Facebook ဖုန်း

4:25 PM
HTC နဲ့ Facebook တို့ သဘောတူညီချက် ရယူလို့ ထုတ်မယ့် ဖုန်း ဖြစ် ပါတယ်။

ကီးဘုတ်ဖုန်း ဖြစ်ပြီး ၄.၃ လက်မ touchscreen ပါဝင်မယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့  Specification ကတော့ mid class ပဲရှိတယ်လို့ ဆိုပါတယ်။

5 megapixel နောက်ကင်မရာ၊ ရှေ့ ကင်မရာ 1.6 megapixel
RAM 1GB, storage 16GB (micro SD ကဒ်မရ),
Processor 1.5GHz Snapdragon dual-core processor
Android Jelly Bean

အစရှိတဲ့ Specification များနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Faecbook ကိုတိုက်ရိုက်ဝင်ရမယ့် Feature တွေပါဝင်ပါမယ်။ Instagram ပါမယ်။ အစရှိတဲ့ Social media plugin များကို ဖုန်းထဲမှာ Integrated လုပ်ထားပြီး အင်တာနက် အသုံးပြုလို့ ကောင်းမယ့်ဖုန်းလို့ ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိလည်း ဆိုတာကိုတော့ မကြေညာရသေးပါဘူး။ HTC Myst လို့ အမည်ပေးထားပြီး ယခု ၂၀၁၃ နှစ်လယ်နောင်းပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Android Phone မှ User ၏ PC ထဲသို့ ၀င်ရောက်ကူးစက်နိုင်သော Malware အသစ်တစ်မျိုးတွေ့ရှိ

3:54 PM

Smartphone (သို့) Tablet ကို ကွန်ပျူတာနဲ့ချိတ်လိုက်တဲ့ အခါ ကွန်ပျုတာထဲကို ကူးစက်နိုင် တဲ့ Malware
အသစ်တစ်ခုကို Kaspersky Lab ကနေ ထုတ်ဖော်ပြခဲ့ပါတယ် ၊ အဲ့ဒီ malware ဟာ Super Clean and
DroidCleaner တို့ဖြစ်ကြပြီး အလုပ်လုပ်ပုံခြင်းတူပြီး နာမည်ပဲ ကွဲကာ Google Play Android Market မှာ
ရှာတွေ့ခဲ့တာပါ ။
မှတ်ချက်။   ။ ghostarea  internation hacker magazine မှကူးယူတင်ပြထားပါသည်။

Firefox OS ဖုန်းကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ရန် Sony စီစဉ်နေ

12:42 PM
ဂျပန် အီလက်ထရွန်နစ်ကုမ္ပဏီ Sony Mobile သည် မိုဘိုင်းကွန်ရက် အော်ပရေတာ Telefonica နှင့် ပူးပေါင်းကာ Mozilla ၏ Firefox OS သစ် အထောက်အပံ့ ပါဝင်သည့် ဖုန်းကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ Sony Mobile Communications ၏ ထုတ်ကုန် စီးပွားရေးလုပ်ငန်းအဖွဲ့မှ အကြီးအကဲဖြစ်သူ Bob Ishida က ကုမ္ပဏီရှိ အင်ဂျင်နီယာများသည် Firefox OS Mobile နှင့် HTML 5 နှင့် ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့အပြင် Telefonica အပါအဝင် လုပ်ဖော်ကိုင်ဖက် အော်ပရေတာများနှင့်လည်း ၂၀၁၄ ခုနှစ်တွင် ဈေးကွက်ထဲ ဖြန့်ချိမည့် ထုတ်ကုန်တစ်ခုနှင့် စပ်လျဉ်း၍ လုပ်ဆောင်လျက်ရှိကြောင်း Mobile World Congress ပြပွဲ၌ ပြောကြားခဲ့သည်။
လက်တင် အမေရိကတွင် သုံးစွဲသူ များစွာရှိသည့်အတွက် Telefonica အနေဖြင့် Firefox OX စမတ်ဖုန်းများကို ဖွံ့ဖြိုးဆဲ ဈေးကွက်ရှိ သုံးစွဲသူများအတွက် သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
-နောင်နောင်
Ref: CNET
Ref & Credit to Internet Journal

