ဂျပန် အီလက်ထရွန်နစ်ကုမ္ပဏီ Sony Mobile သည် မိုဘိုင်းကွန်ရက် အော်ပရေတာ
Telefonica နှင့် ပူးပေါင်းကာ Mozilla ၏ Firefox OS သစ် အထောက်အပံ့
ပါဝင်သည့် ဖုန်းကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းကို လာမည့်နှစ်တွင်
ဖြန့်ချိနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ Sony Mobile Communications
၏ ထုတ်ကုန် စီးပွားရေးလုပ်ငန်းအဖွဲ့မှ အကြီးအကဲဖြစ်သူ Bob Ishida က
ကုမ္ပဏီရှိ အင်ဂျင်နီယာများသည် Firefox OS Mobile နှင့် HTML 5 နှင့်
ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့အပြင် Telefonica အပါအဝင်
လုပ်ဖော်ကိုင်ဖက် အော်ပရေတာများနှင့်လည်း ၂၀၁၄ ခုနှစ်တွင် ဈေးကွက်ထဲ
ဖြန့်ချိမည့် ထုတ်ကုန်တစ်ခုနှင့် စပ်လျဉ်း၍ လုပ်ဆောင်လျက်ရှိကြောင်း
Mobile World Congress ပြပွဲ၌ ပြောကြားခဲ့သည်။
လက်တင် အမေရိကတွင် သုံးစွဲသူ များစွာရှိသည့်အတွက် Telefonica အနေဖြင့်
Firefox OX စမတ်ဖုန်းများကို ဖွံ့ဖြိုးဆဲ ဈေးကွက်ရှိ သုံးစွဲသူများအတွက်
သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
-နောင်နောင်
Ref: CNET
Ref & Credit to Internet Journal