မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ်
ဆိုခများအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် အသိပေး
ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်သွင်းလျှင် ကျပ် ၁,၀၀၀ သာ ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။
သို့ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာ ယခင် Call
Forwarding Service အသုံးပြုနေသည့် သုံးစွဲနေသူများသည် ယခင်က လစဉ် 10 FEC
ပေးဆောင်နေရသည်မှ ယခုအခါ ပြောင်းလဲလိုက်သည့် စနစ်ကြောင့်
၎င်း Service အတွက် 10 FEC အစား ကျပ် ၉,၀၀၀ ပြောင်းလဲကောက် ခံလိုက်သောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ ၄င်း Service အသုံးပြုနေသူများ အနေဖြင့် ဆက်လက်သုံးစွဲရန်
ဆန္ဒမရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရွှေဂုံတိုင်ရုံးနှင့်
ပန်းဆိုးတန်းရုံးတို့တွင် သွားရောက်ပိတ်နိုင်ကြောင်း သိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Custom Care နံပါတ်မှာ ၀၁ ၅၅၅၄၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
Ref & Credit to APS Technology