Huawei နှင့် E-Lite ပူးပေါင်း၍ ဝန်ဆောင်မှုစင်တာ ၂ဝ ခန့် ဖွင့်မည်

12:34 PM
တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei က ပြည်တွင်း၏ ပုဂ္ဂလိက ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော E-Lite Tech Manufacturing နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို မြို့ကြီးများတွင် ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အရင်ဆုံးဖွင့်လှစ်မည့် အဆိုပါ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို Huawei မိုဘိုင်းပစ္စည်းများ သုံးစွဲသူများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၃ အတွင်း ဆားဗစ်စင်တာ ၂၀ ခန့် ဖွင့်လှစ်ပြီးပါက လာမည့်နှစ်များတွင်လည်း ဆက်လက် တိုးချဲ့သွားရန်ရှိပြီး E-Lite အပြင် အခြားသော မိုဘိုင်းဖုန်း လုပ်ငန်းများနှင့်လည်း လက်တွဲသွားမည်ဟု သိရသည်။
ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ၂၀၁၀ ဝန်းကျင်က စတင်ဝင်ရောက်ခဲ့သည့် Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်အသုံးပြုနိုင်ချိန်တွင် မထင်မှတ်ထားသည့် ရောင်းအားစံချိန်ကို ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်နှင့် မန္တလေးအခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများ၏ အဆိုအရ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်းပစ္စည်းများသည် ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေကြောင်း သိရသည်။ ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်း ထိပ်ဆုံးမှ နေရာယူထားသော Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် သုံးစွဲသူများနှင့် ရာနှုန်းပြည့် ထပ်တူကျမှု မရှိသေးသော်လည်း လူလတ်တန်းစားအများစု လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြစ်သဖြင့် လူသုံးအများဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။
Ref & Credit : 7 Days News Journal

2012 ခုနှစ်သည် Apple ရဲ့ သမိုင်းဝင်နှစ်ဖြစ်ကြောင်း Apple CEO တင်(မ်)ကွတ် ပြောကြား

12:25 PM
နာမည်ကျော် Apple နည်းပညာကုမ္ပဏီအတွက် ၂၀၁၂ ခုနှစ်သည် သမိုင်းဝင်စေခဲ့သည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း Apple အမှုဆောင်အရာရှိချုပ် Tim Cook က တွေ့ဆုံပွဲတစ်ခုတွင်ပြောကြားခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် iPhone မျိုးဆက်သစ်ဖြစ်သော iPhone 5 ကိုထုတ်လုပ်ခဲ့ပြီး အောက်တိုဘာလတွင် Apple ကိုနောက်ထပ်ကြီးမားသည့်အောင်မြင်မှုကိုရရှိစေသည့် iPad Mini ကိုထပ်မံထုတ်လုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တစ်နှစ်လုံးတွင် ကုမ္ပဏီ၏အမြတ်ငွေသည် အမေရိကန်ဒေါ်လာ ၁၅၅ ဘီလီယံအထိရှိခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ်များထက်များစွာတိုးတက်လာခြင်းဖြစ်ကာ Google , Microsoft, Dell , HP နှင့် Nokia ကုမ္ပဏီအားလုံး၏ အမြတ်ငွေစုစုပေါင်းထက်ပင် ပိုမိုများပြားကြောင်း သိရသည်။ ထို့ပြင် Apple ၏လက်ရှိထုတ်ကုန်များသည် ပိုမိုရောင်းအားကောင်းလာဦးမည့်အလားအလာများစွာရှိနေပြီး Apple ရဲ့ iPhone ဈေးကွက်သည် ၂၀၁၆ခုနှစ်တွင် နှစ်ဆမြင့်တက်လာမည်ဖြစ်ပြီး Tablet ဈေးကွက်ကမူ သုံးဆမြင့်တက်လာဖွယ်ရှိကြောင်း Tim cook ကပြောကြားခဲ့သည်။
Ref & Credit to Internet Journal

Published On: Wed, Mar 6th, 2013 ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး မိုဘိုင်းဖုန်းကတ် ပျောက်ဆုံးသူများကို စည်းကမ်းသစ်များ တိုးမြှင့်သတ်မှတ်

