HUAWEI ဖုန်းတွေကို အသုံးပြုနေတဲ့ သူများ အတွက် အရမ်းအသုံးဝင်မယ့်နည်းလမ်းလေးပါ။ အားလုံးလိုချင်မယ်လို့ ထင်လောက်တဲ့ Call Block (Black List)လုပ်နည်းလေးပါ။ဘယ် software, application မှ ထပ်ဒေါင်းစရာ။ ထပ်သွင်းစရာမလိုတဲ့ နည်းလေးပါ။
ကျွန်တော်တို့ block ချင်တဲ့ နံပါတ်တခုကို contact ထဲထည့်မှတ်လိုက်ပါ။
မှတ်ပြီးရင် ဘလော့ချင်တဲ့ contact ကိုသွားလိုက်ပါ။
ရောက်ပြီဆိုရင် menu key လိုင်းသုံးလိုင်းပုံလေးကို နှိပ်လိုက်ပါ။
အဲ့လိုနှိပ်လိုက်လို့ ပေါ်လာတဲ့ထဲက All calls to voicemail ဆိုတာလေး ကလစ်ပေးလိုက်။
ဒါဆို ကိုယ်ပေးလိုက်တဲ့ ဖုန်းနံပါတ်က ကိုယ့်ကို ခေါ်ရင် "လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါ"
လို့ပြောနေပါလိမ့်မယ်။ စမ်းကြည့်လိုက်ပါ။
မှတ်ချက်။ ။ Myanmar Mobile User Group မှ Admin ကိုကြပ်ကလေးရေးသားထားတာကို ပြန်လည် တင်ပြလိုက်ပါတယ်။