File တွေကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံး ပို့နည်း...

2:09 PM
အခုတစ်လော ကျွန်တော်သိပ်မအားဖြစ်တာနဲ့ ပိုစ့်အသစ်တွေ မတင်ဖြစ်လို့ပါ။ အခု အားလုံးကို စိတ်ဝင်စား 
စရာကောင်းတဲ့ နည်းလမ်းလေး တစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်း လေးကဘာကောင်းလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်မှာ တစ်ယောက် နဲ့တစ်ယောက် ဓာတ်ပုံ ဖြစ်ဖြစ် သီချင်း ဖြစ်ဖြစ် ပို့ချင်ရင် အ၇င်ဆုံး Gmail ထဲဝင် ပြီးတော့ Attach File တွဲရတာနဲ့၊ ပြီးတော့ လိုင်းမကောင်းရင် အဲ့မှာပဲ လည်နေတော့တာပဲ အဆင်ပြေတာ ရှားပါတယ်။ :0 ဒါပေမဲ့ အခု ဒီနည်းလမ်းလေးက အဲ့ဒါတွေ ကိုဖြေရှင်းပေးမှာပါ။ ဘာ software မှလဲ မလိုသလို upload လဲ လုပ်စရာမလိုပါဘူး။ Gmail,အကောင့်လဲ ရှိစရာမလိုပါဘူး။ အဓိက လိုအပ်တာကတော့'' ပို့တဲ့ သူနဲ့ လက်ခံ မဲ့သူ နှစ်ယောက် လုံးက အင်တာနက်မှာ ရှိနေရပါမယ်။ ပြီးတော့ နှစ်ယောက်လုံး က ဒါလေးကို ဖွင့်ပေးထားဖို့ပဲလိုပါတယ်" 
ကဲ ပြောနေတာ များသွားပြီ။ လေ့လာကြည့်ရအောင်အောက်က လင့်လေး ကို နှစ်ယောက်လုံး တစ်ပြိုင်နက် ဖွင့်ထားလိုက်ပါ။
 အရင်ဆုံး ပို့မဲ့သူ ဖက်က လုပ်ဆောင် ရမှာဖြစ်ပါတယ်။ကဲ လင့်လေးကိုဖွင့်လိုက်ပါ။
ကဲ ဟုတ်ပါပြီ ဒီလိုပေါ်လာရင် ပုံထဲ က အနီေ၇ာင်အကွက်လေးထဲမှာ ကိုယ်ပို့ချင်တဲ့ ဓာတ်ပုံဖြစ်ဖြစ် သီချင်းဖြစ်ဖြစ်၊ ဖိုင်ဖြစ်ဖြစ် ရွေးပေးလိုက်ပါ။ ပြီးရင် Message (option) ထဲမှာလဲ ကိုယ်သူ့ကို ပို့ချင်တာေ၇းထဲ့လို့ရပါသေးတယ်။ ကောင်းတယ်နော်.. ပြီးရင် 2 နေရာမှာ Code ဆိုတာလေး ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် အားလုံးဖြည့်ပြီးရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်။
 
အဲ့လိုအားလုံး ပြီးသွားရင် 3 က Send File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒီလိုလေးပေါ်နေပါလိမ့်မယ်။
ကဲဟုတ်ပြီ ဒါဆို ပို့တဲ့ သူဖက်ကတော့ စပို့နေပါပြီ။ မပိတ်လိုက်နဲ့နော် ဒီအတိုင်းထားထား။ ပြီးရင် လက်ခံမဲ့ သူကို Code နံပါတ်ကို gtalk ကနေဖြစ်ဖြစ် ဖုန်းနဲ့ ဖြစ်ဖြစ် ပေးလိုက်။ ပြီးရင် သူ့ကိုလဲ ဒီဝတ်ဆိုဒ် ကို ဖွင့်ခိုင်းထားလိုက်ပါ။ http://host03.pipebytes.com/  
ကဲ ဒါဆို လက်ခံမဲ့ သူလုပ်ဆောင်ရမဲ့ အပိုင်းေ၇ာက်ပါပြီ။ အောက်ကပုံလေး ကို ကြည့်လိုက်ပါ။
ပုံထဲ ကနေရာမှာ ခုနက Code ကိုယ့်ကို ပေးတဲ ကုဒ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် 2 နေရာက Pickup File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒါဆို သူပို့တဲ့ File ရဲ့ information ကို တွေ့ရပါလိမ့်မယ် အောက်မှာကြည့်ပါ။
ကဲ သူပို့တဲ့ ပုံ ရဲ့ နာမည် File size နဲပ File Type ကိုဖော်ပြပေးထားပါတယ်။ ပြီးတော သူေ၇းထားတဲ့ message ကိုလဲ တွေ့ရပါလိမ့်မယ်။ မလွယ်ဘူးလားဗျ ... အခု သေချာပြီဆိုတော့ Start Transfer ဆိုတာလေး ကို နှိပ်ပြီး ယူလိုက်ယုံပါပဲ။ အောက်ကပုံကို ကြည့်လိုက်ပါဦး။ 
 
 ကဲ အားလုံး ပြီးပြီ ဆိုမှ နှစ်ယောက်လုံး ပိတ်လိုက်ကြတော့ပေါ့၊ ဒီနည်းလမ်းလေးက တစ်ယောက်တည်း ရှိနေရင် မ၇၇ပါဘူး။ နှစ်ယောက်လုံး လိုင်းပေါ်မှာ ရှိနေမှရမှာပါ။ ဘာပဲဖြစ်ဖြစ် Upload လုပ်စရာမလို Account ရှိစရာမလို တော့ လွယ်ကူတာပေါ့။ အားလုံး အဆင်ပြေပါစေဗျာ....

Thank to Shinplusgugue...