12:24 PM
ငွေကျပ် ၅ သိန်းတန် မိုဘိုင်းဖုန်းလိုင်းများ ပျောက်ဆုံးမှုအတွက် အသစ်တဖန် ပြန်လည်လျောက်ထားရာ၌ ယခင်က ဝယ်ယူသည့် ကုမ္ပဏီထံမှ ထောက်ခံချက် ပြန်လည်တောင်းခံခြင်း မရှိသော်လည်း ယခုအခါ ထောက်ခံချက်ကို တိုးမြှင့်ကောက်ခံခဲ့သည်ဟု မိုဘိုင်းဖုန်းလိုင်း အကျိုးဆောင် လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ “ဝ၉ ၄၃ နဲ့ စတဲ့ ဖုန်းလိုင်းတွေ ပျောက်ရင် ဘယ်ကနေ ဝယ်လာလဲ ဆိုတာကို စစ်တယ်။ ကုမ္ပဏီကနေ ဝယ်လာတာဆိုရင် ဝယ်လာတဲ့ ကုမ္ပဏီကနေပြီး ထောက်ခံချက် ပြန်တောင်းခိုင်းတယ်။ ဒီလိုမျိုး အဆင့်ဆင့် ဟိုသွားခိုင်း ဒီသွားခိုင်း လုပ်နေတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် နားမလည်ဘူး။ စာချုပ်ပေါ်မှာ ဘယ်ကနေ ဝယ်လာတယ်ဆိုတာ တစ်ခါတည်း တံဆိပ်နှိပ်ပြီးသား ပါတာပဲ။ ဒါကိုပဲ ပြန်ပြီးတော့ ထောက်ခံချက် သွားလုပ်ခိုင်းတယ်။ ဘာမှလည်း ထူးမယ်မထင်ဘူး” ဟု အထက်ပါ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူက ဆိုသည်။
ရွှေဂုံတိုင် မိုဘိုင်းရုံးချုပ် အနေဖြင့် မိုဘိုင်းဖုန်းကတ် လျောက်ထားသူများကို ထောက်ခံချက်တောင်းရာ၌ ကုမ္ပဏီများမှ ဝယ်ယူထားသည့် မိုဘိုင်းဖုန်းလိုင်းများကိုသာ တောင်းခံခြင်းဖြစ်ပြီး ၎င်းတို့ဌာနမှ ဝယ်ယူထားသည့် မိုဘိုင်းဖုန်းကတ်များ အတွက်ကိုမူ ထောက်ခံချက် တောင်းခံခြင်း မပြုလုပ်ဟု သိရသည်။ ပုံမှန်အနေဖြင့် ၂ သိန်းတန် ဖုန်းလိုင်းများ ဖြစ်ကြသည့် ဝ၉ ၄၂ ဖုန်းလိုင်းများ အတွက်သာ ထောက်ခံချက် တောင်းခြင်း ဖြစ်သော်လည်း ယခုတစ်ပတ် အတောအတွင်း ၅ သိန်းတန် ဖုန်းလိုင်းများ ဖြစ်ကြသည့် ဝ၉ ၄၃ ဖုန်းလိုင်းများကို လိုင်းကတ်ပျောက်သည့်အခါ ထောက်ခံချက် တိုးမြှင့်တောင်းခံခဲ့ခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ တစ်လလောက်က ကတ်ပျောက်လျှောက်တာ စာချုပ်ရယ်၊ မှတ်ပုံတင်မိတ္တူရယ်၊ တစ်သောင်းကျပ်ရယ်ပဲ လိုတယ်။ လူအနည်းအများပေါ် မူတည်ပြီး ၁၅ မိနစ်အတောအတွင်းလောက်မှာ ရလာခဲ့တယ်။ ကတ်ကတော့ ဆက်သွယ်ရေးက ဝယ်ထားတဲ့ ကတ်ပါ” ဟု ရွှေဂုံတိုင်ရုံးသို့ ကတ်ပျောက် သွားရောက်လျှောက်ထားခဲ့သူ ဦးထွန်းထွန်းက ပြောသည်။ ကတ်ပျောက် လျှောက်ထားရာ၌ တိုးမြှင့် တောင်းခံသည့် ထောက်ခံချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုမည့်သူ မရှိခဲ့၍ အကြောင်းအရာများကို မသိရှိနိုင်ခဲ့သော်လည်း ရတနာပုံ Call Center သို့ ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းသည် မှန်ကန်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
မြင့်ကျော်လှိုင်
Ref & Credit to Internet Journal

