ဆမ်ဆောင်းဟာ သူရဲ့ tablet
မျိုးဆက်သစ် galaxy note 12 ထွက်ရှိလာဖို့ ရှိတယ်လို့ အင်တာနက် သတင်းများက
ဆိုနေပါတယ်။ အဆိုပါ tablet မှာ စကရင်ဆိုဒ် ၁၂.၂ လက်မရှိပီး 2560x1600 pixel ကိုထုတ်ပေးနိုင်မယ့်
IGZO (Indum-Gallium Zinc Oxide) နည်းပညာကို အသုံးပြုထားတာ WQXGA (2500x1600)
resolution ကိုထုတ်ပေးနိုင်မယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါ galaxy note 12 မှာ
S-pen လည်း ပါဝင်မှာဖြစ်ပါတယ်။
ဆမ်ဆောင်းရဲ့
နောက်ဆုံးထွက် galaxy note 8 ဟာ အောင်မြင်မှုရတဲ့ tablet တစ်ခုဖြစ်နေပါတယ်။ galaxy
series များနဲ့ အောင်မြင်မှု ရလာခဲ့တဲ့ ဆမ်ဆောင်းဟာ သူရဲ့ galaxy အမျိုးအစား ဖုန်း.
တက်ပလက်. ကင်မရာတွေကို အလွှာစုံလူတန်းစားစုံ အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့
ဈေးကွက် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။