Tablet Reviews: Samsung Galaxy Note 8

4:25 PM
Samsung ဟာ Apple ရဲ့ iPad Mini ကိုယှဉ်ပြိုင်ဖို့အတွက် iPad Mini နဲ့အရွယ်တူ 7.9 လက်မအရွယ်ရှိ Samsung Galaxy Note 8 ကိုထုတ်လုပ်လိုက်ပါပြီ။

Processor ကိုတော့ 1.6 Ghz QuardCore Processor ကိုတပ်ဆင်အသုံးပြုထားတာကြောင့် မြန်နှုန်းမြင့် tablet တစ်ခုလို့ပြောရမှာပါ။
အလေးအချိန်ထားဖြင့် 338 ဂရမ်သာလေးတာကြောင့် တော်တော်လေးပေါ့ပေါ့ပါးပါးကိုင်တွယ်နိုင်မယ့် ပုံစံမျိုးပါ။
ရှေ့ camera ကို 1.3 MP နဲ့ထုတ်လုပ်ထားပြီး နောက် camera ကိုတော့ 5MP တပ်ဆင်အသုံးပြုထားပါတယ်။
Operating System ကတော့ Android 4.1.2 (Jelly Bean) ကိုအသုံးပြုထားပါတယ်။ Note တို့ရဲ့ထုံစံအတိုင်း S-Pen လည်းပါဝင်ပြီး Screen ကျယ်ပြန့်တဲ့ Note 8 မှာတော့ ဒီ S-Pen ကအသုံးပြုရတာပိုပြီးအဆင်ပြေကောင်းမွန်နိုင်ပါတယ်။
Multiview Window function ကိုလည်းသုံးစွဲနိုင်မှာဖြစ်လို့ app နှစ်ခုကို screen တစ်ခုတည်းပေါ်မှာ တစ်ပြိုင်နက်သုံးစွဲနိုင်မှာပါ။
 Galaxy Note 8 ကို အဖြူရောင်နဲ့အနက်ရောင်နှစ်မျိုးထုတ်လုပ်ထားပြီး Storage ကို 16 GB နှင့် 32 GB နှစ်မျိုးထုတ်လုပ်ထားပါတယ်။ SD card လည်းထည့်သွင်းအသုံးပြုနိုင်ပြီး 64 GB အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။



Mobile Reviews: LG optimus G Pro

4:19 PM
LG လို့ ဆိုလိုက်ရင် L Series စမတ်ဖုန်းတွေနဲ့ လတ်တလော ဈေးကွက်ထဲမှာ ထိုးဖောက်ထားတာကို တွေ့ရပါလိမ့်မယ်။ နောက်ဆုံး ထွက်ထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ LG Nexus 4 ဆိုရင် နိုင်ငံတကာဈေးကွက်မှာ စတင်ရောင်းချတဲ့ အချိန်မှာတင် တစ်ခဲနက် အားပေးလွန်းတာကြောင့် တွဲဖက်ထုတ်လုပ်ကြတဲ့ LG, Google ကုမ္ပဏီ ၂ ခုလုံး လက်မထောင်နေရတဲ့ အချိန်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအချိန်မှာပဲ LG ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်းစပ်ထားတဲ့ Phablet ကို မိတ်ဆက် ပြသလိုက်ပါတယ်။ ၅.၅ လက်မဆိုတာ တက်ဘလက်ထက်စာရင် စမတ်ဖုန်းနဲ့ ပိုတူပါတယ်။ ဒါပေမယ့် မျက်နှာအပြည့် ဖုန်းနဲ့ ပြောချင်စိတ်ရှိဖို့တော့ လိုပါလိမ့်မယ်။ လက်ရှိအချိန်မှာ ၅ လက်မဆိုတဲ့ မျက်နှာပြင် အကျယ်ဟာ စမတ်ဖုန်းတိုင်း နီးပါးလောက် ပြုလုပ်လာကြတဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ နည်းပညာအသစ်အနေနဲ့ Q-slide ဆိုတာထည့်သွင်းပေးထားပြီး ကင်မရာ လုပ်ဆောင်ချက်ဟာ Dual record ဖြစ်တာကြောင့် ရှေ့၊ နောက်ကင်မရာ ၂ ခုလုံး တစ်ပြိုင်တည်း ဗီဒီယိုဖိုင်တွေ ဖမ်းယူမှတ်တမ်း တင်နိုင်ပါလိမ့်မယ်။ HD-IPS ထိတွေ့မျက်နှာပြင်ကို သုံးစွဲနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ မျက်နှာပြင်ကလည်း 1080p ရှိပြီး HD အရည်အသွေးကို ဖော်ပြနိုင်မှုကြောင့် ကြည်လင်တဲ့ ရုပ်ထွက်ကို ခံစားရမှာဖြစ်သလို 5.5 ရှိတဲ့ မျက်နှာပြင်ကို မြင်တွေ့ရမှာဖြစ်ပြီး 401 ppi ဖော်ပြနိုင်စွမ်းဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အတော်လေး ကောင်းမွန်ပါတယ်။ 9.4 mm ကလည်း ပါးတယ်လို့ ဆိုနိုင်တယ် Dolby mobile sound enhancement ကိုပါ ထောက်ပံ့ပေးထားတယ်။ ဖုန်းရဲ့ အချက်အလက် သိမ်းဆည်းနိုင်မှုအတွက်ကတော့ လေးစားလောက်ဖွယ်ပဲ 32 GB အထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပြီး အပိုသိုလှောင်မှုကို ထပ်မံပြုလုပ်လို့ ရနိုင်ပါတယ်။ Android OS 4.1.2 ကို အသုံးပြုထားတာကြောင့် app တွေ သုံးတဲ့ နေရာမှာ အခက်အခဲ ရှိနိုင်မယ်မထင်ပါဘူး။ ဖုန်းနဲ့ အချက်အလက် လွှဲပြောင်းလိုသူတွေအတွက် USB 2.0 Bluetooth 4.0, wifi လို နည်းပညာတွေ ပါဝင်ပါတယ်။
Ref & Credit to Mobile Guide Journal

အသစ်ထွက်လာမယ့် iPhone 6 လေလား….

3:59 PM
အသစ်ထွက်မယ့် iPhone ရဲ့ ဒီဇိုင်းပုံစံများဟာ iPhone အသစ်မထွက်ခင်မှာ Online ပေါ်တွင် ပုံစံအမျိုးမျိုးနဲ့အရင် ပြန့်နှံ့ရေပန်းစားလေ့ရှိပါတယ်။ Apple ကနေ iPhone ရဲ့ အမှန်တကယ် ထုတ်မယ့်ပုံစံကိုတော့ ၀ှက်ထားတဲ့ဖဲချပ်လိုပဲ တကယ်ပြပွဲ ကျင်းပခဲ့အခါမှသာ သိရှိခွင့်ရပါတယ်။ ဒါပေမယ့် အဲဒီအယူအဆပုံစံဟာ iPhone 5 ထွက်လာတဲ့အခါအနည်းငယ်မှားယွင်းသွားပါတယ်။ iPhone 5 မထွက်ခင်က ကောလဟာလပုံစံဟာ တကယ်ထွက်ရှိလာတဲ့အခါ iPhone 5 မထွက်ခင် အပြင်မှာပျံ့နှံ့နေနှင့်တဲ့ပုံစံအတိုင်းပါပဲ။ အခုလည်း iPhone 6 (သို့) iPhone 5s ဖြစ်လာမယ့် ဖုန်းရဲ့ပုံစံကို အွန်လိုင်းပေါ်မှာတွေ့နေရပါပြီ။ ဒါဆိုရင် ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်ရအောင်။
အောက်ပုံမှာမြင်ရတဲ့အတိုင်းပဲ 4.8 လက်မရှိတဲ့ ကျယ်ပြန့်တဲ့ screen ဒီဇိုင်းနဲ့ iPhone အသစ်ဒီဇိုင်းကိုတွေ့မြင်ရမှာပါ။ ဒီပုံစံသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲမှာ screen ကြီးပါတယ်ဆိုတဲ့ Android ဖုန်းတွေနဲ့ အရွယ်အစားတစ်တန်းတည်းဖြစ်လာမှာပါ။
 ဖုန်းကို iPhone တို့ရဲ့ထုတ်လုပ်နေကြအတိုင်း အဖြူရောင် ၊ အနက်ရောင် ဒီဇိုင်းနှစ်မျိုးနဲ့ပြသထားပါတယ်။
4.8 လက်မ Screen size သာဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ screen ပုံစံကြောင့် application သုံး ၊ ဂိမ်းဆော့ ၊ ဗီဒီယိုကြည့် ၊ အင်တာနက်သုံး စတာတွေမှာ အခုလက်ရှိ iPhone တွေမှာသုံးနေရတာထက် ပိုပြီး ကောင်းမွန်လာမှာပါ။
အခု ဒီဇိုင်းပုံစံအတိုင်းသာထွက်လာမယ်ဆိုရင်တော့ iPhone အသစ်ထွက်လာတဲ့အခါ ပြိုင်ဘက်ဖုန်းတွေကို အသာလေးဖြတ်ကျော်သွားနိုင်မှာပါ။


မိုဘိုင်းဖုန်းများ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန်ရှိ

3:51 PM
ယခုနှစ်အတွင်း ပြည်တွင်း မိုဘိုင်းဖုန်းများကို 4G စနစ်ဖြင့် စတင်စမ်းသပ် သုံးစွဲဖွယ်ရှိရာ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန် ရှိလာမည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ 4G စနစ်ဖြင့် အသုံးပြုခြင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game တွင် စတင်စမ်းသပ် သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ “4G သုံးတာကတော့ သူများနိုင်ငံတွေမှာလည်း သုံးနေပါတယ်။ ဒါပေမယ့် လုံးဝ အဆင်ပြေတယ်လို့တော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း စမ်းသုံးကြည့်ရမယ့် အနေအထား ဖြစ်မှာပါ” ဟု ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်း 4G စနစ် အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီ အသုံးပြုထားသူ တစ်ဦးက “လက်ရှိ သုံးနေတာမှာ 3G က အမြင့်ဆုံးပေါ့။ နိုင်ငံတကာမှာလည်း 3G ကို တော်တော်လေး တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ 4G ကတော့ လက်ရှိအချိန်မှာ သုံးတာ နည်းသေးတယ် ဆိုရမယ်။ 4G သုံးမယ် ဆိုရင်တော့ network speed က ပိုကောင်းမယ် ထင်ပါတယ်။ အင်တာနက် သုံးတာလည်း အများကြီး ပိုကောင်းလာပါမယ်။ အင်တာနက် speed လည်း ပိုမြန်ပါမယ်။ သွားတဲ့ MHz လည်း မြင့်လာတာပေါ့။ သုံးရတာ ပိုမြန်ပြီး ပိုကောင်းတာတော့ အားသာချက် ရှိပါတယ်။ လက်ရှိမှာ ဟန်းဆက်တော့ ရှားနေဦးမယ်။ ဟန်းဆက်ကလည်း မော်ဒယ်မြင့်တွေမှာပဲ သုံးလို့ရပါမယ်။ ကမ္ဘာမှာလည်း 4G စနစ်ကို သုံးနေတာ သိပ်တော့ မများသေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။
မိုဘိုင်းဖုန်း 4G အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “မိုဘိုင်းမှာ 4G အဆင့်ထိ သုံးလို့ရပြီဆိုရင် အင်တာနက်သုံးရတဲ့ speed က ပိုကောင်းလာပြီ။ မိုဘိုင်းဖုန်းနဲ့ ငွေချေလို့ရပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မိုဘိုင်းကို များများတိုးတက် လာစေပါတယ်။ အင်တာနက်ကိုလည်း မိုဘိုင်းပေါ်မှာ သုံးလို့ရနေပါပြီ။ အခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ ဖုန်းပြောရုံပဲ မဟုတ်ပါဘူး။ ဒေတာ (အင်တာနက်) သုံးခွင့်ရမှ ဖြစ်တော့မှာပါ။ 4G က တချို့နိုင်ငံတွေမှာလည်း သုံးပါတယ်။ ဒီမှာ စမ်းသုံးမယ်ဆိုလည်း ကောင်းပါတယ်” ဟု ပြောသည်။
ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများမှာ GSM မိုဘိုင်းဖုန်း၊ WCDMA မိုဘိုင်းဖုန်း၊ CDMA 800 MHz မိုဘိုင်းဖုန်းနှင့် CDMA 450 MHz (ကမ်းရိုးတန်း) ဖုန်းများဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းများတွင် GSM, CDMA 800 MHz မိုဘိုင်းဖုန်းများ၊ WCDMA မိုဘိုင်းဖုန်းများကို အင်တာနက် အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။
ခိုင်ဝေ
Ref & Credit to Mobile Guide Journal